← Chapters

အခန်း (၂၈)

Vol. 2 Ch. 28

အခန်း (၂၈)

Vol. 2 Ch. 28

"ဒီကောင်.. တတိယအဆင့် ဆေးလုံးကို တကယ်ပဲ သန့်စင်နိုင်ပါ့မလား"

ကျန်းချန်၏ စကားကြောင့် လူတိုင်းက အံ့သြသွားပြန်သည်။

"မင်းကများ တတိယအဆင့်ဆေးလုံးကို သန့်စင်မယ်ပေါ့လေ ဟုတ်လား"

ကျူးမင်ယွမ်က အတော်လေး အရှက်ခွဲချင်နေပုံရသည်။

ဤလင်ယွင်မြို့တော်တွင် တတိယအဆင့် ဆေးဝါးကို သန့်စင်ပေးနိုင်သော အဂ္ဂိရတ်သခင်ကို လက်တစ်ဖက်တည်းဖြင့်ပင် ရေတွက်နိုင်သည်။

ထို့အပြင် ထိုအဂ္ဂိရတ်သခင် အားလုံးသည် နှစ်ပေါင်းများစွာ အဂ္ဂိရတ်ပညာရပ်ကို လေ့လာခဲ့သည့် ဝါရင့် အဂ္ဂိရတ်သခင်များ ဖြစ်ကြ၏။

ဤကောင်လေးသည် ပထမအဆင့် ခန္ဓာကိုယ်ပြုပြင်ခြင်း ဆေးလုံးကို သန့်စင်ပေးနိုင်သည့်အပြင် အောင်မြင်မှုရာခိုင်နှုန်းမှာလည်း ကြောက်မက်ဖွယ် ကောင်းသည်။

သို့သော် ဤကောင်လေးက တတိယအဆင့်ဆေးဝါးကို သန့်စင်နိုင်မည်ဟု ကျူးမင်ယွမ် ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။

ဤကောင်လေးက သူ့အမေ၏ ဝမ်းဗိုက်မှာကတည်းက အဂ္ဂိရတ်ပညာကို စတင် လေ့လာခဲ့မည် ဆိုလျှင်ပင် တတိယအဆင့် အဂ္ဂိရတ်သခင် ဘယ်လိုမှ မဖြစ်နိုင်ချေ။

ကျန်းချန်က ကျူးမင်ယွမ်နှင့် ငြင်းခုံရန် စိတ်မပါသဖြင့် ထန်ရှန့်ကို ပြုံးကာ ပြောလိုက်သည်။

"ရှန်းထျန်း စိတ်ဝိညာဥ်ဆေးလုံး အတွက် ပစ္စည်းတစ်စုံစာ ပြင်ထားပေးပါ"

"လခွမ်း.. တကယ်ကြီး ရှန်းထျန်း စိတ်ဝိညာဥ်ဆေးလုံးကို သန့်စင်ချင်နေတာလား"

ကျန်းချန်၏ စကားကို ကြားလျှင် အနီးနားရှိ လူများသည် အသက်ရှူမဝသလိုပင် ဖြစ်သွားခဲ့သည်။

ရှန်းထျန်း စိတ်ဝိညာဉ်ဆေးလုံး..

ဤသည်မှာ မူလဘူတ အဆင့်၏ ပထမအဆင့်ကို တိုက်ရိုက် တိုးတက်စေသည့် အကောင်းဆုံး ဆေးလုံး ဖြစ်သည်။

ဆိုရလျှင် ဤဆေးလုံး၏ အဆင့်သည် တတိယအဆင့်၏ အဆင့်မြင့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ကျန်းချန်က တတိယအဆင့်ဆေးလုံးကို သန့်စင်ရုံသာမက တတိယအဆင့်၊ အဆင့်မြင့်ဆေးလုံး ဖြစ်သည့် ရှန်းထျန်း စိတ်ဝိညာဥ်ဆေးလုံးကို သန့်စင်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

သူတို့ကို ပို၍ အံ့သြသွားစေသည်မှာ ကျန်းချန်သည် ဆေးလုံးကိုသန့်စင်ရန် ပစ္စည်းတစ်စုံစာသာ တောင်းခဲ့ခြင်း ဖြစ်သည်။

ယင်းမှာ ရှန်းထျန်း စိတ်ဝိညာဥ်ဆေးလုံးကို တစ်ကြိမ်တည်းဖြင့် သန့်စင်ပြမည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။

"ဒီကောင်.. အတော်လေး ဖင်ယားတာပဲ.. ရှန်းထျန်း စိတ်ဝိညာဥ်ဆေးလုံးကို တတိယအဆင့် အဂ္ဂိရတ်သခင် မပြောနဲ့.. စတုတ္ထအဆင့် အဂ္ဂိရတ်သခင်တွေတောင် တစ်ကြိမ်ထဲနဲ့ သန့်စင်ဖို့ အရမ်းခက်ခဲတယ်"

"မင်းက ရှန်းထျန်း စိတ်ဝိညာဥ်ဆေးလုံးကို သန့်စင်ချင်နေတာလား.. မွန်းစတား.. မင်းက မွန်းစတားပဲ.. လင်ယွင်ကျောင်းတော်ကို ဘာကြောင့် နောက်ပေါက်ကနေ ဝင်လာလဲ ငါတကယ် နားမလည်တော့ဘူး"

ထန်ရှန့်က စိတ်ထဲကနေ ရေရွတ်လိုက်ပြီးနောက် သူ့ဝန်ထမ်းများကို ရှန်းထျန်း စိတ်ဝိညာဥ်ဆေးလုံး သန့်စင်ရန်အတွက် လိုအပ်သည့် ပစ္စည်းများအား ပြင်ဆင်ခိုင်းလိုက်သည်။

