မြောက်ပိုင်း၏အခြေနေ...ကောင်းကင်နှင့်မြေပြင်၏ ကွာခြားချက်များ........
Vol. 22 Ch. 324
တောက်ပသောလမင်း ကောင်းကင်၌ ထိန်ထိန်သာနေပြီး နန်းတော်တခုလုံး တိတ်ဆိတ်နေ၏။ ထိုအချိန်တွင်၊ ကျင်းချန်တခွင် ဆူညံသံများဖြင့် စည်ကားနေဆဲပင်......
တော်ဝင်အိပ်ဆောင်၌..........
မီးရောင်တွေ တဖျပ်ဖျပ်ခတ်ပြီး ကုလားကာနောက်မှာ လူနှစ်ယောက် ထိုင်နေကြသည်။ တစ်ယောက်က ကျန်းချန်ရှန်း .... နောက်တစ်ယောက်က ဖီးနစ်သရဖူနှင့် ရောင်စုံတိမ်ဝတ်လုံဝတ်ဆင်ထားသည့် မုလင်းလော့ ဖြစ်သည်။
“အစ်ကိုက ကောင်းကင်တရားရုံးကို တည်ထောင်ခဲ့တယ်..... ဒါပေမယ့် ဧကရာဇ်လည်းဖြစ်လာတယ်....မဆိုးဘူးနော်..?"
မုလင်းလော့ တိုးညှင်းသော လေသံဖြင့် မေးလိုက်တော့ ကျန်းချန်ရှန်းက သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး ....."ဧကရာဇ်ဆိုတဲ့ရာထူးက ယာယီလောက်ပါပဲ.... အမှန်မှာတော့ ထျန်းကျင်းက ကောင်းကင်တရားရုံးဖြစ်ပြီး အဆင့်မြင့်နဲ့အဆင့်နိမ့်ဆိုပြီး ခွဲခြားလိုက်ရုံပါ.... ကောင်းကင်နန်းတော်ရဲ့ ကောင်းကင်ဧကရာဇ်ဆိုတဲ့ရာထူးကလည်း ယာယီအတွက်ပါပဲ..... နောက်ပိုင်းမှာ ဒီရာထူးကို ငါတို့ရဲ့ သားစဉ်မြေးဆက်တွေဆီ လွှဲပြောင်းပေးရမယ်.......”
မုလင်းလော့က အနီရောင်နှုတ်ခမ်းဖြင့် ချစ်စရာကောင်းသော အပြုံးကို ဖော်ပြလိုက်သည်။
"အစ်ကို ကောင်းကင်ဧကရာဇ် ဖြစ်သွားရင် ညီမကိုခေါ်သွားမှာလား..."
ကျန်းချန်ရှန်း ရယ်လိုက်ပြီး “ခေါ်မှာပေါ့.... ကိုယ်က ကောင်းကင်ဧကရာဇ်ဆို မင်းက ကောင်းကင်ဧကရီပေါ့..... ကိုယ် ကောင်းကင်ဧကရာဇ်ရာထူးကို စွန့်လွှတ်ပြီး အင်မော်တယ်အားလုံးရဲ့ ဘိုးဘေးဖြစ်လာတဲ့အခါ မင်းလည်း ရာထူးတိုးလာမှာပါ....."
"အစ်ကိုချန်ရှန်း....ညီမတို့ပထမဆုံးစတွေ့ခဲ့တာကိုမှတ်မိလား..."
