← Chapters

မဟာဓားပြ၄ဦး

Vol. 121 Ch. 1803

မဟာဓားပြ၄ဦး

Vol. 121 Ch. 1803

အဲ့ဒီမှာ အမြုတေအားဖြည့်မြက်နှင့် မိုးနှင်းပန်းပင် တစ်သိန်းစီရှိလေသည်။

သို့သော်လည်း သူတို့သည် အမြုတေစုဖွဲ့ဆေးလုံး တစ်ထောင်ကိုသာ လဲလှယ်ရယူနိုင်မည်ဖြစ်၏။

အမြုတေစုဖွဲ့ဆေးလုံး တစ်ထောင်ကို ဤခရီးစဥ်တွင်လိုက်ပါလာသည့် နှင်းလေတောင်ကြောရိုး၏ အစောင့်စစ်သားတစ်ရာထံ ခွဲဝေပေးရဦးမည်ဖြစ်၏။ ရိက္ခာမှူးဆယ်ယောက်ကို ခွဲဝေပေးပြီးနောက် နှင်းလေတောင်ကြောရိုးသည် သူတို့ကိုယ်တိုင်သုံးဖို့အတွက် တစ်စိတ်တစ်ဒေသကို ဖယ်ထားရမည်ဖြစ်၏။ အဲ့ဒီမှာ ဆေးပင်စိုက်ပျိုးရေးသမား တစ်ရာအတွက် နောက်ဆုံးမှာ ဘယ်လောက်မှကျန်ရှိတော့မည် မဟုတ်ပေ။

ဆေးပင်စိုက်ပျိုးရေးသမားတိုင်းသည် အမြုတေစုဖွဲ့ဆေးလုံး သုံးလုံးစီကိုသာ ရရှိနိုင်မည်ဖြစ်၏။

ဤခရီးစဥ်ကို လိုက်ပါလာသော အစောင့်စစ်သား တစ်ရာပင်လျှင် အမြုတေစုဖွဲ့ဆေးလုံး ၄လုံးစီကိုသာ ရရှိနိုင်ပေလိမ့်မည်။

အဲ့ဒီမှာတင် အမြုတေစုဖွဲ့ဆေးလုံး ခုနှစ်ရာက ကုန်ဆုံးသွားမည်ဖြစ်၏။

ကျန်ရှိနေသော အမြုတေစုဖွဲ့ဆေးလုံးများကို ရိက္ခာမှူးများနှင့် ခေါင်းဆောင်တပ်မှူးများကြားမှာ ခွဲဝေပေးရမည်ဖြစ်ပြီး နှင်းလေတောင်ကြောရိုးပင်လျှင် သူတို့အတွက် များစွာမကျန်ရှိတော့ပေ။

သို့သော်လည်း ဆေးပင်စိုက်ပျိုးရေးသမားများနှင့် နှင်းလေတောင်ကြောရိုး၏ အစောင့်စစ်သားများအတွက် ထိုအမြုတေစုဆေးလုံး သုံးလုံး သို့မဟုတ် လေးလုံးတည်းက နောက်ဆယ်နှစ်စာအတွက် သူတို့၏ ကျင့်ကြံရေးအရင်းအမြစ်ဖြစ်လေသည်။

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

ဤနေရာမှာရှိသော ကျင့်ကြံရေးပတ်ဝန်းကျင်သည် သူတွေးထင်ထားသည်ထက် ပို၍ပင် ရက်စက်ကြမ်းတမ်းပြီး ပို၍ကြမ်းတမ်းနေ၏။

သွမ့်ထျန်လန် ၊ လူအိုကြီးယန်နှင့် အခြားသူများသည် နှစ်ပေါင်းထောင်ချီကျင့်ကြံခဲ့ကြ၏။

သို့သော်လည်း နှစ်တစ်သောင်းကြာပြီးတာတောင် သူတို့က များစွာတိုးတက်မလာခဲ့ကြပေ။ အဲ့ဒါသည် နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ အမြုတေချီက ပါးလွှာသောကြောင့်သာ မဟုတ်ပေ။

