မဟာကန္တရမင်းဆက်၏နတ်ဘုရား.....ဝိညာဉ်တောင်တန်း
Vol. 22 Ch. 325
အင်မော်တယ်ခေတ်၏ 2 နှစ်တွင်၊ ထျန်းကျင်းတခွင် လုံးဝငြိမ်းချမ်းခဲ့သည်။ ပြည်နယ်များရှိ ပြည်သူ့လုံခြုံရေးများ ပြန်လည်ကောင်းမွန်လာကာ သိုင်းပညာ လမ်းကြောင်းများ ပြန်လည်မြင့်တက်လာခဲ့သည်။ ကျန်းချန်ရှန် ညွှန်ကြားချက်အရ၊ ဝန်ကြီးချုပ်ရုံးသည် အချို့သောပြည်နယ်များတွင် မဟာကန္တရမင်းဆက် ၏အတွင်းပိုင်းကို ရှာဖွေရန် ဌာနအချို့ စတင်တည်ဆောက်ရန် စီစဉ်ခဲ့သည်။
ဇွန်လအစတွင်.....
ကျန်းချန်ရှန်း ၏သားသည် ကိုယ်ဝန်ရန်အချိန်ဆယ်နှစ်လိုအပ်သော ကျင်းထျန်းမင် ကဲ့သို့မဟုတ်ပေ။ သူသည် သာမန်ကလေးတစ်ယောက်လို မွေးဖွားလာခဲ့သည်။ သို့သော် ကျင်းထျန်းမင်လိုပင်တတိယမျက်လုံးဖွင့်လျှက်သားနှင့်မွေးဖွားလာခြင်းဖြစ်သည်။ သူ၏ဒေါင်လိုက်မျက်စံသည် ရွှေရောင်ဖြစ်သည်။
အိမ်ရှေ့မင်းသားကို ကျန်းဇီယု ဟူသောအမည်ပေးအပ်ခဲ့ပြီး၊ ကျင်းချန်တွင် သိသိသာသာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။ တာအိုဘိုးဘေးက တိုင်ကျုံး ကို သတိရနေရုံပဲလို့ လူအများက ထင်ခဲ့ကြပေမယ့် လက်ရှိ အိမ်ရှေ့မင်းသားကတော့ တိုင်ကျုံး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆသူတွေလည်း ရှိနေသည်။ နောက်ဆုံးတွင်၊ တာအိုဘိုးဘေးသည် အင်မော်တယ်နတ်ဘုရားတစ်ပါးဖြစ်ပြီး သေမျိုးကမ္ဘာသို့ ဆင်းသက်လာသူဖြစ်သောကြောင့် လူဝင်စားခြင်းသံသရာကို ထိန်းချုပ်နိုင်ပေလိမ့်မည်။
မုလင်းလော့က ကျန်းဇီယုကို လုံချီ တောင်သို့ ခေါ်ဆောင်သွားခဲ့ပြီး လူတိုင်း သူ့အကြောင်းကို သိချင်နေကြသည်။
“သူ့ကို တကယ်ပဲ ကျန်းဇီယု လို့ခေါ်တယ်??? ဆရာတော်က ချန်းလီတုန်းကလိုပဲ နာမည်တူပေးပြန်ပြီ...."
ကျန်းဇီယု၏တတိယ မျက်လုံးကို စိုက်ကြည့်ရင်း ပိုင်ချီ အော်လိုက်မိသည်။
ကျိဝူကျွင်းက ကျန်းဇီယု ကို ခေါ်သွားပြီး ဂရုတစိုက်ကြည့်ကာ..... “ဒီကလေးက ထျန်းမင်လိုမဟုတ်ဘူး…”
ကျင်းထျန်းမင်က ဂုဏ်ယူစွာ ပြုံးလိုက်ပြီး....