မုလင်းလော့က ကျန်းချန်ရှန်၏ပခုံးကို ဖြည်းညှင်းစွာ မှီလိုက်သည်။ ငယ်စဉ်ကလေးဘဝအကြောင်းပြောရင်း ကျန်းချန်ရှန်းနဲ့ ပထမဆုံးတွေ့ဖူးတာကို ပြန်သတိရမိနေသည်။
ကျန်းချန်ရှန်းက သူမကို ပွေ့ဖက်ထားပြီး ဂရုတစိုက် နားထောင်နေသည်။ အတိတ်ကို ပြန်တွေးကြည့်တော့ ကြည်နူးစရာ ကောင်းလှသည်။
ယနေ့ညတွင် သူတို့နှစ်ဉီး တစ်ဦးနှင့်တစ်ဦး တရားဝင်သက်ဆိုင်သွားပြီဖြစ်သည်။
သူတို့စကားပြောနေစဉ် မုလင်းလော့က သူမ၏အတိတ်နှင့်ပစ္စုပ္ပန်ဘဝအကြောင်းပြောခဲ့သည်။ ကျန်းချန်ရှန်း သူမကို ဘယ်လိုရှာတွေ့လဲဆိုတာကို သူမ သိချင်နေခဲ့သည်။
“ မင်းတစ်ယောက်တည်းမဟုတ်ဘူး.... မိတ်ဟောင်း ဆွေဟောင်းတွေကိုလည်း ရှာတွေ့ခဲ့တယ်....အရင်တုန်းကချန်းလီအကြောင်း ကြားဖူးတယ် မဟုတ်လား..... တကယ်တော့ လက်ရှိ ချန်းလီက အရင်က ချန်းလီပဲ...."
မုလင်းလော့၏ လှပသော မျက်လုံးများ ပြူးကျယ်ကာ ပို၍ပင် အံ့သြသွားသည်။
ပိုင်ချီ သည် လက်ရှိ ချန်းလီ ကို လှောင်ပြောင်ရန် ယခင် ချန်းလီအကြောင်း မကြာခဏ ပြောခဲ့ဖူးသည်။ သူတို့နှစ်ယောက်ဟာ တူညီတဲ့လူဖြစ်မည်ဟုမထင်ထားခဲ့ပေ။
သူတို့နှစ်ယောက် စကားစမြည်ပြောရင်း အချိန်အတော်ကြာသွားခဲ့သည်။
အင်မော်တယ်ခေတ်၏ ပထမဆုံးနှစ်တွင်၊ ကမ္ဘာပေါ်တွင် လုပ်ဆောင်ရမည့်ကိစ္စရပ်များ ရာနှင့်ချီအောင်များပြားခဲ့သည်။
ကျန်းချန်ရှန်းက မနက်ပိုင်းတွင် တရားရုံးအစည်းအဝေးကို ကျင်းပခဲ့သော်လည်း အရာရှိတစ်ဦးမျှ သူ၏ရုပ်သွင်ကို မတွေ့ခဲ့ရပေ။ ယနေ့နံနက်ပိုင်းတွင် တရားရုံးအစည်းအဝေးတွင် ချန်းလီ၊ ကိုယ်တော်ပိုင်နှင့်ယန်ချယ်တို့ ဦးဆောင်သော ဝန်ကြီးချုပ်စံအိမ်ကို တည်ဆောက်ခဲ့ပြီး တကျန်းကို စီမံခန့်ခွဲခဲ့သည်။
သုံးနှစ်အတွင်း ကျန်းချန်ရှန်းက ထျန်းကျင်းကို ပိုမိုတောင့်တင်းလာစေပြီး နယ်မြေချဲ့ထွင်ရန် ခရီးစတင်ခဲ့သည်။မဟာကန္တရမင်းဆက်၏ တောင်ပိုင်းဒေသကို ပေါင်းစည်းခြင်းသည် သူ၏ ပထမဆုံး အနှစ်တစ်ရာ အစီအစဉ်ဖြစ်သည်။
ထိုအကြံအစည်ကြောင့် အရာရှိများ သွေးဆောင့်တက်ခဲ့ရသေးသည်။
တနေ့သ၌.......လုံချီ တောင်ပေါ်က ခြံဝင်းထဲတွင်....
ကျန်းချန်ရှန်းက ခရမ်းရောင်တိမ်တိုက်နန်းတော်ကို ဝတ်ရုံလက်စထဲ သိမ်းဆည်းနေပြီး ခြံတွင်းရှိလူတိုင်းက သူ့ကို စိုက်ကြည့်နေကြသည်။
ပိုင်ချီ က... “ဆရာတော် ကျွန်မတောင် နန်းတော်ထဲဝင်လို့မရတာ သူတို့ကိုခေါ်သွားဖို့မစဉ်းစားနဲ့နော်...."
