← Chapters

ထျန်းကျင်း၏ ပထမဆုံးဧကရာဇ်.......

Vol. 22 Ch. 323

ထျန်းကျင်း၏ ပထမဆုံးဧကရာဇ်.......

Vol. 22 Ch. 323

ခရမ်းရောင်တိမ်တိုက်နန်းတော်တွင်......

ကျန်းချန်ရှန်းသည် ကူရှင်တစ်ခုပေါ်တွင် ထိုင်နေပြီး သူ၏ညာဖက်လက်ဖဝါးထက်တွင် အနက်ရောင်အခိုးအငွေ့များရှိနေသည်။

ဤအနက်ရောင်အခိုးအငွေ့များသည် ရှောင်ပုခူ ပိုင်ဆိုင်ခဲ့ဖူးသော စွမ်းအားဖြစ်သည်။ ဤအရာကို အားကိုး၍ ရှောင်ပုခူသည် အချိန်တိုအတွင်း ကျိဝူကျွင်း နှင့်ယှဉ်ပြိုင်နိုင်သည့်အဆင့်အထိ ကြီးထွားလာခဲ့သည်။

ကောင်းကင်နှင့်မြေပြင်ရဲ့စည်းမျဉ်းများလား....?

ယခင်က ကျန်းချန်ရှန်း ဤစွမ်းအားကို မမြင်နိုင်ပေ။ ယခုတော့ တာအိုကျင့်စဉ်၏ ဒသာမအဆင့်ကို ရောက်နေပြီ ဖြစ်သော်လည်း ဤစွမ်းအားကို မမြင်နိုင်သေးပေ။

သိုင်းလောကကို ကောင်းကင်မူလအဓိပတိ သိုင်းပညာရှင်များက ဖန်တီးထားသော်လည်း နှစ်များစွာကြာပြီးနောက် ကမ္ဘာကြီးသည် ထိုကောင်းကင်မူလအဓိပတိ သိုင်းပညာရှင်၏ ထိန်းချုပ်မှုကို ကျော်လွန်သွားခဲ့သည်။ မဟုတ်ရင် တခြားလူက သူထွက်သွားတာကို စောင့်နေမှာ မဟုတ်ဘဲ ချက်ချင်း သတ်ပစ်လိုက်လိမ့်မည်။

ထိုသူသည် သိုင်းလောကထဲသို့ မဆင်းနိုင်သောကြောင့် မျိုးနွယ်အချို့ကိုသာ ဆက်သွယ်ပြီး ကမ္ဘာကို စောင့်ကြည့်ရန် ကူညီပေးခဲ့သည်။ ထျန်ရှုမျိုးနွယ်စုသည် ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့်၊ ထျန်ရှုမျိုးနွယ်စုကို ချေမှုန်းရန် လိုအပ်သည်။ ကျန်းချန်ရှန်းက ထျန်ရှုမျိုးနွယ်စု ဟာ ချင်းလျန်မျိုးနွယ်စု လောက် မသန်မာကြောင်း တွက်ချက်ထားပြီးသားဖြစ်သည်။ မင်းဆက်တည်ထောင်ပြီးနောက် ထျန်ရှုမျိုးနွယ်စု၏အဆုံးသတ်မကြာမီရောက်ရှိလာတော့မည်ဖြစ်သည်။

ထို့အပြင် ကောင်းကင်မူလအဓိပတိသိုင်းပညာရှင်က ဤအနက်ရောင်အခိုးအငွေ့အကြောင်းတခုခုသိထားမည်ဟု သံသယဝင်ခဲ့သည်။

ထို့ကြောင့် ထျန်ရှုမျိုးနွယ်စုက ရှောင်ပုခူကို ရှာတွေ့ခဲ့သည်။ သို့သော် ရှောင်ပုခူ၏ မှတ်ဉာဏ်ထဲတွင် ထျန်ရှုမျိုးနွယ်စု၏ ရည်ရွယ်ချက်နှင့် ကောင်းကင်မူလအဓိပတိ သိုင်းပညာရှင်၏တည်ရှိမှုကို မတွေ့ရှိခဲ့ပေ။

ခဏလောက်ကြည့်ပြီးနောက် ကျန်းချန်ရှန်း ခရမ်းရောင်သလင်းဘူးထဲသို့ အနက်ရောင်အခိုးအငွေ့များကို ထည့်သိမ်းလိုက် သည်။