"ဒါပေါ့...ကျွန်တော်က အမိဝမ်းထဲမှာ ဆယ်နှစ်နေခဲ့ရတယ်.... အမေ့ဝမ်းထဲမှာ ဘာလို့ကြာကြာနေခဲ့ရလဲ သိလား.... ကျွန်တော် ကြွားလုံးထုတ်တာ မဟုတ်ဘူးနော် ဒါပေမယ့် အဲဒီအချိန်မှာကတည်းက ကျွန်တော် လေ့ကျင့်မှု စတင်နေပြီ... ”
လူတိုင်းက သူ့ကို စိတ်မ၀င်စားနိုင်သေးပေ။ ဒီကလေး ကြီးပြင်းလာတဲ့အခါ ငယ်ငယ်တုန်းကလောက် ချစ်စရာကောင်းတာတော့ မဟုတ်ပေမယ့် စကားပြောလိုက်တိုင်းရိုက်ပေါက်ချည်းပင်....
မုလင်းလော့က ပြုံးလ်ိုက်ပြီး...."သူ့ရဲ့အစမှတ်က ထျန်းမင်လောက်မကောင်းပါပေမယ့် အရည်အချင်းကတော့ တုနှိုင်းမဲ့တယ်လို့ အရှင်ကပြောတယ်...."
တုနှိုင်းမဲ့?
ဒီမှတ်ချက်ကြောင့်လူတိုင်းက ပိုလို့တောင် စပ်စုချင်လာကြသည်။တိုင်ဝနှင့်တိုင်ရှီးတို့တောင် ရောက်လာကြသည်။
ပွေ့ပိုက်ခံထားရသော ကျန်းဇီယုသည် ပန်းရောင်အသားအရည်ရှိပြီး မျက်လုံးများကိုမှိတ်ထားသော်လည်း သူ၏နဖူးပေါ်ရှိ တတိယမျက်လုံးကတော့ ပွင့်လျက်သားနှင့် လှည့်ပတ်ကြည့်ရှုနေသည်။
"ဒါဆို ကျွန်မ သူ့ကို သိုင်းပညာ သင်ပေးပါရစေ"
ကျိဝူကျွင်က မုလင်းလော့ ကို ကြည့်ပြီး မျှော်တလင့်လင့်နဲ့ တောင်းဆိုလိုက်သည်။
မုလင်းလော့က...“ကောင်းပြီ....အရှင်က အင်မော်တယ်နတ်ဘုရားဖြစ်ပြီး လူသားတွေက အင်မော်တယ်နတ်ဘုရားရဲ့စွမ်းရည်တွေကို မသင်ယူနိုင်ကြဘူး...ရှင် သူ့ကို ပေါ့ပေါ့ပါးပါး သင်ပေးနိုင်တယ်...ဆရာတပည့်ဖြစ်ဖို့ မလိုဘူး.....”
ကျိဝူကျွင်း ထိုစကားကိုကြားသောအခါ ပို၍ပင် ပျော်ရွှင်သွားပြီး မုလင်းလော့ကို ကျေးဇူးတင်စွာဖြင့် ကြည့်မိသည်။
ပိုင်ချီက မုလင်းလော့ရဲ့ အင်္ကျီကို ပါးစပ်နဲ့ ဆွဲကိုက်လိုက်ပြီး..... "ဆရာတော်က ဧကရာဇ်ဖြစ်နေပြီ၊ ဒါဆို မောင်းမတွေထပ်ယူရမှာပေါ့....ဧကရီ ဘယ်လိုထင်လဲ..."
မုလင်းလော့က သူမကို ဒေါသတကြီးနဲ့ ကန်ထုတ်လိုက်ပြီး ....."အရှင် ကိုယ်လုပ်တော်ယူချင်ရင်တောင်မှ အဲ့ကိုယ်လုပ်တော်က လူသားဖြစ်ရမယ်....."
ပိုင်ချီ ပေါက်ကွဲလာပြီး "ငါ လူသားတစ်ယောက် ဖြစ်လာနိုင်တယ်!"
“အဲဒါက တကယ့်လူသားမဟုတ်ဘူး... လှည့်စားမှုတစ်ခုပဲ...ကောင်းကောင်းလေ့ကျင့်စမ်းပါ....."
