← Chapters

အသက်ရှည်ဆေး.....နတ်ဘုရားဇီဟွမ်း......

Vol. 22 Ch. 329

အသက်ရှည်ဆေး.....နတ်ဘုရားဇီဟွမ်း......

Vol. 22 Ch. 329

မီးတောက်လူသားများ တညီတညွတ်တည်း မစုရုံးမီ မြို့များဆီမှ စတင်၍ အသံဗလံများ ထွက်ပေါ်လာပြီး ပြည်နယ်တစ်ခုလုံးတွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ တောင်တပြင်လုံးရှိ စစ်သည်များ တယောက်ပြီး တယောက် မတ်တပ်ရပ်လိုက်ကြသည်။

စစ်ပွဲစပြီ.......

ငြိမ်သက်နေသော လျင်မြန်စွာသက်ဝင်လာသော်လည်း မည်သူမျှ ထိတ်လန့်ခြင်းမရှိ။ ပြည်နယ်အများအပြား၏ စစ်တပ်များက ကြိုတင် ပြင်ဆင်ထားပြီးဖြစ်သည်။ ကံတရားကိုအသုံးပြု၍ ရှုထျန်းကျီက စစ်ပွဲတွင် ပါ၀င်နေသော စစ်သည်များအားလုံးထံသို့ အသံတစ်ခု ပေးပို့ခဲ့သည်။ တပ်သားများ နယ်ခြားမြို့များဆီသို့ အပြေးအလွှားသွားကာ ရှည်လျားသော နဂါးကြီးသဏ္ဍာန်နေရာယူထားကြသည်။

ရောက်ရှိလာသော စစ်သည်များအားလုံး အနည်းဆုံး အစစ်အမှန်နတ်ဘုရားနယ်ပယ်ရောက်နေကြပြီ။ ထို့ကြောင့် စစ်သည်များ လေထဲတွင် ပျံသန်းန်ိုင်ကြသည်။ မြေပြင်ပေါ်ရှိ စစ်သားများအတွက်မူ ၎င်းတို့သည် ရိက္ခာများ၊ လက်နက်များနှင့် အခြားကုန်ပစ္စည်းများ သယ်ယူရန် တာဝန်ရှိသော ထောက်ပံ့ပို့ဆောင်ရေးတပ်များဖြစ်သည်။

မိုးကုပ်စက်ဝိုင်းအဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော သက်ရှိများ စုစည်းနေသည်။ ၎င်းတို့အားလုံးက သွေးချီအရိုးပိုးကောင်များဖြစ်ကြပြီး ၎င်းတို့၏အသွင်အပြင်က ထျန်းကျင်း၏စစ်သားများအား ကြီးမားသောဖိအားပေးမှုကို ခံစားရစေသည်။

မြို့တော်တံတိုင်းတွင်.....

ကျန်းထျန်းမင်က အဝေးမှ ရန်သူများကို စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။

ဒါဟာ သူ့ရဲ့ ပထမဆုံး စစ်ပွဲဖြစ်သည်။

ယန်ကျောက်နှင့် ကြယ်စင်ဆယ့်ရှစ်ပါးက လုံချီဘုရားကျောင်းအနီးတွင်ရှိနေကြပြီး လက်ရှိအခြေနေအကြောင်း ကျန်းထျန်းမင်ကို မိတ်ဆက်ပေးကြသည်။ကျန်းထျန်းမင် သတိလက်လွတ်မပြုမုဖို့သာ သူတို့ မျှော်လင့်ခဲ့ကြသည်။

မြို့ရိုးတွေပေါ်မှာ စစ်တပ်က အနေရာယူထားပြီး ရန်သူပေါ်လာသော်လည်း တပ်မတော်သည် စည်းစနစ်တကျရှိနေဆဲဖြစ်ပြီး အနည်းငယ်ထိတ်လန့်ခြင်းမရှိပေ။ သူတို့အားလုံးမှာ ယုံကြည်ချက်ရှိကြသည်။ အမည်မသိ အင်အားကြီးသောရန်သူနှင့် ရင်ဆိုင်ရသော်လည်း သူတို့၏ကြောက်ရွံ့မှုများ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

"ငါ ဦးဆောင်မယ်!"