ဒါကို မမြင်နိုင်တဲ့အတွက် သိမ်းထားရမည်။ အနှေးနဲ့အမြန်ဆိုသလို သူနားလည်လာလိမ့်မည်။

ကျန်းချန်ရှန်း မျက်လုံးကိုမှိတ်ထားပြီး ကျင့်ကြံဖို့အတွက်အာရုံစိုက်လိုက်သည်။ အဆင့်တက်ပြီးသော်လည်း အချိန်ရသည့်အခါတိုင်း ကျင့်ကြံရပေမည်။ နောက်ဆုံးတော့ ကောင်းကင်အပြင်ကနေ သူ့ကိုကြည့်နေတဲ့ လူတွေ ရှိနေတုန်းပင်မဟုတ်လော.......

ကောင်းကင်မူလအဓိပတိ သိုင်းပညာရှင်ဖိတ်ခေါ်နိုင်သည့် အသန်မာဆုံး စွမ်းအားကို တွက်ချက်ရန် ကြိုးပမ်းခဲ့သော်လည်း ကံမကောင်းစွာဖြင့်၊ ၎င်းသည် စနစ်၏ ထောက်လှမ်းမှုအကွာအဝေးအတွင်း၌ မရှိခဲ့ပေ။

ခိုင်ရှန်းခေတ်၏ 5 နှစ်ကုန်လွန်ခဲ့ပြီး နှစ်သစ်သို့ရောက်ရှိလာခဲ့သည်။

နန်းတက်ပွဲအခမ်းအနားကျင်းပမည့်နေ့........

ကျင်းချန်၏ အတွင်းပိုင်းရော အပြင်ပိုင်းပါ လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။ တိုင်းနှင့်ပြည်နယ် အများအပြား၏ အုပ်ချုပ်သူများ အားလုံး ရောက်ရှိလာကြပြီး မင်းမျိုးမင်းနွယ် အများအပြားလည်း ရှီပြည်နယ်သို့ ပြောင်းရွှေ့နေထိုင်လာကြသည်။ ထို့ကြောင့် ရှီပြည်နယ်ရှိ မြို့ကြီးများတွင် မြေနှင့် အိမ်ဈေးများ တဟုန်ထိုး တက်လာသည်။

ကျင်းချန်ရှိ နန်းတော်အား ပြန်လည်မွမ်းမံပြီး ယခင်ထက် ပိုမို သပ်ရပ်လာခဲ့သည်။ နန်းတော်၏ ကြီးကျယ်ခမ်းနားသောရှုခင်းကို မြို့၏တောင်တန်းတစ်ခုလိုပင် မြို့ထောင့်တိုင်းကပင် မြင်တွေ့နိုင်သည်။

နံနက်စောစောတွင် မရေမတွက်နိုင်သော အရာရှိများ၊ စစ်ဗိုလ်ချုပ်များနှင့် သြဇာကြီးမားသော အရာရှိများ နန်းတော်တံခါးများရှေ့တွင် စုရုံးခဲ့ကြသည်။ အနီးနားက လမ်းတွေမှာလည်း လူတွေ ပြည့်နှက်နေသည်။

စောရနတ်ဘုရားက နန်းတော်တဝိုက်တွင် ဝတ်ဖြူတော် အစောင့်များနေရာ ချထားစဉ်တွင် ဘုရင်ခံအချို့နှင့် စကားပြောဆိုကာ တံခါးရှေ့တွင် ရပ်နေလေသည်။

ဘုရင်ခံများက ဧကရာဇ်ကို ရုပ်သေးရုပ်အဖြစ် ချုပ်ကိုင်ပြီးနောက်၊စောရနတ်ဘုရားနှင့်အတူ ဝတ်ဖြူတော်

အစောင့်တပ်သားများ အနားယူခဲ့သည်။ ဤဖရိုဖရဲကမ္ဘာကြီးတွင် ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ခဲ့ရသော်လည်း ဝတ်ဖြူတော်အစောင့်များကတော့ ဤနေရာတွင် ရှိနေဆဲဖြစ်သည်။ ချန်းလီက သူ့ကို တွေ့ပြီး ကျင်းချန်ကို အုပ်စိုးဖို့ နောက်တစ်ကြိမ် ဝတ်ဖြူတော် အစောင့်တွေကို စုဆောင်းခဲ့ခြင်းဖြစ်သည်။