"ဟမ့် စောင့်ကြည့်နေလိုက်.... အနာဂတ်မှာ ငါအသွင်ပြောင်းနိုင်တဲ့အခါ ဆရာတော်က ငါတစ်ယောက်တည်းကိုပဲ မျက်နှာသာပေးလိမ့်မယ်...!"
"ဒီနေ့ရောက်လာမယ်လို့ မျှော်လင့်ပါတယ်....."
မုလင်းလော့နှင့် ပိုင်ချီ ရန်ဖြစ်နေစဉ် ကျိဝူကျွင်းက ကျန်းဇီယုကို ပိုကြည့်လေ၊ သူ့ကို ပိုသဘောကျလေဖြစ်နေသည်။ ကျင်းထျန်းမင်ကလည်း ဒီကလေးကိုသိုင်းပညာ သင်ပေးချင်သည်။
ထျန်ရှုမျိုးနွယ်စု နယ်မြေအနီးရှိ ချောက်ကမ်းပါးတစ်ခုတွင်............
ကျန်းချန်ရှန်း မှော်လက်နက်နှစ်ခုကိုသုံးပြီးကြည့်လိုက်တော့ အရိပ်ရောင်အရိပ်များစွာကို မြင်နေရသည်။
"မင်းတို့ကို ထိဖို့ မမျှော်လင့်ထားဘူး"
ကျန်းချန်ရှန်း ထိုသို့ ရေရွတ်လိုက်ပြီးနောက် ချက်ချင်း ထခုန်ပြီး ထျန်ရှုမျိုးနွယ်စုဆီသို့ ပျံသန်းသွားသည်။
သူ၏ ဝိညာဉ်စွမ်းအားက ထျန်ရှုမျိုးနွယ်စုအတွင်းရှိ တန်ခိုးအကြီးဆုံးဖြစ်တည်မှုကို ဖမ်းဆုပ်ထားပြီးဖြစ်သည်။
ထိုသူ၏ခွန်အားသည် အမွှေးတိုင်အရေအတွက် ၃ဘီလီယံ သို့မဟုတ် ၅ ဘီလီယံခန့်တန်ဖိုးရှိပြီး မျိုးနွယ်တစ်ခုလုံးတွင် ကောင်းကင်နှင့်မြေပြင်ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးသာရှိသည်။
သူ ပျံသန်းနေရင်း မကြာမီ ထျန်ရှုမျိုးနွယ်စုများက သူ့ကို ရှာဖွေတွေ့ရှိခဲ့သည်။ ကျန်းချန်ရှန်း ရပ်တန့်လိုက်သည်နှင့် အနက်ရောင် အရိပ်များစွာ သူ့ထံ ပျံဝဲလာသည်။
ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ပေါက်ကွဲပြီး အနက်ရောင် အရိပ်များ အရပ်ရပ်မှ ပျံဝဲကာ တောင်တန်းများကို တုန်လှုပ်သွားစေသည်။
ကျန်းချန်ရှန်းက မြှားတစ်စင်းကဲ့သို့ပင် တောင်များကိုဖြတ်၍ ထျန်ရှုမျိုးနွယ်စု လျှို့ဝှက်ပုန်းအောင်းရာသို့ ရောက်ရှိခဲ့သည်။
ထိုအချိန်တွင် ၀တ်ရုံနီအမျိုးသားက အခြားမျိုးနွယ်စုတစ်ခုနှင့် စကားပြောနေသည်။ အဲဒီမျိုးနွယ်စုက ကိုယ်စားလှယ်ငါးဦး ရောက်လာပြီး ၎င်းတို့အားလုံးတွင် လူသားခန္ဓာနှင့် သိမ်းငှက်ဦးခေါင်းပုံသဏ္ဍာန်ရှိသည်။ သူတို့နောက်ကျောမှာ အတောင်ပံတစ်စုံရှိပြီး အရပ်ကတော့ အမြင့်ပေငါးဆယ်နီးပါးရှိပါသည်။
