← Chapters

ဓမ္မရုပ်တုသုံးထောင်စလုံးက ကိုယ်ပွားများဖြစ်ကြသည်.....

Vol. 22 Ch. 328

ဓမ္မရုပ်တုသုံးထောင်စလုံးက ကိုယ်ပွားများဖြစ်ကြသည်.....

Vol. 22 Ch. 328

ဒီရက်တွေက အရမ်းကောင်းမွန်တယ်.... ကျွန်မ နေ့တိုင်း သိုင်းပညာ လေ့ကျင့်နိုင်ပြီး ဇီယုကြီးပြင်းလာတာကို ကြည့်နေနိုင်တယ်....."

မုလင်းလော့က ညည်းတွားသော်လည်း သူမ၏လေသံမှာ သနားစိတ်ဖြင့် ပြည့်နှက်နေသည်။

ကျန်းချန်ရှန်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး.... "မင်းမရိုးသားဘူးလို့ ငါဘာလို့ခံစားနေရတာလဲ...."

မုလင်းလော့က မျက်တောင်ခတ်ပြီး တိုက်ခိုက်ဖို့ အခွင့်အရေးမှမရှိတာ...

သူမသည် ငယ်ငယ်ကတည်းက ကြမ်းတမ်းခဲ့သူဖြစ်သည်။ သိုင်းဧကရာဇ် ချိုးထျန်း၏ တိုက်ခိုက်ရေးစိတ်ဓာတ်ကို အမွေဆက်ခံထားသူပီပီ သူမ တိုက်ပွဲနောက်သို့ လိုက်ရန် အမြဲလိုလို ဆန္ဒရှိခဲ့သည်။

ကျန်းချန်ရှန်း ရယ်မောလိုက်ပြီး အပြင်ဘက် ကောင်းကင်ကို မော့ကြည့်လိုက်ကာ.... မင်း အတွေးလွန်နေပြီ..... မကြာခင်မှာ ထျန်းကျင်းက အချိန်အကြာကြီး တိုက်ပွဲဝင်ရလိမ့်မယ်....."

မုလင်းလော့ ထိုစကားကိုကြားသောအခါ အကြောင်းပြချက်ကို အလျင်စလိုမေးလိုက်သည်။

ကျန်းချန်ရှန်းက ဘာမှ ဖုံးကွယ်မထားပေ။ များပြားလှသော မျိုးနွယ်စုများ ထျန်းကျင်းကို အတူတကွ တိုက်ခိုက်တော့မည်ကို သူမ သိလိုက်သောအခါ သူမ ထိတ်လန့်သွားသည်။

"ဒါဆို ကျွန်မ ပိုသန်မာလာပြီး သိုင်းဘုရင်နယ်ပယ် နယ်ပယ်ကို အမြန်ဆုံးရောက်အောင် ကြိုးစားရမယ်...."

ထိုစကားဆုံးသည်နှင့် မုလင်းလော့ မတ်တပ်ထရပ်ပြီး ထွက်သွားသည်။

ကျန်းချန်ရှန်း၏ နှုတ်ခမ်းများ ကော့တက်သွားသည်။ မုလင်းလော့က တိုက်ခိုက်ရေး စိတ်ဓာတ် အလွန်ပြင်းပြသူဖြစ်သည်။

သူမကို အင်မော်တယ်ကျင့်စဉ် မသင်ကြားပေးနိုင်သဖြင့် မုလင်းလော့သာ အသက်ပိုရှည်လိုပါက၊ ပိုမိုမြင့်မားသောနယ်ပယ်သို့ ဆက်တိုက်တက်လှမ်းရမည်ဖြစ်သည်။

တစ်နေ့တွင်၊ ထျန်းကျင်းနှင့် ကောင်းကင်တရားရုံးတို့၌ ကောင်းကင်ထက်မှ တစ်စုံတစ်ခု ပါဝင်လာလိမ့်မည်။ ထိုအချိန်တွင် မုလင်းလော့နှင့် လုံချီဘုရားကျောင်းမှလူများက တာဝန်ယူနိုင်လိမ့်မည်ဟု သူမျှော်လင့်ထားသည်။