ဘုရင်ခံ အများစု အလွန်ပျော်ရွှင်နေ

ကြသည်။ တာအိုဘိုးဘေးသာ တိုင်ကျုံး ၏ဖခင်ဖြစ်ခဲ့ပါက တာအိုဘိုးဘေးသည်

သူတို့၏ဘိုးဘေးလည်း ဖြစ်ပေသည်။

တိုင်ကျုံးရဲ့ ညီအကို အားလုံးနီးပါး သေဆုံးသွားသည်ကို လူတိုင်းသိထားကြသည်။ ယခုအချိန်တွင် ကျန်းမိသားစုသည် တိုင်ကျုံး၏မျိုးရိုးဖြစ်သည်။ ဤအချက်ကြောင့်ပင် ၎င်းတို့သည် တာအိုဘိုးဘေးကို ခြွင်းချက်မရှိ ထောက်ခံခဲ့ကြပြီး ဧကရာဇ်ကျင်းဝမ် နှင့် မဟာယာနနဂါးမျှော်စင်တို့ကို ရှုံ့ချကာ တာအိုဘိုးဘေးကို ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

........................

နန်းတော်တံခါးများ ပွင့်လာပြီး ဂုဏ်သိက္ခာရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။

“တာဝန်ရှိသူများ...ထျန်းကျင်း နန်းတော်ထဲကို ၀င်နိူင်ပါပြီ....."

ကောင်းကင်ကိုးခုနယ်ပယ်ရောက်နေပြီဖြစ်သော ကိုယ်တော်ပိုင်၏အသံသြဇာတွင် ဖိနှိပ်မှုများနှင့် ပြည့်နှက်နေပြီး မြို့စားကြီးများ၊ ဘုရင်ခံများနှင့် မင်းမျိုးမင်းနွယ်များကိုပင် ထိတ်လန့်စေခဲ့သည်။ သူတို့အောက်က ကျွမ်းကျင်သူတွေဆို ပိုလို့တောင် အံ့သြသွားကြသည်။

တာအိုဘိုးဘေးလက်အောက်မှာ ပညာရှင်မည်မျှရှိသနည်း။

ဘုရင်ခံများ၊ မြို့စားများ၊ ပြည်နယ်ဝန်ကြီးများ စသည်တို့ နန်းတော်ထဲသို့ တယောက်ပြီးတယောက် ဝင်လာကြပြီး လက်အောက်ငယ်သားများအားလုံးကို ဝင်ခွင့်မပြုပေ။ ဒါတောင်မှ လူစုလူဝေးကမနည်းမနောပင်.........

ခဏအကြာတွင်.........

ကျယ်ပြောလှသော ရင်ပြင်တစ်ခုသို့ ဧည့်သည်တော်များ ရောက်ရှိလာကြသည်။ရင်ပြင်အလယ်တွင် ပေတစ်ထောင်မြင့်သော ကျောက်ပြားတစ်ချပ်ရှိနေပြီး ယင်းပေါ်တွင် ဘာမျှမတွေ့ရပေ။ထိုကျောက့်ပြားက နတ်ဘုရားကျောက်စာချပ်လို နေရောင်အောက်မှာ အလင်းရောင်ဖျော့ဖျော့နဲ့ လင်းထိန်နေသည်။

ပေတစ်ထောင်မြင့်သော ကျောက်စာတိုင်ရှေ့တွင် ချန်းလီ ၊ယန်ချယ်နှင့်ကိုယ်တော်ပိုင်တို့ ဘေးချင်းကပ်လျက် ရပ်နေကြသည်။ သူတို့အားလုံး ဝန်ကြီးချုပ် ၀တ်စုံကို ဝတ်ဆင်ကြပြီး ခံ့ညားပြီး ဂုဏ်သိက္ခာရှိကြသည်။

၎င်းတို့နောက်တွင် ဧကရာဇ်နဂါးဝတ်ရုံနှင့် သရဖူကို ဝတ်ဆင်ထားသည့် ကျန်းရွှမ်ကျန့်က ပေတစ်ထောင်မြင့်သော ကျောက်စာတန်းကြီးရှေ့တွင် မျက်လုံးမှိတ်ထားကာ ရပ်နေလေသည်။

“ ဘုရင်ခံတွေအကုန်ရောက်နေပြီ သူတို့နောက်မှာ အရာရှိတွေ တန်းစီလိုက်ကြပါ..."