မဟာကန္တရမင်းတကိ၌ သေးငယ်သော ကိုယ်လုံးကိုယ်ပေါက်ရှိသော မျိုးနွယ်များက ဉာဏ်ရည်ထက်မြက်ကြသည်။ ဉာဏ်ရည်မမီသော မျိုးနွယ်စုများကသည် ၎င်းတို့၏ ကိုယ်လုံးကိုယ်ပေါက် ကြီးမားမှုကိုအားကိုးကြသည်။ အချို့သော ဉာဏ်ရည်ထက်မြက်သော မျိုးနွယ်များသည်လည်း ခန္ဓာကိုယ်အရွယ်အစား အလွန်ကြီးမားပါသည်။
ဝုန်းးးးး
တောင်နံရံ ပြိုကျလာပြီး ကျန်းချန်ရှန်း အထဲသို့ ပြေးဝင်သွားသည်။ သူ့ခြေဖဝါးမြေပြင်ပေါ်အထိခင်မှာတင် မရေမတွက်နိုင်တဲ့ အကြည့်တွေ သူ့ဆီ ချက်ချင်းရောက်လာကြသည်။
ဝတ်ရုံနီဝတ်ထားသူက.... “မင်း ဘယ်သူလဲ” ဟု အသံနက်ကြီးဖြင့် မေးလိုက်သည်။
ဝတ်ရုံဖြူဝတ်ထားသူများ တယောက်ပြီး တယောက် မတ်တပ်ရပ်ကာ ၎င်းတို့အထဲမှ အပျော့ညံ့ဆုံးသူတောင် သိုင်းဘုရင် နယ်ပယ်ဖြစ်သည်။ ထျန်ရှုမျိုးနွယ်စု အလွန်အားကောင်းနေသေးသည်ဟု ဆိုရမည်ဖြစ်သည်။ သိုင်းဧကရာဇ်နယ်ပယ် တစ်ယောက်တည်းရှိသော်လည်း သန်မာသော ကျောရိုးများစွာရှိသည်။ ဤနေရာတွင် သိုင်းဘုရင်နယ်ပယ်ကျွမ်းကျင်သူ အရေအတွက် သောင်းနှင့်ချီ၍ ကျော်လွန်နေပါသည်။
"အိုး? ဧည့်သည်ရောက်နေတာလား...? မင်းတို့ဘယ်အကြောင်းပြောနေတာလဲ?"
ကျန်းချန်ရှန်း က တည်ငြိမ်စွာ မေးလိုက်သည်။ သူ၏ ဦးခေါင်းနောက်ကွယ်တွင် ယန်အလင်းတန မရှိတော့သောကြောင့် သူ၏ အသွင်အပြင်ကို ရှင်းလင်းစွာမြင်နိုင်သည်။
ဝတ်ရုံနီဝတ်ထားသူ ရုတ်တရက် ထိတ်လန့်သွားပြီး..... “မင်းက လူသားမျိုးနွယ်ထဲကလား” ဟု ချက်ချင်း မေးလိုက်သည်။
သူပြောပြီးသည်နှင့် လင်းယုန်တပိုင်းဘူတပိုင်းငါးယောက်လည်း ထိတ်လန့်သွားသည်။
“မင်းမဖြေတဲ့အတွက် ငါ ခန့်မှန်းကြည့်မယ်။ လူသားမျိုးနွယ်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ဆွေးနွေးနေတာမလား...."
ကျန်းချန်ရှန်း ရှေ့ကို တိုးလာပြီး မှော်လက်နက်နှစ်ခုလည်း သူ့ဘေးတွင်အသင့်ရှိနေသည်။
"သူ့ကိုသတ်!"
