← Chapters

မျိုးနွယ်စုပေါင်းစုံ၏ ဘေးဒုက္ခ.......

Vol. 22 Ch. 326

မျိုးနွယ်စုပေါင်းစုံ၏ ဘေးဒုက္ခ.......

Vol. 22 Ch. 326

"ဖေဖေ!"

ကျန်းဇီယုက ကျန်းချန်ရှန်း၏ ရင်ခွင်ထဲသို့ တိုးဝင်ပြီး အော်ခေါ်လိုက်သည်။

သူသည် နှစ်နှစ်သာရှိသေးသော်လည်း၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အတော်ပင် ရင့်ကျက်ပြီး ပြောဆိုပုံက ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးတစ်ဦးနှင့် ဆင်တူသည်။

ကျန်းချန်ရှန်းက သူ့ကို ပွေ့ဖက်ပြီး ပြုံးလိုက်သည်။

ကျန်းဇီယုကိုကြည့်ရင်း သူ့အရင်နှစ်တွေတုန်းက ကျန်းဇီယုအကြောင်း တွေးမိပြန်သည်။ နှစ်များစွာကြာပြီးနောက် အများကြီး ပြောင်းလဲလာခဲ့ချေပြီ....

အရင်တုန်းက မဟာယာနနဂါးမျှော်စင်ရဲ့ ဖိအားကြောင့် ကျန်းဇီယုဟာ သူ့ရဲ့ကိုယ်ပိုင်လက္ခဏာအစစ်အမှန်ကို ထုတ်မပြခဲ့ပေ။ ယခုအချိန်တွင် သူသည်တကျန်းတွင် အသန်မာဆုံးလူဖြစ်ပြီး ကမ္ဘာပေါ်တွင် နံပါတ်တစ်ပင်ဖြစ်နိုင်သည်။ ယခုတော့ ယခင်ကျန်းဇီယု၏ ကလေးဘဝက နောင်တများနှင့် နောင်တရမှုများကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

မုလင်း​လော့ သူ့နံဘေးသို့ လျှောက်လာပြီး ထိုင်လိုက်ကာ.... "ဇီယု ဘယ်အချိန်လေ့ကျင့်နိုင်မှာလဲ" ဟုမေးသည်။

ကျန်းဇီယုက..... "လေ့ကျင့်ချင်တယ်!"

ကျန်းချန်ရှန်းက..... "ဒါဆို အခုစလိုက်ကြရအောင်...."

ကျန်းဇီယုရဲ့ အရည်အချင်းက မရိုးရှင်းပေ။ မွေးစတုန်းက ကျန်းထျန်းမင်ထက် အဆပေါင်းများစွာ နိမ့်ကျခဲ့ပေမယ့် သူ့ရဲ့ နားလည်နိုင်စွမ်းနဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက ဘယ်သူမှ ယှဉ်လို့မရနိုင်ပေ။

ကျန်းထျန်းမင်က ရာနှင့်ချီသော ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ အသွေးအသားများနှင့် ပေါင်းစပ်ခဲ့ပြီး ပေါင်းစည်းမှု လုပ်ငန်းစဉ်ကလည်း ဆယ်နှစ်ကြာခဲ့သည်။ သို့သော် ထိုသွေးမျိုးဆက်များအားလုံးက ကျန်းချန်ရှန်း၏အင်မော်တယ်သွေးမျိုးဆက်ထက် နိမ့်ကျသည်။

အကယ်၍ သူ၏ အင်မော်တယ်တာအိုသာ သိုင်းတာအိုသို့ ပြောင်းလဲမည်ဆိုပါက၊ သူ၏ အင်အားသည်ကောင်းကင်မူလအဓိပတိသိုင်းနယ်ပယ်၏ အလယ်အလတ်အဆင့်နှင့် ယှဉ်နိုင်မည်ဖြစ်သည်။ သူသည် သိုင်းဧကရာဇ်နယ်ပယ်ထက် ပိုမိုမြင့်မားသော နယ်ပယ်ဖြစ်ရန် အခွင့်အလမ်းမြင့်မားသည်။ သိုင်းဧကရာဇ်နယ်ပယ် နှင့်ကောင်းကင်မူလအဓိပတိသိုင်းနယ်ပယ်ကြား နယ်ပယ်နှင့် ပတ်သက်၍ ထိုသို့သော တည်ရှိမှုကို မကြုံတွေ့ရသေးသောကြောင့် လောလောဆယ် မသိသေးပေ။

