ရှုံးနိမ့်သွားခြင်း
Vol. 121 Ch. 1806
ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်ကို နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် တည်ငြိမ်ပင်လယ်ကျမ်းကနေ နားလည်ဆင်ခြင်ထားခဲ့ခြင်းဖြစ်၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်သည် အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်နှင့် ပေါင်းစည်းပြီးနောက် ဆူဇီမိုက ထိုသာမန်နတ်ဘုရားစွမ်းအားကို အောင်မြင်စွာဆက်ခံရရှိခဲ့လေသည်။
အဆင့်တူများကြားမှာ ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်၏ ကန့်သတ်ချုပ်နှောင်မှုက သိသာထင်ခြားမှုမရှိပေ။ တကယ်ဆို အဲ့ဒါက အသက်တစ်ရှိုက်စာထက် ပိုမကြာနိုင်ပေ။
သို့သော်လည်း ထိုတဒင်္ဂရပ်တန့်မှုက ဆူဇီမိုအတွက်လုံလောက်လေသည်။
ရွှစ်...
အစိမ်းရောင်အလင်းရိပ်တစ်ခုက အဆင့်-၄ မဟူရာအင်မော်တယ်ရှေ့သို့ ပြေးဝင်သွားပြီး သူ၏ ဒူးနှစ်ဖက်ကို ရှေ့သို့ပစ်ကာ ထိုသူ၏ ရင်ဘတ်ကို ပြင်းထန်စွာ ပစ်တိုက်ချလိုက်၏။
ပြင်းထန်သော ရုန်းကန်ပေါက်ကွဲအားက အဆင့်-၄ မဟူရာအင်မော်တယ်ကို အပိုင်းပိုင်းကြေမွသွားစေပြီး သူ၏ အသားများက အဘက်ဘက်သို့ ပြန့်ကျဲထွက်သွား၏။
ထို့နောက်ချက်ချင်း... ဆူဇီမိုသည် လူအုပ်ကြီးထဲသို့ ပြေးဝင်သွားလေသည်။ နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ မည်သည့်မဟူရာအင်မော်တယ်ကမှ သူ့ကိုမတားဆီးနိုင်ကြပေ။
ချက်ချင်းပင် နတ်ဆိုးဝံပုလွေတပ်ဖွဲ့က ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
ရှချင်းယင်နှင့် နှင်းလေတောင်ကြောရိုးမှ အခြားသူများကလည်း ကြောင်အ,မှင်တက်နေကြ၏။
သူတို့ကြားမှာ ခန္ဓာမီးဆေးခြင်းတွင် ကျွမ်းကျင်ပိုင်နိုင်သော ကျင့်ကြံသူအချို့ ပါရှိလေသည်။ သို့သော်လည်း သူတို့သည် အထက်ဘုံသို့ တက်လှမ်းလာပြီးနောက် ကောင်းကင်နှင့်မြေကြီး အမြုတေချီ ပြတ်လပ်မှုကြောင့် သူတို့အနေဖြင့် သူတို့၏ အသွေးအသားကို မီးဆေးသန့်စင်ဖို့နေနေသာ သူတို့၏ ကျင့်ကြံမှုအဆင့်များကို မြှင့်တင်ဖို့ပင် အင်မတန်ခက်ခဲလာခဲ့လေသည်။
သူတို့ထဲ မည်သူကမှ ဤကဲ့သို့ စီးပိုးခြယ်လှယ်သော နည်းလမ်းများကို မတွေ့မြင်ဖူးကြပေ။
တစ်ခဏချင်းမှာပင် နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်နှင့် အဆင့်-၄ မဟူရာအင်မော်တယ်တစ်ယောက်က သေဆုံးသွားလေပြီ။
အဲ့ဒါသည် အလွန်တရာထက်ရှသော လူပုံသဏ္ဌာန် ဓမ္မရတနာတစ်ခုကဲ့သို့ဖြစ်ပြီး မည်သူကမှ ၎င်း၏ထက်ရှမှုကို မခံနိုင်ကြပေ။
ထိုအခိုက်အတန့်မှာ ရှချင်းယင်က သူမ၏ ငေးမောနေရာကနေ နိုးထလာပြီး အလောတကြီးအော်ပြောလိုက်၏။
“နှင်းလေတောင်ကြောရိုးက အစောင့်စစ်သားတွေ နားထောင်ကြ... ရှင်တို့ရဲ့ အစွမ်းကုန်နဲ့တိုက်ခိုက်ပြီး တာအိုရောင်းရင်ဆူကို ကူညီပေးကြ”
“မဟုတ်သေးဘူး သခင်မ”
နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ ဝန်းရံခြင်းခံထားရစဥ်က လျန့်ချိုးသည် တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ လူအုပ်ကြားထဲမှာ ပုန်းကွယ်နေခဲ့၏။
