← Chapters

လူသားမျိုးနွယ်၏မူလအစ.....

Vol. 22 Ch. 330

လူသားမျိုးနွယ်၏မူလအစ.....

Vol. 22 Ch. 330

ဧရာမရုပ်သွင်ကြီးသည် ကောင်းကင်မှဆင်းသက်လာပြီး မရေမတွက်နိုင်သော ကျောက်စရစ်ခဲများကို ဖြိုခွင်းကာ တောင်တန်းများပေါ်သို့ ထိုးကျသွားသည်။

တိမင်က သွေးချီအရိုးပိုးကောင်မျိုးနွယ်ဝင်ဖြစ်သည်။ ထိုအချိန်တွင် သူ၏အရိုးချပ်ဝတ် ကွဲအက်ကာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး အလွန်စုတ်ပြတ်နေသည်။

ခက်ခက်ခဲခဲ မျက်လုံးဖွင့်ပြီး ကြည့်လိုက်တော့ ကျန်းချန်ရှန်းက သူ့နောက်တွင် အဆုံးမရှိသော အလင်းတန်းတစ်ခု ရှိနေသကဲ့သို့ တောက်ပသော နေရောင်ကို ဆန့်ကျင်ကာ အမြင့်တွင် ရပ်နေသည်။

“မင်း… မင်းက ဘယ်သူလဲ… သေချာပေါက် မင်းက သိုင်းဧကရာဇ်မဟုတ်ဘူး…”

တိမင် ကြောက်ရွံ့ပြီး စိတ်ပျက်အားငယ်နေအသံနဲ့ မေးလိုက်သည်။ သး

သူသည် မဟာကန္တရကို နှစ်ပေါင်း တစ်သောင်းနီးပါး စိုးမိုးခဲ့ပြီး အမျိုးမျိုးသော သိုင်းဧကရာဇ်များကို တိုက်ခိုက်ခဲ့သော်လည်း ပြိုင်ဘက်က ဤမျှ အစွမ်းထက်သည်ကို တစ်ခါမျှ မခံစားခဲ့ရပေ။

သူ့အစွမ်းသတ္တိက လုံးဝပြောဖို့မထိုက်တန်ဘူးလို့ ခံစားမိပြီး ကွာဟချက်က ကြီးမားလွန်းလှသည်။

တဖက်လူက သိုင်းဧကရာဇ်နယ်ပယ်ကို ကျော်လွန်သွားသည်မှာ သေချာသည်။

ကျန်းချန်ရှန်းက မဟာတာအို မျက်လုံးများကို ဖွင့်လိုက်ပြီး ရွှေရောင် အလင်းတန်းများ ကျဆင်းလာကာ တိမင်၏မှတ်ဉာဏ်ကိုစစ်ဆေးနေသည်။

ခဏအကြာတွင်၊ ကျန်းချန်ရှန်း ရွှေရောင်အလင်းတန်းကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့လက်ကို မြှောက်ပြီး လက်ညိုးနဲ့ မှော်အစွမ်းကိုပစ်လွှတ်ကာ တိမင်၏ဦးခေါင်းကိုဖြတ်တောက်ပြီး ၎င်း၏ဝိညာဉ်ကို မောင်းထုတ်ခဲ့သည်။

ဤပြည်ပမျိုးနွယ်များအတွက် ကျန်းချန်ရှန်းအနေဖြင့် ၎င်းတို့၏ အသက်ဓာတ်ကို ဖြတ်တောက်ပြီး ၎င်းတို့၏ ဝိညာဉ်များကို မဖျက်ဆီးဘဲ လူဝင်စားခွင့် ပေးမည်ဖြစ်သည်။

ကျန်းချန်ရှန်း ထိုနေရာက ပျောက်ကွယ်သွားပြန်သည်။

[အင်မော်တယ်ခေတ်၏ 20 နှစ်တွင်၊ သဲမျိုးနွယ်စုနှင့် ကျုရုန်မျိုးနွယ်စုတို့က လူသားမျိုးနွယ်ကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခဲ့ပြီး မျိုးကွဲအဖြစ် သတ်မှတ်ခံထားရသော သင့်ကို သတ်ရန်ကြံစည်ခဲ့သည်။ သင်သည် အချိန်မီရပ်တန့်နိုင်ခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ် ယင်ယန်ရှာဖွေခြင်းတာအိုဝတ်ရုံကိုရရှိသည်။]

ကျန်းချန်ရှန်း ရှေ့မှာ အကြောင်းကြားချက်တစ်ခု ပေါ်လာသည်။

ကျုရုန်မျိုးနွယ်စု?