ကျန်းဇီယု၏ အရည်အချင်းက ထူးကဲသောကြောင့် စောစောစီးစီး လေ့ကျင့်ခြင်းသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေမည်ကို စိုးရိမ်စရာမလိုပေ။ သူလုပ်ချင်နေသ၍ ကျန်းချန်ရှန်းကလည်း တားဆီးနေမည်မဟုတ်ပေ။

ကျန်းဇီယု သန်မာလာသောအခါတွင် ကျန်းချန်ရှန်းအနေဖြင့် ဧကရာဇ်ရာထူးကို စွန့်လွှတ်နိုင်သည်။ ထို့နောက် အင်မော်တယ်လမ်းကြောင်းကို ပြောင်းလဲစေမည့် ကြီးကျယ်ခမ်းနားသော ကောင်းကင်သို့တက်လှမ်းခြင်းကို လုပ်ဆောင်မည်ဖြစ်သည်။

ကျန်းချန်ရှန်း၏သဘောတူညီချက်ကိုကြားတော့ မုလင်း​လော့ ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ကျန်းဇီယုအတွက် ပျော်ရွှင်နေ၏။

မုလင်း​လော့နှင့် ကျန်းဇီယုတို့ မထွက်ခွာမီ ကျန်းချန်ရှန်းနှင့် ခဏကြာ စကားပြောခဲ့သည်။

ကျန်းချန်ရှန်းက မတူညီသော နယ်ပယ်အသီးသီးရှိ အသန်မာဆုံး ကျွမ်းကျင်သူများကို စတင်တွက်ချက်ခဲ့သည်။ သူမှလွဲ၍ စနစ်၏တိုင်းတာနိုင်သည့်အကွာအဝေးအတွင်းရှိ အသန်မာ​ဆုံးကျွမ်းကျင်သူများသည် အမွှေးတိုင်အရေအတွက် ၁၀ ဘီလီယံထက်မပိုပေ။အဆင့်တက်ပြီးသည့်အခါ မဟာကန္တရမင်းဆက်တွင် စနစ်၏ ထောက်လှမ်းမှုအတိုင်းအတာလည်း အလွန်များပြားလာပြီး သူ၏ကိုယ်ပိုင်ဝိညာဉ်စွမ်းအားလည်း တိုးလာခဲ့သည်။

အထင်ရှားဆုံးအချက်မှာ ကျန်းချန်ရှန်း သည် ကျန်းဂျန်၊ပင်းအန်းနှင့်လင်းဟောက်ထျန်းတို့၏ အော်ရာကို အာရုံခံနိုင်နေပြီဖြစ်သည်။ သူတို့သုံးဦး ထိုလူသားမျိုးနွယ်တွင် အခြေချပြီး မြင့်မားသောအဆင့်အတန်းကိုပင် ရရှိခဲ့ကာ ခြေကုပ်ယူထားသည်ဟု ယူဆနိုင်သည်။

အားလုံးအဆင်ပြေသွားပေမယ့် ကျန်းချန်ရှန်းကတော့ ဖိအားတွေအောက်မှာပင် ရှိနေပါသေးသည်။

ဝတ်ရုံနီဝတ်ထားသူ၏မှတ်ဉာဏ်များကို စစ်ဆေးပြီးနောက် မဟာကန္တရမင်းဆက်၏ နတ်ဘုရားသည် ပြင်ပကမ္ဘာမှ နတ်ဆိုးမြစ်နှင့်အတူ ဤကမ္ဘာသို့ ဆင်းသက်လာမည်ကို သိခဲ့ရသည်။ မဟာကန္တရမင်းဆက်၏ နတ်ဘုရားကို သူ မကြောက်သော်လည်း အောက်ကမ္ဘာ၌ အခြားသော အင်အားကြီးသည့် တည်ရှိမှုများ ရှိလျှင်ရော.......

ထို့​ကြောင့် မိမိဘက်က အတတ်နိုင်ဆုံး အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားရမည်သာ.....