ကျန်းထျန်းမင် ထိုစကားကို ပြောပြီးနောက် မြှားတစ်စင်းလို ရုတ်တရက် ပျံသန်းသွားသည်။

ယန်ကျောက် ထိတ်လန့်သွားပြီး အလျင်အမြန် လိုက်သွားခဲ့သည်။ ဒီကလေးက တာအိုဘိုးဘေးရဲ့ အဖိုးတန်မျိုးဆက်ဖြစ်တာကြောင့် သူ့ကို ကာကွယ်ရပေမည်။ ကြယ်ဆယ့်ရှစ်ပါးလည်း သူ့နောက်သို့ ချက်ချင်းပင် လိုက်လာသည်။

ဤအခင်းအကျင်းကို စစ်သားများ မြင်ပြီး စအချင်းချင်း ဆွေးနွေးကြသည်။ မကြာခင်မှာပဲ ကျန်းထျန်းမင်ရဲ့ နာမည်ကို သိလိုက်ကြရသည်။

ထျန်းကျင်း၏ ကြီးကျယ်မြင့်မြတ်သော ဘုရင်သုံးပါးထဲမှ တစ်ပါး.......

ကျန်းထျန်းမင်၏ ဝိသေသလက္ခဏာကို သိပြီးနောက် စစ်တပ်တစ်ခုလုံး၏ စိတ်ဓာတ်များ မြင့်တက်လာခဲ့သည်။

ဝုန်းးးးး

မိုးကုတ်စက်ဝိုင်းမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ကျန်းထျန်းမင်၏ စစ်မှန်သောချီဓာတ်များ တဟုန်ထိုး မြင့်တက်လာပြီး သူ့နဖူးပေါ်မှ ဒေါင်လိုက်မျက်လုံးဆီမှ သွေးရောင်အလင်းတန်းတစ်ခုကို ရန်သူများထံ ပစ်လွှတ်လိုက်သည်။ ထယန်ကျောက် နှင့် ကြယ်ဆယ့်ရှစ်ပါးတို့လည်း တိုက်ပွဲထဲ လျင်မြန်စွာ ပါဝင်လာကြသည်။

ဤသွေးချီအရိုးပိုးကောင်က ကြီးမားပြီး သဲမုန်တိုင်းများကို လှုံ့ဆော်ပေးနိုင်သည်။ စစ်ပွဲစပြီး သိပ်မကြာခင်မှာပဲ သဲမုန်တိုင်းတွေ တိုက်ခတ်လာပြီး ကောင်းကင်မှာ အဝါရောင်သဲတွေ ပြည့်နှက်နေသည်။

ဤသည်မှာ စတင်တည်ထောင်ချိန်မှစ၍ ထျန်းကျင်း၏ ပထမဆုံးစစ်ပွဲဖြစ်သည်။

ကျယ်ဝန်းသောခန်းမတစ်ခုတွင် အပြာရောင်မီးတောက် လောင်ကျွမ်းနေသော ဆီမီးခွက်များကို ခရမ်းရောင်ကျောက်စာတိုင်များပေါ်တွင် ချိတ်ဆွဲထားသောကြောင့် ခန်းမအတွင်း၌ အုံ့မှိုင်းခြင်း၊ မွန်းကြပ်ခြင်းနှင့် မှောင်မိုက်ခြင်းတို့ကို ဖြစ်စေသည်။

လူနှစ်ယောက် ကုလားထိုင်ပေါ်တွင် ထိုင်ကာ သူတို့ရှေ့တွင် လွင့်နေသော အလင်းဖန်သားပြင်ကို ကြည့်နေကြသည်။

ကျန်းထျန်းမင်နှင့် အခြားသော လူမျိုးခြားများ ဆန့်ကျင်တိုက်ခိုက်နေသည့် မြင်ကွင်းကို ကြည့်နေကြခြင်းဖြစ်သည်။

"သိုင်းတာအိုကမ္ဘာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတာက ဘာလဲ....."

