ငရဲမှာလာသော တုံးထျန်းတိ.....တုနှိုင်းမဲ့အမြွှာ........
Vol. 22 Ch. 327
ငရဲကိုးပါးနတ်ဆိုးဘုရင်က မဟာကန္တရမင်းဆက်ရှိ များပြားလှသော မျိုးနွယ်စုများ၏ အခြေအနေကို ကျန်းယဲ့အားပြောပြခဲ့သည်။နားထောင်လိုက်သည်နှင့် ကျန်းယဲ့၏အမူအရာ ပို၍ပို၍ရုပ်ဆိုးလာပြီး အဆုံးတွင် သူ၏ဘိုးဘေးအပေါ် ယုံကြည်မှုများ ယိမ်းယိုင်လာသည်။
သူ့ဘိုးဘေး မသန်မာဘူးလို့ ခံစားရတာတော့ မဟုတ်ပေမယ့် ထျန်းကျင်းက ထိုမျှလောက်ထိ မခိုင်မာနိူင်သေးပေ။
မဟာကန္တရမင်းဆက်ရှိ များပြားလှသော မျိုးနွယ်စုများနှင့်ရင်ဆိုင်ဖို့ ထျန်းကျင်းက အတွေ့အကြုံနည်းလွန်းလှသည်။
" ပြည်ပကမ္ဘာက နတ်ဆိုးမြစ်ဘယ်အချိန်မှာ ဆင်းသက်လာမှာလဲ"
ကျန်းယဲ့ ကောင်းကင်ကို မော့ကြည့်ကာ အံကြိတ်လိုက်သည်။ ငရဲကိုးပါးနတ်ဆိုးဘုရင်က အထက်ကမ္ဘာမှ နတ်ဘုရားတစ်ပါး ဆင်းသက်ပြီး လူသားမျိုးနွယ်ကိုရှင်းလင်းမည်ဟု ပြောကြားခဲ့သည်။
မဟာကန္တရမင်းဆက်မှာရှိတဲ့ များပြားလှတဲ့ မျိုးနွယ်စုတွေကတင် ကြောက်စရာကောင်းနေပြီကို အထက်ဘုံကနတ်ဘုရားပါရောက်လာမယ်ဆို......
ကျန်းယဲ့ ထိုအကြောင်းကို ပိုတွေးလေလေ စိတ်ရှုပ်လေလေပင်.... တကျန်း ပရမ်းပတာ ဖြစ်နေချိန်ကတောင် သူဒီလိုဖိအားမျိုးမခံစားခဲ့ရပေ။
ငရဲကိုးပါးနတ်ဆိုးဘုရင်က.... "သူတို့ ဘယ်အချိန်လာမယ်ဆိုတာ ငါမသိပေမယ့် သေချာတာတစ်ခုကတော့ အထက်ကမ္ဘာကနတ်ဘုရားတွေက လူသားမျိုးနွယ်ကို ပစ်မှတ်ထားနေတယ်ဆိုတာပဲ...ပြင်ပကမ္ဘာကနတ်ဆိုးမြစ်ရောက်ရှိလာရင် လူသားမျိုးနွယ်အတွက် လွတ်မြောက်ဖို့အချိန်ရှိမှာမဟုတ်ဘူး.... မင်းရဲ့လူတစ်စုနဲ့ ကြိုပြီးထွက်ပြေးထားရင် ငါ မင်းကို ကာကွယ်ပေးနိုင်မှာပါ"
“ဟုတ်တယ်...ငါလည်း မင်းနဲ့ မင်းရဲ့လူဆီက အကူအညီလိုလိမ့်မယ်..... ဒါပေမယ့် စိတ်မပူပါနဲ့၊ ငါမင်းတို့ကို ကျွန်ပြုမှာ မဟုတ်ဘူး.... "
ကျန်းယဲ့ အသက်ပြင်းပြင်းရှူပြီး တခုခုပြောမည့်အချိန်တွင် ငရဲကိုးပါးနတ်ဆိုးဘုရင်က.....