ချန်းလီ ပြောပြီးသည်နှင့် ဘုရင်ခံနှင့် မြို့စားကြီးများက ချက်ချင်းနေရာယူလိုက်ကြသည်။

ရာနှင့်ချီသော ဘုရင်ခံများက ၎င်းတို့၏ သက်တမ်းအလိုက် ကျန်းရွှမ်ကျန့်၏ နောက်တွင် ရပ်နေခဲ့သည်။ သူတို့ထဲက တော်တော်များများဟာ သူတို့ရဲ့ ရာထူးတွေကို စွန့်လွှတ်ပြီးဖြစ်ပေမယ့် သူတို့ရဲ့ ဂုဏ်သိက္ခာမြင့်မားမှုကြောင့် ဖိတ်ကြားခံခဲ့ရခြင်းဖြစ်သည်။

ဖရိုဖရဲဖြစ်နေသော တကျန်း၏အဆုံးသတ်က ကောင်းမွန်သောခေါတ်သစ်ကို ဆောင်ကျဉ်းလာပေတော့မည်။ထို့​ကြောင့် အားလုံးရင်ခုန်စိတ်လှုပ်ရှားနေကြသည်။

မြောက်ပိုင်းနယ်ခြားဘုရင်ခံရဲ့ မျက်နှာမှာ ရှုပ်ထွေးတဲ့အမူအရာရှိနေသည်။ သူဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့, ကျန်းလော့အပါအဝင် အားလုံးပြုံးနေသည်။

ထိုအချိန်တွင် လူတစ်စု လုံချီ တောင်ပေါ်မှ ပျံတက်သွားကြသည်။ သူတို့ကတော့ မုလင်းလော့၊ ကျိဝူကျွင်းနဲ့ တခြားသူတွေဖြစ်ကြပြီး ပိုင်ချီ၊တိုင်ဝနှင့်တိုင်ရှီးတို့တောင် ရောက်နေကြသည်။

တိုင်ဝတို့ရောက်လာတော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားကာ ဘုရင်ခံနှင့် မြို့စားများ အချင်းချင်း တီးတိုးပြောနေကြသည်။ သူတို့အားလုံး မြေအောက် တော်ဝင်နန်းတော်ရှိ ပုံတူများအကြောင်းတွေးမိပြီး တိုင်ဝနှင့်တိုင်ရှီးတို့က မဟာကန္တရမင်းဆက်၏တော်ဝင်မျိုးနွယ်စုမှ ဖြစ်သည်ဟု ခန့်မှန်းကြသည်။

သူတို့တွေ မထိတ်လန့်ကြဘဲ ယင်းအစား တာအိုဘိုးဘေးကို ပို၍ပင် ကြည်ညိုလေးစားလာကြသည်။

မုလင်းလော့လည်း မုရွှမ်းဂန်၏ အနားသို့ ရောက်ရှိလာပြီး သူ့နောက်တွင် မုမိသားစု အဖွဲ့ဝင်များစွာ ရှိနေသည်။ မုရွှမ်းဂန်က အသံတိုးတိုးဖြင့်... "ဒါအမှန်ပဲလား" ဟုမေးတော့ မုလင်းလော့က အနည်းငယ် ခေါင်းညိတ်ပြပြီး သူမ၏ မျက်ဝန်းတစ်စုံကတော့ အပြုံးများဖြင့် ပြည့်နေသည်။

မုရွှမ်းဂန် ဒါကိုမြင်သောအခါ စိတ်လှုပ်ရှားနေသော အပြုံးတစ်ခုပေါ်လာသည်။

အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးပြီးနောက်.....

ကိုယ်တော်ပိုင်က နက္ခတ်ဗေဒင်ဆိုင်ရာ ဖြစ်စဉ်ကို ကြည့်ပြီး ရုတ်တရက်....... “မဂ်လာအချိန်ကျရောက်ပြီ..... ဒူးထောက်ပြီး တာအိုဘိုးဘေးကို ကြိုဆိုကြကုန်လော့....!”