ကျန်းချန်ရှန်းမျက်မှောင်ကြုတ်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ပေါက်ကွဲထွက်လာကာ အရပ်ရပ်သို့ လှည့်ပတ်သွားသော ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများ ဖြစ်ပေါ်လာသည်။ ဝတ်ရုံဖြူဝတ်ထားသူများ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး တောင်တစ်ခုလုံး တုန်လှုပ်သွားသည်။
အသက်နှစ်ခါရှူစာလောက်အချိန်တိုအတွင်းမှာ ဝတ်ရုံဖြူဝတ်ထားသူအားလုံး ပျက်သုဉ်းသွားခဲ့သည်။ လင်းယုန်တပိုင်း သတ္တဝါငါးကောင်ကတော့ အံကြိတ်ကာ သူတို့ မျက်လုံးများကို မယုံနိုင်ဖြစ်ခဲ့သည်။
ကျန်းချန်ရှန်း ရုတ်တရက် ပျောက်ကွယ်သွားပြီး ဝတ်ရုံအနီဝတ်ထားသူရှေ့တွင် ပေါ်လာသည်။ သူ့လက်ကို မြှောက်လိုက်ပြီး ထိုသူ၏ ပုခုံးပေါ်ကို ဖိလိုက်ကာ လှုပ်ရှားလို့မရအောင် ထိန်းထားလိုက်သည်။
"မင်းနောက်ကွယ်ကလူက လူသားတွေကိုရှင်းပစ်ချင်နေတာလား...."
ကျန်းချန်ရှန်း အေးစက်စွာမေးလိုက်သည်။
ဝတ်ရုံနီဝတ်ထားသူ ကြောက်ရွံ့ထိတ်လန့်သွားပြီး....... “မင်းက ကောင်းကင်နဲ့ မြေကြီးရဲ့ မျိုးကွဲဖြစ်ပြီး ဒီကမ္ဘာကြီးကို ဖျက်ဆီးမယ့် အပြင်လောက ဝိညာဉ်ပဲ.... ထျန်ရှုမျိုးနွယ်စုအနေနဲ့ ဒီလိုကပ်ဆိုးမျိုးကို သေချာပေါက် ချေမှုန်းပစ်ရမယ်....”
ကျန်းချန်ရှန်း က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး..... "အိုး? အဲဒီတည်ရှိမှုက မင်းကိုပြောပြခဲ့တာလား......."
ထိုသူက ပြန်မဖြေဘဖဲ ယင်းအစား သူသည် လင်းယုန်ဦးခေါင်းရှိ သတ္တဝါငါးကောင်ကို ကြည့်ကာ ဒေါသတကြီးဖြင့်..... " လုမင်မျိုးနွယ်စုက ဘာကိုစောင့်နေတာလဲ?"
ကျန်းချန်ရှန်း ထိုသူများကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာဖြင့်..... "တစ်ယောက်လှုပ်လိုက်တာနဲ့ မင်းတို့မျိုးနွယ်စုတခုလုံး ကိစ္စတုံးသွားမယ်...."
လုမင်မျိုးနွယ်စုဝင် ငါးယောက် အလွန်ထိတ်လန့်သွားသဖြင့် မလှုပ်ရှားဝံ့ကြပေ။
ကျန်းချန်ရှန်းက တာအိုမျက်လုံးကိုသုံးပြီး ဝတ်ရုံနီဝတ်ထားသူ၏ မှတ်ဉာဏ်ကိုစစ်ဆေးကြည့်လိုက်သည်။
မကြာမီ သူ မျက်မှောင်ကြုတ်သွားသည်။ ထျန်ရှုမျိုးနွယ်စုက ကောင်းကင် တည်ရှိမှုအကြောင်းကို များများစားစားမသိဘဲ ထိုသူ့ကို 'ဘုရားသခင်' ဟုသာခေါ်ဆိုခဲ့သည်။ ဘုရားသခင်ဆိုသူက အခြားနည်းလမ်းဖြင့်သာ ဆက်သွယ်နိုင်ပြီး သူ့အသွင်အပြင်အစစ်ကိုတောင် မသိကြပေ။ ထိုသူသည် ဤကမ္ဘာကြီးကို ဖန်ဆင်းသော သိုင်းနတ်ဘုရားဖြစ်ကြောင်းသာ သူတို့ သိကြသည်။
ကျန်းချန်ရှန်း မဟာတာအိုမျက်လုံးကိုပြန်ရုတ်သိမ်းလိုက်တော့ ဝတ်ရုံနီဝတ်ထားသူ သတိပြန်ရလာပြီး တုန်လှုပ်ခြောက်ခြားစွာဖြင့်....