ကျိဝူကျွင်း တစ်ခုခုပြောချင်သော်လည်း တုံ့ဆိုင်းသွားသည်။
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး..... "တခါတလေ ဒီကိုပြန်လာခဲ့မှာပါ... လုံချီ တောင်က မင်းရဲ့ အကာအကွယ် လိုအပ်နေပါသေးတယ်....အရမ်းကြီးမတွေးပါနဲ့။ သိပ်မကြာခင်မှာ ငါတို့အားလုံး ကောင်းကင်ကို သွားရတော့မယ်.....”
ကောင်းကင်ပေါ်ကို.....!
လူတိုင်း မျက်လုံးများ တောက်ပလာသည်။ သူတို့ဘာမှပြန်မပြောမီ ကျန်းချန်ရှန်း နန်းတော်သို့ပြန်သွားပြီး ခရမ်းရောင်တိမ်တိုက်နန်းတော်ကို လွှတ်ပေးလိုက်သည်။ထို့နောက် ခရမ်းရောင်တိမ်တိုက်နန်းတော်ထဲသို့ လျှောက်သွားကာ ကူရှင်ပေါ်တွင် တရားထိုင်နေလေသည်။
မုလင်းလော့တွင် ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး သန္ဓေသားစိတ်ဝိဉာဉ်မဖွံဖြိုးခင် ကျန်းဇီယု ၏ဝိညာဉ်ကို သန္ဓေသားနှင့် ပေါင်းစည်းခဲ့ခဲ့သည်။
ကျန်းချန်ရှန်းအနေဖြင့် ဤဘဝတွင် ကျန်းဇီယု မည်မျှ တန်ခိုးကြီးမည်ကို စောင့်မျှော်နေခဲ့သည်။ သူ့ရဲ့ယခင်ဘဝနဲ့ ယှဉ်ရင် ကျန်းချန်ရှန်းဟာ တကယ့်အင်မော်တယ်တစ်ယောက်ဖြစ်နေပါပြီ။ ထုံးစံအတိုင်း၊ သူ့သွေးသားအမွေဆက်ဆံသူသည် ထူးထူးခြားခြားဖြစ်သင့်သည်။
ကျန်းဇီယု၏ ပင်ကိုယ်စွမ်းရည်ကို ခံနိုင်ရည်ရှိစေရန် မုလင်းလော့အား သတ္တမအဆင့် အင်မော်တယ်နတ်ဘုရား၏ ကံကြမ္မာကို ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။ အမွှေးတိုင်အရေအတွက်ပေါင်း ၁၀ ဘီလီယံကျော် စုဆောင်းမိသောအခါ၊ သူသည် သတ္တမအဆင့် အင်မော်တယ်နတ်ဘုရား ကံကြမ္မာကို အသက်သွင်းနိုင်နေပြီဖြစ်သည်။ထိုအတွက် အမွှေးတိုင်လိုအပ်သည့်ပမာဏမှာ တစ်ဘီလီယံဖြစ်သည်။
[ယုံကြည်သက်ဝင်သူ မုလင်းလော့ အတွက် သတ္တမအဆင့် အင်မော်တယ်နတ်ဘုရား၏ ကံကြမ္မာကို စတင်ရွေးချယ်ရန်.....]