အမြုတေစုဖွဲ့ဆေးလုံးကဲ့သို့ အခြေခံကျသော ကျင့်ကြံရေး အရင်းအမြစ်များကပင်လျှင် အရမ်းကိုရှားပါးနေသောကြောင့်ဖြစ်၏။

သူတို့ကို မပြောနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုပိုင်ဆိုင်ထားသည့် ဆူဇီမိုပင်လျှင် လုံလောက်သည့် ကျင့်ကြံရေးအရင်းအမြစ်များ မရှိဘဲ သူ၏ ကျင့်ကြံမှုအဆင့်က ဖြည်းဖြည်းချင်းဖြင့်သာ တိုးလာနိုင်ပေလိမ့်မည်။

“အမြုတေစုဖွဲ့ဆေးလုံးတစ်လုံးကို သန့်စင်ဖော်ထုတ်ဖို့အတွက် အမြုတေအားဖြည့်မြက်နဲ့ မိုးနှင်းပန်း ဘယ်လောက်များများလိုအပ်လဲ ခင်ဗျားသိလား”

ဆူဇီမိုကမေးလိုက်၏။

“သာမန်အမြုတေစုဖွဲ့ဆေးလုံးတစ်လုံးအတွက် အမြုတေအားဖြည့်မြက်တစ်ပင်နဲ့ မိုးနှင်းပန်းပင်တစ်ပင်စီဆို လုံလောက်တယ်လို့ပြောတယ်”

ရှချင်းယင်က ပြောလိုက်၏။

အင်မော်တယ်ဆေးပင်တစ်ပင်စီက အမြုတေဆေးလုံးတစ်လုံးကို သန့်စင်မွန်းမံနိုင်လေသည်။

သို့သော်လည်း အမြုတေစုဖွဲ့ဆေးလုံး ဖော်စပ်ပုံအညွန်းသည် ထိပ်သီးဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေသောကြောင့် အောက်ဘုံကနေ တက်လှမ်းလာသော ကျင့်ကြံသူများသည် အမြုတေစုဖွဲ့ဆေးလုံးတစ်လုံးအတွက် အင်မော်တယ်ဆေးပင်တစ်ရာစီ ပေးချေဖလှယ်ရယူဖို့လိုလေသည်။

“သွေးသူရိယတောင်ကြားကနေ အမြုတေစုဖွဲ့ဆေးလုံးတွေကို မသန့်စင်နိုင်ဘူးဆိုတော့ သူတို့က အဲ့ဒီအင်မော်တယ်ဆေးလုံးတွေကို ဘယ်ကနေ ရလာတာလဲ”

ဆူဇီမိုက ခဏမျှတွေးတောပြီးထပ်မေးလိုက်၏။

ရှချင်းယင်က ပြောလိုက်လေသည်။

“နဂါးအသူရာချောက်နက်ကြယ်မှာ အင်မော်တယ်ဆေးလုံးတွေ ရရှိနိုင်တဲ့နေရာ တစ်ခုထဲပဲရှိတယ်... အဲ့ဒါက နဂါးအသူရာချောက်နက်မြို့တော်ပဲ... အဲ့ဒါက အထက်ဘုံက ​ဒေသခံအင်မော်တယ်တွေ နေထိုင်တဲ့နေရာ.. သွေးသူရိယတောင်ကြားက သူတို့ရဲ့အမြုတေစုဖွဲ့ဆေးလုံးတွေကို လဲလှယ်ရယူလာခဲ့တဲ့နေရာပဲ”

ခဏမျှရပ်တန့်ပြီးနောက် သူမက ဆက်ပြောလိုက်၏။

“ဒါပေမဲ့ရှင်က နဂါးအသူရာချောက်နက်မြို့တော်မှာ အမြုတေဆေးလုံးတစ်လုံးကို လဲယူချင်တယ်ဆိုရင် ဝိညာဥ်အားဖြည့်မြက်နဲ့ မိုးနှင်းပန်း ဆယ်ပင်စီကို​ပဲ လိုအပ်မယ်လို့ကြားဖူးတယ်”