စကားပြောသူမှာ ခရမ်းရောင်၀တ်ထားသော အမျိုးသမီးဖြစ်သည်။ သူမသည် ချောမောပြေပြစ်ပြီး လှပသောအသွင်အပြင်ရှိသည်။

သူမဘေးမှာ ထိုင်နေတဲ့ အပြာရောင်ဝတ်ထားသာက ရွှေရောင်သရဖူကိုဆငိမြန်းထားသည်။ အနက်ရောင်ဆံစနှစ်စကို ပါးပြင်ပေါ်ချထားပြီး ချောမောသောအသွင်အပြင်ရှိသော်လည်း သူ့မျက်လုံးများက လခြမ်းပုံသဏ္ဍာန်ရှိပြီး မြွေတစ်ကောင်လို အဆိပ်ပြင်းလှသည်။

သူသည် မဟာကန္တရမင်းဆက်၏ နတ်ဘုရားဖြစ်သည်။

မဟာကန္တရမင်းဆက်နတ်ဘုရားက ......

“ဒါက ငါ့ရဲ့ သိုင်းတာအိုကမ္ဘာပါ.... လက်ရှိမှာ မျိုးကွဲတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ရင်ဆိုင်နေရတယ်.... သူဘယ်ကမ္ဘာက ဝင်လာမှန်း မသိဘူး.... သူရှိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိထားပေမယ့် သူ့ကံကြမ္မာကို စူးစမ်းလို့မရဘူး..ဒါ့အပြင် သူအဆင့်တက်တိုင်း ကောင်းကင်နဲ့မြေပြင်က စည်းမျဉ်းတွေပါ လက်မခံနိုင်ဖြစ်နေကြတယ်....."

ခရမ်းရောင်ဝတ် အမျိုးသမီးက မျက်ခုံးပင့်ကာ......

“အိုး? ဒါဆို သူ့ရဲ့သိုင်းတာအိုက ရှင်နဲ့မတူတာကြောင့် သိုင်းတာအိုကမ္ဘာက သူ့ကို ငြင်းပယ်နေတာပေါ့.... ဒါပေမယ့်လည်း ဘိုးဘေးတွေဖြစ်နေကြပြီမို့ သိုင်းတာအိုကမ္ဘာရဲ့အရေးကိစ္စတွေကို ကျွန်မ ဝင်ရောက်စွက်ဖက်လို့မရဘူး...ဒါ့အပြင် နတ်ဘုရားအရှင်ကလည်း ရှင့်ကိုကျေမနပ်ဖြစ်နေပြီ.....”

သူမစကားပြောနေစဉ်တွင် အလင်းဖန်သားပြင်တွင်မြင်နေရသော တိုက်ပွဲကြောင့် သူမကို ဆွဲဆောင်ခံခဲ့သည်။

“ဟေ့.... ဒီကလေးက တော်တော် အရည်အချင်းရှိတယ်....ရှင့်ရဲ့ သိုင်းတာအိုကမ္ဘာမှာ ဒီလိုမျိုး ပါရမီရှင်တစ်ယောက်ရှိနေမယ် ထင်မထားဘူး ....."

သူမက ကျန်းထျန်းမင်ကို သဘောကျစွာ စိုက်ကြည့်နေသည်။

မဟာကန္တရမင်းဆက်နတ်ဘုရားပ ကူကယ်ရာမဲ့စွာဖြင့်... " ကျုပ်တို့ သူ့ကိုဒီအတိုင်း ထားခဲ့ရင် ကျူပ်ကမ္ဘာကြီးကို သိမ်းသွားလိမ့်မယ်....”

