← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

"ကျန်းချန်.. မင်းငါ့ကိုစိန်ခေါ်ဖို့သတ္တိရှိတာ ငါလေးစားပါတယ်.. မင်းရဲ့သတ္တိအတွက် ဒီနေ့မင်းကို အခွင့်အရေးတစ်ခုပေးမယ်"

စကားဆုံးသည်နှင့် မုန့်သုန်ရှင်းက လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွှေရောင်အလင်း အကာအကွယ်တစ်ခု ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာင် သူက ခေါင်းကိုမော့ကာ ကျန်းချန်ကိုအထင်အမြင်သေးစွာ ကြည့်လိုက်သည်။

ထို့နောက် သူ၏ မောက်မာသော လေသံသည် လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားခဲ့၏။

"ကျန်းချန်.. ငါသုံးကွက်အတွင်း ဘာလှုပ်ရှားမှုမှ မလုပ်ဘူး.. သုံးကွက်အတွင်း ငါ့ရဲ့ ရွှမ်းဝူ ရွှေရောင်အလင်း အကာအကွယ်ကို ထိုးဖောက်နိုင်ရင် ဒီပြိုင်ပွဲမှာ ငါအရှုံးပေးမယ်"

"ဝိုး.. အကိုမုန့်က တကယ်ပဲ နံပါတ်တစ် ရွှေအဆင့် ကျောင်းသားတစ်ယောက် ပီသပါပေတယ်"

"အကိုမုန့်ရဲ့ ရွှမ်းဝူ ရွှေရောင်အလင်း အကာအကွယ်က နက်နဲမှုအဆင့်မှာရှိပြီး ချီကာကွယ်ရေး အဆင့်၁က ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိတယ်လို့ ကြားဖူးတယ်.. ဒီငနဲက ဒါကို ဘယ်လိုထိုးဖောက်နိုင်မှာလဲ"

"ဒီလိုကောင်မျိုးရဲ့ စိန်ခေါ်တာကို ခံရတာနဲ့တင် အကိုမုန့် အတွက် အရှက်ရစရာပဲ"

"ဒီကောင်တော့ ကောင်းကောင်းကြီး သိပ်ခံထိတော့မှာပဲ"

စင်အောက်မှ ကျောင်းသားများသည် ကျန်းချန်ကို ကရုဏာသက်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ကျန်းချန်က မုန့်သုန်ရှင်းကို ကြည့်ရင်း စိတ်ထဲကနေ လှောင်ရယ်နေခဲ့သည်။

"ဒီကောင်က ငါ့ရှေ့မှာ ဟိတ်ဟန်ထုတ်ပြနေပါလား.. ဒါဆိုရင်လဲ ဒီကောင့်ကို ဟိတ်ဟန်ထုတ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိအောင် လုပ်ပေးလိုက်မယ်"

ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားခဲ့​သည်။

သူက လက်ရှိတွင် ချီကာကွယ်ရေး အဆင့်၁ ဖြစ်ပြီး မုန့်သုန်ရှင်းထက် ပိုမို အားကောင်းသော်လည်း သူတတ်ကျွမ်းသည့် ကိုယ်ခံပညာသည် ဝိညာဥ်အလင်းခြေလှမ်းမှ လွဲလျှင် အဆင့်နိမ့်သာ ရှိသေးသည်။

မုန့်သုန်ရှင်းက ရွှမ်းဝူ ရွှေရောင်အလင်း အကာအကွယ်ဖြင့် ချီကာကွယ်ရေး အဆင့်၁မှ ကျင့်ကြံသူ တစ်ချို့၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေရာ ကျန်းချန်အတွက် သုံးကွက်အတွင်း ထိုးဖောက်ရန်မှာ အမှန်တကယ် မလွယ်ကူပေ။

ထို့ကြောင့် ကျန်းချန်သည် သူ၏ နည်းစနစ်တစ်ခုကို နက်နဲမှုအဆင့်ထိ မြှင့်တင်ကာ မုန့်သုန်ရှင်း၏ အကာအကွယ်ကို ထိုးဖောက်ပစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုသို့ စဥ်းစားမိပြီးနောက်တွင် ကျန်းချန်သည် စင်ပေါ်တွင် လက်သီးချက်များကို ထုတ်ဖော်နေခဲ့သည်။