သူ့ရှေ့မှာ ချင်းလျန်မျိုးနွယ်စုနဲ့ ကျုရုန်မျိုးနွယ်စု ရှိတယ်...... ဤအမည်နှစ်ခုကို သူ၏ယခင်ဘဝကလည်း ကြားဖူးသည်။

အားလုံးကို ဒီလိုမျိုး စုစည်းဖို့ မဖြစ်နိုင်ပေ......

ကမ္ဘာမြေကြီးက ဤကမ္ဘာနှင့် ဆက်စပ်နေနိုင်သည်။

ဤအတိုင်းဆို တစ်နေ့တွင် သူသည် ကမ္ဘာမြေကို ကြည့်ရှုရန် ပြန်သွားနိုင်ပေမည်။

ကျန်းချန်ရှန်းက ကမ္ဘာမြေအပေါ် အစွဲအလမ်းကြီးသူမဟုတ်သော်လည်း သူပြန်သွားနိုင်ခဲ့လျှင် ကမ္ဘာမြေတွင် မည်သည့်ခေတ်ရောက်နေသည်ကို မြင်ချင်သည်။

သူသည် ယင်ယန်ရှာဖွေခြင်းတာအိုဝတ်ရုံ အချက်အလက်များကို အမွေဆက်ခံခဲ့သည်။ ဤမှော်ရတနာက မွေးရာပါစွမ်းအင်များမှ ပေါင်းစပ်ဖွဲ့စည်းထားပြီး ခုခံမှုကန့်သတ်ချက်များရှိသည်။ ကံတရား သို့မဟုတ် ကံကြမ္မာ၏သက်ရောက်မှုမရှိဘဲ သူ့ကိုနားလည်နိုင်စွမ်း တိုးစေနိုင်သည်။ တာအိုကို နားလည်သောအခါ၊ ဤဝတ်ရုံက သူ့အား အလိုအလျောက် ကာကွယ်ပေးမည်ဖြစ်သည်။

ကျန်းချန်ရှန်း ယင်ယန်ရှာဖွေခြင်းတာအို ၀တ်လုံကို ထုတ်ယူခဲ့သည်။ ၎င်းသည် အဖြူရောင် ၀တ်ရုံတစ်ထည်သာဖြစ်ပြီး ရွှေရောင်ဖျော့ဖျော့သန်းနေသည်။ ၎င်း၏အသွင်အပြင်က သာမန်ဆန်သော်လည်း ထူးထူးခြားခြား အသွင်အပြင် ထွက်ပေါ်လာသည်။

နောက်ဆုံးတွင် သူသည် မဟာငှက်မွှေးဝတ်လုံကို အစားထိုးနိုင်ခဲ့ပြီဖြစ်သည်။

၀တ်စုံနှစ်ခုလုံးကို တစ်ချိန်တည်းဝတ်ထားရင် ပိုလုံခြုံနိုင်မလားလို့လည်း တွေးနေမိသည်။

ကျန်းချန်ရှန်းက ယင်ယန်ရှာဖွေခြင်း တာအိ ၀တ်လုံ၏ ကန့်သတ်ချက်ကို ဖယ်ရှားပြီး သူ့ကိုသခင်အဖြစ် အသိအမှတ်ပြုစေခဲ့သည်။