“မင်းနဲ့ မင်းရဲ့ လက်အောက်ငယ်သားတွေချည်းပဲနော်...လူတွေ အရမ်းများနေရင် ငါသူတို့အားလုံးကို မကာကွယ်နိုင်ဘူး.... ဒီလိုဖြစ်လာရင် ငါမှာလည်း ရွေးချယ်စရာရှိမှာမဟုတ်ဘူး... အဲ့ဒီအချိန်မှာ မင်းကြုံတွေ့ရတဲ့ အခြေအနေက ပိုဆိုးလိမ့်မယ်.....”
ထိုစကားဆုံးသည်နှင့် ငရဲကိုးပါးနတ်ဆိုးဘုရင် ပျောက်ကွယ်သွားသည်။
“ဆယ်နှစ်ကြာရင် ဒီမှာပြန်တွေ့မယ်... ဒီကိစ္စကို အလေးအနက်ထားပြီးစဉ်းစားပါ... ဒီသတင်းကိုမဖြန့်ဖို့ မျှော်လင့်ပါတယ်.....”
ကျန်းယဲ့ ထိုနေရာတွင် အမြစ်တွယ်နေသလို ရပ်နေပြီး လက်သီး ဆုပ်ထားကာ မျက်လုံးမှိတ်ထားလိုက်သည်။
အင်မော်တယ်ခေတ် ၉ နှစ်တွင်......
မဟာတောကန္တာရမင်းဆက်တွင် နေထိုင်သူ အများအပြား ထျန်းကျင်းသို့ ဝင်ရောက်ခဲ့ကြသည်။ မျိုးနွယ်စုပေါင်းစုံရှိကြပြီး အားလုံးက ထျန်းကျင်းနဲ့ ဆက်ဆံရေးကောင်းကြသည်။
ဤအသိဉာဏ်ရှိသောမျိုးနွယ်စုများ ရောက်ရှိလာသည်နှင့်အမျှ၊ ထျန်းကျင်း တွင် ကုန်သွယ်မှု ပို၍ ကြီးပွားလာခဲ့သည်။ များပြားလှသော မျိုးနွယ်စုများ၏ ယဉ်ကျေးမှု၊ ရတနာများနှင့် သိုင်းပညာဆိုင်ရာ နည်းစနစ်များ ထျန်းကျင်း အတွင်းသို့ စီးဝင်လာခဲ့သည်။
ထျန်းကျင်းတွင် အထူးသဖြင့် သိုင်းပညာအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည့် ကာလတစ်ခုကို ဖော်ဆောင်နိုင်ခဲ့သည်။ ဝိညာဉ်တောင်တန်းတည်ရှိမှုက သိုင်းပညာတိုးတက်မှုကို လွန်စွာတိုးတက်စေခဲ့ပြီး၊ သားရဲထိန်းကျောင်းခြင်း၊အစီအရင်ပညာရပ်၊ အင်းဆက်များမွေးမြူခြင်း၊ဂီတပညာအစရှိသည့် ဆန်းသစ်သောသိုင်းပညာဆိုင်ရာနည်းပညာ အများအပြားထွက်ပေါ်လာခဲ့သည်။ဤသည်မှာ အင်မော်တယ် ကျင့်ကြံမှုလမ်းကြောင်းနှင့် ဆင်တူသည်။ ဒါတွေအားလုံးက ကျန်းချန်ရှန်းရဲ့ ကံကြမ္မာအပေါ်အခြေခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ခရမ်းရောင်တိမ်တိုက်နန်းတော်အတွင်းတွင်......
ကျန်းချန်ရှန်း မျက်လုံးဖွင့်ပြီး မြောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ကျန်းဇီယု ရွှေခန္ဓာနယ်ပယ်သ်ို့ အဆင့်တက်သွားပြီ.....
