← Chapters

အခန်း (၃၀)

Vol. 2 Ch. 30

အခန်း (၃၀)

Vol. 2 Ch. 30

"ဟားဟား.. ကျန်းချန် မင်းကိုယ်မင်း ဘယ်သူလို့ထင်နေလဲ.. ပေတန်းခန်းမရဲ့ အဂ္ဂိရတ်ပညာရှင်တွေက မင်းစကားကို နားထောင်စရာ လိုလို့လား"

ကျန်းယွင်ဟုန်က ခနဲ့လိုက်သည်။

သူ့အနေဖြင့် ကျန်းချန်ကို အစာမကြေသည့် အကြောင်းရင်းလည်း ရှိသည်။

ယင်းမှာ ကျန်းချန်သည် အရေးကြီးသော အခိုက်အတန့်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး လင်ယွင်ကျောင်းတော်ထဲ ဝင်ရောက်ခွင့်ရမည့် သူ၏ အခွင့်အရေးကို လုယူသွားသောကြောင့်ပင်။

ယခုအခါတွင် ကျန်းချမ်ဟဲသည် သူ့မြေး၏ အနာဂတ်အတွက် သူ့မြေးကို လင်ယွင်မြို့သို့ ခေါ်ဆောင်လာခဲ့သည်။

အဆုံးသတ်တွင် ကျန်းချမ်ဟဲ၏ မိတ်ဆွေတစ်ဦးသည် ပေတန်းခန်းမမှ အဂ္ဂိရတ်ပညာရှင် ကျူးမင်ယွမ်ကို ကျန်းယွင်ဟုန်အား တပည့်အဖြစ် လက်ခံရန် ပြောဆိုပေးခဲ့သည်။

ထိုကဲ့သို့ အခြေအနေ ဖြစ်မြောက်လာရန် အတွက် ကျန်းချမ်ဟဲသည် ငွေကြေးများစွာ အသုံးပြုခဲ့ရ၏။

"ကျန်းချန်.. ကျန်းယွင်ဟုန်က ဒုတိယအဆင့် အဂ္ဂိရတ်သခင်တစ်ယောက်ကို သူ့ဆရာအဖြစ် တရားဝင် တင်​မြှောက်နိုင်တော့မယ်.. ဒါက ကျန်းမိသားစုအတွက် ကြီးကျယ်တဲ့ ပျော်ရွှင်စရာ အောင်ပွဲတစ်ခုပဲ.. ဒီလိုပွဲမျိုးမှာ မင်းက သက်သေအဖြစ် ရှိနေသင့်တယ်"

ကျန်းချမ်ဟဲက ဝင့်ကြွားစွာ ပြောလိုက်သည်။

ကျန်းယွင်ဟုန်သာ ဒုတိယအဆင့် အဂ္ဂိရတ်သခင်ကို ဆရာတင်နိုင်ခဲ့လျှင် ကျန်းမိသားစုတွင် သူ၏ ဂုဏ်သိက္ခာသည် ဧကန်မုချ မြင့်တက်လာပေလိမ့်မည်။

ကျန်းချန်က လင်ယွင်ကျောင်းတော်ထဲ ဝင်ရောက်ခွင့် ရခဲ့လျှင်ပင် အနာဂတ်မရှိသော ကြေးအဆင့် ကျောင်းသားတစ်ဦးသာ ဖြစ်သည်။

အချိန်တန်လျှင် ကျန်းချန်သည် ကျန်းမိသားစုခေါင်းဆောင်နေရာအတွက် ကျန်းယွင်ဟုန်ကို မည်သို့သော အရည်အချင်းများနှင့် ယှဉ်ပြိုင်နိုင်ပါအံ့နည်း။

"ကောင်းပြီလေ"

ကျန်းချန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ကျန်းချမ်ဟဲက မပြောခဲ့လျှင်ဘဲ ကျန်းချန်သည် ထွက်သွားရန် မရည်ရွယ်ထားခဲ့ပေ။

သူ့ကို မစော်ကားသ၍ သူက မည်သူ့ကိုမှ စော်ကားမည် မဟုတ်ပေ။

ကျန်းမိသားစုတွင်ရှိစဥ် ကျန်းယွင်ဟုန်သည် သူ့ကို လက်သီးဖြင့် ထိုးပြီး ဝင်ခွင့် တံဆိပ်ပြားကို လုယူခဲ့သည်။

အခု သူက ကျန်းယွင်ဟုန်ကို ရှင်းဖို့ အခွင့်အရေးရနေပြီ ဖြစ်ရာ အဘယ်ကြောင့် လွယ်လွယ်နှင့် လက်လွှတ် ခံနိုင်ပါမည်နည်း။

ကျန်းချန်က လက်ပိုက်ကာ ကျူးမင်ယွမ် ရောက်ရှိလာမည်ကို ကျန်းယွင်ဟုန်တို့ ​မြေးအဘိုးနဲ့ အတူ စောင့်ဆိုင်းနေခဲ့သည်။

မိနစ်အနည်းငယ်အကြာတွင် အဂ္ဂိရတ်ပညာရှင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူတို့ရှိရာသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

"ဆရာကျူး ရောက်လာပြီလား"

ကျန်းချမ်ဟဲက ပြုံးပြုံးရွှင်ရွှင်ဖြင့် နှုတ်ဆက်လိုက်သည်။

"တပည့် ကျန်းယွင်ဟုန်.. ဆရာ့ကို ဂါရဝပြုပါတယ်"