ထျန်းကျင်းက နိုင်ငံခြားမျိုးနွယ်စုနှစ်ခုကို အပြီးအပြတ်အောင်နိုင်ခဲ့သည်။

ဤသတင်းက ထျန်းကျင်း၏ပြည်နယ်များတစ်လျှောက်တွင် လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး ထျန်းကျင်းနိုင်ငံသားများကို စိတ်လှုပ်ရှားစေသည်။ ဤတိုက်ပွဲတွင် သဲမျိုးနွယ်စုနှင့် ကျုရုန်မျိုးနွယ်စုတို့၏ အလောင်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး ထျန်းကျင်းအတွက် သိုင်းပညာ ပိုမိုအားကောင်းလာစေရန် လုံလောက်ပါသည်။

ဤနေ့တွင်၊ သူ၏ကိုယ်ပွား ခရမ်းရောင်တိမ်တိုက်နန်းတော်သို့ ပြန်သွားပြီး ကျန်းချန်ရှန်း ၏မူလကိုယ်ခန္ဓာနှင့် ပေါင်းစပ်သွားခဲ့သည်။ အဲဒီနောက်မှာတော့ သူ့ရဲ့ကိုယ်ပွားကတဆင့် ဒီအချိန်အတွင်းမှာ စစ်ဆေးခဲ့တဲ့ မှတ်ဉာဏ်အချက်အလက်တွေကို သိရှိခဲ့သည်။

သဲမျိုးနွယ်စု နှင့် ကျုရုန်မျိုးနွယ်စုတို့က မဟာကန္တရနတ်ဘုရားနှင့် မဆက်သွယ်နိုင်ပေ။ သူတို့ပြောသည့်အတိုင်းသာ လုပ်ခဲ့ကြသော်လည်း ကျန်းချန်ရှန်းက ၎င်းတို့၏မှတ်ဉာဏ်ထဲမှ တစ်ခုခုကို တွေ့ရှိခဲ့သည်။

ကမ္ဘာဦးကျောက်စာ.....

ကမ္ဘာဦးကျောက်စာကိုရယူခြင်းသည် ကျင့်ကြံမှုလမ်းကြောင်းကို ချမှတ်နိုင်ပြီး ကောင်းကင်နှင့်မြေကြီး၏စည်းမျဉ်းများကို ပြောင်းလဲနိုင်သည်။

သိုင်းတာအို လေ့ကျင့်ထားသော များပြားလှသော မျိုးနွယ်စုများ ရှိသော်လည်း မတူညီသော မျိုးနွယ်စုများကြောင့် ကွဲပြားမှုများလည်း ရှိခဲ့သည်။ အကယ်၍ အနိုင်ရသူက ကောင်းကင်နှင့်မြေကြီးကြားရှိ သိုင်းတာအိုကိုပြောင်းလဲမည်ဆိုပါက၊ လိုက်လျောညီထွေရှိနိုင်ဖို့ မျိုးနွယ်များစွာအတွက် ခက်ခဲမည်ဖြစ်ပြီး၊ ထို့ကြောင့် အနိုင်ရသောလူမျိုးစုအတွက် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စွာအုပ်စိုးရန် ကူညီပေးမည်ဖြစ်သည်။

ကမ္ဘာဉီးကျောက်စာကိုရရှိနိုင်ဖို့ တော်ဝင်မျိုးနွယ်စု၏တစ်စိတ်တစ်ပိုင်းဖြစ်လာရမည်ဖြစ်သည်။ ထိုအချိန်တွင်၊ ကမ္ဘာဉီးကျောက်စာက အလိုအလျောက်ပေါ်လာလိမ့်မည်။

ကမ္ဘာဉီးကျောက်စာက အင်မော်တယ် ကျင့်ကြံမှုလမ်းကြောင်းကို ဖွင့်ပေးပြီး သိုင်းလောကကို ကျင့်ကြံမှုကမ္ဘာအဖြစ် ပြောင်းလဲပေးနိုင်မလားဟု သူတွေးတောခဲ့သည်။ စမ်းကြည့်ရမည်..... ကမ္ဘာဉီးကျောက်စာက ၎င်းကို မလုပ်ဆောင်နိုင်ပါက သူ့အတွက် မည်သည့်အရာကိုမျှ ဆုံးရှုံးမည်မဟုတ်ပေ။ ထို့အပြင် သူသည် လူသားမျိုးနွယ်အား ဧကရာဇ်မျိုးနွယ် ဖြစ်လာစေဖို့ တွန်းအားပေးရန် ကြံစည်ထားပြီးဖြစ်သည်။