ခုနစ်နှစ်သားတွင် ရွှေခန္ဓာနယ်ပယ်သို့ရောက်အောင် လေ့ကျင့်နိုင်ခဲ့သည်။ သူ၏ အောင်မြင်မှု အရှိန်က အားလုံးကို ရူးသွပ်သွားစေခဲ့သည်။ ဤနှုန်းဖြင့် ကျန်းထျန်းမင်ကိုကျော်ဖြတ်ရန် မဖြစ်နိုင်စရာအကြောင်းမရှိပေ။
ကျန်းထျန်းမင်သည်လည်း သိုင်းဘုရင် နယ်ပယ်သို့ စတင်ဝင်ရောက်နေပြီဖြစ်သည်။
ဆက်လက်ကြိုးစားနေသရွေ့ သူသည် တကျန်းတွင် တတိယမြောက် သိုင်းဘုရင်နယ်ပယ် ကျွမ်းကျင်သူ ဖြစ်လာမည်ဖြစ်သည်။ ကိုယ်တော်ပိုင်က ကောင်းကင်ကိုးခုနယ်ပယ်တွင်ရှိသော်ငြားလည်း သိုင်းဘုရင်နယ်ပယ်သို့ မဖြတ်ကျော်နိုင်ခဲ့ပေ။
ကျန်းချန်ရှန်း ပြုံးလိုက်ပြီး ထျန်းကျင်း၏အနာဂတ်ကို စောင့်မျှော်နေမိတော့သည်။
ထျန်းကျင်း၏ သိုင်းလောက ပိုမိုအားကောင်းလာပြီး အားကောင်းလာသည်နှင့်အမျှ သူ၏ကံကြမ္မာသည်လည်း လျင်မြန်စွာတိုးလာကာ အမွှေးတိုင်အရေအတွက်တိုးတက်နှုန်းကလည်း ယခင်ကထက် အဆပေါင်းများစွာ တိုးလာခဲ့သည်။ သို့သော်၊ သူ၏ ကံကောင်းခြင်းအမှတ်များကိုတော့ ကောင်းကင်အတိဒုက္ခကို ကျော်လွှားရန်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ အတိဒုက္ခအပေါ် သူ့ကံတရား အကျိုးသက်ရောက်မှုကို သူ မသိသေးပေ။
ကျန်းဇီယု၏အောင်မြင်မှုကို ခဏတာကြည့်ရှုပြီးနောက် ကျန်းချန်ရှန်း မျက်လုံးများကိုမှိတ်ထားပြီး သူ၏ဝိညာဉ် ငရဲသို့သွားရန် ထွက်ခွာသွားခဲ့သည်။
ငရဲပြည် ဆက်လက်အားကောင်းလာသည်နှင့်အမျှ ဤမြေအောက်လောကတွင် ကန့်သတ်ချက်များ ပေါ်လာတော့သည်။ ငရဲပြည်သည် လူ့ကမ္ဘာနှင့် ဆက်စပ်မနေဘဲ သီးခြားကင်းကွားနေသည်။ နောင်အခါ၌ ဤလူ့လောကမှ ဆင်းသက်လာသော သက်ရှိသတ္တဝါတို့ ငရဲဘုံကို မမြင်နိုင်ကြပေ။
ကျန်းချန်ရှန်း အပြစ်ပေးအကြီးအကဲ၏ စံအိမ်သို့ ရောက်လာသည်။ ငရဲဘုရင်ဆယ်ပါးကို တည်ထောင်ပြီးနောက်၊ သေလွန်သူများ၏ ဝိညာဉ်များကို စီရင်ခြင်းအတွက် အပြစ်ပေးအကြီးအကဲတွင် တာဝန်မရှိတော့ပေ။
အပြစ်ပေးအကြီးအကဲက လက်ရှိတွင် လူဝင်စားခြင်း၏စွမ်းအားကို နားလည်ဆင်ခြင်နေပြီး ကျန်းချန်ရှန်း ရောက်ရှိလာသည်ကို သတိမထားမိပေ။
"အခြေအနေ ဘယ်လိုလဲ"
ကျန်းချန်ရှန်းက အပြစ်ပေးအကြီးအကဲကို နှိုးပြီး မေးလိုက်သည်။
အပြစ်ပေးအကြီးအကဲ အလျင်အမြန်ထ၍ ဦးညွှတ်ကာ....... “ကြည့်ရသလောက်ဆို ဒီငရဲပြည်က အနှေးနဲ့အမြန်ဆိုသလို အခြားကမ္ဘာရဲ့မြေအောက်လောကနဲ့ ချိတ်ဆက်သွားန်ိုင်တယ်.... အခြားကမ္ဘာက ဝိညာဉ်တွေဒီကိုဆင်းသက်လာနေပေမယ့် အရေအတွက်ကတော့ လက်တဖက်စာပဲရှိသေးတယ်..."
