← Chapters

အခန်း (၂၂)

Vol. 2 Ch. 22

အခန်း (၂၂)

Vol. 2 Ch. 22

မုန့်သုန်ရှင်းက စဉ်းစားချိန်ပင်မရခဲ့ပေ။

သူက သွားများကို အံကြိတ်ကာ ကျန်းချန်၏ ထိုးနှက်မှုကို ခုခံဖို့အတွက် ရွှမ်းဝူ ရွှေရောင်အလင်း အကာအကွယ်ကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။

ငွေရောင်လက်သီးအရိပ်က ချက်ချင်း ရောက်ရှိလာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မုန့်သုန်ရှင်း၏ ရွှေရောင်အလင်း အကာအကွယ်ကို ပြင်းထန်စွာ ထိုးဖောက်သွားခဲ့သည်။

"ဝုန်း"

ရွှေရောင်အလင်း အကာအကွယ်က ချက်ချင်းပင် ပျက်စီးသွားခဲ့၏။

မုန့်သုန်ရှင်း၏ ခန္ဓာကိုယ်က ကြိုးပြတ်သွားသည့် စွန်တစ်ကောင်နှယ် လွင့်ထွက်သွားကာ ပေပေါင်းများစွာ အကွာတွင် ပြုတ်ကျသွားခဲ့သည်။

"မင်း.. မင်း.."

မုန့်သုန်ရှင်းက သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။

ကျန်းချန်ကို ကြည့်နေသည့် သူ၏ အကြည့်တွင် အဆုံးသတ်၌ ကြောက်ရွံ့သည့် အမူအရာများ ဖြစ်ပေါ်လာ၏။

ဤအကောင်က ချီကာကွယ်ရေး အဆင့်တစ်၏ ခွန်အားအပြင် နက်နဲမှုအဆင့် လက်သီးနည်းစနစ်ကိုပါ ကျွမ်းကျင်နေပါသလော။

ယင်းကဲ့သို့ ခွန်အားမျိုးသည် အတွင်းနန်းဆောင်မှကျောင်းသားအချို့ ထက်ပင် ပို၍ အားကောင်းနေ၏။

သူ့ရှေ့မှ ကောင်လေးသည် အကိုလင်းယွီ ပြောသည့် အနောက်တံခါးပေါက်ကနေ လင်ယွင်ကျောင်းတော်ကို ဝင်လာသော ကျန်းမိသားစု၏ အမှိုက်ကောင်မှ ဟုတ်ပါလေစ။

"လခွမ်း.. မုန့်သုန်ရှင်းကို တစ်ချက်ထိုးရုံနဲ့ တကယ်ကြီး လွင့်စင်သွားစေတယ်ဟ"

ကျန်းချန်က မုန့်သုန်ရှင်းကို ခွေးသေတစ်ကောင်လို စင်ပေါ်ကနေ လွင့်စင်စေခဲ့သည်ကို မြင်လျှင် ပရိသတ်ထဲမှ မရေမတွက်နိုင်သော လူများသည် အံ့အားသင့်သွားကြသည်။

"ဒီကောင်က နံပါတ်တစ် ရွှေအဆင့် ကျောင်းသား မုန့်သုန်ရှင်းကို တကယ်ကြီး ရိုက်နှက်လိုက်တာလား"

သူတို့၏ လင်ယွင်ကျောင်းတော် အပြင်စည်းနန်းတော်တွင် မည်သည့်အချိန်က ဤမျှလောက် အံ့သြဖွယ်ကောင်းသည့် ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာပါသနည်း။

"မုန့်သုန်ရှင်း.. ငါ့ကို ဒုက္ခပေးချင်ရင် ကိုယ်တိုင် လုပ်တာ ပိုကောင်းမယ်လို့ ပြန်ရောက်ရင် မင်းရဲ့ သခင်လင်းယွီကို ပြောလိုက်"

ထို့နောက်တွင် ကျန်းချန်သည် ပရိသတ်တစ်စု၏ မယုံကြည်နိုင်သည့် အကြည့်အောက်မှာပင် ရင်ပြင်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ရင်ပြင်က ထွက်ခွာပြီးနောက် ကျန်းချန်သည် သူ၏ နေအိမ်သို့ မပြန်ခဲ့ပေ။

သူက လင်ယွင်ကျောင်းတော်၏ တံခါးဝကနေ ကျောင်းတော်ပြင်ပသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။

သူတို့ကျန်းမိသားစုနှင့် လင်းမိသားစု၏ ဆက်ဆံရေးသည် ဘယ်သောအခါမှ အဆင်မပြေခဲ့ပေ။

ကျောင်းတော်ထဲတွင် လင်းယန်က ပြဿနာစရှာခဲ့၍ သူက လင်းယန်ကို နှိပ်ကွပ်ခဲ့ရာ လင်ယွင်စာရင်းတွင် ပါဝင်သော လင်းယွီသည် အပြင်စည်းနန်းတော်၏ နံပါတ်တစ် ရွှေအဆင့် ကျောင်းသားကို သူ့ကို ဒုက္ခပေးရန် တိုက်ရိုက် စေလွှတ်ခဲ့သည်။