အလုပ်ဖြစ်လျှင် ထျန်းကျင်း၏လူများကို လျင်မြန်စွာ သန်မာလာစေနိုင်သည်။တိုင်းသူပြည်သားများ သူ့ထက် သာလွန်မည်ကို မကြောက်ပေ။ ထျန်းကျင်း တစ်ခုလုံးကို သူ့ကံတရားနှင့် ပေါင်းစည်းထားသောကြောင့် မည်သူမျှ သူ့ကို မကျော်လွန်နိုင်ပေ။ ဆန့်ကျင်ဘက်အနေနှင့်၊ ထျန်းကျင်း ပိုမိုအားကောင်းလေလေ၊ သူ၏ကံတရားအားကောင်းလေလေဖြစ်သည်။

တာအိုနှင့်ဓမ္မ အားလုံး သူ့ထံမှ ဆင်းသက်လာသောကြောင့် သူ့ကို တကယ့် တာအိုဘိုးဘေး ဖြစ်လာစေခဲ့သည်။

သို့သော် ထိုသို့ပြုလုပ်ရန် ခက်ခဲမည့် အခွင့်အလမ်းလည်း မြင့်မားပါသည်။ အဘယ်ကြောင့်ဆိုသော် သိုင်းလောကက.ကျင့်ကြံခြင်းကို ငြင်းပယ်ရုံသာမက ကမ္ဘာသုံးထောင်လုံးတွင်လည်း အလားတူဖြစ်ကြောင်း သူသဘောပေါက်သောကြောင့်ဖြစ်သည်။ အများဆုံးတော့ သိုင်းတာအို နှင့် အင်မော်တယ် တာအိုအကြား ကျင့်ကြံမှုလမ်းကြောင်းအသစ်ကို ဖန်တီးနိုင်မည်ဖြစ်သည်။

ကမ္ဘာသုံးထောင်က အင်မော်တယ်တာအိုကို ငြင်းပယ်ရတဲ့ အကြောင်းအရင်းတစ်ခုရှိရပေမည်။ ဒါကို မတွေးခင်မှာ သူ ဒီကမ္ဘာကြီးကို မစွန့်နိုင်သေးသဖြင့် ဒီမှာ ပုန်းနေရပြီး ပိုသန်မာလာအောင်ကြိုးစားရမည်။ သူ့အနေဖြင့် ကမ္ဘာသုံးထောင်ကို ဖြတ်ကျော်နိုင်သော မှော်အစွမ်းရှိမှသာ လမ်းလျှောက်ထွက်မည်ဖြစ်သည်။

ကျန်းချန်ရှန်း အတွေးကို ရပ်လိုက်ပြီး ကျင့်ကြံမှုအပေါ် အာရုံစိုက်လိုက်သည်။

သဲမျိုးနွယ်စုနှင့် ကျုရုန်မျိုးနွယ်စုတို့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည်။ လောလောဆယ်တော့ ထျန်းကျင်းအတွက် ​​ဘာဒုက္ခမှ မရှိတော့ပေ။ ထျန်းကျင်းက ဤအခွင့်အရေးကို ပိုမိုအားကောင်းလာစေရန် အသုံးချနိုင်သည်။

မြူခိုးတွေ လေထဲမှာ ပြည့်နှက်နေပြီး ကြီးမားသော ရေကန်ကြီးတစ်ခု၏ ဘေးတွင် လူနှစ်ယောက် ထိုင်နေကြသည်။အဲဒီထဲက တစ်ယောက်က ငရဲကိုးပါးနတ်ဆိုးဘုရင် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ငရဲလောကနတ်ဆိုးဘုရင်လို့ အမည်ပေးထားတဲ့ အဝါရောင် ၀တ်အဘိုးအိုပင်ဖြစ်သည်။