တကယ်တော့ ကျန်းချန်ရှန်းက မဟာကန္တရမင်းဆက်၏ နတ်ဘုရားဆိုသူနှင့် စကားပြောကြည့်ချင်သော်လည်း တဖက်က စေ့စပ်ဆွေးနွေးဖို့အခွင့်ရေးမပေးဘဲ သူ့ကို ဖယ်ရှားပစ်ချင်နေသည်။

ဒါကိုလည်း သူနားလည်ပေးနိုင်သည်။ အကယ်၍ သူသာ တာအိုကမ္ဘာတွင် ကွဲလွဲမှုတစ်ခု ရှိနေသည်ကို တွေ့ရှိပါက ၎င်းကို ဖယ်ရှားပစ်ရန် နည်းလမ်းများကို တွေးတောနေမည်ဖြစ်သည်။

ကျင့်ကြံမှုလောက၌ သန်မာသူများသည် အားနည်းသူများကို ဂရုစိုက်နေမည်မဟုတ်ပေ။ ကျန်းချန်ရှန်းအနေဖြင့်လည်း အခြားသူများ၏ သနားညှာတာမှုကို မခံနိုင်ပေ။ သူလုပ်နိုင်တာက သူ့နောက်လိုက်ချင်တဲ့သူတွေကို လက်ခံဖို့နှင့် ဒီကမ္ဘာပေါ်က သက်ရှိသတ္တဝါအားလုံးကို သတ်ပစ်ဖို့မဟုတ်ဘဲ အစွမ်းကုန်ကြိုးစားကြည့်ဖို့ပင်....

အင်မော်တယ်ခေတ်၏ ၅ နှစ်မြောက်တွင်.....

မတ်လအစ၌... အင်ပါယာတရားရုံးသည် ဝိညာဉ်တောင်တန်း၏ မှော်ဆန်သောအကျိုးသက်ရောက်မှုများကို လူသိရှင်ကြားထုတ်ပြန်ခဲ့သည်။ တော်ဝင်စာမေးပွဲတွင် ပညာသင်ဆုရရှိသူတိုင်း လေ့ကျင့်ရန် ဝိဉာဉ်တောင်တန်းသို့ သွားနိုင်သည်။ ဘယ်လောက်ကြာမလဲ ဆိုတာကတော့ သူတို့ရဲ့ ရလဒ်ပေါ် မူတည်ပေမည်။ တော်ဝင်စာမေးပွဲအောင်သူများသယမက ထျန်းကျင်းကို ပံ့ပိုးပေးသူ မည်သူမဆို ဝိညာဉ်တောင်တန်းသို့သွားနိုင်မည်ဖြစ်ကြောင်း အင်ပါယာတရားရုံးက စည်းမျဥ်းစည်းကမ်းတွေကို ဆက်တိုက်ကြေညာခဲ့သည်။

ဆုချီးမြှင့်ခြင်းဆိုင်ရာ စံနှုန်းများနှင့် သတိပေးချက်များကို နေရာအနှံ့တွင် ထုတ်ပြန်ကြေငြာထားသည်။

ဝိဉာဉ်တောင်တန်းကို တာအိုဘိုးဘေး ဖန်ဆင်းကြောင်း သူတို့ကြားသောအခါတွင် ၎င်း၏ အကျိုးသက်ရောက်မှုကို မည်သူမျှ သံသယမ၀င်ပေ။

ဘုရင်ခံများ၊ ပြည်နယ်ဝန်ကြီးများ စသည်တို့ အားလုံး တောင်ပေါ်တက်ရန် ပထမအသုတ်အဖြစ် အရည်အချင်းပြည့်မီကြသည်။ ဒါကလည်း ခေတ်နဲ့လိုက်လျောညီထွေဖြစ်အောင် သူတို့အတွက် ဆုလာဘ်ပေးသနားခြင်းဖြစ်သည်။ မုလင်း​လော့၊ကျိဝူကျွင်းနှင့် အခြားသူများလည်း လေ့ကျင့်ရန် ဝိဉာဉ်တောင်ပေါ်သို့ တက်ခွင့်ရခဲ့သည်။