[ယုံကြည်သက်ဝင်သူ မုလင်းလော့သည် သတ္တမအဆင့် အင်မော်တယ်နတ်ဘုရားတပါးဖြစ်သောဓားအင်မော်တယ်ချင်ရှောင်း၏ ကံကြမ္မာကို အောင်မြင်စွာရရှိခဲ့သည်။]
[ဓားအင်မော်တယ်ချင်ရှောင်း: သတ္တမအဆင့် အင်မော်တယ်ဖြစ်ပြီး ချင်ရှောင်းဓားတာအိုကို ထိန်းချုပ်န်ိုင်ကာ လောကသုံးပါး၌ လွတ်လွတ်လပ်လပ် သွားလာနိုင်သည်။]
ပေါ်လာသည့် အကြောင်းကြားစာသုံးကြောင်းကို ကြည့်ရင်း ကျန်းချန်ရှန်း ကျေနပ်အားရစွာ ပြုံးလိုက်သည်။
ကောင်းကင်နှင့်မြေပြင်၏ဝိဉာဉ်စွမ်းအင်များ မုလင်းလော့၏အိပ်ခန်းထဲသို့စတင်ဝင်ရောက်လာသည်။ သိုင်းလောကက အင်မော်တယ်တာအိုကို ငြင်းပယ်သော်လည်း အင်မော်တယ်နတ်ဘုရား၏ ကံကြမ္မာသည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်ပြီး အုတ်မြစ်တစ်ခုချကာ ၎င်းတို့သည် အနာဂတ်တွင် သိုင်းပညာဝိညာဉ်စွမ်းအင်ကိုသာ အားကိုးနိုင်သေးသည်။
ကျန်းချန်ရှန်း မုလင်းလော့ထံသို့အသံ ပေးပို့ခဲ့သည်။ သူမကို ညွှန်ကြားချက်အချို့ပေးပြီးနောက် မုလင်းလော့ စိတ်သက်သာရာရသွားပြီး သူမ၏ အသွင်ကူးပြောင်းမှုကို စောင့်မျှော်ခဲ့သည်။
ကျန်းချန်ရှန်း မျက်လုံးကိုမှိတ်ထားသည်။ သူလေ့ကျင့်နေစဉ်တွင် သူ၏ကိုယ်ပွားများကြားက အကွာအဝေးကို သတိပြုမိခဲ့သည်။
သူသည် ကောင်းကင်နှင့် ကမ္ဘာမြေ ရတနာကြေးမုံနှင့် ဂန္တဝင်တောင်တန်းနှင့် ပင်လယ်များကို သူ၏ကိုယ်ပွားထံ ပေးအပ်ခဲ့ပြီး ထျန်းရှုမျိုးနွယ်စုကို ရှာဖွေရန် တောင်းဆိုခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ မှော်လက်နက်နှစ်ခုကို ချဲ့ထွင်ချင်ခဲ့သည်။
"နောက်ထပ်အဆင့်တက်ဖို့ ဘယ်နှစ်နှစ်လောက်ကြာမလဲ.....".
ကျန်းချန်ရှန်းသူ့စွမ်းအင်တွေ ဖြန့်ကျက်ပြီး စဉ်းစားထားပြီးအဆက်မပြတ် အားကောင်းလာတဲ့ ခံစားချက်ကို သူ သဘောကျသည်။ သိုင်းတာအိုကမ္ဘာတွင် သူ့ကိုယှဉ်ပြိုင်နိုင်သူ မရှိသော်လည်း အချိန်မဖြုန်းဘဲ ကျင့်ကြံဖို့ ကြိုးစားနေဆဲပင်.... တတ်နိုင်သမျှ အမြန်ဆုံးအဆင့်တက်ရမည်......
...........................
အဆုံးမဲ့ပင်လယ်တွင်းရှိ ကွမ်းထျန်၌.....
လင်းဟောင်ချန်က မျက်မှောင်ကြုတ်ကာ ခန်းမဆောင်၏ ခေါင်းရင်းပိုင်းတွင် ထိုင်နေသည်။ ကွမ်းထျန်၏ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကလည်း နှစ်ဘက်စလုံးတွင် လေးနက်သော အမူအရာဖြင့် ထိုင်နေကြသည်။ တချို့က အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
အရာရှိဟောင်းတစ်ယောက်က မတ်တပ်ထရပ်ပြီး...... “ကောင်းကင်မြို့စား....