ခရမ်းရောင်ဝတ် အမျိုးသမီးက..... “သူ့ကိုရှင့်ဘက်ပါအောင်ဆွဲဆောင်ဖို့ မကြိုးစားဖူးလား” လို့ မေးတော့ နတ်ဘုရားဆိုသူက နှုတ်ဆိတ်နေသည်။

ခရမ်းရောင်ဝတ် အမျိုးသမီးက သူ့ကို တစ်ချက်ကြည့်ကာ စကားမပြောတော့ပေ။

တစ်ချိန်တည်းမှာပင် မြင်နေရသော တိုက်ပွဲမြင်ကွင်း ပြောင်းလဲသွားသည်။

သွေးချီအရိုးပိုးကောင်အရေအတွက် ပိုများလာပြီး ကောင်းကင်မှ ဆင်းလာသော ကြယ်များကဲ့သို့ပင် မရေမတွက်နိုင်သော မီးလုံးများလည်း ကောင်းကင်မှ ဆင်းသက်လာသည်။

ကျူရုန်မျိုးနွယ်စုတွေ စတင်တိုက်ခိုက်ပြီ......

မျက်စိဖြင့် မြင်နိုင်သလောက်အကွာအဝေးတွင် ကောင်းကင်၌ မရေမတွက်နိုင်သော သွေးချီအရိုးပိုးကောင်များနှင့် မီးလုံးများ ရှိနေသည်။ ဤမြင်ကွင်းက ထျန်းကျင်း စစ်သားများအတွက် စိတ်ကူးမယဉ်နိုင်သော ဖိအားများပေးဆောင်လာခဲ့သည့်အကျပ်အတည်းတစ်ခုနှင့် ဆင်တူသည်။

"အမှိုက်ကောင်တွေ သေကြစမ်း!"

တပြည်လုံးကြားနိုင်သည့် ကျယ်လောင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။

ကြီးမားသော မီးတောက်များ သေးငယ်သွားပြီး အနီရောင်မီးလျှံထဲတွင် နစ်မြှုပ်နေသော အမျိုးသားတစ်ဦး၏ ပုံသဏ္ဍာန်ကို မြင်တွေ့ရသည်။ ထိုသူသည် ပျံဝဲနေချိန်တွင် နတ်ဆိုးတစ်ကောင်နှင့်တူပြီး သူ၏ကြောက်မက်ဖွယ်ဖိအားများက ကုန်းမြေတခွင်ကို လွှမ်းခြုံထားသည်။

"ဟမ်!"

ရုတ်​တရက်​ပင်​ ​အေးစက်​​သော​လေသံ​ကြောင့်​ ​ထျန်းကျင်းတပ်​သားများအားလုံး တုန်​လှုပ်​သွားသည်​။ သူတို့အားလုံးက ဒီအသံနဲ့ ရင်းနှီးပြီးသားပင်...

ဧကရာဇ်!တာအိုဘိုးဘေး!!!!!

တခဏချင်းမှာပဲ အပြာရောင်ဓားရိပ်တစ်ခုက မြို့ရဲ့အပေါ်ကို လွှမ်းခြုံသွားကာ ပေတစ်သောင်းရှည်လျားသည်။ ဓားရိပ် ရုတ်တရက် တုန်ခါသွားပြီး အရွယ်အစားတူသော ဓားအရိပ်များအဖြစ်သို့ ပျံ့နှံ့သွားကာ ကျုရုန်မျိုးနွယ်နှင့်သွေးချီအရိုး စစ်တပ်ကို ချိန်ရွယ်ထားသည်။

"အဲဒါက!!!!...."

ခရမ်းရောင်ဝတ် အမျိုးသမီးသည် ရုတ်တရက် ရှေ့သို့တိုးလာကာ သူမ၏ လှပသော မျက်လုံးများပင် ကျဉ်းမြောင်းသွားသည်။

မဟာကန္တရမင်းဆက်နတ်ဘုရားကတော့ ပျက်ယွင်းနေသောမျက်နှာထားဖြင့်.....