နောက်တစ်ကြိမ်တွင်မူ လင်းယွီ ကိုယ်တိုင် ရောက်လာဖို့များ၏။

ထို့ကြောင့် ကျန်းချန်သည် ငွေအနည်းငယ်ရှာပြီး ဆေးလုံးအချို့ကို ဖော်စပ်ရန်အတွက် ပါဝင်ပစ္စည်းများ ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။

ဤနည်းလမ်းဖြင့် သူသည် အဆတစ်ရာစနစ်ကို အားကိုးပြီး လင်းယွီကို ယှဥ်ပြိုင်နိုင်မည့် ခွန်အားကို အမြန်ဆုံး ပိုင်ဆိုင်နိုင်မည် မဟုတ်ပါလား။

လင်ယွင်ကျောင်းတော်မှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် လင်ယွင်မြို့ကို ခဏလောက် လှည့်ပတ်ပြီးမှ ပေတန်းခန်းမဟု ခေါ်သည့် ဆိုင်တစ်ဆိုင်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားခဲ့သည်။

"ဆရာ.. ပေတန်းခန်းမက ကြိုဆိုပါတယ်...ဘာများ လိုအပ်ပါသလဲ"

ကျန်းချန်က ပေတန်းခန်းမထဲကို ဝင်သွားသည်နှင့် မိန်းကလေးတစ်ယောက်က ကျန်းချန်ကို ပြုံးပြကာ မေးခွန်းထုတ်လိုက်သည်။

"ငါ ပစ္စည်းဝယ်ဖို့ လာတာမဟုတ်ဘူး"

ကျန်းချန်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"မင်းတို့ ပေတန်းခန်းမက အဂ္ဂိရတ်ပညာရှင်တွေကို ခေါ်နေတယ်ကြားလို့ လျှောက်လွှာတင်ဖို့ လာခဲ့တာပဲ"

မိန်းကလေးသည် ကျန်းချန်၏ စကားကို ကြားလျှင် ခဏမျှ အံ့အားသင့်သွားခဲ့သည်။

[သူက အဂ္ဂိရတ်ပညာရှင်အဖြစ် အလုပ်လာလျောက်တာတဲ့လား.. ဒါပေမယ့် သူက အတော်လေး ငယ်သေးတဲ့ပုံပဲ]

"ကျမတို့ ပေတန်းခန်းမက အဂ္ဂိရတ်ပညာရှင်တွေကို အလုပ်ခေါ်နေတာ မှန်ပါတယ်.. ဆရာ ခဏစောင့်ပေးပါ.. ကျမ အကြောင်းကြားပေးပါ့မယ်"

ကျန်းချန်က အသက်ငယ်လွန်းသော်လည်း မိန်းကလေးသည် မထီမဲ့မြင် မပြုမူခဲ့ပေ။

သူမက ခန်းမ၏ အကြီးအကဲကို အကြောင်းကြားရန် အလျင်အမြန် ပြေးသွားခဲ့သည်။

ခဏအကြာတွင် မိန်းကလေးသည် အသက်သုံးဆယ်ကျော်အရွယ် သက်လတ်ပိုင်း လူတစ်ယောက်ကို ခေါ်ဆောင်ကာ ပြန်လည် ရောက်ရှိလာခဲ့၏။

"ကောင်လေး.. မင်းက အဂ္ဂိရတ်ပညာရှင်အဖြစ် လျှောက်လွှာတင်ဖို့ လာတယ်လို့တော့ ငါ့ကို မပြောနဲ့နော်"

သက်လတ်ပိုင်းအရွယ်လူက ကျန်းချန်ကို အကဲခတ်လိုက်ပြီးနောက် မျက်နှာက ချက်ချင်းပင် မကြည်မလင် ဖြစ်သွားခဲ့သည်။

ကျန်းချန်က အေးဆေးတည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

"အမှန်ပဲ.. ​ကျနော်က အဂ္ဂိရတ်ပညာရှင် အဖြစ် လျှောက်လွှာတင်ဖို့ လာခဲ့တာပဲ.. ဘာပြဿနာရှိလို့လဲ"

"ကောင်လေး.. ငါတို့ ပေတန်းခန်းမက ခေါ်ယူဖို့ လုပ်နေတဲ့ အဂ္ဂိရတ်ပညာရှင်က အနည်းဆုံး ပထမအဆင့် အဂ္ဂိရတ်သခင်ဖြစ်ရမယ်.. မင်းမှာ ပထမအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားရော ရှိရဲ့လား"

သက်လတ်ပိုင်းအရွယ်လူက သူ့လက်ကို ဝှေ့ယမ်းပြီး စိတ်မရှည်သော အမူအရာဖြင့် ပြောလိုက်သည်။

"ထွက်သွားလို့ရပြီ ကောင်လေး.. မင်းတို့လို နို့နံ့တောင် မစင်သေးတဲ့ကလေးတွေ အနေနဲ့ ငါ့ရဲ့ တန်းဖိုးရှိလှတဲ့ အချိန်တွေကို ဖြုန်းတီးဖို့ မကြိုးစားပါနဲ့"

အခန်း(၂၂) ပြီး၏

All Chapters