“မင်းငါ့ကို ဘာလုပ်လိုက်တာလဲ”
“အညံ့ခံမလား အသေခံမလား... ”
“မဖြစ်နိုင်ဘူး...ငါတို့ ထျန်ရှုမျိုးနွယ်က ဘုရားသခင်ကိုပဲသစ္စာစောင့်သိန်ိုင်တယ်...အညံ့ခံဖို့ဆိုတာ ငါတို့အတွက် မဖြစ်နိုင်ဘူး…”
စကားမဆုံးခင် ထိုသူ ဖုန်မှုန့်များအဖြစ်သို့ ချက်ချင်းပြောင်းသွားကာ လုမင်မျိုးနွယ်စုဝင် ငါးယောက်ကို မျက်လုံး ပြူးကျယ်သွားစေသည်။
ဒါ ဘယ်လို ဖြစ်နိုင်လဲ........
ကျန်းချန်ရှန်း သူတို့ကို ကြည့်လိုက်တော့ လုမင်မျိုးနွယ်၏ ကိုယ်စားလှယ်ခေါင်းဆောင်က ချက်ချင်း ဒူးထောက်ကာ..... “ ကျုပ်တို့အညံ့ခံပါ့မယ်” ဟု လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ကျန်လေးယောက်က ကျန်းချန်ရှန်းကို မကြည့်ဝံ့ဘဲ ကြောက်ရွံ့စွာဖြင့် ဒူးထောက်လိုက်သည်။
ကျန်းချန်ရှန်းက "ငါ့နောက်ကလိုက်လာပြီး လုမင်မျိုးနွယ်စုနဲ့မိတ်ဆက်ပေးပါ"
သူလှည့်ပြီးထွက်သွားသည်နှင့် လုမင် မျိုးနွယ်စုဝင် ငါးယောက် သူ့နောက်သို့ အလျင်အမြန် လိုက်လာကြသည်။
တောင်ပေါ်ကနေ အမြန် ပြေးဆင်းလာကြပြီး ကိုယ်စားလှယ်များ၏ ခေါင်းဆောင်မှာ လုမင်မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည်။ သူသည် ကောင်းကင်နှင့်မြေပြင်ဧကရာဇ်နယ်ပယ်ရောက်နေသော်လည်း ဒုတိယအဆင့်တွင်သာရှိသေးသည်။ ၎င်းတို့သည် ထျန်ရှုမျိုးနွယ်စုနှင့် မျိုးဆက်အဆက်အဆက် ကောင်းမွန်စွာနေထိုင်ခဲ့သော မဟာမိတ်များဖြစ်သည်။
ကျန်းချန်ရှန် ပျံသန်းနေရင်း လုမင်မျိုးနွယ်စုက ပြောသမျှကို သေချာနားထောင်ကာ.....
"ငါက ထျန်ရှုမျိုးနွယ်စိုလိုက်ရှာနေတဲ့ မျိုးကွဲပဲ..... မင်းရဲ့ခေါင်းဆောင်က ငါ့လက်ထဲမှာ... မင်းအသက်ရှင်ချင်ရင် ငါ့ကိုသတ်လိုက်ပါ!"
ကျန်းချန်ရှန်း၏ အသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူဘာမှပြန်မပြောခင်မှာပင် ထျန်ရှုမျိုးနွယ်စုများ စုရုံးနေပြီဖြစ်သည်။ သူ့စကားကြားတော့ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာကြသည်။
ကျန်းချန်ရှန်းက ထျန်ရှုမျိုးနွယ်စုကို အခွင့်အရေးပေးထားပြီးဖြစ်သော်လည်း ဤကမ္ဘာ၏ဖန်ဆင်းရှင်က ရန်သူဖြစ်လာရန် တွန်းအားပေးခဲ့သည်။ ထိုသို့ဆိုလျှင်၊ သူတို့သည် သူ့အတွက် ရှင်သန်ခြင်းဆုလာဘ်များဖြစ်လာပေတော့မည်။
မှော်လက်နက်များမှ အလင်းတန်းများထွက်ပေါ်လာကာ သတ်ဖြတ်ခြင်းစတင်ခဲ့ချေပြီ......