ဒီကိစ္စကို ကျုပ်တို့ ဘယ်လိုဖြေရှင်းသင့်လဲ..... ဒါကို မတားဘူးဆိုရင်တော့ ကိစ္စကြီးတစ်ခု ဖြစ်လာမှာ သေချာတယ်...ဒီကိစ္စက ကွမ်းထျန်တင်မကဘဲ အခြားသော မင်းဆက်တွေမှာလဲ ဖြစ်ပွားနေတယ်....မြောက်ပိုင်းက ရပ်တန့်လို့မရတဲ့ အခြေအနေဖြစ်လာပြီ.... အင်မော်တယ် တာအိုကို လိုက်ရှာဖို့ဆိုပြီး မြောက်ပိုင်းကိုရွှေ့ပြောင်းသွားတဲ့ မင်းဆက်တွေတောင်ရှိတယ်...ဒီကောင်တွေ နတ်ဆိုးနောက်ကို လိုက်နေသလိုပဲ......”
သူ့စကားကြောင့် အရာရှိများအားလုံး စိတ်လှုပ်ရှားလာသည်။
"ဟုတ်တယ်... ထျန်းကျင်းဆိုတာဘာလဲ။ ကောင်းကင်တရားရုံးဆိုတာဘာလဲ.... အဓိပ္ပါယ်မရှိလိုက်တာ...”
"တကျန်းကနေ ဘယ်လိုဖြစ်ပြီး ထျန်းကျင်းလို့ပြောင်းသွားတာဲ... တာအိုဘိုးဘေးကလည်း ဧကရာဇ်ဖြစ်လာတယ်ဆို?"
“ဒါဟာ ဒေါသထွက်စရာကောင်းပေမယ့် ယေဘုယျလမ်းကြောင်းက စတင်နေပြီ..... အရေးကြီးတာက အဲဒါကို ဘယ်လိုတားမလဲဆိုတာပဲ.... ဒီအတိုင်းဆက်သွားရင် ပဋိပက္ခတွေ ပိုများလာမယ်..."
“အရေးကြီးဆုံးကတော့ ဘယ်သူက လှုံ့ဆော်တာလဲဆိုတာ မသိရသေးတာပဲ... အရင်းအမြစ်ကို ရှာနိုင်ရင် အရာအားလုံး လွယ်ကူသွားလိမ့်မယ်.....”
" တာအိုဘိုးဘေးက သူ့ရဲ့ ဝတ်ပြုကိုးကွယ်သူတွေကို သူတို့ရဲ့ အိပ်မက်ထဲကတဆင့် လာလည်နိုင်တယ်လို့ ပြောကြတယ်...ဒါမျိုးကို ဘယ်လိုလက်ဆုပ်လက်ကိုင်ပြရမှာလဲ...."
ဗိုလ်ချုပ်က တာအိုဘိုးဘေးကို သတ်ချင်တယ်လို့ ပြောခဲ့သလိုပဲ သူ့ကိုဉီးတည်နေသည့်သတ်ဖြတ်လိုစိတ်များစွာကို ခံစားခဲ့ရပြီး သူ့ကို ထိတ်လန့်စေခဲ့သည်။
လင်းဟောင်ချန် မျက်လုံးများကို မှိတ်ထားသော်လည်း သူ သတိထားမိခဲ့သည်။
ပြသာနာရဲ့အဓိကအရင်းမြစ်က သာမန်လူများကြားတွင်သာမက သိုင်းလောကတွင်နှင့် တရားရုံးအထိပါ ပျံ့နှံ့နေပြီဖြစ်သည်။
လင်းဟောက်ချန် ကျောရိုးအထိ အေးစက်သွားသလို ခံစားလိုက်ရသည်။ တာအိုဘိုးဘေးနှင့် ရင်ဆိုင်ရချိန်က အခြေအနေကို ပြန်သတိရမိသည်။ တာအိုဘိုးဘေးက သူ့နှလုံးသားထဲတွင် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ခွန်အားကို ကိုယ်စားပြုသည်။ ဤအစွမ်းသတ္တိကို အလုံးစုံသောစွမ်းအားဟု ခေါ်ဆိုနိုင်သည်။
လက်ရှိအခြေအနေမှာ တာအိုဘိုးဘေး မပေါ်လာသေးသော်လည်း သူနှင့် ထျန်းကျင်း၏ ဒဏ္ဍာရီများက ကမ္ဘာတစ်ဝှမ်းလုံးတွင် ပျံ့နှံ့လျက်ရှိသည်။ သူသည် ကွမ်းထျန် မှာ အာဏာအားလုံးကို ချုပ်ကိုင်ထားသည့်တိုင် ဒီကောလဟာလတွေကို ဖြန့်ဖို့ ဘယ်သူက တာဝန်ယူထားတယ်ဆိုတာ မသိနိုင်ပေ။