ကျန်းယွင်ဟုန်က ခါးကိုင်းကာ လေးစားစွာ ဦးညွှတ်၍ ပြောလိုက်သည်။

ထိုအခိုက်တွင် ကျန်းချန်သည် လက်ပိုက်ကာ မလှုပ်မယှက် ရပ်နေသည်ကို သူ တွေ့လိုက်ရသည်။

"ကျန်းချန်.. မင်းဘာလို့ အဲဒီမှာရပ်နေတာလဲ.. ဆရာကျူးကို မြန်မြန် ဂါရဝမပြုသေးဘူးလား"

ကျန်းယွင်ဟုန်က ကျန်းချန်ကို ပြင်းပြင်းထန်ထန် အော်ငေါက်လိုက်သည်။

"ကျန်းချန်.. မင်း အတော်သတ္တိကောင်းနေလား.. ဆရာကျူးကိုတောင် မရိုမသေလုပ်ဝံ့တယ်.. ဒူးထောက်ပြီး မတောင်းပန်သေးဘူးလား"

ကျန်းချမ်ဟဲကလည်း ကျန်းချန်ကို ဆိုးရွားသော အမူအရာဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

ဒုတိယအဆင့် အဂ္ဂိရတ်သခင်သည် မြင့်မြတ်သော အဆင့်အတန်းတွင် ရှိ၍ သူတို့အနေဖြင့် ယဉ်ကျေးစွာ ဆက်ဆံရပေမည်။

ယခု ကျန်းချန်က ကျူးမင်ယွမ်ကို မျက်လုံးထဲ ထည့်ပုံမရသဖြင့် ကျန်းချမ်ဟဲသည် တမင်တကာပင် ကျန်းချန်ကို ကျူးမင်ယွမ်နှင့် ပြဿနာတက်အောင် ဖန်တီးလိုက်သည်။

ဤသည်က ရန်သူကို လက်ဌားပြီး ရှင်းပစ်သော နည်းလမ်း ဖြစ်သည်။

ကျန်းယွင်ဟုန်တို့ ​မြေးအဘိုး၏ ဒေါသတကြီး အော်ဟစ်သံများကို ကျန်းချန်က လုံးဝ ဂရုမစိုက်ခဲ့ပေ။

သူက ကျူးမင်ယွမ်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

"ကျူးမင်ယွမ်...သူတို့ နှစ်ယောက်က မင်းကို တောင်းပန်ဖို့ ငါ့ကို ဒူးထောက်ခိုင်းနေတယ်.. မင်း ဘယ်လိုထင်လဲ"

စင်စစ် ကျူးမင်ယွမ်သည် ကျန်းချန်ဟဲနှင့် ချိန်းထား၍ ထျန်းရှန်းလို့ စားသောက်ဆိုင်သို့ ရောက်လာခြင်း ဖြစ်သည်။

ထို့နောက်တွင် သူသည် ကျန်းချန်ကို တွေ့လိုက်ရ၍ နှုတ်ဆက်ရန် ပြင်လိုက်သည်။

သို့သော်လည်း ကျန်းချန်ကို သူနှုတ်ဆက်ခါနီးတွင် ကျန်းချမ်ဟဲသည် သူ့ဆီသို့ အတင်းလာရောက် မိတ်ဆက်ခဲ့သည်။

ဤနောက်ပိုင်းတွင် ထိုမြေးအဘိုးသည် ကျန်းချန် သူ့ကို အထင်လွဲအောင် တစ်မျိုးပြီး တစ်မျိုး ဒုက္ခပေးနေခဲ့သည်။

ကျန်းချန်၏ မေးခွန်းကြောင့် ကျူးမင်ယွမ်၏ မျက်နှာသည် ချက်ချင်းပင် အကြည့်ရဆိုးလာခဲ့သည်။

သို့သော် ကျန်းယွင်ဟုန်သည် ဤအရာအားလုံးကို သဘာဝအတိုင်း မမြင်နိုင်ခဲ့ပေ။

ကျန်းချန်က ကျူးမင်ယွမ်၏ နာမည်အား တိုက်ရိုက် ခေါ်လိုက်သည်ကို ကြားလျှင် ကျန်းယွင်ဟုန်သည် ကျန်းချန်ကို ထပ်မံ အော်ငေါက်လိုက်သည်။

"ကျန်းချန်.. မင်းက ဆရာကျူး နာမည်ကို တိုက်ရိုက်ခေါ်ဝံ့တယ်ဆိုတော့ ဆရာကျူးကို သောက်ဂရုမစိုက်တဲ့အထာလား.. ခုချက်ချင်း ဒူးထောက်လိုက်စမ်း"

"ဖြောင်း"

ထိုခဏမှာပင် ကျူးမင်ယွမ်သည် ကျန်းယွင်ဟုန်ရှေ့သို့ တိုက်ရိုက် လျှောက်သွားပြီး ပါးရိုက်ချလိုက်သည်။

ကျူးမင်ယွမ်၏ ရုတ်တရက် ပါးရိုက်မှုကြောင့် ကျန်းယွင်ဟုန်သာမက ကျန်းချမ်ဟဲပင် အံ့အားသင့်သွားခဲ့၏။

ဆရာကျူးအနေဖြင့် သူ့အပေါ် မလေးစားသည့် ကျန်းချန်ကိုသာ ရိုက်နှက်ဆုံးမသင့်သည် မဟုတ်လော။

[ဒါက ဘာတွေဖြစ်နေတာလဲ]

အခန်း(၃၀) ပြီး၏

All Chapters