လွန်ခဲ့သည့် နှစ်နှစ်တွင် အခြားကမ္ဘာမှ ဝိညာဉ်များ ဤငရဲ၌ ပေါ်လာသည်။ သူတို့၏ အငွေ့အသက်က အခြားသော ဝိညာဉ်များနှင့် သိသိသာသာ ကွဲပြားသည်။ လှည့်ပတ်မေးမြန်းပြီးနောက်၊ ၎င်းတို့က မတူညီသောကမ္ဘာမှ ရောက်ရှိလာကြောင်း သိရှိခဲ့ရသည်။
“လောလောဆယ်တော့ တခြားကမ္ဘာမှာ ငရဲလိုနေရာမျိုးရှိတယ်လို့ ကျွန်တော် မကြားဖူးပါဘူး” ဟု အပြစ်ပေးအကြီးအကဲက ဆက်ပြောသည်။
ကျန်းချန်ရှန်းက ခေါင်းညိတ်လိုက်ပြီး..... "ကျန့်ယင်းရဲ့ အခြေအနေ ဘယ်လိုလဲ" ဟု မေးသည်။
တစ္ဆေကျွန်ဖြစ်သည့် ကျန့်ယင်းက အဆက်မပြတ် လူဝင်စားပြန်ဖြစ်ခဲ့သည်။ သူ့တာဝန်က မျက်စိစုံမှိတ် လူဝင်စားဖို့ သက်သက် မဟုတ်ခဲ့ပေ။ သူပြန်ဝင်စားသည့်နေရာတိုင်းတွင် သူ့ပတ်ဝန်းကျင်ရှိ သေဆုံးသွားသော ဝိညာဉ်များကို ငရဲသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ငရဲပြည်မှတစ္ဆေကျွန်ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ သူသေပြီးနောက် ငရဲသို့ပြန်သွားကာ လူဝင်စားခြင်းလမ်းကြောင်းကို ဖွင့်ပေးနိုင်သည်။
ကျန့်ယင်း သာမက အခြားသော တစ္ဆေကျွန်များတွင်လည်း ထိုကဲ့သို့ ရည်ရွယ်ချက်ရှိခဲ့ပါသည်။ ပြန့်ကျဲနေသော တစ္ဆေကျွန်များကို အားကိုး၍ ငရဲ၏ နယ်မြေ အလွန်လျင်မြန်စွာ ကျယ်ပြန့်လာပြီး ငရဲ၏ ကြီးထွားနှုန်းက ထျန်းကျင်းထက် အဆပေါင်းများစွာ တိုးတက်လာသည်။
“သူ ဒီဘဝမှာ အရမ်းကံကောင်းတယ်..... သူ့ကံကြမ္မာက အရမ်းဆိုးပေမယ့် သူ့မိသားစုက သူ့ကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားနေကြဆဲပဲ...ဒါပေမယ့် သူကြာကြာအသက်ရှည်မှာမဟုတ်ဘူး...." အပြစ်ပေးအကြီးအကဲ ဒီလိုပြောတဲ့အခါ သူ့လေသံက ထူးဆန်းနေသည်။
ကျန်းချန်ရှန်း ငရဲကပြန်မထွက်ခင် နောက်ထပ်မေးခွန်းတစ်ခုမေးခဲ့သည်။
အမှန်မှာ၊ သူသည် ဤအရာများကို ငရဲမှတဆင့် ခံစားနိုင်သော်လည်း အချိန်ကုန်လွန်းလှသည်။ ဤနေရာသို့ ဆင်းလာခြင်းဖြင့် ငရဲဘုံ၏ အခြေအနေအကြောင်း အလွယ်တကူ သိရှိနိုင်ပြီး အပြစ်ပေးအကြီးအကဲ တာဝန်ကျေခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးနိုင်သည်။
သူ့ဝိညာဉ် သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်လာပြီးနောက် ကျန်းချန်ရှန်း မျက်လုံးတွေကို ဖွင့်လိုက်သည်။
“အခြားကမ္ဘာမှာ ငရဲဆိုတာ မရှိဘူး..... လူဝင်စားခြင်းရဲ့ စည်းမျဥ်းတွေပဲရှိတယ်...ကမ္ဘာပေါင်းများစွာမှ ငါတစ်ယောက်တည်းသာ အင်မော်တယ်တာအိုပိုင်ဆိုင်ထားတာလား...."