ဤကောလဟာလများကို လူတစ်ဦးတစ်ယောက်တည်းက ဖြန့်နေခြင်းမဟုတ်ဘဲ လူအများက မီးထဲသို့ လောင်စာထည့်နေကြခြင်းနှင့်တူနေသည်။
လင်ဟောင်ချန်က ခန်းမအတွင်းရှိ အရာရှိများကို စူးစူးဝါးဝါးကြည့်က မည်သူတစ်ဦးတစ်ယောက်မျှအားကိုးထိုက်ပုံမပေါ်ကြောင်း နားလည်လိုက်သည်။
ခန်းမတခုလုံး တိတ်ဆိတ်သွားပြန်သည်။
ယုံကြည်သက်ဝင်သူမဟုတ်သော အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ တစ်စုံတစ်ခု လွဲမှားနေပြီဟု ခံစားမိကြသည်။ တာအိုဘိုးဘေးကို သတ်ချင်တယ်လို့ တစ်ယောက်ယောက်က ပြောပြီးကတည်းက အငွေ့အသက်တွေ ပြောင်းသွားသည်။
ခမ်းနားထည်ဝါသော ထူးဆန်းသောလေထု ခန်းမတစ်ခုလုံး ပျံ့နှံ့သွားသည်။
လင်းဟောက်ချန်က.... “ဒီကိစ္စအတွက် စိတ်မပူပါနဲ့..... မြောက်ပိုင်းမှာ ထျန်းကျင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အဆုံးမဲ့သမုဒ္ဒရာက အလွန်ကျယ်ပြောလှတယ်.... ယခု ရေနဂါးမျိုးနွယ်စုတွေ ပင်လယ်ထဲကို ဝင်ရောက်လာတာကြောင့် ပင်လယ်ကြီး ငြိမ်းချမ်းနေမှာမဟုတ်ဘူး... ကွမ်းထျန်ရဲ့ကာကွယ်မှုမရှိဘဲ၊ သူတို့တွေ ပင်လယ်ပြင်ထဲထွက်ရင် မုချသေကုန်လိမ့်မယ်...."
တာဝန်ရှိသူများက အဓိပ္ပါယ်ရှိသည်ဟု ယူဆကာ ခေါင်းညိတ်သဘောတူသည်။
ထိုယုံကြည်သက်ဝင်သူများကတော့ မျက်မှောင်ကြုတ်ကာ မြောက်ဘက်သို့သွားရမည်ဆိုလျှင် တွန့်ဆုတ်လာကြသည်။
လင်းဟောက်ချန်က...... “ ကျူပ် နတ်ဆိုးမျိုးနွယ်စုနဲ့သဘောတူညီမှု ရခဲ့ပြီးပြီ..... နတ်ဆိုးတွေ ကွမ်းထျန်ကို မနှောက်ယှက်တော့ဘူး... အနာဂတ်မှာလူသားတွေနဲ့ နတ်ဆိုးတွေ လက်ချင်းချိတ်ပြီး ဒဏ္ဍာရီလာမဟာကန္တရနဲ့ ပြန်လည်ရှင်သန်ခြင်းမျိုးနွယ်စုကို ရှာဖွေဖို့ အနောက်ဘက်ကို ဦးတည်သွားကြမယ်...သူတို့က ပြန်လည်ရှင်သန်ခြင်းသိုင်းဧကရာဇ်တည်ထောင်ထားတဲ့မျိုးနွယ်စုဖြစ်တာကြောင့် မျိုးနွယ်စုတိုင်းက သူတို့ကို လိုက်ရှာနေကြတယ်....... အကယ်၍ လူသားမျိုးနွယ်ကသာ ပံ့ပိုးကူညီနိုင်မယ်ဆို ကျူပ်တို့တွေ မဟာကန္တရမင်းဆက်မှာ အသိအမှတ်ပြုမှု ရရှိမယ့်အပြင် အရေးကြီးတဲ့ အကူအညီတွေလဲ ရရှိနိုင်လိမ့်မယ်..... မှတ်ထားကြပါ..နှစ်တကာအတွင်းကွမ်းထျန်က မဟာကန္တရကို သေချာပေါက်ရောက်စေရမယ်....."
