အခန်း (၁၇)
Vol. 2 Ch. 17
စာသင်ခန်းမှထွက်ပြီး ညစာစားပြီးနောက်တွင် ကျန်းချန်သည် အိပ်ခန်းထဲသို့ ဝင်ကာ သူ၏ခွန်အားကို မြှင့်တင်ရန် ပြင်ဆင်လိုက်သည်။
သူက လင်ယွင်ကျောင်းတော်ကို ပထမဆုံးရောက်သည့်နေ့မှာပင် လင်းယန်ကို ကောင်းကောင်း ပညာပေးနိုင်ခဲ့သည်။
လင်းယန် အပေါ် နားလည်မှုကို အခြေခံ၍ လင်းယန်က လွယ်လွယ်နှင့် အရှုံးပေးမည် မဟုတ်မှန်း သူသိနေခဲ့၏။
ကျန်းချန်က ထိုကိစ္စကို အလေးအနက် မထားခဲ့ပေ။
သို့သော် လင်းယန်တွင် လင်ယွင်စာရင်းမှာ ပါဝင်သည့်ပါရမီရှင် အစ်ကိုတစ်ယောက် ရှိနေသည်။
ကျန်းချန်က လင်းယန်၏ အကိုလင်းယွီ အကြောင်းကို ကျောင်းတော်ထဲတွင် ကြားသိခဲ့ရသည်။
ဤလူသည် စန်းရှန်မြို့တော်၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့ဖူးသည်။
လွန်ခဲ့သည့်တစ်နှစ်ခန့်က လင်ယွင်ကျောင်းတော်ထဲ ဝင်ရောက်ခဲ့ပြီး အချိန်တိုအတွငိး အတွင်းနန်းဆောင်ထဲသို့ ဝင်ရောက်နိုင်ခဲ့၏။
ထို့နောက် သူက လင်ယွင်စာရင်းထဲတွင် ပါဝင်နိုင်ခဲ့သည့် လင်ယွင်ကျောင်းတော်၏ ပါရမီရှင် အနည်းငယ်ထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။
လင်ယွင်ကျောင်းတော်တွင် ချီကာကွယ်ရေးအဆင့်ကို ရောက်မှသာ အတွင်းနန်းဆောင်ထဲ ဝင်ရောက်နိုင်သည်ကို အကြမ်းဖျင်း သိထားရပေမည်။
ထို့ကြောင့် အတွင်းနန်းဆောင်သည် ပါရမီရှင်များ စုဝေးရာနေရာလည်း ဖြစ်သည်။
လင်ယွင်စာရင်း၏ နောက်ဆုံးအဆင့်တွင် ရှိသောသူပင် ချီကာကွယ်ရေး အဆင့်၄၌ ရှိသည်ဟု ဆိုကြသည်။
သူ၏ လက်ရှိအင်အားဖြင့် လင်းယွီ၏ ရှေ့တွင် လုံးဝ ခံနိုင်ရည် ရှိမည်မဟုတ်ပေ။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ဆေးသုံးလုံးကို ထုတ်ယူလိုက်သည်။
ယင်းမှာ လင်းယန်ထံမှ ရရှိခဲ့သော ခန္ဓာကိုယ် ပြုပြင်ခြင်းဆေးလုံး၊ စာသင်ခန်းတွင် ပြုလုပ်ခဲ့သော စွမ်းအားမြှင့်ဆေးလုံး နှင့် ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးတို့ ဖြစ်သည်။
ကျန်းချန်က စွမ်းအားမြှင့်ဆေးလုံးကို ပထမဆုံး ယူလိုက်ပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
"ဒင်.. သင်က စွမ်းအားမြှင့်ဆေးလုံး တစ်လုံးကို သောက်သုံးပြီးအတွေ့အကြုံရမှတ်၁၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်...သင်က ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၇ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပါပြီ"
"စွမ်းအားမြှင့် ဆေးတစ်လုံးက အဆင့်တစ်ဆင့်အထိ အဆင့်မြှင့်နိုင်တယ်ဆိုတော့ မဆိုးပါဘူး"
ကျန်းချန်က တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးနှစ်လုံးကို ပါးစပ်ထဲထည့်၍ မျိုချလိုက်သည်။
"ဒင်.. သင်က ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို သောက်ပြီး အတွေ့အကြုံရမှတ် ၅၀၀ကို အဆ၁၀၀ ရရှိပါတယ်"
ဒင်.. သင်က ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို သောက်ပြီး အတွေ့အကြုံရမှတ် ၅၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၈ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပါပြီ"