လုမင်မျိုးနွယ်စုရဲ့ခေါင်းဆောင်က သူတို့ကိုယ်သူတို့ မိတ်ဆက်ပြီးတဲ့အခါ ကျန်းချန်ရှန်းက..... “အနာဂတ်မှာ လုမင်မျိုးနွယ်စုက လူသားမျိုးနွယ်အတွက် အလုပ်လုပ်ပေးရမယ်... လူသားမျိုးနွယ် ဧကရာဇ်မျိုးနွယ်ဖြစ်လာသောအခါ မင်းတို့ကို ညှင်းပန်းနှိပ်စက်မှာမဟုတ်ဘူး.... လူသားမျိုးနွယ်က တောင်ဘက်မှာ နေထိုင်ကြတာမို့ သူတို့နဲ့ မိတ်ဖွဲ့ဖို့ သံတမန်အချို့ စေလွှတ်သင့်တယ်... နားလည်ရဲ့လား?"
လုမင်မျိုးနွယ်ခေါင်းဆောင်က ......“နားလည်ပါပြီ၊ ဒါပေမယ့် သင့်ကို ဘယ်လိုခေါ်ရမလဲ...."
"တာအိုဘိုးဘေး"
[အင်မော်တယ်ခေတ်၏ 2 နှစ်တွင်၊ ထျ မဟာကန္တရမင်းဆက် နတ်ဘုရားအရှင်က သင်နှင့် လူသားမျိုးနွယ်ကို ဖျက်ဆီးရန်န်ရှုမျိုးနွယ်စုကို ညွှန်ကြားခဲ့သည်။ ဤအစီအစဥ်ကို အချိန်မီတွေ့ရှိခဲ့ပြီး ထျန်ရှုမျိုးနွယ်စု၏ဝိုင်းရံမှုအောက်မှ အောင်မြင်စွာ လွတ်မြောက်ခဲ့သည်။ ထို့ကြောင့် ရှင်သန်ခြင်းဆုလာဘ်အဖြင့်ဝိညာဉ်ရတနာတခုဖြစ်သော ဝိညာဉ်တောင်တန်းကိုရရှိသည်]
ကျန်းချန်ရှန်း ရှေ့မှာ ရုတ်တရက် အကြောင်းကြားချက်တစ်ခု ပေါ်လာပြီး သူ့ကိုယ်ပွားက ထျန်ရှုမျိုးနွယ်စုကို ဖျက်ဆီးပစ်လိုက်ကြောင်း သက်သေခံပေးနေသည်။
မဟာကန္တရမင်းဆက်ရဲ့ နတ်ဘုရား...ဟားဟားးးး
ကျန်းချန်ရှန်း တိတ်တိတ်ဆိတ်ဆိတ် တွေးပြီးနောက် ဝိညာဉ်တောင်တန်းကို အမွေဆက်ခံခဲ့သည်။
ဝိညာဉ်တောင်သည် မူလနတ်ဘုရားတောင်တန်းဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို စုဆောင်းနိုင်ပြီး တောင်ပေါ်ရှိ သက်ရှိသတ္တဝါများ၏ နားလည်နိုင်စွမ်းကို တိုးမြင့်စေနိုင်သည်။
ကျန်းချန်ရှန်း ဤဝိညာဉ်တောင်တန်းကို မည်သို့အသုံးပြုရမည်ကို ချက်ချင်းစဉ်းစားခဲ့သည်။
ကျင်းချန် အပြင်ဘက်တွင်ထားချင်သော်လည်း ဝိဉာဉ်တောင်တန်းက အလွန်ကြီးမားပြီး လူတိုင်းသွားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ၎င်းအတွက် စည်းမျဉ်းအချို့ကို ချမှတ်ခြင်းက ပိုကောင်းပေလိမ့်မည်။