ထိုသို့ဆိုလျှင် ရှင်သန်မှုစနစ်၏ အဓိပ္ပါယ်မှာ လုံးဝကွဲပြားမည်ဟု တိတ်တဆိတ် တွေးခဲ့သည်။
ရှင်သန်ခြင်းစနစ်က သူ ပိုသန်မာလာဖို့သာမက အင်မော်တယ်တာအိုကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတာလား.....
ရှင်သန်ခြင်းဆုလာဘ်ကို အကဲဖြတ်ရာတွင် အလွန်များပြားသော အရာများပါရှိသည်။
အချို့သော ဝိညာဉ်များသည် အခြားသူများထက် သန်မာကြပြီး လူဝင်စားပြီးနောက် ၎င်းတို့၏ စွမ်းရည်များပိုမို ထူးကဲလာသည်။ ဒီလိုဆိုရင် အထက်ကမ္ဘာကလူတွေ သူ့ကို တိုက်ခိုက်ဖို့ အခွင့်အရေးပေးမှာလား......
ကံကောင်းထောက်မစွာ၊ ဝိညာဉ်များသည် ၎င်းတို့၏ ဝိညာဉ်စွမ်းအားကို မည်သို့အသုံးပြုရမည်ကို မသိခဲ့ကြပေ။ လူဝင်စားပြီးသည့်တိုင် ကြီးထွားဖို့ အချိန်လိုလိမ့်မယ်။ ခြိမ်းခြောက်မှုတစ်ခုရှိလျှင် ၎င်းကို ဦးစွာသတိပြုမိလိမ့်မည်။
ရှင်သန်မှုစနစ်က ဘာကိုကိုယ်စားပြုသည်ဖြစ်စေ သူ့အနေဖြင့် ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ရန်သာ လိုအပ်သည်။
အင်မော်တယ်တာအိုကို ပြန်လည်အသက်သွင်းခြင်းနဲ့ ယှဉ်ရင် သူ ရှင်သန်ဖို့ကိုသာ ပိုစိုးရိမ်သည်။
ထျန်းကျင်းကို တည်ထောင်ပြီးကတည်းက တောင်ပိုင်းဒေသရှိ မျိုးနွယ်စုများ ထျန်းကျင်းနှင့် မိတ်ဖွဲ့ခဲ့ကြသည်။ ထို့အတွက်ကြောင့် ထျန်းကျင်း လျင်မြန်စွာ အားကောင်းလာပြီး မည်သည့်နိုင်ငံခြားရန်သူကိုမှ မကြုံတွေ့ရပေ။ ယင်းကြောင့် တကျန်းမှလူများ တာအိုဘိုးဘေးကို ပို၍ပင်ကျေးဇူးတင်နေကြသည်။
တာအိုဘိုးဘေးက ထျန်းကျင်းကို မကြုံစဖူးသော လုံခြုံမှု ပေးခဲ့သည်။
အင်မော်တယ်နတ်ဘုရားဖြစ်ခြင်း၏ ဒဏ္ဍာရီသည်လည်း မဟာကန္တရမင်းဆက်၌ ပျံ့နှံ့လာခဲ့သည်။ သို့သော် မည်သူမျှ မတက်မြောက်သေးသဖြင့် ဤကိစ္စကို ဒဏ္ဍာရီအဖြစ်သာ ဖြစ်စေခဲ့သည်။ ထို့ကြောင့် လူအများက သံသယရှိခဲ့ကြသည်။
အချိန်တွေ ကုန်သွားပြီး သာယာသောနေ့ရက်များက အမြဲလျင်မြန်စွာ ကုန်ဆုံးစမြဲပင်.....