“အမ်...”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

“ပြောရမယ်ဆို... သွေးသူရိယတောင်ကြားက နဂါးအသူရာချောက်နက်မြို့မှာ အမြုတေစုဖွဲ့ဆေးလုံးတစ်လုံးအတွက် အင်မော်တယ်ဆေးပင် ဆယ်ပင်စီကိုပဲ သုံးရတာပေါ့... ကျုပ်တို့ကတော့ အဲ့ဒါကိုရဖို့အတွက် အင်မော်တယ်ဆေးပင် တစ်ရာစီကိုပေးနေရတယ်”

“အဲ့လိုဖြစ်နေတာ အမှန်ပဲ”

ရှချင်းယင်က ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမိုက လှောင်ရယ်လိုက်​လေသည်။

“သွေးသူရိယတောင်ကြားက တော်တော်လူပါးဝတာပဲ... ခရီးတစ်ခေါက်သွားရုံနဲ့ သူတို့က စျေးကိုဆယ်ဆတင်ပစ်လိုက်၏။

ဆူဇီမိုက မေးလိုက်၏။

“နှင်းလေတောင်ကြောရိုးက နဂါးအသူရာချောက်နက်မြို့ကို ဘာလို့ကိုယ်တိုင်မသွားကြတာလဲ”

“ဟဟား”

ဆူဇီမိုက ရှချင်းယင်နှင့်ဘေးချင်းယှဥ်ရပ်ပြီး စကားများတတွတ်တွတ်ပြောဆိုနေသည်ကို တွေ့မြင်သောအခါ လျန့်ချိုးက မနာလိုနေလေသည်။ ထိုစကားကိုကြားသောအခါ သူကဝင်ရောက်လှောင်ရယ်လိုက်၏။

“ဘယ်လောင်တောင်နုံအလိုက်သလဲ”

ဆူဇီမိုက ထိုလူကိုလျစ်လျူရှုပြီး လှည့်ပင်မကြည့်ပေ။

ရှချင်းယင်၏ မျက်နှာက မှေးမှိန်သွားပြီး သူမ၏ ခေါင်းကို ခါပြလိုက်၏။

“အဲ့ဒါနဲ့ပတ်သက်ပြီး ကျွန်မတို့လုပ်နိုင်တာ ဘာမှမရှိဘူး... ဒီကနေ နဂါးအသူရာချောက်နက်မြို့တော်ကိုသွားဖို့က ခရီးရှည်ကြီးပဲ... ခရီးတစ်ခေါက်က နှစ်ဝက်လောက်ကြာလိမ့်မယ်”

“အဲ့ဒီအချိန်အတောအတွင်း ကျွန်မတို့က ထောင်နဲ့ချီတဲ့တောင်တန်းတွေ....နက်ရှိုင်းတဲ့တောအုပ်တွေနဲ့ အန္တရာယ်ရှိတဲ့နေရာများစွာကို ဖြတ်ကျော်ရလိမ့်မယ်”

“အဲ့ဒါထက် ကျွန်မတို့က သွေးအသူရာချောက်နက်ကြယ်မှာရှိတဲ့ မဟာဓာပြလေးဖွဲ့ရဲ့ လုယက်သတ်ဖြတ်ခြင်းကိုလည်း ခံရနိုင်တယ်...ဟင်း...”

ထိုနေရာအရောက်တွင် ရှချင်းယင်က သက်ပြင်းချလိုက်၏။

“နဂါးအသူရာချောက်ကြယ်ပေါ်မှာ နှင်းလေတောင်ကြောရိုးလိုမျိုး အဖွဲ့အစည်းငယ်တွေ မရေမတွက်နိုင်အောင်ရှိတယ်... ဒါပေမဲ့ သူတို့ထဲ အများစုက နဂါးအသူရာချောက်နက်မြို့ကို အသက်ရှင်လျက်ရောက်အောင် မသွားနိုင်ခဲ့ကြဘူး”