"ဒင်.. သင်က လက်သီးတစ်ချက် ထိုးကျင့်ပြီး အတွေ့အကြုံရမှတ် ၁၀မှတ်ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင့်ရဲ့ အဆင့်နိမ့် ကျောက်စရစ် လက်သီးက ပြီးပြည့်စုံသွားပါပြီ"

"ဒင်.. သင်က အဆင့်နိမ့် ကျောက်စရစ်လက်သီးကနေ အလယ်အလတ် အဆင့် မြေခွဲလက်သီးကို တိုးမြှင့်သွားပါပြီ "

"ဒင်.. သင်က လက်သီးတစ်ချက် ထိုးကျင့်ပြီး အတွေ့အကြုံရမှတ် ၁၀မှတ်ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က လက်သီးတစ်ချက် ထိုးကျင့်ပြီး အတွေ့အကြုံရမှတ် ၁၀မှတ်ကို အဆ၁၀၀ ရရှိပါတယ်"

----------------

"ဒင်.. သင့်ရဲ့ အလယ်အလတ်အဆင့် မြေခွဲလက်သီးက ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိသွားပါပြီ"

"ဒင်.. သင်က အလယ်အလတ်အဆင့် မြေခွဲလက်သီးကနေ အဆင့်မြင့် တောင်ဖြိုလက်သီးကို တိုးမြှင့်သွားပါပြီ"

"ဒီကောင်က ဘာလဲဟ.. စင်ပေါ်မှာ တိုက်ပွဲမစသေးဘဲ လက်သီးတစ်ပြပြနဲ့ ဘာလုပ်နေတာလဲ "

ကျောင်းသားတစ်စုက လှောင်ရယ်လိုက်ကြသည်။

"ဟားဟား.. ဒီကောင်က ရယ်စရာကောင်းလိုက်တာ.. အကိုမုန့်.. ဒီဦးနှောက်ပျက်နေတဲ့ကောင်ကို စင်ပေါ်ကနေ မြန်မြန်သာကန်ချလိုက်"

ကျောင်းသားတစ်ယောက်က စင်ပေါ်မှ မုန့်သုန်ရှင်းကို အော်ဟစ်၍ ပြောလိုက်သည်။

"ကျန်းချန်.. မင်းဘာတွေလုပ်နေတာလဲ"

ကျန်းချန်က ပိုလီယိုရောဂါသည်လို လက်သီးကစားနေသည်ကို ကြည့်ပြီး မုန့်သုန်ရှင်း၏ မျက်နှာက မည်းမှောင်နေခဲ့သည်။

"ပြိုင်ပွဲမစခင် သွေးပူလုပ်နေတာလေ.. မင်းက ဘာတွေလာလောနေတာလဲ"

လက်သီးထိုး ကစားနေရင်း ကျန်းချန်က မုန့်သုန်ရှင်းကို ပြုံးကာ ကြည့်လိုက်သည်။

"ပြိုင်ပွဲမစခင် သွေးပူမလုပ်ရဘူး ဆိုတဲ့ စည်းကမ်းရှိလို့လား"

"ဒါဆို မင်းဘယ်တော့ သွေးပူလုပ်တာပြီးမှာလဲ"

မုန့်သုန်ရှင်းက ဒေါသကိုချုပ်တည်းကာ အေးစက်စက်ပြောလိုက်သည်။

"ကျန်းချန်.. မင်းကြောက်နေရင်လဲ ငါ့ရှေ့မှာဒူးထောက်ပြီး ဦးချလိုက်.. ငါမင်းကိုလွှတ်ပေးမယ်.. ငါ့အချိန်ကိုမဖြုန်းနဲ့"

"မင်းကို ငါက ကြောက်တယ်.. ဟုတ်လား.. ငါက စေတနာနဲ့ မင်းကို နံပါတ်တစ် ရွှေအဆင့် ကျောင်းသား နေရာမှာ တခဏလောက် ပိုနေစေချင်ရုံပါ"

ကျန်းချန်က ခနဲ့၍ ပြောလိုက်သည်။

"ငါက မင်းအတွက် စဉ်းစားပေးပေမဲ့ မင်းက နားမလည်ဘူးဆိုမှတော့ သွေးပူကို ငါးမိနစ်အတွင်းပြီးအောင် လုပ်လိုက်မယ်"

အခန်း(၂၀) ပြီး၏

All Chapters