သူပြောပြီးသည်နှင့် ဝန်ကြီးချုပ် သုံးဦးစလုံး ဦးစွာဒူးထောက်လိုက်ကြသည်။

ဧကရာဇ် ကျန်းရွှမ်ကျန့်လည်း ဒူးထောက်လိုက်သည်။ ဘုရင်ခံများ၊ မြို့စားများ၊ မှူးမတ်များအားလုံး လှိုင်းတံပိုးကဲ့သို့ ဒူးထောက်လိုက်ကြသည်မှာ ကြီးကျယ်ခမ်းနားသော မြင်ကွင်းဖြစ်ခဲ့သည်။

ရွှေရောင်အလင်းတန်းတစ်ခု နန်းတော်အတွင်းပိုင်းမှ ဖြာထွက်လာပြီး ကျင်းချန် တစ်ခုလုံးနှင့် ရှီပြည်နယ်တစ်ခုလုံးကို ဖြတ်ကျော်သွားကာ တကျန်းတခွင်သို့ ပျံ့နှံ့သွားခဲ့သည်။

ကောင်းကင်ယံ၌နန်းတော်အတွင်းမှ မြင်ကွင်းများကို မြင်လိုက်ရသော ပြည်သူများ အံ့သြတုန်လှုပ်သွားကြသည်။

"ဒါကဘာလဲ? တံလျှပ်လား?"

“မဟုတ်ဘူး၊ နန်းတော်ထဲက မြင်ကွင်းပဲ.... ဒီနေ့က တာအိုဘိုးဘေးနန်းတက်မယ့်နေ့.....”

“ဒါဟာ တာအိုဘိုးဘေးရဲ့ ဆန်းကြယ်တဲ့ စွမ်းရည်ဖြစ်ရမယ်..... တောင်ပိုင်းက နန်းတက်ပွဲကို မြောက်ပိုင်းမှာ ပြသနိုင်ခဲ့တာ အံ့သြစရာပဲ!”

"ဟားဟား...ငါတို့က ကိုယ်တိုင်မမြင်ရလို့ စိတ်မကောင်းဖြစ်နေတာ..အခုတော့ အဆင်ပြေသွားပြီ...."

"ဒါက သိုင်းပညာတစ်ခုဆိုရင်၊ တကျန်း တစ်ခုလုံးကို လွှမ်းမိုးဖို့ ခွန်အား ဘယ်လောက်လိုအပ်မလဲ....."

သာမန်လူများနှင့် သိုင်းပညာရှင်များ ပိုများလာကာ သူတို့၏အိမ်များထဲမှ ပြေးထွက်လာပြီး ကောင်းကင်ကို မျှော်ကြည့်နေကြသည်။ မြို့ထဲမှာပဲ ဖြစ်ဖြစ် တောထဲတောင်ထဲမှာဖြစ်ဖြစ် ကောင်းကင်ကို မြင်နိုင်သရွေ့ နန်းတက်ပွဲကို မြင်နိုင်သည်။ ထို့အပြင် လူတိုင်း၏ အမြင်အာရုံ ထိုနေရာတွင် ရှိနေသကဲ့သို့ အလွန်ရှင်းလင်းနေသဖြင့် ဒီခံစားချက်က ထိတ်လန့်စေလောက်သည်။

ကမ္ဘာပေါ်ရှိလူတိုင်း၏အကြည့်အောက်တွင် နဂါးကြီး၏ဟောက်သံနှင့် အော်ဟစ်သံများ ကောင်းကင်နှင့်မြေပြင်ကြားတွင် ပဲ့တင်ထပ်နေသည်။ ပိုင်လုံနှင့် ရွှေကျီးကန်းတို့ ကောင်းကင်မှ ဆင်းသက်လာကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ပုံမှန်အရွယ်အစားအတိုင်း ဆင်းသက်လာပြီး နဂါးများနှင့် ဖီးနစ်များကဲ့သို့သဏ္ဍာန်တူသဖြင့် တကျန်းရှိ လူတိုင်းကို စိတ်လှုပ်ရှားစေသည်။ တာအိုဘိုးဘေးကို ယုံကြည်သူအားလုံး ချက်ချင်း ဒူးထောက်ကာ ကောင်းကင်ယံမော့ကြည့်နေကြပြီး ယုံကြည်သူမဟုတ်သော အခြားနိုင်ငံသားများလည်း ဒူးထောက်ကုန်ကြသည်။

ထိုစဉ် ရွှေရောင်အလင်းတန်းတစ်ခု ဆင်းသက်လာပြီး ပိုင်လုံနှင့် ရွှေကျီးကန်းတို့က ဝန်းရံထားသည်။ ရွှေရောင်အလင်းတန်းနှင့်အတူ ဆင်းသက်လာသူကတော့ ကျန်းချန်ရှန်းပင်ဖြစ်သည်။