“သူတို့က နဂါးအသူရာချောက်နက်မြို့ကို အသက်ရှက်လျက်ဝင်ရောက်နိုင်ခဲ့မယ်ဆိုရင်တောင် သူတို့က အသက်ရှင်လျက်ပြန်လာနိုင်မှာ မဟုတ်ဘူး... နဂါးအသူရာချောက်နက်မြို့တော်ကို သွားဖို့ဆိုတာက မဖြစ်နိုင်သလောက်နီးပါးပဲ”

“မဟာဓားပြ ၄ဦးဖွဲ့လား”

​ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

ရှချင်းယင်က ပြောလိုက်လေသည်။

“နဂါးအသူရာချောက်နက်ကြယ်မှာ ဓားပြတွေအများကြီးရှိတယ်... သူတို့ထဲမှာမှ အသန်မာဆုံးနဲ့ စွမ်းအားအကြီးဆုံးက မဟာဓားပြဖွဲ့ပဲ”

“တကယ်တော့... အဲ့ဒီဓားပြတွေကလည်း အောက်ဘုံကနေ တက်လှမ်းလာတဲ့ ကျင့်ကြံသူတွေပဲ... ဒါပေမဲ့ သူတို့က နဂါးအသူရာချောက်ကြယ်ပေါ်မှာ လွှမ်းမိုးခြယ်လှယ်နိုင်ဖို့အတွက် လုယက်ခြင်းနဲ့ သတ်ဖြတ်ခြင်းအပေါ်မှာ မှီခိုကြတယ်... သူတို့က မကောင်းမှုဒုစရိုက်မှန်သမျှကို ကျူးလွန်ကြတယ်”

“နဂါးအသူရာချောက်နက်မြို့ပေါ်မှာရှိတဲ့ အင်မော်တယ်တွေက သူတို့ကို မကိုင်တွယ်ပေးဖူးလား”

ဆူဇီမိုက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

ရှချင်းယင်က ခေါင်းခါပြလိုက်၏။

“အထက်ဘုံက အင်မော်တယ်တွေက ကျွန်မတို့ရဲ့ သေခြင်းရှင်ခြင်းကို လုံးဝဂရုစိုက်တာမဟုတ်ဘူး... ကျွန်မတို့တွေက ကိုယ့်ဘာသာကိုယ်ပဲ ရှင်သန်ဖို့အတွက် ကြိုးစားရတာ”

“နောက်ပြီး... မဟာဓားပြ ၄ဦးရဲ့ စခန်းချရာနေရာတွေကလည်း အတည်တကျမရှိဘူး... သူတို့က တစ်ချိန်လုံး လှည့်လည်သွားလာနေကြတာ... သူတို့ကို အပြီးတိုင်ချေမှုန်းဖို့ဆိုတာက မဖြစ်နိုင်ဘူး”

“ကျွန်မတို့က သူတို့ကိုတစ်ခါတည်း မချေမှုန်းနိုင်ဘူးဆိုရင် သူတို့တစ်ကြော့ပြန်လာတဲ့အချိန်မှာ သူတို့ကိုတိုက်ခိုက်ခဲ့တဲ့ ကျင့်ကြံသူတွေအားလုံးက သူတို့ရဲ့ သွေးသံရဲရဲ လက်စားခြေခြင်းတွေနဲ့ ကြုံတွေ့ရလိမ့်မယ်”

ရှချင်းယင်က ခဏမျှတွေးတောပြီး ဆက်ပြောလိုက်၏။

“ကျွန်မအဖေပြောတာကို အရင်က ကြားခဲ့ဖူးတယ်... နဂါးအသူရာချောက်နက်ကြယ်မှာ ရှိတဲ့ အဖွဲ့အစည်းကြီးသုံးခုက ဓားပြတပ်ဖွဲ့တွေထဲကတစ်ခုကို အတူပူးပေါင်းပြီး ဖျက်ဆီးချေမှုန်းခဲ့ကြဖူးတယ်”