မဟာကန္တရမင်းဆက်အကြောင်း ဆွေးနွေးကြစဉ် ၎င်းတို့၏အမူအရာများ ပြောင်းလဲသွားသော်လည်း အချို့မှာ လျစ်လျူရှုပြီး လှောင်ပြောင်သည့်အမူအရာများကိုပင် ထုတ်ဖော်ပြကြသည်။
ဘာဖြစ်နေတာလဲ…
လင်းဟောင်ချန် ရုတ်တရက် တစ်ခုခုကို တွေးလိုက်ပြီး သူ့အမူအရာ ပြောင်းလဲသွားသည်။
သူလက်သီးတွေကို တင်းတင်းဆုပ်ထားပြီး သူ့နှလုံးသားထဲမှာ အေးစက်တဲ့ချွေးတွေနဲ့ ပြည့်နှက်နေသည်။
“ငါထင်တဲ့အရာက မှန်တယ်ဆိုရင်.... လူသားမျိုးနွယ်ကို ပေါင်းစည်းဖို့ ကွမ်းထျန် ရဲ့ မျှော်လင့်ချက်က....."
လင်းဟောင်ချန် ဆက်မတွေးဝံ့တော့ပေ။
သူတစ်ယောက်တည်း အရှက်ရခဲ့တာမဟုတ်လဲ အဆုံးမဲ့ပင်လယ်ပြင်က ကံကြမ္မာမင်းဆက်များလည်း တုန်လှုပ်ခြောက်ခြားနေကြပြှး ထျန်းကျင်းကို ကြောက်ရွံ့နေကြသည်။
မဟာကန္တရ၏ အနက်ရှိုင်းဆုံးနေရာ၌....အဆုံးမဲ့တောင်တန်းများတည်ရှိနေပြီး ထိုတောင်တန်းများပေါ်၌ မြက်တပင်တောင် မပေါက်ပေ။ ကောင်းကင်ယံ၌ တိမ်မည်းများ လွင့်ပျံနေကာ သေသေချာချာ ကြည့်လိုက်ရင် တိမ်မည်းတွေကြားထဲမှာ အနက်ရောင် အရိပ်အယောင်တွေ အများကြီး ရှိနေသည်ကိုမြင်နိုင်သည်။
ဤသည်မှာ ထျန်ရှုမျိုးနွယ်စုတို့၏ နယ်မြေဖြစ်သည်။
ကြီးမားသော မြေအောက်နယ်မြေကို တောင်ကြီးတစ်ခုအောက်တွင် ဝှက်ထားခဲ့သည်။ မရေတွက်နိုင်သော ၀တ်ရုံဖြူဝတ်ဆင်ထားသူများ မြေပြင်ပေါ်တွင် ထိုင်နေကြပြီး သူတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်ဟာ လူသားတွေနဲ့ဆင်တူသော်လည်း သူတို့၏မျက်နှာနှင့် လက်ခြေများကို အနက်ရောင်အရိပ်များဖြင့် ဖုံးလွှမ်းထားသောကြောင့် ၎င်းတို့ကို အလွန်ကြောက်စရာကောင်းသည့်ပုံပေါက်စေသည်။
သူတို့ရှေ့မှာ ကျောက်စင်္ကြံတစ်ခုရှိပြီး အဲဒီပေါ်မှာ ထိုင်နေသူတစ်ယောက်ရှိသည်။ သို့သော် ထိုသူသည် အဖြူရောင် ၀တ်လုံကို မ၀တ်ထားဘဲ အနီရောင်ဝတ်ရုံကို ၀တ်ထားသည်။ သူသည် အခြားသောထျန်ရှုမျိုးနွယ်စုများထက် အရပ်ရှည်သည်။
အနီရောင်ဝတ်ထားသူက ရုတ်တရက် ခေါင်းမော့လာပြီး ဦးထုပ်အောက်မှ အစိမ်းရောင်မျက်လုံးတစ်စုံ ပွင့်လာသည်။