သို့သော် သူက ရုတ်တရက် ရှေ့သို့ထွက်လာခဲ့လေသည်။
လျန့်ချိုးက တံတွေးကိုမျိုချပြီး ပြောလိုက်၏။
“သခင်မ....အရမ်းကာရော မလုပ်ပါနဲ့... နတ်ဆိုးဝံပုလွေစစ်တပ်က ကြမ်းကြုတ်ခက်ထန်ပြီးတော့ သွေးဆာရက်စက်တယ်... သူတို့က အငြိုးအတေး သေးသေးလေးရှိရင်တောင်မှ လက်စားချေတတ်ကြတာ... ခင်ဗျားက နတ်ဆိုးဝံပုလွေစစ်တပ်က ကျင့်ကြံသူတွေကိုသတ်လိုက်မယ်ဆိုရင် သူတို့က သေချာပေါက်လက်စားလာချေလိမ့်မယ်”
“ငါတို့က သူတို့ထဲက တချို့တလေကို သတ်ခဲ့ပြီးပြီပဲ... ငါတို့က အဲ့ဒီကနေ ရှောင်လွှဲနိုင်မယ်လို့ နင်ထင်လို့လား”
ရှချင်းယင်က လျန့်ချိုးကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်၏။
လျန့်ချိုးက အလောတကြီး ပြန်ဖြေလိုက်၏။
“သူတို့ကိုသတ်ခဲ့တဲ့သူက ဆူဇီမိုပဲ... သူက မကြာသေးခင်ကမှ တက်လှမ်းလာတာ... နှင်းလေတောင်ကြောရိုးကိုရောက်တာလဲ တစ်နှစ်ပဲရှိသေးတယ်... သူ့ကို ကျုပ်တို့ရဲ့လူလို့တောင် သတ်မှတ်လို့မရသေးဘူး”
“ကျုပ်တို့က... သူ့ကို ကျုပ်တို့အဖွဲ့ထဲကနေ ခွဲထုတ်လိုက်တာနဲ့ ကျုပ်တို့က...”
“နင်... ဘာစကားပြောလိုက်တာလဲ”
ရှချင်းယင်က ဒေါသချောင်းချောင်းထွက်သွားပြီး လျန့်ချိုးကို မယုံကြည်နိုင်စွာဖြင့်ကြည့်ကာ အော်ပြောလိုက်၏။
“ဆူဇီမိုက နှင်းလေတောင်ကြောရိုးက လူပဲ”
“သူ့ကြောင့်သာမဟုတ်ရင် နင်အပါအဝင်... ငါတို့အားလုံးက နတ်ဆိုးဝံပုလွေတပ်ဖွဲ့ရဲ့ သားသတ်ဓားအောက်မှာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရမယ်ဆိုတာကိုမမေ့လိုက်နဲ့”
သူမ၏ စကားက အလွန်တရာကြမ်းတမ်းပြီး သူမသည် လျန့်ချိုးကို မည်သည့်မျက်နှာသာမှ မပေးပေ။
လျန့်ချိုးက အထစ်ထစ်အငေါ့ငေါ့ဖြင့် ရှက်ရွံ့သွားလေသည်။
“ခေါင်းဆောင်မှူးလျန့်... အဲ့လိုလုပ်မယ်ဆိုရင် ခင်ဗျားက တပ်သားဆူကို သစ္စာဖောက်ရာကျမှာ မဟုတ်ဘူးလား”
“အမှန်ပဲ... တပ်သားဆူက ရန်သူတွေကိုရှေ့ကနေ သတ်ဖြတ်ပေးနေပြီး ကျုပ်တို့က နောက်မှာ ပုန်းလျှိုးနေမယ်ဆိုရင် အဲ့ဒါက နှလုံးသားမဲ့လွန်းရာ မကျဘူးလား”
လျန့်ချိုးနောက်သို့ နှစ်ပေါင်းများစွာလိုက်ပါလာခဲ့သော အစောင့်စစ်သားအချို့က ဆက်လက်၍ အငြိမ်မနေနိုင်တော့ဘဲ ဝင်ရောက်ပြောဆိုလာကြ၏။
လျန့်ချိုး၏ အမူအရာက ပျက်ယွင်းသွားလေသည်။
သူသည် ဆူဇီမိုကို ထိုးကျွေးချင်သည့်အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ သူက ထိုသူနှင့် ပုဂ္ဂိုလ်ရေး ရန်ငြိုးရန်စရှိထားသောကြောင့်ဖြစ်၏။
“အခြားတစ်ဘက်မှာတော့ သူသည် နတ်ဆိုးဝံပုလွေစစ်တပ်၏ လက်စားချေမှုကို တကယ်ပင်ကြောက်ရွံ့နေသောကြောင့်ဖြစ်၏။
ရှချင်းယင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အားလုံးပဲ... ငါ့အမိန့်ကိုနာခံကြ... ငါတို့က ဒီတစ်ခေါက် နတ်ဆိုးဝံပုလွေတပ်ဖွဲ့ကို အနိုင်မယူနိုင်ဘူးဆိုရင် ငါတို့အားလုံးက ဒီနေရာမှာသေရလိမ့်မယ်”
“သတ်...”