" ကျုပ် မျိုးနွယ်စုအားလုံးကို စုပေါင်းပြီး သူ့ကိုရင်ဆိုင်နေတာတောင် မလွယ်ကူဘူး....မျိုးနွယ်စုတွေက ကျုပ်အတွက် အချိန်ဆွဲပေးရုံပဲတတ်နိုင်လိမ့်မယ်....အရှင်ဇီဟွမ်း ကျုပ်ကို ကူညီပေးပါ....ကောင်းကင်မြစ်က အရှင်ဇီဟွမ်းရဲ့ထိန်းချုပ်မှုအောက်မှာမို့ ကျုပ်ကို အနှေးနဲ့အမြန် ကူညီမှဖြစ်မယ်...."

အရှင်ဇီဟွမ်း ဟုခေါ်သော ခရမ်းရောင်ဝတ် အမျိုးသမီးက ချက်ချင်းပြန်မဖြေဘဲ ယင်းအစား အခြေအနေကို စေ့စေ့ကြည့်နေသည်။ ထောင်ပေါင်းများစွာသော စိတ်ဝိညာဉ်အာရုံခံနတ်ဘုရား​ဓားများ ပေါင်းစည်းကာ ကမ္ဘာကို ဖျက်စီးနိူင်သည့် မြစ်တစ်စင်းကဲ့သို့ လွင့်စင်သွားသည်။ သူတို့သည် အလင်းဖန်သားပြင်ထဲတွင် လျင်မြန်စွာ ကျယ်ပြန့်လာသည်။ မကြာခင်မှာပင် အလင်းဖန်သားပြင် ရုတ်တရက် ကွဲအက်သွားပြီး အတွင်းဘက်ကမြင်ကွင်း ပြတ်တောက်သွားသည်။

နတ်ဘုရားဇီဟွမ်း တုန်လှုပ်သွားပြီး....

“ဒီလူရဲ့ စွမ်းအားက ဒီနေရာကို အမှန်တကယ် သက်ရောက်နိုင်တယ်.... ဒီလောက်သန်မာနေတာတောင် ကောင်းကင်နဲ့မြေပြင်က သူ့ကို မငြင်းပယ်နိုင်ဘူး....."

မဟာကန္တရမင်းဆက်၏ နတ်ဘုရားက..... “သူက လူသားမျိုးနွယ်မာ မွေးဖွားခဲ့ပြီး ကျုပ်ရဲ့ သိုင်းတာအိုကမ္ဘာကနေ ထွက်သွားဖို့ ဆန္ဒမရှိဘူး.... သူက ကျုပ်ကမ္ဘာကို ဆန့်ကျင်ဖို့ ကြံစည်နေတယ်....."

အရှင်ဇီဟွမ်း တိတ်ဆိတ်နေ၏။

“အရှင်ဇီဟွမ်း ကျုပ်ကို ကူညီပေးမယ်ဆို သက်ရှည်ဆေးလုံးဖော်စပ်ပေးပါ့မယ်...."

“အသက်ရှည်ဆေး? ရှင့်ရဲ့ ကမ္ဘာကြီးကို ဂရုစိုက်နေသေးတာ မထူးဆန်းတော့ဘူး...ရှင် ကမ္ဘာတစ်ခုတည်းရဲ့ စွမ်းအားကို ဘာကြောင့် အရမ်းစွဲလမ်းခဲ့တာလဲလို့ တွေးခဲ့ဖူးတယ်... ဒီကိစ္စကို ဖော်ထုတ်ရင်.."

“မင်းမပြောရင် ကျုပ်လည်း မပြောဘူး....ဒါဆို ဘယ်သူသိမှာလဲ? အဲဒီနောက်ပိုင်း နတ်ဘုရားအရှင် သတိပြုမိသွားရင်တောင် ကျုပ်တစ်ယောက်တည်းမှာပဲ တာဝန်ရှိတယ်......”

“အသက်ရှည်ဆေးက လှည့်စားမှုတစ်ခုပဲ....ကောင်းကင်နဲ့မြေပြင်မီးပြင်းဖိုအစီအရင်ကသာ ပိုစွမ်းထက်တာမလား...."