ကျန်းချန်ရှန်းက ပေတစ်ထောင်မြင့်သော ကျောက်ပြားပေါ်သို့ ဆင်းသက်ပြီး ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားခဲ့သည်။ သူ့မျက်နှာကို ယန်အလင်းတန်းဖြင့် ဖုံးအုပ်ထားဆဲဖြစ်ပြီး အင်မော်တယ်နတ်ဘုရား၏ အငွေ့အသက်ကို ပြသထားသည်။

နေရာတိုင်းက တိုင်းသူပြည်သားတွေ တာအိုဘိုးဘေးနာမည်ကို အော်ဟစ်ကြွေးကြော်နေကြသည်။

တကျန်းတွင် မငြိမ်မသက်ဖြစ်မှုများဖြစ်ပေါ်နေသည်မှာ နှစ်ပေါင်းများစွာကြာခဲ့သည်။ တာအိုဘိုးဘေးကို ဧကရာဇ် ဖိတ်ခေါ်ပြီးနောက်၊ သူသည် တကျန်းကို အချိန်တိုအတွင်း ငြိမ်းချမ်းစေလိမ့်မည်။ ယင်းကြောင့် ပြည်သူများက သူ့ကို လွန်ကဲစွာ လေးစားခဲ့ကြပြီး သူ၏ အမွှေးတိုင်အရေအတွက်များလည်း ယခင်ကကဲ့သို့ အရှိန်မြှင့်လာခဲ့သည်။

တကျန်းပြည်သူများ မကြုံစဖူးစည်းလုံးနေကြချေပြီ........

တာအိုဘိုးဘေး၏ အသွင်အပြင်ကို မမြင်ရသေးသော်လည်း ရူးသွပ်စွာကြည်ညို

​နေကြဆဲပင်။ အဘယ်ကြောင့်ဆိုသော် သူသည် အားလုံး၏ မျှော်လင့်ချက်များနှင့် စိတ်ကူးစိတ်သန်းများကို ဖြည့်ဆည်းပေးနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်နေသောကြောင့်ဖြစ်သည်။

တကျန်းမှာ ပုန်းအောင်းနေတဲ့ တိုင်းတစ်ပါးသားတွေတောင် နတ်ဘုရားကို ကြည့်နေသလိုမျိုး ကောင်းကင်ကို မှိန်းမောစွာ ကြည့်နေကြသည်။

ဧကရာဇ်ကျန်းရွှမ်ကျန့်က ခေါင်းကိုမော့ပြီး........ “ဒီသားမြေးက အရည်အချင်းမပြည့်မီတဲ့အတွက် ပြည်သူတွေကို ပရမ်းပတာ ဒုက္ခဖြစ်စေခဲ့ပါတယ်..... ဘိုးဘေး၊ နန်းတက်ပြီး လူတိုင်းအတွက် အလင်းပြတော်မူပါ....”

"ဘိုးဘေး...ထီးနန်းကိုလက်ခံပေးပါ!"

ဘုရင်ခံများအားလုံး တညီတညွတ်တည်း ကြွေးကြော်ကြသည်။ သူတို့၏ အသံများ သက်တံကဲ့သို့ စုစည်းကာ လူတိုင်း၏ နှလုံးသားကို ထိတ်လန့်စေပါသည်။

ဒါဆို ကောလဟာလတွေ အမှန်ပဲပေါ့!

တာအိုဘိုးဘေးက တိုင်ကျုံးရဲ့ဖခင်ဖြစ်ပေသည်။

မြို့စားများနှင့် မင်းမျိုးမင်းနွယ်များ ကျန်းချန်ရှန်းကို အံ့သြထိတ်လန့်စွာ ကြည့်နေကြသည်။ အရင်က လူတော်တော်များများက မယုံကြပေမယ့် အခြေအနေ တင်းမာနေတော့ သူတို့မှာ ရွေးချယ်စရာမရှိတော့ပေ။ ယခု သူတို့သ တာအိုဘိုးဘေး၏ ကျက်သရေကို ကိုယ်တိုင်တွေ့မြင်ခဲ့ရသဖြင့် စိတ်ရင်းမှန်ဖြင့် ယုံကြည်ခဲ့ကြသည်။

"ဒီဘဝမှာ ငါ့နာမည်က ကျန်းချန်ရှန်းဖြစ်ပြီး တာအိုအပေါ် အရာအားလုံးမြှုပ်နှံထားတဲ့အတွက် မိသားစု အဆင့်အတန်းကို စွန့်လွှတ်ပြီး လောကရေးရာတွေကို ဂရုမစိုက်ခဲ့ဘူး..... ဒါပေမယ့် ကမ္ဘာကြီးတခုလုံး ကာလအတန်ကြာ ဒုက္ခရောက်နေတယ်...ဒါ့ကြောင့် သက်ရှိသတ္တဝါအားလုံးအတွက် အင်မော်တယ်နတ်ဘုရားနယ်ပယ်နဲ့ ကောင်းကင်တရားရုံကို တက်လှမ်းနိုင်အောင် လမ်းကြောင်း ခင်းပေးချင်ပါတယ်....."