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆယ်နှစ်ကြာသွားခဲ့သည်။
အင်မော်တယ်ခေတ်၏ ၁၉ နှစ်တွင်.....
ဝိညာဉ်တောင်ထိပ်တွင် လူနှစ်ယောက် ပြေးလွှားနေပြီး သိုင်းပညာရှင်အများအပြားက ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသည်။
တိုက်ပွဲဝင်သူများသည် ကျန်းဇီယုနှင့် ကျန်းထျန်းမင်မှလွဲ၍ အခြားမဟုတ်ပေ။
ကျန်းဇီယုက ကောင်းကင်နှစ်ခုနယ်ပယ်
သို့ရောက်ရှိနေပြီဖြစ်ပြီး ကျန်းထျန်းမင်ကတော့ သိုင်းဘုရင်နယ်ပယ်ဖြစ်သည်။ ဒါပေမယ့် ဒီတိုက်ပွဲအတွက် ကျန်းထျန်းမင်က သူ့ရဲ့ ခွန်အားကို ကောင်းကင်နှစ်ခုနယ်ပယ်အထိ ဖိနှိပ်ထားတာကြောင့် သူတို့နှစ်ယောက် လက်ရည်တူနေကြသည်။
ကျန်းဇီယုက အဖြူရောင်၀တ်စုံကို ၀တ်ထားပြီး သူ့လက်ဖဝါးတွေက လေနဲ့တူလှုပ်ရှားနေသည်။ ခရမ်းရောင် လက်ဖဝါးအရိပ်များက ကောင်းကင်ကို ဖုံးလွှမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများဖြင့် နေကို ဖုံးလွှမ်းထားသည်။ဤသည်မှာ ကျန်းချန်ရှန်း၏ ဇီဝေ့အကျဉ်းချခြင်းပညာရပ်ဖြစ်သည်။ လကိရှိကျန်းဇီယု အသုံးပြုနေသောပညာရပ်က ကျန်းချန်ရှန်း၏ ဇီဝေ့အကျဉ်းချခြင်းပညာရပ်ထက် နိမ့်ကျသောဗားရှင်းဖြစ်သည်။
ကျန်းထျန်းမင်က တိုက်ပွဲဝင်နတ်ကိုးပညာရပ်ကိုသုံး၍ ကျန်းဇီယု၏တိုက်ခိုက်မှုများကို ခုခံနေသည်။
၎င်းတို့နှစ်ဦး ကောင်းကင်ယံ၌ လျင်မြန်စွာ တိုက်ခိုက်နေကြသဖြင့် အောက်ဘက်မှ သိုင်းပညာရှင်များအနေဖြင့် ၎င်းတို့၏ အရှိန်ကို သာမန်မျက်စိဖြင့် လိုက်မမီနိုင်တော့ပေ။
ဝုန်းးးးးးး
ကျန်းဇီယုသည် သူ့မျက်ခုံးကြားမှ ဒေါင်လိုက်မျက်လုံးကို ရုတ်တရက်ဖွင့်လိုက်ကာ ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာသည်။ ကျန်းထျန်းမင်သည်လည်း ဒေါင်လိုက်မျက်လုံးကိုဖွင့်ကာ သွေးရောင်အလင်းတန်းတစ်ခု ထွက်လာသည်။ အလင်းတန်းနှစ်စင်း ကောင်းကင်ယံ၌ တိုက်မိပြီး လှိုင်းလုံးကြီးများက တိမ်တိုက်များကို လွင့်ပျယ်စေခဲ့သည်။ ကောင်းကင်နှင့်မြေကြီးကြားမှပေါက်ကွဲသံများကို ကျင်းချန်မြို့သူမြို့သားများ အဝေးမှပင်ကြားနေရသည်။
မိုးကုပ်စက်ဝိုင်းပေါ်တွင် သက်တံနှင့်ဆင်တူသည့် ရွှေရောင်အလင်းတန်းနှင့် သွေးအလင်းရောင်တို့ ဆုံမိသည့် အလင်းတန်းကို မျက်စိတဆုံးမြင်တွေ့နိုင်သည်။
“အိမ်ရှေ့မင်းသားက တကယ့်ကို သန်မာတယ်.... သူ့အသက် 17 နှစ်ပဲရှိသေးတာကို စိတ်ကူးရခက်တယ်"
“ကျန်းထျန်းမင်ကလည်း အရမ်းသန်မာတယ်.... တကျန်းရဲ့ အမြွှာကြယ်စင်က မျှော်လင့်ထားသည့်အတိုင်း အရည်အချင်းရှိကြတယ်....."