အောက်တိုဘာလတွင် ကျန်းချန်ရှန်းကာတော်ဝင်အမိန့် ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးချုပ်ရုံးကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ ငါးရက်မပြည့်မီတွင်၊ ဤအမိန့်က ထျန်းကျင်း၏ နေရာတိုင်းသို့ ပျံ့နှံ့သွားခဲ့သည်။ ဧကရာဇ်အမိန့်တော်တွင် များပြားလှသောမျိုးနွယ်စုများကြောင့်ဖြစ်ပေါ်လာမည့် အကျပ်အတည်းများကို ကြေညာခဲ့ပြီး ထျန်းကျင်းတွင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။

မဟာကန္တရမင်းဆက်၏ များပြားလှတဲ့ မျိုးနွယ်စုတွေဟာ လူသားမျိုးနွယ်စုကို ဝိုင်းဝန်းဖိနှိပ်ချင်ကြသည်။

ထိုသို့သော အကျပ်အတည်းက ပရမ်းပတာဖြစ်သင့်သော်လည်း မဖြစ်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့်၊ မရေမတွက်နိုင်သော ယုံကြည်သူများ၏ လှုံ့ဆော်မှုကြောင့် ထျန်းကျင်းပြည်သူများ စိတ်ဓာတ်တက်ကြွလာသည်။

ဆယ်စုနှစ်တစ်ခုအတွင်း ထျန်းကျင်း ရင်ဆိုင်နေရသော အကျပ်အတည်းကို ကျန်းချန်ရှန်းက အများသိအောင် ထုတ်ဖော်ပြသခဲ့သည်။ အင်မော်တယ်တာအိုက အထက်ကမ္ဘာ၏တည်ရှိမှုကို ခြိမ်းခြောက်သည်ဟု ဆိုကာ များပြားလှသော မျိုးနွယ်စုများကို ထျန်းကျင်းကို ချေမှုန်းရန် တိုက်တွန်းခဲ့သည်။ ယုံကြည်သူများ ထိုစကားကိုကြားသောအခါ သဘာဝအတိုင်း ဒေါသထွက်လာကြသည်။ သူတို့အားလုံး အင်မော်တယ်ဖြစ်လာရန် လိုလားကြသောကြောင့် သူတို့ကိုတားဆီးချင်နေသော မဟာကန္တရမင်းဆက်၏နတ်ဘုရားအရှင်ကို မုန်းတီးလာကြသည်။

ကျန်းချန်ရှန်းက အကျပ်အတည်းကို ချဲ့ကားပြောဆိုခြင်းမရှိပေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ ရပ်တည်ချက်ကိုလည်း ထပ်ပြောဖို့ မလိုပေ။

သိုင်းတာအိုကမ္ဘာ၏ သက်ရှိသတ္တဝါများက မဟာကန္တရမင်းဆက်၏နတ်ဘုရားနှင့် အတူတူ မဟုတ်ပေ။ထိုနတ်ဘုရားအရှင် ဂရုစိုက်သောအရာမှာ သိုင်းတာအိုကမ္ဘာကို ထိန်းချုပ်ထားဖို့ဖြစ်ပြီး ကျန်းချန်ရှန်းကိုယုံကြည်သူများကတော့ အင်မော်တယ်ဖြစ်ဖို့ကိုသာ ဂရုစိုက်ကြသည်။

သိုင်းတာအိုကမ္ဘာကို ဘယ်သူဖန်တီးခဲ့တာကို သူတို့ ဂရုမစိုက်ကြပေ။ ဤအတွက်ကြောင့် ၎င်းတို့သည် နတ်ဘုရားအရှင်ဆိုသူကို ကျေးဇူးမတင်ဘဲ

ယင်းအစား၊ သူတို့၏အနာဂတ်ကို ဖျက်ဆီးပစ်လိုက်သည်ဟုသာ ခံစားကြရပေမည်။

လူသားများအပြင် စိတ်ဝိဉာဉ်ကင်းလွတ်ခြင်းနယ်ပယ်သို့ရောက်နေသော နတ်ဆိုးများလည်း ရှိခဲ့သည်။ နတ်ဆိုးအမြောက်အမြား ထျန်းကျင်းတွင် ခိုလှုံရန် မြောက်ဘက်သို့ ဦးတည်သွားသည်ဟု ဆိုကြသည်။ ဒီအကြောင်းကို ကျန်းချန်ရှန်း မငြင်းခဲ့ပေ။

များမကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ထျန်းကျင်း ဦးဆောင်သော အားလုံးပါဝင်နိုင်သော မင်းဆက်ဖြစ်လာမည်ဖြစ်သည်။

အနာဂတ်တွင်၊ ကောင်းကင်တရားရုံး၌ လူသားမျိုးနွယ်စုကို ၎င်း၏အုပ်စိုးရှင်အဖြစ်သာ ထားရှိမည်ဖြစ်သည်။

တော်ဝင်အမိန့်ထုတ်ပြန်ပြီးနောက် စစ်တပ်များက နေရာတိုင်းတွင် ၎င်းတို့၏စုဆောင်းရေးလုပ်ငန်းစဉ်ကို စတင်ခဲ့ပြီး ဝိညာဉ်တောင်တန်းပေါ်တွင် နေရာများစွာကို ဖွင့်လှစ်ခဲ့သည်။ ထျန်းကျင်းရှိ သိုင်းပညာရှင်တိုင်းက သိုင်းပညာ လေ့ကျင့်ရန် အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်ကြပြီး ဘေးဥပဒ်ရောက်လာသောအခါ ထျန်းကျင်းအတွက် အကျိုးပြုနိုင်ရန် ကြိုးစားကြသည်။

ကျုချွမ်း ပြည်နယ်သည် ထျန်းကျင်း နှင့် အဝေးဆုံးတွင်ရှိသော မဟာကန္တရမင်းဆက်မှ ပြည်နယ်ဖြစ်သည်။ ဤတွင် တောင်ပေါ်၌ မြို့ ၁၇ မြို့ ဆောက်ခဲ့သည်။

ဤပြည်နယ်ကို မူလက ချင်းလျန် မျိုးနွယ်စုကို ခုခံရန် တည်ထောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပိုမိုအားကောင်းသော ရန်သူများကို ခုခံရန် ပြောင်းလဲခဲ့သည်။ယခုချိန်တွင် ပြည်နယ်တစ်ခုလုံး၌ သိုင်းပညာ လေ့ကျင့်နေသော သိုင်းပညာရှင်နှင့် စစ်သားများဖြင့် ပြည့်နေသည်။ သန်မာသော သားရဲရုပ်အလောင်း အများအပြားကို အဆင့်မြင့် သိုင်းပညာရှင်များက သယ်ယူလာကြသည်။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ကောင်းကင်နဲ့ မြေပြင်မှာ လူများစွာပြည့်နှက်နေပြီး ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။

ထျန်းကျင်း၏လူဦးရေသည် ဆယ်နှင့်ချီသောဘီလီယံပေါင်းများစွာကို ကျော်လွန်ခဲ့သည်။ ထျန်းကျင်းကို တည်ထောင်ပြီးနောက် လူဦးရေ ပိုများလာသည်။

ထျန်းကျင်းအနေဖြင့် များပြားလှသော မျိုးနွယ်စုများကို ရင်ဆိုင်လိုပါက ထျန်းကျင်းတွင်ရှိသော လူသားများနှင့်မလုံလောက်နိုင်ပေ။

အလွန်မြင့်မားသော တောင်ထွတ်ပေါ်တွင် စစ်စခန်းချထားပြီး ၎င်းသည် ကောင်းကင်ဗျူဟာတပ်၏စခန်းဖြစ်သည်။ ရှုထျန်းကျီက ချောက်ကမ်းပါးတစ်ခုတွင် ရပ်နေပြီး မိုးကုပ်စက်ဝိုင်း၏အဆုံးကို ကြည့်နေသည်။ နေဝင်ချိန်က အလွန်လှပပြီး မိုးကုပ်စက်ဝိုင်း၏အဆုံးတွင် တောင်တန်းအချို့ကိုမြင်နေရသည်။

အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော စစ်သူကြီးတစ်ဉီး ကောင်းကင်မှ ဆင်းသက်လာပြီး ရှုထျန်းကျီ အနားသို့ ဆင်းသက်လာသည်။ သူက လေးနက်သောလေသံဖြင့် .....