ဝိညာဉ်တောင်သည် ပေ 30,000 မြင့်ပြီး ရှီပြည်နယ်တွင် အခမ်းနားဆုံးတောင်တန်းဖြစ်ခဲ့သည်။ ပထမအသုတ်ကလူတွေ သန်းနဲ့ချီ တောင်ပေါ်ကို တက်ကြတဲ့ မြင်ကွင်းက တော်တော်ကို အသက်ဝင်လှသည်။ ကွဲပြားသောအဖွဲ့များစွာကို ဖွဲ့စည်းခဲ့ပြီး ယင်းတွင် ကိုယ်ပိုင်စည်းမျဉ်းများပင် ရှိခဲ့သည်။ သူတို့အားလုံး ဘယ်သူက ပိုကောင်းတဲ့ အရည်အချင်းတွေနဲ့ နားလည်နိုင်စွမ်းရှိလဲဆိုတာကို ပြိုင်ဆိုင်ချင်နေကြသည်။

ဝိဉာဉ်တောင်တန်းက သိုင်းပညာအပေါ် နားလည်နိုင်စွမ်းကို တိုးမြင့်စေနိုင်သော်လည်း ၎င်းသည် လူတစ်ဦး၏စွမ်းရည်အပေါ်တွင်မူတည်ဆဲဖြစ်သည်။

ဇူလိုင်လတွင် ဝိညာဉ်တောင်တန်းအကြောင်း သတင်းမျိုးစုံ ထျန်းကျင်းတစ်ခွင်သို့ ပျံ့နှံ့သွားခဲ့သည်။ လူအများစုက တစ်လမျှသာ နေနိုင်သော်လည်း ဝိညာဉ်တောင်တန်း၏ အကျိုးကျေးဇူးများကို ခံစားရပြီးဖြစ်သည်။ သူတို့အဲဒီမှာရှိစဉ်တုန်းကလည်း အံ့သြဖွယ်ရာများနှင့် ကြုံတွေ့ခဲ့ကြသည်။ထိုသူများ တောင်ပေါ်မှဆင်းကာ သတင်းဖြန့်ကြသဖြင့် ထျန်းကျင်းရှိလူတိုင်းက ဝိညာဉ်တောင်တန်းအကြောင်း ဆွေးနွေးနေကြသည်။

ထို့အတွက်ကြောင့် အိမ်ရှေ့မင်းသားနှင့် ကျန်းထျန်းမင်၏အမည်သည်လည်း လုံးဝပျံ့နှံ့သွားခဲ့သည်။

ကျန်းထျန်းမင်သည် မွေးစကတည်းက ကောင်းကင်ကိုးခုနယ်ပယ်သို့ရောက်နေသဖြင့် လူတိုင်း၏နားလည်မှုကို ပျက်ပြားစေခဲ့သည်။

အိမ်ရှေ့မင်းသား ကျန်းဇီယုကလည်း နှစ်နှစ်သားအရွယ်တွင် သိုင်းပညာကို လေ့ကျင့်ခဲ့သည်။ တစ်နှစ်မပြည့်မီတွင်၊နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိခဲ့ပြီး သူ၏ အောင်မြင်မှုအရှိန်က ပို၍ပင် မြန်ဆန်လာသည်။

ကျန်းမိသားစုဝင်နှစ်ယောက်၏ အရည်အချင်းများက သိုင်းပညာရှင်အားလုံးကို ထိတ်လန့်စေခဲ့ပြီး နိုင်ငံသားအားလုံးကို အံ့အားသင့်စေခဲ့သည်။

အိမ်ရှေ့မင်းသားရဲ့ အရည်အချင်းတွေ ပိုအားကောင်းလေ၊ သူ့ရဲ့ အင်ပါယာအာဏာဟာ အနာဂတ်မှာ ပိုတည်ငြိမ်လာလေလေပင်.... အနည်းဆုံးတော့ သူ့လက်ထက်မှာ ပရမ်းပတာတွေဖြစ်လာမည်မဟုတ်ပေ။

သုံးနှစ်ကြာပြီးနောက် အင်မော်တယ်ခေတ်၏ 8 နှစ်တွင်.....

ဝိညာဉ်တောင်တန်းသည် ထျန်းကျင်း၏ စစ်မှန်သောသန့်ရှင်းသည့်နယ်မြေဖြစ်လာခဲ့သည်။ ထို့အပြင် ၎င်းသည် သိုင်းပညာဂိုဏ်းခွဲများထက်ပင် ပိုမိုမြင့်မြတ်သောနယ်​​မြေဖြစ်လာခဲ့သည်။

ကျန်းချန်ရှန်းက လုံချီဘုရားကျောင်းကို မမေ့ခဲ့ပေ။ လစဉ်လတိုင်း၊ ချင်းအာနှင့် တပည့်များကို တောင်ပေါ်သို့တက်ကြည့်ရန် တောင်းဆိုထားသည်။

တနေ့သ၌.....