"ဟုတ်တယ်....ကျန်းထျန်းမင်က သိုင်းဘုရင်နယ်ပယ်အဆင့်ရောက်နေပြီ...."
" တာအိုဘိုးဘေးရဲ့ သွေးသားက မျှော်လင့်ထားတဲ့အတိုင်းပဲ... ဒီလို နတ်မျက်စိမျိုး လိုချင်လိုက်တာ....”
“ဘယ်လောက် ပြင်းထန်တဲ့ ဖိအားလဲ..... တူညီတဲ့နယ်ပယ်မှာ ဘယ်သူကမှ သူတို့ရဲ့ ပြိုင်ဘက်မဟုတ်နိုင်ဘူး...”
ကြည့်ရှုအားပေးသည့် သိုင်းပညာရှင် အချင်းချင်း ဆွေးနွေးနေကြပြီး... ၎င်းတို့အထဲတွင် ရှုထျန်းကျီ နှင့် ကျုထျန်းဇီ တို့လို အသက်ကြီးသော မျိုးဆက်များလည်း ပါ၀င်သည်။
ကျူထျန်းဇီက ကောင်းကင်ပေါ်ရှိ စိတ်အားထက်သန်စွာတိုက်ခိုက်နေသူနှစ်ယောက်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
သူ တာအိုဘိုးဘေးကို တိတ်တဆိတ် ကျေးဇူးတင်နေမိသည်။ ထျန်းကျင်း သည် နဂါးအသွင်ပြောင်းစံအိမ်၏ ထိန်းချုပ်မှုအောက်တွင် ရှိသင့်သည်။
ရှုထျန်းကျီကလည်း အရမ်းဂုဏ်ယူနေသည်။ သူသည် တာအိုဘိုးဘေး၏ လက်အောက်တွင် ရှိနေပြီး လူအများလေးစားအားကျခံနေရသည်။
ရှုမန် မနာလိုစိတ်ဖြင့် လူအုပ်ကြားတွင် ရပ်နေသည်။
လွန်ခဲ့သည့် အနှစ် 20 က သူ၏အရည်အချင်းများကြောင့် ကမ္ဘာပေါ်တွင် ပြိုင်ဆိုင်မှုမရှိဘဲ ဧကရာဇ်ဖြစ်နိူင်သည်ဟုပင် ထင်ခဲ့သည်။ သို့သော် ယခုတော့ သူ့အတွေးများက ရယ်စရာကောင်းနေပုံရသည်။
တာအိုဘိုးဘေး ဘာကြောင့် သူ့အသက်ကို ကယ်ခဲ့တာလဲဆိုတာ သူမသိပေ။ သူ့မှာ သနားစရာကောင်းတဲ့ နောက်ခံရှိတယ်လို့ ခံစားမိလို့ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူ့အတွက် ကျေးဇူးတရားနှင့် ရိုသေမှုကို ခံစားရသည်။ သူသည် စစ်တပ်ထဲဝင်ပြီး ထျန်းကျင်းအတွက် ရက်စက်သော သားရဲများစွာကို ရှာဖွေရန် ကူညီပေးခဲ့သည်။ ယခုတစ်ကြိမ်တွင် သူသည် ဝိဉာဉ်တောင်တန်းသို့သွားရန် အခွင့်အရေးရခဲ့ပြီး သူ၏ခွန်အားကို မြှင့်တင်ရန် ဤနေရာကို လာခဲ့သည်။
ခဏအကြာတွင်.....