"ဗိုလ်ချုပ်၊ အမည်မသိမျိုးနွယ်စုတခုရဲ့ ခြေရာလက်ရာတွေကို မိုင်ပေါင်းသောင်းနှင့်ချီဝေးတဲ့နေရာမှာ ရှာတွေ့ခဲ့တယ်.... သူတို့က အရမ်းမြန်တဲ့အတွက် သူတို့ကို မလိုက်နိုင်ခဲ့ဘူး...."

ရှုထျန်းကျီက မျက်မှောင်ကြုတ်ပြီး ....."ငါ့အမိန့်ကို လိုက်နာပါ..... ငါတို့က သူတို့ကိုလိုက်ဖို့မဟုတ်ဘူး.... ချင်းလျန် မျိုးနွယ်စု ငါတို့နဲ့ပူးပေါင်းလိုက်တာတောင် ငါတို့ကိုတိုက်ခိုက်ရဲတယ်ဆိုတော့ သတိလက်လွတ်ပေါ့ဆနေလ်ို့မရဘူး..."

"မအမိန့်အတိုင်းပါ!"

အနက်ရောင်ချပ်ဝတ် စစ်သူကြီး ချက်ချင်း ပျံသန်းကာ မိုးကုတ်စက်ဝိုင်းထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ရှုထျန်းကျီက စာရေးဖို့ သူ့သိုလှောင်လက်စွပ်ထဲက စုတ်တံနဲ့ စာရွက်ကို ထုတ်လိုက်သည်။ လေချွန်လိုက်သည်နှင့် မိုင်တစ်ထောင်သိမ်းငှက်တစ်ကောင် ပျံသန်းလာသောအခါတွင် လျှို့ဝှက်စာတစ်စောင်ကို သစ်သားပြွန်ငယ်ထဲသို့ထည့်ပေးလိုက်သည်။

မိုင်တစ်ထောင် သိမ်းငှက်က လျှပ်စီးကြောင်းကဲ့သို့ ပျံသန်းသွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

ရှုထျန်းကျီ အသက်ပြင်းပြင်းရှူလိုက်ပြီး.... "ရှုထျန်းကျီ.... ရှုထျန်းကျီ...... မင်း နှစ်ပေါင်းသုံးရာလောက် တိုက်ပွဲဝင်ခဲ့တာတောင် ဘာလို့ စိတ်လှုပ်ရှားနေတာလဲ...."

ရန်သူကို မကြောက်ဘူးဆိုတာ သူကောင်းကောင်းသိပေမယ့် ကျန်းချန်ရှန်းရှေ့မှာ မျက်နှာပျက်ရမှာကိုတော့ ကြောက်နေမိသည်။

ကျန်းချန်ရှန်းက သူ့ကို စစ်ဦးစီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ပြီးကတည်းက သူ့ကိုယ်သူ သက်သေပြလိုတဲ့ ဆန္ဒကို အမြဲချိုးနှိမ်ခဲ့ရသည်။

ချင်းလျန် မျိုးနွယ်စုကို နောက်ဆုံးအကြိမ် ရင်ဆိုင်ခဲ့စဉ်က မအောင်မြင်ခဲ့တာကြောင့် တူညီတဲ့အမှားမျိုး ထပ်မကျူးလွန်ချင်ပေ။

အင်မော်တယ်ခေတ်၏နှစ် 20.... ဇန်နဝါရီလအစပိုင်း.........

ကျုချွမ်း ပြည်နယ်သို့ တစုံတဉီးကြွရောက်လာခဲ့ပြီ မြို့သူမြို့သားအားလုံး စိတ်လှုပ်ရှားနေကြသည်။

ဧကရာဇ် ကြွချီလာပြီ......