“ယခုကစပြှး တကျန်းကို ထျန်းကျင်း အဖြစ်ပြောင်းလဲခေါ်တွင်မယ်..... ထျန်းကျင်းရဲ့ စိတ်ဝိညာဉ်က အရပ်ဘက်နဲ့ စစ်ဘက်အရာရှိကစလို့ သာမန်လူများအထိ အင်မော်တယ်အဖြစ်သို့ တက်လှမ်းနိုင်ပြီး ကောင်းကင်တရားရုံးမှာ ကောင်းကင်နဲ့မြေပြင်ရဲ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်အောင် ကူညီပေးလိမ့်မယ်....”

ကျန်းချန်ရှန်းက ပေတစ်ထောင်မြင့်သော ကျောက်စာချပ်ပေါ်တွင် ဂုဏ်ယူစွာဖြင့် ရပ်နေ၏။ သူ၏ အေးမြသော အသံက ကောင်းကင်မြင်ကွင်းနယ်မြေ၏ ထောင့်တိုင်းတွင် ပဲ့တင်ထပ်နေသည်။

ညာလက်ကို မြှောက်ပြီး ကောင်းကင်ဆီသို့လှမ်းရွယ်ကယ.....

“အင်မော်တယ်ခေတ်စတင်ပြီ.... ထျန်းကျင်းရဲ့ကံကြမ္မာနိုးထလော့!”

ဝုန်းးးးးးးးးးးး

သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အော်ရာတစ်ခု ပေါက်ကွဲထွက်ပြီး သူ့ဝတ်ရုံများ လွင့်ပျံလာသည်။ သူသည် ကောင်းကင်မြင်ကွင်းနယ်မြေတစ်ခုလုံးကို သူ၏ မှော်စွမ်းအားဖြင့် လျင်မြန်စွာ ဖုံးလွှမ်းခဲ့ပြီး သူ၏ ကံကြမ္မာသည်မှော်အစွမ်းနှင့်အတူ ကုန်းမြေထဲသို့ တိုးဝင်လာခဲ့သည်။

တခဏချင်းမှာပဲ ကောင်းကင်မြင်ကွင်းနယ်မြေ တစ်ခုလုံး ရွှေမိုးတွေရွာချခဲ့သည်။ ရွှေမိုးရွာသွန်းမှုကြောင့် လူသားများနှင့် တိရစ္ဆာန်များအားလုံး ၎င်းတို့၏ခန္ဓာကိုယ်အတွင်း၌ ထူးဆန်းသောစွမ်းအားများ တိုးဝင်လာသည်ကို ခံစားခဲ့ရသည်။

ကံတရား!

တကျန်း၏လူများသည် ကံတရားနှင့် အလွန်ရင်းနှီးကြသည်။ လအတော်ကြာ ပျောက်ကွယ်သွားခဲ့သော ကံကြမ္မာ နောက်ဆုံးတွင် ပြန်လည်ပေါ်လာပြီး ၎င်းတို့ကို ယခင်ကထက် ပိုမိုသက်တောင့်သက်သာဖြစ်စေခဲ့သည်။

ကိုယ်တော်ပိုင်လည်း မိမိ၏ ကံတရားကို သတိပြုမိသောအခါ တုန်လှုပ်သွားသည်။

“ဒါက ဘယ်လိုကံတရားမျိုးလဲ…

သူ တုန်လှုပ်နေသည်။ တာအိုဘိုးဘေးက သူ့ကို ကံကောင်းခြင်းတွေ စုဆောင်းဖို့ မလိုအပ်ကြောင်းပြောခဲ့တာ အံ့သြစရာ မရှိတော့ပေ။ ဒီကံတရားကက အရင်နှစ်တွေထက် ပိုအားကောင်းနေပေသည်။

"ဘာလဲ?!"