ကျန်းထျန်းမင်နှင့် ကျန်းဇီယုတို့ ရပ်တန့်သွားသည်။
"ဇီယု မင်းက အံ့သြစရာပဲ"
ကျန်းထျန်းမင်က ကျန်းဇီယု ရှိရာသို့ လာပြီး ချီးကျူးပြောဆိုရင်း သူ့ပခုံးကို ပုတ်လိုက်သည်။
အသက် 17 နှစ်အရွယ် ကျန်းဇီယုက ကျန်းချန်ရှန်းနှင့် အလွန်ဆင်တူပြီး သူသည် ကျန်းချန်ရှန်း၏ကိုယ်ပွားဖြစ်ဟန်တူသည်။
ကျန်းဇီယုက ဂုဏ်ယူစွာပြုံးလိုက်ပြီး.... "ဒါပေါ့.... ငါက မင်းရဲ့ဘိုးဘေးပဲလေ....!"
ကျန်းထျန်းမင် ထိုစကားကိုကြားသောအခါ မျက်လုံးပြူးသွားသည်။
တကယ်တော့ ကျန်းဇီယုက ကျန်းထျန်းမင်ကို သူ့အစ်ကိုလို့ မှတ်ယူထားပြီး သူတို့နှစ်ယောက် သဘောတူညီမှုတစ်ခုထားရှိခဲ့ကြသည်။ ကျန်းဇီယု နန်းတက်သောအခါ ကျန်းထျန်းမင်က စစ်သူကြီးအဖြစ်တာဝန်ယူပြီး ကမ္ဘာပေါ်ရှိ များပြားလှသော မျိုးနွယ်စုများကို စုစည်းဖို့ အတူတကွ လုပ်ဆောင်ကြမည်ဖြစ်သည်။
နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် ပုခုံးဖက်ထားကြပြီး သူတို့ကို ဘယ်သူမှ မချဉ်းကပ်ရဲကြပေ။
တစ်ဖက်တွင် ခရမ်းရောင်တိမ်တိုက်နန်းတော်၌.......
ကျန်းချန်ရှန်းက.... "ထျန်းမင်က အလျော့ပေးခဲ့ပေမယ့် ဇီယုရဲ့ စွမ်းဆောင်ရည်က တော်တော်ကောင်းတယ်...."
သူ့ဘေးမှာထိုင်နေတဲ့ မုလင်းလော့က ခေါင်းခါလိုက်ပြီး...... “ ဇီယုက ထျန်းမင် နဲ့ မယှဉ်နိုင်ဘူး... ထျန်းမင်က အနည်းဆုံး နှစ်ပေါင်းတစ်ရာ သက်တမ်းရှိတယ်လေ...."
မုလင်းလော့ ကျန်းဇီယုအတွက် အလွန်ဂုဏ်ယူနေသည်။
ကျန်းဇီယု၏ ကြောက်စရာကောင်းသော အရည်အချင်းများက မုမိသားစုကို ဂုဏ်တက်စေခဲ့သည်။ မုမိသားစုက ကျန်းဇီယုကို အင်ပါယာနန်းတွင်း၌ အာဏာတည်မြဲအောင် စတင်ကူညီခဲ့ပြီး အသေးအဖွဲကိစ္စများကို မစိုးရိမ်ဘဲ ငြိမ်းချမ်းစွာ လေ့ကျင့်နိုင်အောင် ကူညီပေးနေကြသည်။