လွန်ခဲ့သည့် နှစ်လအတွင်း၊ ကောင်းကင်ဗျူဟာတပ်ဖွဲ့ဆီမှ သတင်းအမြောက်အမြားရရှိခဲ့ပြီး ပဋိပက္ခများပင် ရှိခဲ့သည်။ ခြွင်းချက်မရှိ၊ ထျန်းကျင်း ၏စစ်သားများက လျှို့ဝှက်ဆန်းကြယ်သောနိုင်ငံရပ်ခြားမျိုးနွယ်စုများကို ဆန့်ကျင်တိုက်ခိုက်နေသမျှ ၎င်းတို့ကို သံသယဖြစ်ဖွယ်မရှိပေ။

ပြည်နယ်မြို့တော်၊ ခရိုင်ဝန်ကြီး၏အိမ်တော်၌.......

စစ်သားများ ဤနေရာတွင် စုရုံးနေပြီဖြစ်သော်လည်း ကျန်းချန်ရှန်းကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။

ယန်ကျန့် အမြန်ဝင်လာတော့ စစ်သားတွေ ချက်ချင်းမတ်တပ်ထရပ်လိုက်ကြငည်။ တစ်ချိန်တည်းမှာပင် သူတို့အားလုံး ဧကရာဇ်မင်းရှိရာ အပြင်ဘက်သို့ ကြည့်လိုက်ကြသည်။

"မကြည့်နဲ့တော့။ ဧကရာဇ်က ကျင့်ကြံမှုမှာအာရုံစိုက်နေရတယ်.... စစ်ပွဲစတင်မှသာ ဧကရာဇ် လှုပ်ရှားလိမ့်မယ်.... အခုလောလောဆယ်တော့ ဒီအတိုင်း ထိုင်စောင့်ရမှာပဲ....."

ယန်ကျန့်က စားပွဲရဲ့ခေါင်းရင်းပိုင်းမှာထိုင်ပြီး..... "ကျန်းထျန်းမင်နဲ့ကျိဝူကျွင်းတို့လည်း ဒီကိုရောက်နေပြီ.....သူတို့က ကောင်းကင်ဗျူဟာတပ်ထဲဝင်ဖို့ရောက်နေကြတာ.... ဒီတိုက်ပွဲက ထျန်းကျင်းနဲ့ များပြားလှတဲ့ မျိုးနွယ်စုတွေကြားက ပထမဆုံး တိုက်ပွဲဖြစ်ပြီး ငါတို့ အနိုင်ရရမယ်..... ဧကရာဇ်က အင်အားကြီးတဲ့ ရန်သူအများစုကို ဖြေရှင်းပြီးရင် ငါတို့လည်း တတ်နိုင်သလောက်တိုက်ခိုက်ရမယ် ဧကရာဇ်မင်းတစ်ပါးတည်းကို ငါတို့အားကိုးလို့မရဘူး.... နားလည်ကြရဲ့လား?"

စစ်သားများကို စူးစူးရှရှ စူးရှစွာ ကြည့်တော့ ၎င်းတို့ထဲတွင် ယန်မိသားစု၏ စစ်ဗိုလ်ချုပ်ကြီး သုံးဦးလည်း ပါဝင်သည်။

"နားလည်ပါပြီ!"

တပ်သားအားလုံး တညီတညွတ်တည်း ပြန်ဖြေခဲ့ကြသည်ယ

ထိုအချိန်တွင် ဝက်ဝံကြီးကဲ့သို့ ထွားကျိုင်းသော ယန်ယွမ်ရှုံးက...... "ဧကရာဇ်အပြင် ကျန်းထျန်းမင်နဲ့ကျိဝူကျွင်းတို့လဲ ဒီမှာ ရှိနေကြပြီ.....ရန်သူဘက်က ထျန်းကျင်းကို အလုံးအရင်းနဲ့ တိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ...."