ငရဲလောကနတ်ဆိုးဘုရင်က..... "သဲမျိုးနွယ်စုနဲ့ ကျုရုန်မျိုးနွယ်စုကိုတောင် အနိုင်ယူပြီးပြီ... တာအိုဘိုးဘေးရဲ့ ခွန်အားက တွေးဆလို့မရဘူး... လူသားမျိုးနွယ်မှာ ကောင်းကင်နဲ့ မြေကြီးကို ဖောက်ထွင်းနိုင်တဲ့ အစွမ်းထက်တဲ့ ပညာရှင်တွေ အမြဲရှိနေမှာပဲ.... ရှေးခေတ်က လူသားမျိုးနွယ်တွေလဲ အခုလို တန်ခိုးကြီးတဲ့တည်ရှိမှုတွေနဲ့ မွေးဖွားလာခဲ့ပြီး ချင်းလျန်မျိုးနွယ်စုကို ခုခံနိုင်ခဲ့ကြတယ်...."

ငရဲကိုးပါးနတ်ဆိုးဘုရင်၏မျက်နှာတွင် ရှုပ်ထွေးသောအမူအရာရှိနေသည်။ သူက ရေကန်ကို စိုက်ကြည့်ကာ.....

" တာအိုဘိုးဘေးက လူသားမျိုးနွယ်ရဲ့ သိုင်းဧကရာဇ်နဲ့မတူဘူး.... သူက ပိုသန်မာတယ်... သိုင်းဧကရာဇ်နယ်ပယ် အထက်မှာ နယ်မြေတစ်ခုရှိတယ်လို့တောင် သံသယရှိဝင်မိတယ်......”

ဒါကိုကြားတော့ ငရဲလောကနတ်ဆိုးဘုရင် တုန်လှုပ်သွားသည်။

သိုင်းဧကရာဇ်နယ်ပယ်ရဲ့ အထက်နယ်ပယ်...

ငရဲလောကနတ်ဆိုးဘုရင်တွေးရင်းနှင့် တာအိုဘိုးဘေးကို ကြောက်ရွံ့လာသည်။

“ဒီလိုဆိုရင် လူသားတွေက နတ်ဆိုးမျိုးနွယ်စု ဧကရာဇ်မျိုးနွယ်ဖြစ်လာဖို့ အကြီးမားဆုံး အတားအဆီးဖြစ်လာလိမ့်မယ်”

ငရဲကိုးပါးနတ်ဆိုးဘုရင်က အသက်ပြင်းပြင်းရှူပြီး..... “မင်းပြောသလိုပဲ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာက ထူးဆန်းတယ်.... သူတို့ဟာ အကျပ်အတည်းကာလမှာ အခြေအနေကို ပြောင်းပြန်လှန်နိုင်တဲ့ ကျွမ်းကျင်သူတွေကို အမြဲမွေးဖွားပေးတယ်...ဒီကမ္ဘာရဲ့ဘုရားသခင်က သူတို့ကိုကြောက်ရွံ့တာကြောင့် များပြားလှတဲ့မျိုးနွယ်စုတွေကို လူသားမျိုးနွယ်ကို ပစ်မှတ်ထားခိုင်းသလားလို့တောင် ကျုပ် ရုတ်တရက် သံသယဖြစ်မိတယ်.... သူက ဒီအခွင့်အရေးကိုအသုံးချပြီး သူ့အတွက်ခြိမ်းခြောက်မှုကို ဖယ်ရှားပစ်ချင်နေတာ.... လူသားမျိုးနွယ်ကသာ ဧကရာဇ်မျိုးနွယ်လို့တောင် ခံစားမိတယ်...ဒီကမ္ဘာရဲ့ဘုရားသခင်ကလာ်း လူသားတစ်ဦးဖြစ်နိုင်တယ်... သူကိုယ်တိုင်က လူသားမျိုးနွယ် ဖြစ်တာကြောင့် လူသားမျိုးနွယ် ဘယ်လောက်ထိတ်လန့်စရာကောင်းတာကို သိနေလိမ့်မယ်.... တစ်စုံတစ်ယောက်က သူ၏အုပ်ချုပ်မှုကို ဖျက်ဆီပစ်မှကြောက်နေတာ.... အထွတ်အထိပ်မှာ ရပ်တည်နေတဲ့ တည်ရှိမှုဟာ လူမျိုးရေးကို ဂရုမစိုက်တော့ဘဲ ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်နေတယ်.....'