ထျန်းကျင်း၏ လက်ရှိရေးရာ အထွေထွေ ခြုံငုံသုံးသပ်ချက်ကို တင်ပြရန် ခရမ်းရောင်တိမ်တိုက်နန်းတော်သို့ ချန်းလီ ရောက်ရှိလာခဲ့သည်။

ထျန်းကျင်းကို တည်ထောင်ပြီးကတည်းက၊ မင်းဆက်၏ အရင်းအမြစ်အများစုကို မဟာကန္တရမင်းဆက်ကို စူးစမ်းလေ့လာရန် အသုံးပြုခဲ့ပြီး ထျန်းကျင်း၏ နယ်မြေကို အဆက်မပြတ်ချဲ့ထွင်စေခဲ့သည်။

ချန်းလီ ၏ အစီရင်ခံစာကို နားထောင်ပြီးနောက် ကျန်းချန်ရှန်းက ပြည်နယ်ဝန်ကြီး ခြောက်ဦးကို ရွေးချယ်ခဲ့ပြီး ချန်းလီကည်း ဒါကို သဘောတူခဲ့သည်။

တာအိုဘိုးဘေးက ဘာကိုမှ ဂရုမစိုက်ပုံရပေမယ့် တကယ်တော့ ကမ္ဘာတစ်ခုလုံးကို သူမြင်နေရတယ်....တကယ့်ကို အံ့သြစရာပဲ......

ကျန်းချန်ရှန်း ရွေးချယ်လိုက်သော ပြည်နယ်ဝန်ကြီးခြောက်ဦးသည် အစိုးရရေးရာများတွင် ထက်မြက်ပြီး အရေးအကြီးဆုံးမှာ သစ္စာရှိသူများဖြစ်သည်။ ချန်းလီအတွက်တော့ အရည်အချင်းပြည့်မီသရွေ့ မည်သူမဆိုအဆင်ပြေသည်။ ထျန်းကျင်းတွင် အရာရှိများ အလွန်များပြားနေပြီး တာအိုဘိုးဘေး ဆုံးဖြတ်ချက်ချရာတွင် မည်သူက ကန့်ကွက်ဝံ့မည်နည်း။

“လတ်တလောမှာ နိုင်ငံရပ်ခြားက မျိုးနွယ်စုပေါင်းစုံ လာရောက်လည်ပတ်ကြတယ်.... ချင်းလျန် မျိုးနွယ်စုတောင် ရောက်လာပြီ.... သူတို့က လက်နက်ချပြီး အရှင့်ဆီ သတင်းပို့စရာ ရှိတယ်လို့ပြောတယ်.....”

ယခင်က ချင်းလျန်မျိုးနွယ်စုသည် ထျန်းကျင်းအတွက် ကြီးမားသော ကျောက်တုံးကြီး ဖြစ်ခဲ့သည်။ ထျန်းကျင်းရှိ လူတိုင်းက ချင်းလျန်မျိုးနွယ်စု သူတို့ဆီ ကျူးကျော်လာမှာကို စိုးရိမ်နေကြသည်။ သူတို့စိတ်ထဲမှာတော့ ချင်းလျန်မျိုးနွယ်စု ရဲ့ အင်အားကို သံသယဖြစ်စရာ မလိုခဲ့ပေ။ သို့သော်၊ ချင်းလျန်မျိုးနွယ်စုတခုလုံး တာအိုဘိုးဘေးထံတွင် ရှုံးနိမ့်လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။

ချန်းလီအနေဖြင့် ချင်းလျန်မျိုးနွယ်စုအခုလို လက်နက်ချခြင်းမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက တိုက်ပွဲတစ်ခုကြောင့်မဟုတ်မှန်း ယောင်ဝါးဝါးခံစားမိသည်။ တာအိုဘိုးဘေးက ထိုတိုက်ပွဲအပြီးတွင် ချင်းလျန်မျိုးနွယ်စုကို ထပ်မံတွေ့ရှိခဲ့ပေမည်၊ သို့သော် သူ မမေးဝံ့ပေ။