နှင်းလေတောင်ကြောရိုးမှ အစောင့်စစ်သားများစွာက မာန်သွင်းအော်ဟစ်ပြီး မဟူရာအဆင့်ဓမ္မရတနာများ ၊ နတ်ဘုရားစွမ်းအားများနှင့် အင်မော်တယ်ပညာရပ်များကို ဆင့်ခေါ်ကာ တိုက်ပွဲမြေပြင်သို့ ဝင်ရောက်သွားကြ၏။
တကယ်တော့.... နှင်းလေတောင်ကြောရိုးမှလူများ ဝင်ရောက်မလာလျှင်ပင် နတ်ဆိုးဝံပုလွေစစ်တပ်က ရှုံးနိမ့်တော့မည့်ဆဲဆဲ အခြေအနေသို့ရောက်ရှိနေလေပြီ။
သူတို့သည် ဆူဇီမိုကို တစ်စုံတစ်ရာပြုလုပ်နိုင်ခြင်းမရှိပေ။
ဆူဇီမို၏ လှုပ်ရှားမှုနည်းစနစ်က အလွန်တစ်ရာပေါ့ပါးဖျတ်လတ်ပြီး အချိုးအကွေ့များစွာဖြင့် လူအုပ်ကြီးထဲမှာ လှည့်ပတ်လှုပ်ရှားနေ၏။ သူက အံ့မခန်း အာရုံသတိစိတ်ကိုပိုင်ဆိုင်ထားသည့်အလား ဓမ္မရတနာများနှင့် နတ်ဘုရားစွမ်းအားအများစုကို ရှောင်တိမ်းနိုင်လေသည်။
ဓမ္မရတနာအချို့က သူ့ကို ထိခတ်တော့မည့်ဆဲဆဲဖြစ်၏။
ရုတ်တရက် သူသည် ရွှေဝါရောင်သဲလက်တစ်ဆုပ်စာကို ထုတ်ယူပြီး သူ၏ ဘေးပတ်လည်တွင် ကြဲပက်ကာ မထိုးဖောက်နိုင်သော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။
အဝါရောင်သဲက သာမန်ပုံစံသာဖြစ်သော်လည်း သူတို့၏ ဓမ္မရတနာများနှင့် နတ်ဘုရားစွမ်းအားများက အဲ့ဒါကို မထိုးဖောက်နိုင်ပေ။
နတ်ဘုရားစွမ်းအားများသည် အဲ့ဒါနှင့်ထိတွေ့သည့်ခဏမှာပင် ပျက်ပြယ်သွားလေသည်။
ထိုထိတွေ့ရိုက်ခတ်မှုအပြီး၌ ဓမ္မရတနာများက မည်သည့်ခုခံမှုမှ မရှိဘဲ လေထဲကနေ ပြုတ်ကျလာခဲ့၏။
ဤအရာသည် အဆင့်-၉ ဖန်တီးခြင်းကြာပဒုမ္မာကနေ ဆင်းသက်လာသော အဆုံးစွန်ရတနာတစ်ခုဖြစ်သည်ဆိုတာကို ဓားပြများက သိရှိစရာအကြောင်းမရှိပေ။ ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာသည် အသွင်အမျိုးမျိုးပြောင်းလဲနိုင်ပြီး တုန်လှုပ်စရာကောင်းသော ခံစစ်အားကို ပိုင်ဆိုင်ထားလေသည်။
နတ်ဆိုးဝံပုလွေတပ်သားများ၏ မျက်လုံးထဲရှိ ကြမ်းကြုတ်ခက်ထန်မှုက တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့၏။
အချိန်တိုအတွင်းမှာပင် အဲ့ဒါက တွေဝေရှုပ်ထွေးမှုနှင့် နောက်ဆုံးမှာကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