“ပြန်စဉ်းစားကြည့်ပါ...မဟာကန္တရမင်းဆကမှာရှိတဲ့ များပြားလှတဲ့ မျိုးနွယ်စုတွေကြားမှာ၊ သူတို့ဟာ လူတွေနဲ့ ပိုတူလေလေ၊ သန်မာလေလေပပဲ.....များပြားလှတဲ့ မျိုးနွယ်စုများတွေ နယ်ပယ် မြင့်လာတာနဲ့အမျှ အသွင်ကူးပြောင်းန််ိုင်ကြပြီး သူတို့အသွင်းပြောင်းကြတာလဲ လူသားအသွင်ပဲ....မင်းနဲ့ငါလည်း အတူတူပဲ..... ရှေးယခင်က ဧကရာဇ်မျိုးနွယ်ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းက လူသားတွေနဲ့တူတယ်...ဒါကိုကြည့်ရင်.... ပထမဆုံးသော ဧကရာဇ်မျိုးနွယ်က လူသားတွေဆိုတာ သက်သေပြနေတယ်.... ဒီကမ္ဘာရဲ့ဘုရားသခင်က တချိန်တခါက လူသားတွေကြားမှာ အသန်မာဆုံးဖြစ်ခဲ့ပုံပဲ.... သူက ကမ္ဘာဉီးကျောက်စာကို အသုံးပြုပြီး သိုင်းတာအိုကို တည်ထောင်ပြီး အနာဂတ်မှာ မျိုးနွယ်စုတွေကို လွှမ်းမိုးခဲ့တယ်...."

ငရဲလောကနတ်ဆိုးဘုရင်...... “မင်းကြောက်နေပြီလား.... ဘာပဲပြောပြော၊ ဘုရားသခင်က လူသားမျိုးနွယ်ကို နှိမ်နှင်းနေတာ အမှန်ပဲလေ..အဲ့တော့ ငါတို့ နတ်ဆိုးမျိုးနွယ်စုမှာ ဧကရာဇ်မျိုးနွယ်ဖြစ်လာဖို့ အခွင့်အရေးရှိပါသေးတယ်....”

သူက အကြောင်းအရာပြောင်းပြီး.... "မင်းတပည့်တွေရဲ့ ငြင်းပယ်မှုကြောင့် မင်းစိတ်ပျက်နေပုံပဲ"

ငရဲကိုးပါးနတ်ဆိုးဘုရင်က ခေါင်းညိတ်ပြီး..... “တကယ်ကို စိတ်ပျက်မိတယ်....သူ့ကို ငါ့တပည့်အဖြစ် လက်ခံလိုက်တုန်းက လူသားမျိုးနွယ်အတွက် ထောင်ချောက်တစ်ခု ဖန်တီးချင်ခဲ့တ....အဲ့တုန်းက တာအိုဘိုးဘေးကို သန်မာတာကြောင့် လေးစားတယ်လို့ပဲထင်ခဲ့တာ.... မျိုးနွယ်စုပေါင်းစုံနဲ့ တိုက်ပွဲအပြီးမှာ သူက ငါ့ကို ငြင်းပယ်ပြီး သူ့ဘိုးဘေးကို ယုံကြည်မယ်လို့ ထင်မထားဘူး... တာအိုဘိုးဘေးက ဘယ်လိုဖြစ်တည်မှုမျိုးလဲ သိချင်ပေမယ့် စစ်ဆေးဖို့တော့ မဝံ့ရဲဘူး"

ဤသို့ဖြင့် နှစ်ယောက်သား တိတ်ဆိတ်သွားသည်။

ခဏအကြာတွင် အနက်ရောင် ဓာတ်ငွေ့တစ်ဆုပ်စာ လျင်မြန်စွာ ပျံတက်သွားပြီး ၎င်းတို့နောက်တွင် ရပ်တန့်သွားသည်။ အနက်ရောင် အရိပ်တစ်ခုက.....