ကျန်းချန်ရှန်း ဒါတွေကို စဉ်းစားမနေတော့ဘဲ ဝိဉာဉ်တောင်တန်းကို သူ့ကိုယ်ပိုင်ရတနာဖြစ်အောင် စတင်သန့်စင်ခဲ့သည်။
ထျန်ရှုမျိုးနွယ်စု၏ အကျပ်အတည်းကို ထျန်းကျင်းကလူတွေ မသိဘဲ ပြေလည်သွားခဲ့သည်။ ထို့အပြင်၊ ကျန်းချန်ရှန်းက ကျင့်ကြံမှုကိုသာ အာရုံစိုက်ထားသောကြောင့် လူမြင်ကွင်းတွင် ပေါ်လာခဲသည်။
ထျန်းကျင်း၏ဧကရာဇ်ဖြစ်လာခြင်းကြောင့် ကျင့်ကြံမှုနှောင့်နှေးမည်မဟုတ်သည့်အပြင် သူ၏လက်အောက်ငယ်သားများ လှည့်စားမည်ကိုလဲ မကြောက်ပေ။ အကြောင်းမှာ စိတ်ဝိဉာဉ်ကင်းလွတ်နယ်ပယ်သို့ရောက်နေသော သူ၏ မရေတွက်နိုင်သော ယုံကြည်သူများ ရှိသောကြောင့်ဖြစ်သည်။ တစ်ခုခုဖြစ်ရင် စုံစမ်းစရာမလိုဘဲ တိုက်ရိုက်သိရလိမ့်မည်။
မျက်စိတစ်မှိတ်အတွင်းမှာ နှစ်နှစ်ကြာသွားခဲ့သည်။
အင်မော်တယ်ခေတ်၏ 4 နှစ်တွင်၊ နှစ်နှစ်အရွယ် ကျန်းဇီယုက ကျိဝူကျွင်းနှင့် ကျင်းထျန်းမင်တို့၏ သိုင်းပညာကို တုပပြီး ကြောက်မက်ဖွယ်စွမ်းရည်များကို ပြသခဲ့သည်။ သူသည် ပြင်ပစွမ်းရည်အချို့ကိုသာ အတုယူကာ လျင်မြန်စွာ ကျွမ်းကျင်လာသည်။
သူသည် အတွင်းအားကို မစုဆောင်းရသေးသော်လည်း စစ်မှန်သောချီဓာတ် စွမ်းအားကို ဖန်တီးရန်အတွက် သိုင်းဝိညာဉ်စွမ်းအင်ကို လှုံ့ဆော်နိုင်ခဲ့သည်။
ဤကိစ္စက လုံချီ ဘုရားကျောင်းနှင့် ကျင်းချန် တစ်လျှောက်တွင် လျင်မြန်စွာပျံ့နှံ့သွားသည်။ အိမ်ရှေ့မင်းသား၏ ဉာဏ်ရည်ထက်မြက်မှုနှင့်ပြိုင်ဘက်ကင်းသော အရည်အချင်းများက ပြည်သူများကို ပျော်ရွှင်စေသည်။
တနေ့သ၌......
မုလင်းလော့က ကျန်းဇီယုကို ခရမ်းရောင်တိမ်တိုက်နန်းတော်သို့ ခေါ်ဆောင်လာသည်။
အသက်နှစ်နှစ်အရွယ် ကျန်းဇီယုက အလွန်ကောင်းမွန်သောရွှေရောင်အ၀တ်အစားများကို ၀တ်ဆင်ထားပြီး အလွန်ချစ်စရာကောင်းသည်။ ခရမ်းရောင်တိမ်တိုက်နန်းတော်ထဲကို ဝင်လိုက်တာနဲ့ ကျန်းချန်ရှန်းဆီသို့ တိုက်ရိုက်ပျံသန်းသွသည်။
ဤကလေးက အတွင်းအားအကြောင်းကိုတောင် မသိသေးပေမယ့် ပျံသန်းနိုင်တဲ့စွမ်းရည်နဲ့ မွေးဖွားလာခဲ့ခြင်းဖြစ်ပေသည်။