သူတို့သည် ဆူဇီမိုကို ထိခိုက်အောင် လုံးဝလုပ်နိုင်ခြင်းမရှိပေ။ ထိုအစား ထိုသူက အဆင့်-၄ မဟူရာအင်မော်တယ်များကို တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်သတ်ဖြတ်လာနေ၏။
အဆင့်-၄ မဟူရာအင်မော်တယ်တစ်ယောက်ပင်လျှင် ဆူဇီမိုနှင့် တိုက်ခိုက်ချိန်မှာ နှစ်ချီသုံးချီထက် ပိုမခံနိုင်ပေ။
ထိုစဥ်မှာပင် ရှချင်းယင်က နှင်းလေတောင်ကြောရိုးမှ လူတိုင်းကို ဦးဆောင်ပြီး တိုက်ပွဲမြေပြင်သို့ ဝင်ရောက်လာလေသည်။
တကယ်တော့... ရှချင်းယင်နှင့် အခြားသူများက အရေအတွက်အားသာချက်ရှိသော်လည်း နတ်ဆိုးဝံပုလွေတပ်သားများ၏ မျက်လုံးထဲမှာ သူတို့သည် ဆူဇီမိုလောက်ကြောက်စရာမကောင်းပေ။
သို့သော်လည်း ထိုအခိုက်အတန့်မှာ နတ်ဆိုးဝံပုလွေတပ်ဖွဲ့၏ စိတ်ဓာတ်က လုံးဝကို လဲပြိုကျသွားခဲ့ပြီဖြစ်၏။
နှင်းလေတောင်ကြောရိုးမှလူများဝင်ရောက်လာပြီးနောက် သူတို့သည် လုံးဝကိုလဲပြိုသွားပြီး ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
“အန္တရာယ် ရေထု”
နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ အဆင့်-၄ မဟူရာအင်မောတယ်တစ်ယောက်က အော်ပြောလိုက်၏။
အဲ့ဒါသည် နောက်ဆုတ်ထွက်ခွာဖို့အတွက် ဓားပြများ၏ စကားဝှက်တစ်ခုဖြစ်လေသည်။
နတ်ဆိုးဝံပုလွေတပ်ဖွဲ့မှ ဓားပြများသည် တွေဝေတုံ့တိုင်းခြင်းမရှိဘဲ သူတို့၏ ကြေးခွံနက်မိစ္ဆာဝံပုလွေများကို စီးနင်းကာ တိုက်ပွဲမြေပြင်ကနေ ထွက်ပြေးသွားကြလေသည်။
နတ်ဆိုးဝံပုလွေတပ်သားများ၏ လှုံ့ဆော်မှုမရှိဘဲနှင့်တောင် ကြေးခွံနက်မိစ္ဆာဝံပုလွေများက နောက်ပြန်လှည့်ခြင်းမရှိဘဲ အသက်လု၍ ထွက်ပြေးကုန်ကြလေသည်။
သူတို့က သားရဲတောကောင်များဖြစ်ပြီး မွေးရာပါသန်မာသော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားသော်လည်း သူတို့သည် အစိမ်းရောင်ဝတ်ကျင့်ကြံသူနှင့်ရင်ဆိုင်ရာမှာ အလွန်တရာအားနည်းနေ၏။
ထူးဆန်းသောအရာမှာ အစိမ်းရောင်ဝတ်ကျင့်ကြံသူထံကနေ သူတို့ကိုတုန်လှုပ်ချောက်ချားစေသည့် အော်ရာတစ်ခုက ဖြာထွက်နေခြင်းပင်။
ထိုအော်ရာနှင့် ရင်ဆိုင်ရချိန်မှာ သူတို့သည် မြေပြင်ပေါ်မှာ ဝပ်တွားချင်စိတ်များပေါ်လာခဲ့၏။
နတ်ဆိုးဝံပုလွေစစ်တပ်က အလျင်အမြန်ရောက်ရှိလာသော်လည်း သူတို့က ပို၍ပင်လျင်မြန်စွာ ထွက်ပြေးသွားကြလေသည်။