“အဲ့ဒီဓားပြတွေက ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ရပေမယ့် သူတို့ရဲ့ခေါင်းဆောင်က ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်... သိပ်မကြာဘူး.. သူကပြန်လည်ပေါ်ထွက်လာပြီးတော့ အဖွဲ့အစည်းကြီးသုံးခုကို ကလဲ့စားချေလာခဲ့တယ်”

“အဖွဲ့အစည်းကြီးသုံးခုက ကြီးကြီးမားမား ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရတယ်... နောက်ဆုံးမှာသူတို့က ဓားပြတပ်ဖွဲ့တွေရဲ့လက်ချက်နဲ့ လုံးပါး ပါးလာပြီး တခြားအဖွဲ့အစည်းတွေရဲ့ ဝါးမျိုသိမ်းပိုက်ခြင်းကိုခံလိုက်ရတယ်... အဲ့လိုနဲ့ပဲ... သွေးသူရိယတောင်ကြားက မြင့်မားပေါ်ထွက်လာခဲ့တာ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“အဲ့လိုဆိုရင်... နဂါးအသူရာချောက်နက်ကြယ်မှာရှိတဲ့ အဖွဲ့အစည်းကြီး ၈ခုကပဲ နဂါးအသူရာချောက်နက်မြို့တော်ကို သွားရောက်နိုင်တဲ့... ခွန်အားကိုပိုင်ဆိုင်ထားတာပေါ့”

“အမှန်ပဲ”

ရှချင်းယင်က ခေါင်းညိတ်ပြလိုက်၏။

“ကျွန်မတို့က အမြုတေစုဖွဲ့ဆေးလုံးတွေကို ဖလှယ်ရယူဖို့အတွက် နဂါးအသူရာချောက်နက်မြို့တော်ကို သွားရောက်ပြီး အသက်ရှင်လျက်ပြန်လာနိုင်တဲ့ အစွမ်းရှိမယ်ဆိုရင် သဘောတရားအရ ကျွန်မတို့က အဖွဲ့အစည်းကြီး ၈ခုနဲ့ ယှဥ်နိုင်ပြီလို့ဆိုလိုတာပဲ”

နှင်းလေတောင်ကြောရိုးမှ လူတိုင်းက ရှေ့သို့ချီတက်နေရင်း ဆူဇီမိုသည် ရှချင်းယင်ထံမှ သတင်းအချက်အလက်များစွာကို ရရှိခဲ့၏။

မသိလိုက်မသိဘာသာနှင့်ပင် အဲ့ဒါက မွန်းတည့်ချိန်သို့ ရောက်ရှိလာခဲ့လေပြီ။

ထိုစဥ်မှာပင် ဆူဇီမိုသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏ နားနှစ်ဖက်က လှုပ်သွားပြီး သူ၏ မျက်လုံးထဲမှာ အေးစက်စက်အလင်းတစ်ချက် ဖျတ်ခနဲလက်သွား၏။

သူတို့သည် အဆင့်-၄ မဟူရာအင်မော်တယ်များ ဖြစ်ကြသော်လည်း ရှချင်းယင်နှင့် လျန့်ချိုးက မည်သည့်အရာကိုမှ မခံစားရပေ။

ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။

“ကျုပ်တို့က သွေးသူရိယတောင်ကြားကိုရောက်ဖို့ ဘယ်လောက်ဝေးသေးလဲ”

“အဲ့ဒါက တစ်နေ့ခရီးတောင်မရှိပါဘူး”

ရှင်ချင်းယင်က ပြောလိုက်၏။

“ကျွန်မတို့က မနက်ပိုင်းကနေ ထွက်လာခဲ့တာဆိုတော့... သွေးသူရိယတောင်ကြားကို ညနေပိုင်းလောက်ကို ရောက်လိမ့်မယ်... အခုက မွန်းတည့်ချိန်ရောက်နေပြီဆိုတော့ နောက်ထပ်နေ့ဝက်တောင် မလိုတော့ဘူး”

“ကျွန်မတို့ အနားယူကြရင်ကောင်းမလား”