ထိုသို့ပြောသောအခါတွင် အားလုံးက အတွေးနက်သွားကြသည်။

ထျန်းကျင်းက အင်အားကြီးမားသော်လည်း ၎င်း၏အခြေခံအုတ်မြစ်သည် မျိုးနွယ်စုပေါင်းစုံနှင့် နှိုင်းယှဉ်ပါက ပိုမိုအားနည်းပါသည်။

ယန်ကျန့်က... "ဘုရင်မင်းမြတ်တစ်ယောက်လုံး ဒီမှာရှိနေတာကို ဘာကိုကြောက်နေတာလဲ.....အရှင်က အင်မော်တယ်ဘိုးဘေးတပါးဖြစ်တာကို မေ့မနေနဲ့.....သူက သေမျိုးကမ္ဘာကို လေ့ကျင့်ဖို့လာခဲ့တာ....သူမှာ ဓမ္မခန္ဓာကိုယ်ပွားပေါင်း သုံးထောင်ရှိတယ်...ဒါကြောင့်မျို့ ထျန်းကျင်းက သူ့ကာကွယ်မှုအောက်မှာရှိတယ်...မြို့တော်မှာရှိတဲ့ ဧကရာဇ်က အစစ်လား ကိုယ်ပွားလား ဘယ်သူသိနိုင်မှာလဲ....."

စစ်သည်များထိုစကားကြားသောအခါတွင် အံ့သြသောအမူအရာများ ပေါ်လာသည်။

ကျန်းချန်ရှန်း နန်းတက်ပြီးကတည်းက သူ၏ ယခင်လှည့်ကွက်များသည် ဒဏ္ဍာရီဖြစ်လာပြီး သူ့ကို ပို၍ပင် လျှို့ဝှက်ဆန်းကြယ်စေသည်။

ကျန်းချန်ရှန်း နံနက်တရားရုံးမတက်ဘဲနေလျှင်တောင် မည်သူမျှ ပြသာနာရှာဝံ့မည်မဟုတ်ပေ။

ဘုရားသခင်က နေရာတိုင်းတွင်ရှိခဲ့ပြီး

ထိုဘုရားသခင်သည် တာအိုဘိုးဘေးဖြစ်ခဲ့သည်။

တစ်ဖက်တွင်မူ........

လက်ရှိတွင် ခရမ်းရောင်တိမ်တိုက်နန်းတော်တွင် ကျန်းချန်ရှန်း တရားထိုင်နေသည်။ကျုချွမ်းပြည်နယ်သို့စေလွှတ်လိုက်သော ကိုယ်ပွားက ထိုနေရာက ရန်သူများကို ကိုင်တွယ်ရန် လုံလောက်နေပြီဖြစ်သည်။

၎င်းသည် ကိုယ်ပွားတစ်ခုမျှသာဖြစ်သော်လည်း သူ့ကိုယ်ပွား၏အစွမ်းသည် အမွှေးတိုင်အရေ 300 ဘီလီယံတန်ဖိုးရှိနေဆဲဖြစ်သည်။ ထို့အပြင် ရန်သူစစ်တပ်တစ်ခုလုံး၏ အင်အားမှာ အမွှေးတိုင်အရေအတွက် ဘီလျံ ၂၀၀ သာ ရှိသည်။

ဤတန်ခိုးကြီးသောမျိုးနွယ်စု၏ အသန်မာကျွမ်းကျင်သူက အလွန်အားကောင်းပြီး အသားတင်တန်ဖိုး ၈ ဘီလီယံရှိသည်။ထို့အပြင် သိုင်းဧကရာဇ်နယ်ပယ် အယောက်၂၀ ကျော်လည်း ရှိနေသေးသည်။ ချင်းလျန် မျိုးနွယ်စု မအောင်မြင်ခဲ့သည်မှာ အံ့ဩစရာမရှိပေ။

ရန်သူဘက်က တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပုံရပြီး တိုက်ခိုက်ရန် အလျင်မလိုသောကြောင့် ကျန်းချန်ရှန်းလည်း အလျင်မလိုသေးပေ။ ရန်သူတွေများလေလေ၊ အားကောင်းလေလေ၊ သူ့ရဲ့ ရှင်သန်ခြင်းဆုလာဘ်က ပိုကြီးလေလေပင်......