သူတို့သည် လေကဲ့သို့ ထွက်ပြေးသွားရင်း ဖုန်လုံးများက တထောင်းထောင်းထကာ မြေပြင်ပေါ်မှာ အလောင်းများစွာကျန်ရစ်ခဲ့လေသည်။
ဆူဇီမိုက လှောင်ရယ်လိုက်၏။
သူက သူတို့နောက်သို့ ပြေးလိုက်တော့မည့်ဆဲဆဲမှာပင် ရှချင်းယင်က သူ့ကိုတားလိုက်လေသည်။
“တာအိုရောင်းရင်းဆူ”
ရှချင်းယင်က အပြေးအလွှားရောက်ရှိလာ၏။
“ထားလိုက်ပါတော့... ချောင်ပိတ်ခံရတဲ့ ရန်သူတွေနောက်ကို လိုက်မနေနဲ့... အဲ့ဒီကြေးခွံနက်မိစ္ဆာဝံပုလွေတွေက အရမ်းကိုမြန်တယ်... ကျွန်မရဲ့ အစီးအနင်းတောကောင် ဦးချိုတစ်ချောင်း ဂမ္ဘီရတောကောင်တောင်မှ သူတို့ကို လိုက်မီမှာမဟုတ်ဘူး”
ဦးချိုတစ်ချောင်းဂမ္ဘီရတောကောင်တောင် အဲ့ဒါကိုမလုပ်နိုင်ဘူးဆိုပါက နှင်းလေတောင်ကြောရိုးမှ အခြားသော အစီးနင်းတောကောင်များက ပို၍ပင်ဆိုးဝါးပေလိမ့်မည်။ ထိုအခိုက်အတန့်မှာ သူတို့သည်မြေပြင်ပေါ်မှာ ဝပ်တွား၍ ယခုအချိန်ထိထလာရဲခြင်းမရှိပေ။
နဂါးအသူရာချောက်နက်ကြယ်ပေါ်တွင် လေထဲမှာပျံသန်းခြင်းက မြန်ဆန်သည်ဆိုသော်လည်း အဲ့ဒါက လူတစ်ယောက်၏ သက်လုံအားကို ကြီးမားစွာကုန်ခန်းစေပြီး အဲ့ဒါကို သိပ်ကြာကြာ ထိန်းထားနိုင်လိမ့်မည် မဟုတ်ပေ။
“နတ်ဆိုးဝံပုလွေတပ်ဖွဲ့ ပြန်ရောက်မလာခင်... တိုက်ပွဲမြေပြင်ကိုရှင်းလင်းပြီး ဒီနေရာကနေ မြန်မြန်ထွက်သွားကြရအောင်”
ရှချင်းယင်က ဆူဇီမိုကိုစူးစမ်းလိုသောအကြည့်ဖြင့် ကြည့်လိုက်၏။
မသိလိုက်မသိဘာသာနှင့်ပင် သူမသည် ဆူဇီမိုကို ဤခရီးစဥ်၏ ခေါင်းဆောင်တပ်မှူးအဖြစ် သတ်မှတ်လိုက်ပြီဖြစ်၏။
“မင်းတို့တွေအရင်သွားနှင့်ကြ... ငါတစ်ချက်ကြည့်ပြီးရင် နောက်ကနေလိုက်လာခဲ့မယ်”
ဆူဇီမိုက ပြုံး၍ပြောလိုက်ပြီး နတ်ဆိုးဝံပုလွေတပ်ဖွဲ့ ထွက်ခွာသွားရာဘက်သို့ ပြေးထွက်သွားလေသည်။
“အာ...”
ရှချင်းယင်က စကားပြောမည့်ဆဲဆဲမှာပင် ဆူဇီမိုက ထွက်ခွာသွားခဲ့ပြီဖြစ်၏။
“ဟမ့်... တော်တော်ဟန်ဆောင်ကောင်းတာပဲ”
လျန့်ချိုးက လှောင်ရယ်လိုက်၏။
“ဟာသပဲ... ခြေလျင်နဲ့ ကြေးခွံနက်မိစ္ဆာဝံပုလွေတွေနောက်ကို လိုက်မီနိုင်မယ်လို့ထင်နေတာလား”
“သခင်မ... ဒီလူက ဟန်ဆောင်ပန်ဆောင်လုပ်နေတယ်ဆိုတာ အသိသာကြီးပဲ... ခင်ဗျားက သူ့ကိုအရေးလုပ်မနေနဲ့တော့”