ကျန်းချန်ရှန်းက မျက်လုံးမဖွင့်ဘဲ ....“မင်းသူတို့နဲ့ တိုက်ရိုက်ဆက်သွယ်လို့ရတယ်..ဒါက လူသားမျိုးနွယ်စုနဲ့ ချင်းလျန်မျိုးနွယ်စုတို့ကြား ဆက်သွယ်မှုထူထောင်ရာမှ အထောက်အကူဖြစ်စေနိုင်တယ်... "

ချန်းလီ ခေါင်းညိတ်လိုက်သည်။ ကျန်းချန်ရှန်း ဤပလ္လင်ပေါ်တွင် အမြဲထိုင်နေမည်မဟုတ်ကြောင်း သူသိသည်။

သူသည် မျက်မှောက်ရေးရာကို ဆက်လက်တင်ပြပြီး အချိန်အတော်ကြာတော့မှ ထွက်ခွာသွားခဲ့သည်။

ချန်းလီ ထွက်သွားပြီးနောက် ယန်ကျန့် ပြန်ရောက်လာပြီး ထျန်းကျင်း၏ အတွင်းပိုင်းအခြေအနေများကို တင်ပြခဲ့သည်။ သူ့နောက်တွင် ကိုယ်တော်ပိုင်နှင့်ရှုထျန်းကျိ တို့ရှိသည်။

လက်ရှိတွင် အဆိုပါလူလေးဦးသာ ကျန်းချန်ရှန်းနှင့် တိုက်ရိုက်တွေ့ဆုံနိုင်မည်ဖြစ်သည်။

ရက်အနည်းငယ်ကြာသောအခါ ချန်းလီ နောက်ခေါက် အလည်လာပြန်သည်။ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက်၊ ထျန်းကျင်းရှိ နေရာကူးပြောင်းရေးအစီအရင် ပိုမိုကောင်းမွန်လာခဲ့သည်။မဟာကန္တရမင်းဆက်ရှိ ပြည်နယ်များတွင် ထိုကဲ့သို့သော ဒဏ္ဍာရီဆန်ဆန်အစီအရင်များကိို တည်ဆောက်ထားသဖြင့် အလွန်လျင်မြန်စွာ သွားလာနိုင်ခဲ့ကြသည်။

ယခုတခေါက် ချန်းလီ၏အမူအရာ အလွန်ရုပ်ဆိုးလှသည်။

"အရှင်မင်းကြီး၊ ချင်းလျန်မျိုးနွယ်စုဆီက သတင်းတစ်ပုဒ်ကြားထားတယ်.... ယခုအချိန်မှာ လူသားမျိုးနွယ်က ကောင်းကင်နှင့်မြေကြီးကြားက မျိုးကွဲတစ်ခုဖြစ်ကြောင်း မဟာကန္တရမင်းဆက်က သတင်းဖြန့်နေတယ်.... ဒီအကြောင်းပြချက်ကို သုံးပြီး အခြားမျိုးနွယ်စုတွေကိုလဲ စုစည်းထားတယ်တဲ့...."

ကျန်းချန်ရှန်းက မျက်လုံး မဖွင့်ဘဲ...

“ဒါဆို သူတို့ကို လာပါစေ....သူတို့တွေ

ထျန်းကျင်းကို ပစ်မှတ်ထားပေမယ့် ထျန်းကျင်းက သူတို့ကို အညံ့ခံခွင့်ပေးမယ်...သူတို့ကိုမသတ်နဲ့....."

ချန်းလီက...."ထျန်းကျင်းမှာ သူတို့ကို သတ်နိုင်စွမ်းမရှိပါဘူး....မဟာကန္တရမင်းဆက်မှာ အားကောင်းတဲ့ မျိုးနွယ်များစွာရှိပြီး ချင်းလျန်မျိုးနွယ်စုက အသန်မာဆုံးမဟုတ်သေးဘူး.... ချင်းလျန်မျိုးနွယ်စုသာ အသန်မာဆုံးဆို မဟာကန္တရမင်းဆက်ရဲ့တောင်ပိုင်းကို သိမ်းပိုက်ထားနိူင်လောက်ပြီ...ဒါပေမယ့် အလယ်ပိုင်းမှာ ရှိတဲ့မျိုးနွယ်စုတွေက ပိုသန်မာကြတယ်...."