“အရှင်တို့ ယင်ကိုးပါးမျိုးနွယ်စုက ယင်ကိုးပါးဝိညာဉ်ကို စတေးလိုက်ပြီ....ကျွန်တော်တို့ တားလို့မရဘူး!"

ဒါကိုကြားတော့ ငရဲကိုးပါးနတ်ဆိုးဘုရင် နဲ့ ငရဲလောကနတ်ဆိုးဘုရင် လှည့်ကြည့်လိုက်ပြီး အနက်ရောင်လေပြင်းအဖြစ်ပြောင်းလဲကာ ထိုနေရာမှ ထွက်ခွာသွားကြသည်။

သုံးနှစ်ကြာပြီးနောက်.....

အင်မော်တယ်ခေတ်၏ 23 နှစ်တွင်၊ ထျန်းကျင်းက သဲမျိုးနွယ်စုနှင့် ကျုရုန်မျိုးနွယ်စု တို့မှ ရရှိလာသော အမြတ်အစွန်းအားလုံးကို မစားသုံးရသေးပေ။ ကျန်းချန်ရှန်း ၏ သန့်ရှင်းသောအမိန့်တော်အရ နယ်မြေ ချဲ့ထွင်ခြင်းမရှိပေ။ ယင်းအစား ပိုမိုလေ့ကျင့်ရန် စစ်တပ်တစ်ခုလုံးကို စည်းရုံးခဲ့သည်။ အချိန်တိုအတွင်း၊ ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူ အရေအတွက် ယခင်ကထက် အဆပေါင်းများစွာ တိုးလာသော်လည်း စတုတ္ထမြောက် သိုင်းဘုရင်ရာထူးကတော့ လစ်လပ်နေဆဲပင်....

မတ်လအစတွင် နန်းတော်အတွင်း၌ ကျေးငှက်များဖြင့် ပြည့်နှက်နေသည်။

ကျန်းချန်ရှန်းက တော်ဝင်ဥယျာဉ်တွင် လက်ဖက်ရည်သောက်နေပြီး ယန်အလင်းတန်းကို ရုတ်သိမ်းထားသဖြင့် သူ၏ အသွင်အပြင်ကို ထင်ရှားစေသည်။ ယင်ယန်ရှာဖွေခြင်းဝတ်ရုံကိုဝတ်ဆင်ထားသဖြင့် တင့်တယ်နေပြန်သည်။

ကျန်းဇီယု နှင့် ကျန်းထျန်းမင်တို့ သူ့ရှေ့တွင်ထိုင်ကာ စကားပြောရန် ပထမဆုံးကြိုးစားခဲ့သည်။ ကျုရုန်မျိုးနွယ်စုရဲ့ စွမ်းအားအကြောင်း ပြောနေကြခြင်းဖြစ်ပြီး ကျုရုန်မျိုးနွယ်စု၏ မီးတောက်များကို ဆုပ်ကိုင်ရန် ကောင်းကင်မှ ဆင်းသက်လာသော စစ်အုပ်ချုပ်ရေးဥပဒေသကို အသုံးပြုခဲ့ကြသော်လည်း ၎င်းတို့၏ မီးတောက်များက ကွဲပြားသည်။ ဘယ်သူက ပိုသန်မာလဲဆိုတာကို ငြင်းခုံနေကြသည်။

ကျန်းချန်ရှန်း က ညီအကိုနှစ်ယောက်ကို ပြုံးပြုံးရွှင်ရွှင်နဲ့ကြည့်နေခဲ့သည်။

“ အဘိုး...ကျွန်တော် မကြာသေးမီက အိမ်မက် ထပ်မက်တယ်... ဒါက အရင်အိမ်မက်ရဲ့ နောက်ဆက်တွဲလိုပဲ...ကြိုတင်နမိတ်လို့တောင်ထင်မိတယ်....ဒါပေမယ့် ကျွန်တော် အိပ်မက်မက်ထဲကအတိုင်း ဖြစ်မလာခဲ့ပါဘူး......”

