← Chapters

အခန်း (၃၆)

Vol. 3 Ch. 36

အခန်း (၃၆)

Vol. 3 Ch. 36

ကျန်းချန်က အသံလာရာဆီသို့ ကြည့်လိုက်ရာ ၁၅ နှစ် သို့မဟုတ် ၁၆ နှစ် အရွယ် ကောင်လေးတစ်ယောက်က သူတို့ကို စိုက်ကြည့်နေသည်အား တွေ့လိုက်ရသည်။

လူငယ်က ချောမောခန့်ညားပြီး အဂ္ဂိရတ်ပညာရှင် ၀တ်စုံကို ၀တ်ဆင်ထား၏။

ရင်ဘတ်ပေါ်တွင်လည်း ကြယ်နှစ်လုံးပါသော အဂ္ဂိရတ်သခင် တံဆိပ်ပြား တစ်ခုက ထင်ရှားစွာ ရှိနေသည်။

လူငယ်က အသက် ၁၅၊ ၁၆ တွင် ဒုတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်လာသည့် အဂ္ဂိရတ် ပါရမီရှင်တစ်ဦးလည်း ဖြစ်ပုံရ၏။

"ဒီကညီနောင်.. ဂျူနီယာကျန်းချန်က ဆရာကြီး ယန်ချင်းရွှယ်ကို တွေ့ဖို့ အထူးပဲ ချင်းရွှယ်ခန်းမကို လာခဲ့တာပါ.. ဆရာကြီးဆီ အကြောင်းကြားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ကျန်းချန်က ယဉ်ကျေးစွာ ပြောဆိုလိုက်သည်။

[ငါ့ရှေ့က ကောင်လေးက ဆရာ့ရှေ့မှာ စီနီယာအမစု ပြောခဲ့တဲ့ကျန်းချန်လား]

ကျန်းချန်ဟူသော အမည်ကိုကြားလျှင် သူ့မျက်လုံးထဲတွင် စူးရှသော အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။

လွန်ခဲ့သော နှစ်ရက်က စုလင်းရှန်းသည် ယန်ချင်းရွှယ်ဆီသို့ပြန်လာပြီး ကျန်းချန် အမည်ရှိလူငယ်ကို လက်ရင်းတပည့် အဖြစ် လက်ခံရန် အတတ်နိုင်ဆုံး ဖျောင်းဖြခဲ့သည်။

ထို့အတွက်ကြောင့် သူက ဤအမည်ကို ရင်းနှီးနေခဲ့ခြင်းပင်။

သို့သော် သူ့ဆရာ ယန်ချင်းရွှယ်ကို ကျန်းချန်ဟုခေါ်သောလူငယ်လေး ဘက်ကနေ စတင် လာရှာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

[ဒီကောင်က ဆရာ့တပည့်ဖြစ်လာဖို့ မစောင့်နိုင်တော့ပုံပဲ]

သူပိုင်ကျိရွှယ်သည် ငယ်စဥ်ကတည်းက အဂ္ဂိရတ်ပညာရပ်တွင် ထူးချွန်ခဲ့ပြီး အသက် ဆယ့်ခြောက်နှစ် မပြည့်သေးခင်မှာပင် ဒုတိယအဆင့် အဂ္ဂိရတ်သခင် ဖြစ်လာခဲ့သူ ဖြစ်သည်။

ဤလင်ယွင်ကျောင်းတော်တွင် သူ့ကို အဂ္ဂိရတ်ပညာရပ်၌ ယှဥ်နိုင်သောလူ မရှိပေ။

သို့တိုင် ယန်ချင်းရွှယ်သည် သူ့ကို အမည်ခံ တပည့်အဖြစ်သာ လက်ခံခဲ့သည်။

သူ့ရှေ့မှ ကောင်လေးက ကြေးအဆင့်ကျောင်းသားဟု သူကြားဖူးသည်။

ထိုကဲ့သို့ အမှိုက်အဆင့်မှကောင်က အဘယ်ကြောင့် ယန်ချင်းရွှယ်၏ လက်ရင်းတပည့်ဖြစ်ခွင့်ကို ရခဲ့ပါသနည်း။

"ကောင်လေး.. ဆရာနဲ့တွေ့ချင်တိုင်း တွေ့ခွင့်ပေးရအောင် မင်းကိုယ်မင်း ဘယ်သူလို့ထင်လဲ"