မြို့စားကြီးတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ လူတိုင်း မျှော်ကြည့်လိုက်တော့ တိမ်ပင်လယ်ထက်မှာ ကြီးမားတဲ့ ရွှေတံခါးကြီး ပေါ်လာတာကို တွေ့လိုက်ရသည်။ ကမ္ဗည်းပြားပေါ်တွင် စကားလုံးသုံးလုံး ရေးထွင်းထားသည်။

တောင်ဘက်ကောင်းကင်တံခါး........

ကျန်းချန်ရှန်းက ထိုတံခါးကို မဟာဖန်ဆင်းခြင်းပညာရပ် အသုံးပြုပြီး ဖန်တီးခဲ့ခြင်းဖြစ်သည်။ တောင်ဘက်ကောင်းကင်တံခါးနှင့် ထျန်းကျင်း ၏ ကံတရားတို့ ရောနှောသွားပြီး တောင်ဘက်ကောင်းကင်တံခါးရှေ့တွင် နတ်ဘုရားတပါးပေါ်ထွက်လာသည်။ ၎င်းမှာသူတော်စင်ကွမ်း...ကွမ်းတုံးယွီဖြစ်သည်။ ဖြစ်သည်။

တာအိုဘိုးဘေးက သူ့ကို တောင်ကောင်းကင်တံခါးကို စောင့်ကြပ်

ခိုင်းကြောင်း ကွမ်းတုံးယွီ သိသောအခါ ချက်ချင်း သဘောတူလိုက်သည်။ တောင်ဘက်ကောင်းကင်တံခါးအကြောင်း နားလည်ပြီးနောက် သူ ပိုလို့တောင် စိတ်လှုပ်ရှားသွားသည်။

မျှော်လင့်ထားသည့်အတိုင်း၊ တာအိုဘိုးဘေး၏ နန်းတက်ပွဲက မကြုံစဖူးထူးဆန်းလှပေသည်။

“ဒါက ကောင်းကင်တရားရုံးရဲ့ တောင်ဘက်ကောင်းကင်တံခါး...... အနာဂတ်မှာ အင်မော်တယ်ဖြစ်လာတဲ့သူတိုင်း တောင်ဘက်ကောင်းကင်တံခါးကနေ ကောင်းကင်တရားရုံးကိုဝင်ရောက်နိုင်တယ်....."

နိုင်ငံသားများသည် ၎င်းတို့၏ ခေါင်းကိုမော့ကာ တောင်ဘက်ကောင်းကင် တံခါး၏ ခမ်းနားသော မြင်ကွင်းကို ၎င်းတို့၏ စိတ်ထဲတွင် ရေးထွင်းထားသည်။

"မင်းဆက်အတွက် သိုင်းပညာ လေ့ကျင့်ဖို့နဲ့ကမ္ဘာကြီးရဲ့ ကောင်းကျိုးသယ်ပိုးသူတိုင်း အင်မော်တယ်ဖြစ်လာနိုင်တယ်!"

“ယခုကစပြီး တကျန်းက သေမျိုးလူသားမင်းဆက်အဖြစ်ကနေ ကောင်းကင်မင်းဆက်အဖြစ် တိုးမြှင့်ခံရပြီ..... ငါက ထျန်းကျင်းရဲ့ ပထမဆုံးဧကရာဇ်ဖြစ်ပြီး လူသားဧကရာဇ်လည်းဖြစ်တယ်......"

ကျန်းချန်ရှန်း ပြောပြီးတာနဲ့ ပိုင်လုံက ဟိန်းဟောက်ပြီး ရွှေကျီးကန်းက သူ့ပတ်ဝန်းကျင်မှာ လှည့်ပတ်ပျံသန်းနေသည်။ ဤမြင်ကွင်းက ကမ္ဘာပေါ်ရှိလူတိုင်းကို ရူးသွပ်သွားစေခဲ့သည်။

ဤအချိန်တွင် ဧကရာဇ်၏ရုပ်သဏ္ဍာန်သည် လူသားတိုင်း၏ နှလုံးသားထဲတွင် ပြောင်းလဲသွားခဲ့သည်။ လူသားတစ်ဦးမှ နတ်ဘုရားတစ်ပါးသို့.... တော်ဝင်အာဏာမှ ကောင်းကင်အာဏာသို့ အရာရာအဆင့်မြင့်တက်သွားချေပြီ.......

All Chapters