ဒါဟာ ထျန်းကျင်းနဲ့ များပြားလှတဲ့ မျိုးနွယ်စုတွေကြား ပထမဆုံး တိုက်ပွဲဖြစ်ပြီး သူတို့ရဲ့ အစွမ်းအစကို ပြသရမည့်တိုက်ပွဲဖြစ်သည်။

ကျန်းချန်ရှန်း မျက်လုံးများကိုမှိတ်ထားပြီး ကျင့်ကြံဖို့ကို အာရုံစိုက်လိုက်သည်။

ကျုချွမ်းပြည်နယ်မှ မိုင်သန်းပေါင်းများစွာဝေးသော သဲကန္တာရတစ်ခုတွင် ကြောက်မက်ဖွယ်ကောင်းသော လူရိပ်များ သဲမုန်တိုင်းထဲတွင် ပုန်းအောင်းနေကြသည်။

သဲကန္တာရအစွန်းက တောအုပ်ထဲတွင် သိုင်းပညာရှင်တစ်စုရှိနေပြီး အဝေးကနေ ချောင်းကြည့်နေကြတာ ထိုသူတို့၏ ခေါင်းဆောင်မှာ ရှုမန် ဖြစ်သည်။

"ဒီကောင်တွေက ဘယ်မျိုးနွယ်စုကလဲ.... သွေးနံ့ အရမ်းပြင်းတယ်...ဘာလို့ မလှုပ်ကြတာလဲ... တခြားမျိုးနွယ်စုတွေ လာဖို့ စောင့်နေကြတာလား...."

" ဟုတ်လောက်မယ်....ငါတို့တွေ မျိုးနွယ်စုပေါင်းစုံနဲ့ ရင်ဆိုင်နေတးရတာကို ဘာလို့ ဧကရာဇ်က မလှုပ်ရှားသေးတာလဲ...."

" ဧကရာဇ်က သူတို့ကို သေချာပေါက် ကိုင်တွယ်ဖြေရှင်းနိုင်ပေမယ့် ငါတို့ မလုပ်နိုင်ဘူး..... ဧကရာဇ်က သူတို့တွေကို တယောက်နာ်းဖြေရှင်းနိုင်တယ်ဆို ငါတို့ကိုဘာအတွက် လိုအပ်နေဉီးမှာလဲ..."

"တိုးတိုးပြောစမ်း သူတို့ကို မနှောင့်ယှက်မိစေနဲ့....."

ရှုမန် သူ့လက်အောက်ငယ်သားများ၏ မှတ်ချက်များကို လျစ်လျူရှုကာ သဲကန္တာရကို စိုက်ကြည့်နေသည်။ အကြောင်းတစ်ခုခုကြောင့် သူ့ကို တစုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားနေရသည်။

တစ်ချိန်တည်းမှာပင်............

သဲကန္တာရအတွင်းရှိ ကြီးမားသောနေရာလွတ်တစ်ခုတွင် မရေအတွက်သော သက်ရှိများရှိနေကြသည်။လူသားနှင့်ဆင်တူသော သက်ရှိတကောင်က တောင်ငယ်တစ်ခုပေါ်တွင် ထိုင်နေသည်။ သေသေချာချာ ကြည့်လိုက်ရင် အဝေးက သက်ရှိတွေလည်း သူနဲ့ ဆင်တူနေတာ တွေ့ရလိမ့်မည်။ သူတို့၏ ကိုယ်လုံးကိုယ်ထည်က လူသားများနှင့် ဆင်တူပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကို အရိုးချပ်ဝတ်ဖြင့် ဖုံးအုပ်ထားသည်။ သူတို့၏ဦးခေါင်းများက ပုရွက်ဆိတ်နှင့် ဆင်တူပြီး ၎င်းတို့၏လက်နှစ်ဖက်ကတော့ အေးစက်သောအလင်းရောင်ဖြင့် လင်းလက်နေသော အရိုးဓားနှစ်ချောင်းနှင့်တူသည်။

ထိပ်တန်းသွေးချီအရိုးပိုးကောင်တွင် အရိုးအတောင်ပံတစ်စုံပါရှိပြီး ထူထပ်သောသွေးစွမ်းအင်များဖြင့် ဝန်းရံထားသည်။

"ကျူရုန်မျိုးနွယ်စု လာမှာလား"

ဖြည်းညှင်းစွာပြောနေသော်လည်း သူ့အသံက အေးစက်လာသည်။

သဲမုန်တိုင်းထဲမှ အသံတစ်ခု ထွက်ပေါ်လာပြီး..... "အနားကလူတွေက ကျူရုန်မျိုးနွယ်စု မျိုးနွယ်စုရဲ့ ပြင်းထန်တဲ့အနံ့ကို အာရုံခံမိနေပြီ....."