“ဟမ့် ကျုပ် ကျွမ်းကျင်သွားရင် မင်း နားလည်လာပါလိမ့်မယ်...ဒါ့အပြင် ကျုပ်ရဲ့ ကမ္ဘာကြီးကို လူသားများက လွှမ်းမိုးထားတာမျိုးမဖြစ်စေချင်ဘူး..... အောက်ကမ္ဘာကို ဆင်းပြီး လူသားမျိုးနွယ်ကို သုတ်သင်လိုက်တဲ့အခါ ဒီကမ္ဘာကြီးကို တခြားမျိုးနွယ်တွေ လွှမ်းမိုးသွားလိမ့်မယ်.....ဒီကိစ္စကို ဖော်ထုတ်ခဲ့မယ်ဆိုရင်တောင် နတ်ဘုရားအရှင်က အများဆုံး မကျေမနပ်ဖြစ်ရုံလောက်ပဲ...ကျုပ် ကို အပြစ်ပေးမှာ မဟုတ်ဘူး...ရွှမ်းဟွမ်ကမ္ဘာကို လူသားတွေ လွှမ်းမိုးထားပြီး လူသားမျိုးနွယ် ထွန်းကားလာမှုက သောင်းနှင့်ချီတဲ့ မျိုးနွယ်စုတွေရဲ့ အရိုးတွေကို အခြေခံထားတာ..... ကျုပ်ကဒီကမ္ဘာ​ကြီး​ကို အဆုံးမသတ်သေးဘဒ ရက်စက်​ကြမ်း​ကြုတ်​တဲ့ သား​ရဲ​လှောင်​အိမ်​အဖြစ် ပြောင်း​လဲ​ပစ်မယ်....”

မဟာကန္တရမင်းဆက် ဘုရားသခင်၏ လေသံတွင် ရူးသွပ်မှုနှင့်အေးစက်ခြင်းတို့ပြည့်နှက်နေသည်။

သူက နတ်ဘုရားဇီဟွမ်းကို စိုက်ကြည့်ကာ......

"ကျုပ်တို့ အထက်ကိုတက်လှမ်းပြီး သက်တမ်းက ရှည်နေပေမယ့် တစ်နေ့သေရမှာပဲ.... လောင်းကစားမလုပ်ချင်ဘူးလား..... ဖြစ်နိုင်ချေရှိတဲ့ ရလဒ်တွေနဲ့ ယှဉ်ရင် မင်းဘက်ကပေးရတဲ့ စျေးနှုန်းက တန်ကြေးမများပါဘူး....”

အရှင်ဇီဟွမ်းဘာတွေတွေးနေလဲဆိုတာ ဘယ်သူမှမသိနိုင်ခဲ့ပေ။ ခဏအကြာတွင်.....

“ကောင်းပြီ....ရှင့်အတွက် ခြွင်းချက်တစ်ခုထားပေးမယ်.....”

မဟာကန္တရနတ်ဘုရားက ပြုံးပြီး သူ့ဝတ်ရုံထဲက သစ်သားသေတ္တာကို ထုတ်လိုက်ကာ..... "အကူအညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်......"

ဝုန်းးးးးဝုန်းးးးးဝုန်းးးးးးးးးး

ကမ္ဘာမြေပြိုကျလောက်သော လေပြင်းများ တိုက်ခတ်ကာ ထျန်းကျင်း၏ စစ်သားများ မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် လှိုင်းလုံးများကို တွန်းလှန်ရန်အတွက် အစီအရင်တခခု ဖန်တီးခဲ့ကြသည်။ အချို့သော အဆင့်မြင့်ပညာရှင်များပင် မျက်လုံးဖွင့်ကြည့်ရန် မတတ်နိုင်ကြပေ။ မရေမတွက်နိုင်သော အပြာရောင်ဓားရိပ်များက ရန်သူကို ဗုံးကြဲတိုက်ခိုက်နေသည်ကို တွေ့လိုက်ရပြီး ကမ္ဘာကြီးကို အရောင်ပျက်သွားစေသည့် ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာသည်။

ကျန်းထျန်းမင်၊ ယန်ကျောက်နှင့် အခြားလူများ မလှုပ်ဝံ့ဘဲ စုရုံးနေကြသည်။

"ငါတို့တကယ်အဆင်ပြေပါတယ်...."