ဆူဇီမိုက အနည်းငယ်ပင်ပန်းနေသည်ဟု ရှချင်းယင်က တွေးမိသွားပြီး မေးလိုက်လေသည်။

ဆူဇီမိုက သူ၏ ခေါင်းကိုညင်သာစွာခါပြီး ထပ်မေးလိုက်၏။

“ဒီလမ်းမှာရော သူခိုး... ဓားပြတွေဘာတွေ ရှိလား”

“ရှိမယ်ဆိုရင်တောင်မှာ တကယ့်ကိုကြုံတောင့်ကြုံခဲပါပဲ”

ရှချင်းယင်က ပြောလိုက်၏။

“နောက်ပြီး... အဲ့ဒီဓားပြတွေက ဘာမှပြောပလောက်စရာမဟုတ်ဘူး... သူတို့က အယောက်တစ်ရာလောက် စုစည်းထားမယ်ဆိုရင်တောင် သူတို့ကို နောက်ခံပေးထားတဲ့ စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူတစ်ယောက်ယောက်မရှိဘဲ သူတို့က ကျွန်မတို့တပ်ဖွဲ့ကိုမြင်တာနဲ့ ရှောင်ကွင်းသွားကြလိမ့်မယ်”

“တာအိုရောင်းရင်းဆူ မပူပါနဲ့... ဒီနေရာက သွေးသူရိယတောင်ကြားရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတယ်... ပုံမှန်အားဖြင့်ဆို မဟာဓားပြ၄ဦးကလည်း ဒီကိုအလွယ်တကူ ဝင်ရောက်တိုက်ခိုက်မှာ မဟုတ်ဘူး”

ဒုန်း.... ဒုန်း... ဒုန်း...

ထိုစဥ်မှာပင် မြေပြင်က အနည်းငယ်တုန်ခါသွားပြီး ပို၍ပင်ပြင်းထန်လာနေ၏။

ကြီးမားသော စစ်တပ်တစ်တပ်က ချီတက်လာနေသည့်အလားပင်။

“ဟမ်...”

ထိုအခိုက်အတန့်မှာ ရှချင်းယင်နှင့် လျန့်ချိုးကလည်း အဲ့ဒါကို အာရုံခံမိသွားပြီဖြစ်၏။

“တစ်ဖွဲ့ဖွဲ့က ဒီကိုလာနေပြီပဲ”

“အားလုံးပဲ... သတိထားကြ”

ရှချင်းယင်က သူမ၏ လက်ကို ချက်ချင်းမြှောက်ပြီး အော်ပြောလိုက်လေသည်။

နှင်းလေတောင်ကြောရိုး အစောင့်တစ်ရာက သူတို့၏ ဓမ္မရတနာများကို သူတို့၏ သိုလှောင်အိတ်များထဲကနေ ဆွဲထုတ်ပြီး စိုးရိမ်ပူပန်စွာဖြင့် လှမ်းကြည့်လိုက်ကြ၏။

သိပ်မကြာခင် ခပ်လှမ်းလှမ်းကနေ ဖုန်လုံးများက တထောင်းထောင်းထလာ၏။

ကြည့်ရသည်မှာ အနည်းဆုံး ရာနှင့်ချီသော သက်ရှိများက ရန်လိုခက်ထန်သော အမူအရာများနှင့်အတူ ဒုန်းဆိုင်းလာနေကြသည့်ပုံပင်။

“ဝူးး အူးးး...”

အဲ့ဒါက ဘာဆိုတာကို လူတိုင်းက ရှင်းလင်းစွာမတွေ့မြင်နိုင်ခင်မှာပင် သွေးဆာရက်စက်မှုရောယှက်နေသည့် ချောက်ချားဖွယ်ရာ ဝံပုလွေအူသံက ဖုန်လုံးများကြားထဲကနေ ထွက်ပေါ်လာ၏။

နှင်းလေတောင်ကြောရိုးမှ လူတိုင်း၏ အမူအရာများက ပြောင်းလဲသွားခဲ့လေပြီ။

All Chapters