"ချင်းလျန်မျိုးနွယ်စုဆီကနေ

မဟာကန္တရမင်းဆက်မှာရှိတဲ့ များပြားလှတဲ့ မျိုးနွယ်စုတွေအကြောင်း အချက်အလက်တွေ ရှာဖွေပြီး ထျန်းကျင်းရဲ့ ဘဏ္ဍာတိုက်မှာ မှတ်တမ်းတင်ထားပါ....."

"နားလည်ပါပြီ!"

....................

တောင်တန်းတွေဆီ ကျန်းယဲ့ တစ်ယောက်တည်း ခရီးထွက်ခဲ့ပြီး လမ်းလျှောက်ရင်း တစ်ခုခုကို ရှာဖွေနေသည်။

ထိုစဉ် အနက်ရောင် ဓာတ်ငွေ့လုံးကြီး တောင်ပေါ်မှ ပြေးထွက်လာသည်။. ကျန်းယဲ့ ဒါကိုမြင်သည်နှင့် ချက်ခြင်းရပ်လိုက်ပြီး ပျော်ရွှင်သောအမူအရာကို ထုတ်ဖော်လိုက်သည်။

ကျန်းယဲ့ကို သေချာအကဲခတ်ပြီးသည်နှင့် အနက်ရောင်ဓာတ်ငွေ့များ ပေါင်းစည်းပြီး ငရဲကိုးပါးနတ်ဆိုးဘုရင်အဖြစ် ရုပ်သွင် ထင်ရှားလာသည်။

“မဆိုးပါဘူး..... မင်း လေ့ကျင့်မှုကို လျစ်လျူမရှုခဲ့ဘူးပဲ...."

ငရဲကိုးခုနတ်ဆိုးဘုရင်က ချီးကျူးစကားဆိုလိုက်တော့ ကျန်းယဲ့က ပြုံးလိုက်ပြီး....

" နောက်ဆုံးတော့ ဆရာ့ကိုရှာတွေ့ပြီ.... ဘာလို့ ကျွန်တော့်ကို ရုတ်တရက်ဆက်သွယ်တာလဲ...."

ငရဲကိုးခုနတ်ဆိုးဘုရင်ကို အလွန်ကျေးဇူးတင်သော်လည်း၊ အထူးသဖြင့် သူ့ဘိုးဘေး ထျန်းကျင်းကို ပေါင်းစည်းလိုက်သောအခါတွင် သူအမြဲသတိချပ်နေရသည်။ သူ့ဘိုးဘေးကို စတင်ယုံကြည်လာပြီးနောက် ဤသတိပေးချက်က ပိုမိုနက်ရှိုင်းလာသည်။

ငရဲကိုးခုနတ်ဆိုးဘုရင်က သူ့ကို စိုက်ကြည့်ရင်း..... “လူသားမျိုးနွယ်ကို ပေါင်းစည်းပေးတဲ့ တာအိုဘိုးဘေးက လူသားမျိုးနွယ်အတွက် တကယ့်ကို ကောင်းချီးတစ်ခုပဲ.... ဒါပေမယ့် သူ့ရဲ့ လုပ်ရပ်တွေက လူသားမျိုးနွယ်အတွက် ဘေးဖြစ်စေတယ်။ လူသားမျိုးနွယ်ကို စွန့်ခွာပြီး မင်းရဲ့လူတွေကို မင်းနဲ့အတူ ခေါ်သွားပါတော့....."

ကျန်းယဲ့ရဲ့အမူအရာက သိသိသာသာပြောင်းလဲသွားပြီး...... "ဆရာက ကျွန်တော့်လူတွေနဲ့ လမ်းခွဲစေချင်တာလား.... ဒါတော့ မဖြစ်နိုင်ဘူး....ဆရာ ဘာတွေဖြစ်ကုန်တာလဲ.... ကပ်ဘေးက ဘယ်ကလာမှာလဲ ချင်းလျန်မျိုးနွယ်စုကလား?"