ကျန်းထျန်းမင် အကြောင်းအရာခေါင်းစဉ် ရုတ်တရက်ပြောင်းလိုက်တော့ ကျန်းချန်ရှန်းက လက်ဖက်ရည်ခွက်ကို ချလိုက်သည်။

ကျန်းချန်ရှန်း က ပေါ့ပေါ့ပါးပါးနဲ့ ....." ပြောပြစမ်းပါဉီး...."

ကျန်းထျန်းမင် ခဏလောက်စဉ်းစားပြီး......

" လုံချီ တောင်မှာရှိနေတုန်း ခရမ်းရောင်အဝတ်အစားဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးကို အိပ်မက်မက်ခဲ့ပေမယ့် သူမရဲ့ရုပ်သွင်အမှန်ကို မမြင်နိုင်ခဲ့ဘူး..... သူ ကျွန်တော့်ကို စကားနည်းနည်းပြောပြီး လက်ကို မြှောက်လိုက်တယ်...ပြီးတာနဲ့ ကောင်းကင်မှာ ကြီးမားတဲ့ အပေါက်ကြီးတစ်ခု ပေါ်လာပြီး ရေတွေ လျှံထွက်လာပြီး ကျင်းချန် တစ်ခုလုံးကို နစ်မြှုပ်သွားခဲ့တယ်။ အိပ်မက်အဆုံးခါနီးမှာ ရေတွေက သိုင်းတောင်ထွတ်ကိုတောင်ဖုံးလွှမ်းနေပြီ.... ကောင်းကင်ကနေ ငုံ့ကြည့်ရင် လူသားကမ္ဘာကြီးက အဆုံးမရှိတဲ့ ပင်လယ်ကြီး ဖြစ်သွားပုံရတယ်…”

နောက်ဆုံး မြင်ကွင်းကို ပြောရလျှင် သူ တုန်လှုပ်ခြောက်ခြားနေပြန်သည်။

ကျန်းချန်ရှန်း ထိုစကားကိုကြားသောအခါ၊ အပြင်လောကရှိ နတ်ဆိုးမြစ်ကို ချက်ခြင်းစဉ်းစားမိလိုက်သည်။

သူက စိတ်ထဲကနေ" ကျန်းထျန်းမင် အိပ်မက်မက်တဲ့ မိန်းမက ဘယ်လောက် အစွမ်းထက်သလဲ..."

[ ကောက်ချက်မချနိုင်ပါ။ ကောင်းကင်ထက်မှ ကံကြမ္မာ ပါဝင်နေသေးသည်။]

ကျန်းချန်ရှန်း မျက်လုံးတွေကို မှိတ်ထားလိုက်သည်။

ကောင်းကင်ဘုံက ကံကြမ္မာ ....

သူ အဆင့်တက်ပြီးနောက် စနစ်လည်း ပိုမိုအားကောင်းလာသော်လည်း လုံလောက်စွာ မခိုင်မာသေးပေ။ မဟာကန္တရမင်းဆက်နတ်ဘုရားပေါ်လာချိန်၌ အစွမ်းသတ္တိကို တွက်ချက်နိုင်သည်။

၎င်းကို အသေးစိတ် မတွက်ချက်နိုင်သော်လည်း ဤအကြောင်းကြားစာတန်းတွင် အချက်အလက်ပမာဏအတွက် တန်ကြေးက ကြီးမားလှသည်။ ပထမဦးစွာ ကျန်းထျန်းမင်၏အိပ်မက်က အတုအယောင်မဟုတ်ပေ။

ပြင်ပကမ္ဘာမှနတ်ဆိုးမြစ်ကြီး ဆင်းသက်လာတဲ့အခါ ကောင်းကင်တခွင်က လူတွေလည်း ဆင်းသက်လာမည်။

ကျန်းချန်ရှန်း တိတ်ဆိတ်နေတာကိုတွေ့တော့ ကျန်းထျန်းမင်က သတိကြီးစွာထားပြီး.....

"အဘိုး....ကျွန်တော့် အိပ်မက်က တကယ်ဖြစ်လာနိုင်ပါ့မလား"

All Chapters