"ဟုတ်တယ်... ဧကရာဇ်မင်းရဲ့စစ်မှန်တဲ့ချီ ထိန်းချုပ်မှုကို ငါတို့ ဘယ်လိုမြင်နိုင်မလဲ.....”

“အရမ်း အစွမ်းထက်တယ်။ မယုံကြည်နိုင်လောက်တဲ့ ရန်သူတွေ ချက်ခြင်းပဲ ပြာတွေ ဖြစ်သွားပြီ......”

“အဘိုး ငါ့အတွက် လေ့ကျင့်ဖို့ ချန်ထားပေးမယ် ထင်ပါရဲ့....”

ပေါက်ကွဲသံများ နေရာတိုင်းတွင် ဖြစ်ပွားနေပါသည်။ အသားနှင့်သွေးစများ နေရာတိုင်းသို့ ပျံ့သွားကာ မီးတောက်များကဲ့သို့ ပြန့်ကျဲနေသည်။

ကျန်းထျန်းမင်အနေနှင့် ကျန်းချန်ရှန်း တိုက်ခိုက်မှုကို ယခင်က မြင်ဖူးသောကြောင့် သူ မတုန်လှုပ်ခဲ့ပေ။ အဲဒီအစား သူ့အဘိုး ရန်သူတွေအားလုံးကို သတ်ပစ်မှာကိုပင် စိုးရိမ်နေရသည်။

ကျူရုန်မျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်သော မီးတောက်လူသား ပြင်းထန်သောအလင်းရောင်ထဲမှ ပြေးထွက်လာပြီး လက်သီးဖြင့်ထိုးလိုက်သည်။ အဆုံးမဲ့မီးတောက်များက ကောင်းကင်နှင့်မြေကြီးကို လောင်မြိုက်စေနိုင်သော ရောင်ဝါဖြင့် အဝေးကမြို့ဆီသို့ ပြေးလာခဲ့သည်။ သို့သော် နောက်တစ်စက္ကန့်တွင် စိတ်ဝိညာဉ်ဓားတစ်စင်းက မီးပင်လယ်ကိုကျော်ဖြတ်က သူ့ရင်ဘတ်ကို အလွယ်တကူဖောက်ထွင်းသွားသည်။

ထိုသူ မယုံကြည်နိုင်ဟန်ဖြင့်မျက်လုံးပြူးသွား၏။

“ဘယ်လိုဖြစ်နိုင်မှာလဲ… ငါက အဆင့်ရှစ်....…”

သူ့ခန္ဓာကိုယ် တင်းမာသွားသလို သူ့အသံလည်း တုန်ရီနေသည်။ သူ့ခန္ဓာကိုယ်ရှိ သွေးကြောများကို ဖြတ်တောက်ထားသောကြောင့် မလှုပ်ရှားနိုင်ပေ။

သူ့မျက်လုံးထဲတွင် အပြာရောင်ဓားရိပ်တစ်ခု လျင်မြန်စွာ ကျယ်ပြန့်လာသည်။ ပေါက်ကွဲသံနှင့်အတူ အခြား စိတ်ဝိဉာဉ်နတ်ဓားများက သူ့ခေါင်းကို ဖြတ်တောက်သွားလေသည်။

သိုင်းဧကရာဇ်များ၏ခန္ဓာကိုယ်က ဖျက်ဆီး၍မရသော်လည်း ကျန်းချန်ရှန်း ၏ အစွမ်းထက်သော မှော်စွမ်းအားကို ရင်ဆိုင်ရချိန်တွင် သိုင်းဧကရာဇ်ပင်လျှင် ပုရွက်ဆိတ်မျှသာ ဖြစ်သည်။