"ဟား ဝါးးးးကျူရုန်မျိုးနွယ်စုက အရမ်းသတိထားနေပုံပဲ...."

သွေးချီအရိုးပိုးကောင်က ရယ်မောလိုက်သည်။ ခေတ္တနားပြီးနောက်၊ ထျန်းကျင်း၏ စွမ်းအားကို စမ်းသပ်ရန် မျိုးနွယ်စုတစ်ခုကို စေလွှတ်လိုက်ဖို့ အမိန့်ပေးလိုက်သည

ဟုတ်ကဲ့!

သဲမုန်တိုင်းထဲတွင် ပုန်းအောင်းနေသူကပြန်ဖြေခဲ့သည်။

ထိုအချိန်မှာပင်.....

ပြင်းထန်သောလေပြင်းများ ကောင်းကင်မှဆင်းသက်လာကာ မိုင်တစ်သောင်းအကွာအဝေးအတွင်းရှိ သဲမုန်တိုင်းကို တွန်းထုတ်ပစ်လိုက်သည်။ သွေးချီအရိုးပိုးကောင် ပတ်လည်ရှိ သဲများလွင့်စင်သွားပြီး ကျောက်တုံးပုံစံတခု ထင်ရှားစွာပေါ်လာသည်။ တောက်လောင်နေသော အသွင်အပြင်ရှိသူတဉီး သွေးချီအရိုးပိုးကောင်၏ ရှေ့သို့ ရောက်ရှိလာသည်။

သွေးချီအရိုးပိုးကောင်က လူနဲ့တူတဲ့ ကိုယ်လုံးကိုယ်ပေါက်ရှိသော်လည်း အခုရောက်လာသူကတော့ ထိုသို့မဟုတ်ပေ။ သို့သော် ထိုသူ၏ ကိုယ်လုံးကိုယ်ပေါက်က အလွန်ကြီးမားပြီး သန်မာပြီး ပေတစ်ထောင်မြင့်သည်။ သူသည် ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ သားမွေးဖြင့် ပြုလုပ်ထားသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည်။

သူ၏ ကိုယ်လုံးကိုယ်ပေါက်ပိန်ပါးပြီး လူသားနှင့် ဆင်တူသေည်လည်း သူ့ခေါင်းမှာတော့ မီးတောက်များ ဖုံးလွှမ်းနေသည်။ သူ၏ ရှည်လျားသော ဆံပင်များ လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး သူ့မျက်နှာက ကြောက်စရာကောင်းနေသည်။ သူ့အရေပြားကို မီးတောက်တွေနဲ့ ဖုံးကွယ်ထားပြိး ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်လိုက်တိုင်း ပူလောင်သော အသက်ရှုသံများထွက်ပေါ်လာသည်။

"တိမင်..... မင်းရဲ့ မျိုးနွယ်စုအားလုံးကို ပို့လိုက်ပြီလား......"

မီးတောက်နေသောသူက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သွေးချီအရိုးပိုးကောင် ကို စိုက်ကြည့်နေသည်။

တိမင်ဟုလူသိများသော သွေးချီအရိုးပိုးကောင်က ...... "ဒါဆို စလိုက်ကြစို့...ကျူရုန်မျိုးနွယ်စုက ခွန်အားအပြည့်နဲ့ ထွက်လာတာလား?"

မီးတောက်နေသောသူက ရက်စက်သော အပြုံးကို ထုတ်ဖော်ပြီး.....

" ငါတို့ လူသားတွေနဲ့တိုက်ခိုက်ပြီးမှ ညှိနှိုင်းကြတာပေါ့....."

All Chapters