ငရဲကိုးခုနတ်ဆိုးဘုရင်က သက်ပြင်းချလိုက်ပြီး...... "ချင်းလျန်မျိုးနွယ်စုထက်တောင် သူတို့က ပိုကြောက်စရာကောင်းတယ်.... ယခုအချိန်မှာ လူသားမျိုးနွယ်က မျိုးနွယ်အားလုံးရဲ့ ဘေးဆိုးအတွက် သော့ချက်ဖြစ်တယ်ဆိုတဲ့ သတင်းတွေမဟာကန္တရမင်းဆက်မှ ပျံ့နှံ့နေပြီ...အခူဆို ငါတို့​မျိုးနွယ်စုအပါအဝင် အင်အားကြီးမျိုးနွယ်များစွာက လူသားမျိုးနွယ်စုကို အာရုံစိုက်နေကြပြီ.... ဆရာတပည့်ဆက်ဆံရေးကြောင့် ငါမင်းကို သီးသန့်လာသတိပေးတာ...."

ကျန်းယဲ့က မျက်မှောင်ကြုတ်ပြီး...... “ယုတ္တိမရှိလိုက်တာ...ကျွန်တော့်ဘိုးဘေးက လူသားမျိုးနွယ်နဲ့အတူရှိနေတာမို့ လာရဲတဲ့သူလာခဲ့ အကုန်သတ်ပစ်မယ်...."

စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်ပယ်သို့ရောက်ပြီးကတည်းက သူမြင်တွေ့ကြားရတဲ့ အရာတွေရဲ့ လွှမ်းမိုးမှုကိုခံခဲ့ရသည်။ သူ့ဘိုးဘေးကသာ ယုံကြည်ချက်အပြည့်နဲ့ တွန်းလှန်နိုင်ခဲ့တယ်လို့ ယုံကြည်ထားသည်။

ငရဲကိုးခုနတ်ဆိုးဘုရင်က..... “မဟာကန္တရမင်းဆက်က မျိုးနွယ်စုအားလုံးနီးပါးမှာ သိုင်းဧကရာဇ်တွေရှိတယ်.... ချင်းလျန်မျိုးနွယ်စုလို အင်အားကြီးတဲ့မျိုးနွယ်စုမှာဆို သိုင်းဧကရာဇ်တွေ ဒါဇင်နှင့်ချီရှိတယ်.... ချင်းလျန်မျိုးနွယ်စုထက် ပိုမိုအားကောင်းတဲ့ မျိုးနွယ်စုတွေရှိသေးတယ်.... တာအိုဘိုးဘေး ဘယ်လောက်ပဲ သန်မာနေပါစေ သူက ထောင်သောင်းချီတဲ့ သိုင်းဧကရာဇ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ မင်းထင်နေတာလား.... "

ကျန်းယဲ့ တိတ်ဆိတ်သွားသည်။

သိုင်းဧကရာဇ် မည်မျှ တန်ခိုးကြီးမားသည်ကို သူမသိပေ။ ထောင်သောင်းချီသော ရန်သူတို့ အတူတကွ တိုက်ခိုက်သောအခါ မည်မျှထိတ်လန့်စရာကောင်းသည်ကိုလည်း မသိပေ။

ငရဲကိုးခုနတ်ဆိုးဘုရင်.... “လက်ရှိ ဒီကမ္ဘာမှာ တော်ဝင်မျိုးနွယ်စု ဖြစ်လာနိုင်ဖို့ အလားအလာရှိတဲ့ မျိုးနွယ်စုတွေအများကြီးပဲ.... တော်ဝင်မျိုးနွယ်စု ဖြစ်လာလုနီးပါး မျိုးနွယ်စုတိုင်းမှာ မထင်မှတ်လောက်အောင် အစွမ်းထက်တဲ့ ပညာရှင်တွေရှိတယ်... သိုင်းဧကရာဇ်တွေတောင် သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး.....ရှေးခေတ်ကတည်းက များပြားလှတဲ့ မျိုးနွယ်စုတွေရဲ့ တိုက်ခိုက်မှုကို ဘယ်မျိုးနွယ်စုမှ ခံနိုင်ရည်မရှိခဲ့ကြဘူး.... ဧကရာဇ်မျိုးနွယ်တောင် နောက်ဆုံး ရှုံးနိမ့်ခဲ့ရဖူးတယ်... အမှန်တော့၊ ယခင် တော်ဝင်မျိုးနွယ်စုရာထူးအတွက် ပြိုင်ဆိုင်နေချိန်က အခြားမျိုးနွယ်စုတွေ အခုလောက်သန်မာတာမဟုတ်သေးဘူး...ဒါတောင် အ​ခြေနေတော်တော်ဆိုးခဲ့တာ...."

All Chapters