သိပ်မကြာခင်မှာပဲ စိတ်ဝိဉာဉ်နတ်ဓားများရပ်တန့်သွားသကာ တိုင်းတစ်ပါးသား မျိုးနွယ်နှစ်ခုစလုံးကို မသတ်ကြသော်လည်း မလှုပ်ရှားဝံ့ဘဲ ငြိမ်နေကြသည်။ ယခင်က ၎င်းတို့ထဲမှ အချို့ လွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း အချို့သော စိတ်ဝိဉာဉ်ဓားများနှင့် ထိမိသွားကြသည်။ ဒီအချိန်မှာ သူတို့ မလှုပ်မရှားနေသရွေ့ ထိခိုက်မှုတွေ ရှိမှာမဟုတ်ဘူးဆိုတာ သူတို့ သဘောပေါက်သွားကြသည်။

"သတ်!

ရှုထျန်းကျီ၏အော်သံ စစ်သားအားလုံး၏ စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။ ထျန်းကျင်း၏ စစ်သည်မျာ အမူအရာ တခဏချင်း ပြောင်းလဲသွားသည်။ တစ်ပြိုင်နက်တည်း မြှားထောင်ပေါင်းများစွာ ပစ်ခံရသလို သူတို့အားလုံးသည် မိုးကုတ်စက်ဝိုင်းဆီသို့ ပျံသန်းသွားကြသည်။

ဤမြင်ကွင်း ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားမည်နည်း.....

၎င်းသည် လူသားများ၏ အစုလိုက်အပြုံလိုက် အရေအတွက်ကို မျက်ဝါးထင်ထင် ရောင်ပြန်ဟပ်စေသည်။

အဝေးက ပြည်နယ်မြို့တော်က နန်းတော်တစ်ခုတွင်..........

ကျန်းချန်ရှန်း၏ကိုယ်ပွားက မျက်လုံးများကိုဖွင့်၍ မျက်မှောင်ကြုတ်ကာ......

"တခုခုတော့ လွဲနေပြီ.... တစ်ယောက်ယောက် ငါ့ကို စူးစမ်းနေတာ......"

သူသည် ခေါင်းကို ဖြည်းညှင်းစွာ မြှောက်မော့လိုက်ပြီး နန်းတော်အပြင်ဘက်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။

မဟာကန္တရမင်းဆက်၏နတ်ဘုရား သူ့ကို စူးစမ်းနေမှန်း သူ မှန်းဆမိသည်။

ကောင်းကင်ဘုံမှ တစ်စုံတစ်ယောက်က လောက၏အရေးကိစ္စများကို အမှန်တကယ် ဝင်ရောက်စွက်ဖက်နိုင်မည်လော......

ဤသည်မှာ ပြင်ပကမ္ဘာ နတ်ဆိုးမြစ် မကြာခင်ဆိုက်ရောက်လာနိုင်သည်ဟု ဆိုလိုသည်။ ဤတိုက်ပွဲကို မြင်တွေ့ပြီးနောက် မဟာကန္တရမင်းဆက်၏နတ်ဘုရား ငြိမ်နေမည် မဟုတ်ပေ။

ကျန်းချန်ရှန်း မတ်တပ်ရပ်လိုက်သည်။ နိုမျိုးနွယ်နှစ်ခုရဲ့ နောက်ကွယ်က ကျွမ်းကျင်သူတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူ့အနေဖြင့် ကောင်းကင်နယ်ပယ်အထက်က ကျွမ်းကျင်သူများအားလုံးနှင့် ဆက်ဆံရန် ပြင်ဆင်ထားသည်။ ကျန်ရှိသည့်အရာများကို ထျန်းကျင်း စစ်သားများအတွက် လေ့ကျင့်ရေးပစ္စည်းအဖြစ် ချန်ထားခဲ့မည်ဖြစ်သည်။

All Chapters