ကျန်းချန်က လုံးဝ မတုံ့ဆိုင်းဘဲ အဂ္ဂိရတ်မီးဖို ဆီသို့ လျှောက်သွားကာ ဆေးလုံးကို စတင် သန့်စင်လိုက်သည်။

မီးဖိုအပူချိန်ကို ထိန်းချုပ်ခြင်း၊ ဆေးဖက်ဝင် ပစ္စည်းများထည့်သွင်းခြင်းနှင့် ဆေးလုံးသိပ်သည်းခြင်း စသည့် အဆင့်များကို ရေစီးကဲ့သို့ ချောမွေ့စွာ လုပ်ဆောင်ခဲ့သည်။

"ဒင်.. သင်က တတိယအဆင့် ရှန်းထျန်း စိတ်ဝိညာဥ် ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်တဲ့အတွက် အတွေ့အကြုံရမှတ် ၃၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

နာရီဝက်မပြည့်မီမှာပင် ကျန်းချန်သည် ရှန်းထျန်းစိတ်ဝိညာဥ် ဆေးလုံးကို အပြည့်အဝ သန့်စင်နိုင်ခဲ့သည်။

"ဘုရားရေ.. သူ... သူက တကယ်ကြီး တတိယအဆင့်ရဲ့ အဆင့်မြင့် ဆေးလုံးကို အမှန်တကယ် သန့်စင်နိုင်ခဲ့တာပဲ"

"ဒါ့အပြင် တစ်ကြိမ်ထဲနဲ့ အောင်မြင်ခဲ့တယ်.. ဒါက ဘယ်လောက်တောင် အံ့အားသင့်ဖို့ ကောင်းလိုက်လဲ"

ဤအခိုက်အတန့်တွင် ​ကျန်းချန်၏ ထူးခြားသော အဂ္ဂိရတ်စွမ်းရည်ကြောင့် ပတ်ဝန်းကျင်မှ ကြည့်ရှုသူအားလုံးသည် တုန်လှုပ် ခြောက်ခြားသွားကြသည်။

ဆယ်ကျော်သက် ကောင်လေးတစ်ယောက်သည် တတိယအဆင့်၏ အဆင့်မြင့်ဆေးလုံးကို တစ်ကြိမ်တည်းဖြင့် သန့်စင်လိုက်သော်လည်း ဆယ်စုနှစ်ကျော် အဂ္ဂိရတ်ပညာကို အထူးပြု လေ့လာခဲ့သော ကျူးမင်ယွမ်သည် ဒုတိယအဆင့်၏ အဆင့်မြင့်ဆေးလုံးကို နှစ်ကြိမ်တိုင်တိုင် သန့်စင်ခဲ့ရသည်။

လူတွေကို တခြားသူများနှင့် နှိုင်းယှဉ်ရသည်မှာ တကယ်ကို ခက်ခဲ၏။

ကျန်းချန်နှင့် ယှဥ်လျှင် ကျူးမင်ယွမ်ဟု ခေါ်သည့် ဒုတိယအဆင့် အဂ္ဂိရတ်သခင်သည် သိသိသာသာပင် နိမ့်ကျလွန်းနေသည်မှာ ထင်ရှားနေသည်။

"မင်း.. ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ကျူးမင်ယွမ်က ကျန်းချန်လက်ထဲမှ ဆေးလုံးကို ထိတ်လန့်စွာကြည့်ရင်း ရေရွတ်လိုက်သည်။

သူ့မျက်နှာက ရုတ်တရက် ဖျော့တော့သွားခဲ့၏။

သူ့မျက်စိထဲတွင် တစ်ခါမှ မထည့်ဖူးသည့် နို့နံ့တောင်မစင်သေးသည့် ကောင်လေး၏ အဂ္ဂိရတ်ပညာရပ်က ဤမျှလောက် ကြောက်စရာကောင်းသည့် အဆင့်ကို ရောက်ရှိနေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

တတိယအဆင့်၏ အဆင့်မြင့်ဆေးလုံး..

သူ့ဘဝတစ်ခုလုံး ကုန်ဆုံးသွားလျှင်ပင် ထိုဆေးလုံးကို သန့်စင်နိုင်မည် မဟုတ်ချေ။

ကျန်းချန်သည် ရှန်းထျန်း စိတ်ဝိညာဥ်ဆေးလုံးကို တစ်ကြိမ်ထဲဖြင့် သန့်စင်ပြကာ ကျူးမင်ယွမ်ကို အဂ္ဂိရတ်ပညာဖြင့် အပြတ်အသတ် နှိပ်ကွပ်လိုက်သည်။

ထန်ရှန့်က အလွန်အမင်း စကားမပြောနိုင်တော့ပေ။

ဤနံနက်ခင်းတွင် ကျန်းချန်သည် လင်ယွင်ကျောင်းတော် အပြင်စည်းနန်းတော်၏ နံပါတ်တစ် ရွှေအဆင့်ကျောင်းသား မုန့်သုန်ရှင်းကို အနိုင်ယူကာ လင်ယွင်ကျောင်းတော် တစ်ခုလုံး၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

ယခုတစ်ကြိမ် ကံဆိုးပြီး အလှည့်ကျသူမှာမူ ဒုတိယအဆင့် အဂ္ဂိရတ်သခင် ကျူးမင်ယွမ် ဖြစ်သည်။

[ဒီကောင် ဘယ်ကလာတာလဲ]

အခန်း(၂၈) ပြီး၏

All Chapters