သူငေးကြည့်ပြီးနောက် ထျန်ရှုမျိုးနွယ်စုများအထက်တွင် အနက်ရောင်ရောင်ဘောလုံးတစ်ခု ပေါ်လာပြီး လူသားမျက်နှာအဖြစ်သို့ လျင်မြန်စွာ ပေါင်းစပ်သွားသည်။
“လူသားတွေက ကောင်းကင်နဲ့မြေပြင်ရဲ့ပြစ်ဒဏ်ပဲ..... သူတို့နဲ့ ဆက်ဆံရမယ့် နည်းလမ်းတွေကို စဉ်းစားပါ..... အောင်မြင်ဖို့အတွက် မင်းရဲ့ခွန်အားတစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာ သတိရပါ...... လူသားတွေကို နှိမ်နှင်းဖို့ မဟာကန္တရမင်းဆက်ရဲ့ များပြားလှတဲ့ မျိုးနွယ်စုတွေကို မင်းအမိန့်ပေးရမယ်...."
ထိုအသံသည် ကျန်းချန်ရှန်း ကြုံတွေ့ခဲ့ရသော ဧရာမလျှပ်စီးလူသားနှင့် သက်ဆိုင်သည်.ယ။
အနီရောင်ဝတ်ထားသူင အံ့သြတကြီးဖြင့်.....
“နတ်ဘုရား....ဘာဖြစ်လို့လူသားတွေက ဒီလောက် သန်မာနေကြတာလဲ....”
"ဟမ့်..... အပြင်လောက ဝိညာဉ်တစ်ခုက လူသားတွေကြားမှာ ပုန်းကွယ်နေတယ်....
သူက ကမ္ဘာတစ်ခုလုံးကို ဧကန်မုချ ဖျက်ဆီးလိမ့်မယ်.... မင်းလွှတ်လိုက်တဲ့လူတွေ ပြန်မလာနိုင်တော့ဘူး.....”
"အပြင်လောကဝိညာဉ်?"
ဝတ်ရုံနီ၏ စကားသံကြောင့် အောက်တွင် ထိုင်နေသော ထျန်ရှုမျိုးနွယ်စုများ ဤကိစ္စကို စတင်ဆွေးနွေးကြသည်။
“မင်းရဲ့ ခွန်အားနဲ့ အဲဒီလူကို သတ်ဖို့ မဖြစ်နိုင်ဘူး.... အခြားမျိုးနွယ်စုတွေနဲ့ပေါင်းစည်းပြီး လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးဖို့ အကောင်းဆုံးကြိုးစားပါ..... အပြင်လောကရဲ့ နတ်ဆိုးမြစ် ဆင်းသက်လာတဲ့အခါ ငါကိုယ်တိုင်ရောက်လာပြီး ဒီပြသာနာတွေကို ဖြေရှင်းပေးမယ်....."
ဝတ်လုံနီက အလျင်စလိုဖြင့်....
"ဟုတ်ကဲ့....ဒါပေမယ့်.."
“စိတ်ပူစရာ မလိုပါဘူး။ ဒီတာဝန်ကို တခြားမျိုးနွယ်စုတွေကိုလည်း ပေးအပ်ရမယ်..... ဘယ်မျိုးနွယ်စုက အများဆုံးပါဝင်နိုင်လဲကြည့်ပြီး ငါရောက်တဲ့အခါ တော်ဝင်မျိုးနွယ်စုအဖြစ် မြှင့်တင်ပေးမယ်.....”
သူပြောလိုက်သည်နှင့် တပြိုင်နက် အနီရောင်ဝတ်ရုံအောက်က အစိမ်းရောင်အလင်းတန်းနှစ်ခု ပို၍တောက်ပလာသည်။ အခြား ထျန်ရှုမျိုးနွယ်စုများလည်း စိတ်လှုပ်ရှားနေကြသည်။