"ဒင်.. သင်က ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၉ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပါပြီ"
"သင့်ရဲ့ ခန္ဓာကိုယ် ပြုပြင်ခြင်းနယ်ပယ်က ပြီးပြည့်စုံသွားတဲ့အတွက် ချီကာကွယ်ရေး အဆင့်၁ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပါပြီ"
စနစ်မှ အချက်ပြသံများ ဆက်တိုက် မြည်လာပြီးနောက်တွင် ကျန်းချန်သည် သူ၏ ဒန်တျန်တွင် အလွန်အားကောင်းသော လေစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရ၏။
ထိုလေစီးကြောင်းသည် သူ၏ သွေးကြောမှတ်များသို့ ပျံ့နှံ့သွားခဲ့သည်။
ကျန်းချန်က သူ့ခန္ဓာကိုယ်အတွင်း၌ လျှို့ဝှက်ဆန်းကြယ်ပြီး အားကောင်းသော လေစီးကြောင်းကို ခံစားလိုက်ရသဖြင့် စိတ်လှုပ်ရှားနေမိသည်။
"စနစ်ရှိတဲ့ လူတွေက အရမ်းမိုက်တာပဲ"
စွမ်းအားမြှင့် ဆေးလုံးနှင့် ခန္ဒာကိုယ်ပြုပြင်ခြင်း ဆေးနှစ်လုံးကို သောက်ရုံမျှဖြင့် ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၆ကနေ ချီကာကွယ်ရေး အဆင့်၁ အထိ တမဟုတ်ချင်း ရောက်ရှိသွားခဲ့သည်။
ယခုအခါ သူသည် အတွင်းစည်း ကျောင်းသားတစ်ဦး ဖြစ်လာရန် အရည်အချင်းပြည့်မီနေပြီ ဖြစ်သည်။
ထို့နောက်တွင် ကျန်းချန်သည် ကုတင်ပေါ်တွင် လှဲချကာ စိတ်ကျေနပ်မှု အပြည့်ဖြင့် အိပ်စက်လိုက်သည်။
နောက်တစ်နေ့မနက်တွင် စုလင်းရှန်းသည် ရွှေအဆင့်ကျောင်းသား တံဆိပ်ပြားကို ပေးပို့ရန် တစ်စုံတစ်ဦးကို ကျန်းချန်ဆီ စေလွှတ်ခဲ့သည်။
ကျန်းချန်က ရေချိုးပြီးနောက်တွင် ရွှေအဆင့် ကျောင်းသား တံဆိပ်ပြားကို ယူကာ ရွှေအဆင့်ကျောင်းသားများ နေထိုင်သည့် နေရာသို့ သွားခဲ့သည်။
လင်ယွင်ကျောင်းတော်တွင် ကျောင်းသားများကို အဆင့်များ ခွဲထားပြီး ဆက်ဆံပုံမှာလည်း အလွန်ပင် ကွာခြားသည်။
နေရာထိုင်ခင်း အခြေအနေအရ ကြေးအဆင့် ကျောင်းသားနှင့် ရွှေအဆင့် ကျောင်းသားတို့သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ခြားနားသည်။
ကြေးအဆင့် ကျောင်းသားများသည် လူပေါင်းစုံ စုဝေးသည့် အိပ်ဆောင်တွင် နေထိုင်ကြရပြီး ရွှေအဆင့် ကျောင်းသားများကမူ သပ်ရပ်လှပသော သီးသန့်ခြံဝင်းဖြင့် နေထိုင်ခွင့်ရကြသည်။
ရွှေအဆင့်ကျောင်းသား နေထိုင်သောနေရာ၊ ခြံဝင်း အမှတ်၆၈။
ဤသည်မှာ ကျန်းချန်၏ နေအိမ်အသစ် ဖြစ်သည်။
ကျန်းချန်က စုံစမ်းမေးမြန်းပြီးနောက်တွင် အမှတ်၆၈ ခြံဝင်း၏ တံခါးဆီသို့ အမြန်ရောက်လာခဲ့သည်။
သို့သော် ခြံဝင်းထဲသို့ ဝင်ခါနီးတွင် ထွားကျိုင်းသော လူငယ်တစ်ဦးသည် ခြံဝင်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။
"မင်းက ရွှေအဆင့် ကျောင်းသားအသစ် ကျန်းချန်ဆိုတာလား.. ဒီခြံကို ငါသဘောကျတယ်.. ကိုယ့်ဘာသာကိုယ် တခြားတစ်နေရာ ရှာလိုက်တော့"
ထွားကျိုင်းသော ကောင်လေးက ကျန်းချန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
လူငယ်၏ နိုင်ထက်စီးနင်း အသံသည် ကျန်းချန်၏ နားထဲကို တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
အခန်း(၁၇) ပြီး၏