ပိုင်ကျိရွယ်က အေးစက်စက် အော်ငေါက်လိုက်သည်။

"ဆရာက စီနီယာအမစု နဲ့ ဆေးသုတေသန လုပ်နေတယ်.. မင်းနဲ့တွေ့ဖို့ အချိန်မရှိဘူး.. ကျေးဇူးပြုပြီး ထွက်သွားပေးပါ"

"မင်းက သတင်းတောင် ဝင်မပို့ပေးဘဲ ဆရာကြီးယန်က ငါ့ကို မတွေ့ဘူးဆိုတာ ဘယ်လိုလုပ်သိလဲ"

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး မကျေမနပ် ပြောလိုက်သည်။

"ဟ.. ငါ့ဆရာက ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ မင်း မသိဘူးလား.. လူတိုင်းက သူ့ကို တွေ့ခွင့်မရတာ ထုံးစံပဲ"

ပိုင်ကျိရွယ်က ခနဲ့လိုက်သည်။

"ဆရာ့ကို တွေ့ချင်ရင် မင်းမှာ အရည်အချင်း ဘယ်လောက်ရှိလဲဆိုတာ ပြသရလိမ့်မယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ကောင်းပြီလေ.. ဆရာကြီးယန်ကို တွေ့ခွင့်ရဖို့ ဘယ်လိုအရည်အချင်းမျိုး ပြသရမှာလဲ"

ပိုင်ကျိရွယ်က သူ့လက်ဖဝါးက လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်ထဲတွင် ဆေးလုံးတစ်လုံး ပေါ်လာခဲ့သည်။

"ဒီဆေးလုံးက မပြည့်စုံတဲ့ ရှေးကျတဲ့ ဆေးလုံးပဲ.. မင်း ဖော်စပ်နိုင်ရင် ဆရာနဲ့ တွေ့ခွင့်ပေးမယ်"

ပိုင်ကျိရွှယ်က ကျန်းချန်ဆီ ဆေးလုံးကို ပစ်ပေးလိုက်ပြီးနောက် စိတ်ထဲတွင် လှောင်ရယ်နေခဲ့၏။

ဤဆေးသည် သန့်စင်နည်း မပြည့်မစုံ ဖြစ်နေ၍ သူ့ ဆရာ ယန်ချင်းရွှယ် နှင့် စီနီယာအမ စုလင်းရှန်းတို့ သုတေသနလုပ်နေသော ဆေးလုံး ဖြစ်သည်။

ယန်ချင်းရွှယ်လို ပုဂ္ဂိုလ်သည်ပင် သုတေသနလုပ်ရာတွင် မအောင်မြင်သေးပေ။

ဤကလေးက မည်သို့ ဖြစ်မြောက်နိုင်ပါမည်နည်း။

ကျန်းချန်က ဆေးလုံးကို ဖမ်းဆုပ်လိုက်သည်နှင့် သူ့အကြည့်က ချက်ချင်းပင် ဆေးလုံးပေါ်သို့ ရောက်သွားခဲ့သည်။

"ဒင်.. မပြည့်စုံသော စတုတ္ထအဆင့် အသက်ပြန်သွင်းဆေးကို ကြည့်ရင်း နားလည်မှုကို အဆတစ်ရာ ရရှိပါတယ်"

"ဒင်.. သင်က စတုတ္ထအဆင့် အသက်ပြန်သွင်းဆေး သန့်စင်နည်း အပြည့်အစုံကို ကောင်းစွာ နားလည်နိုင်ခဲ့ပါပြီ"

အဆတစ်ရာ လေ့ကျင့်ရေးစနစ်သည် ယခင်အတိုင်း အံ့မခန်းပင်။

မပြည့်စုံသော ဆေးပြားကို တစ်ချက် ကြည့်ရုံမျှဖြင့် စနစ်သည် အဆတစ်ရာ နားလည်မှုနှုန်းကို တိုက်ရိုက် ဖြစ်ပေါ်စေခဲ့ပြီး ပြီးပြည့်စုံသော သန့်စင်နည်းကို အလိုအလျောက် ဖော်ထုတ်ပေးခဲ့သည်။

"ဒီဆေးကို ဘယ်လိုသန့်စင်ရမလဲဆိုတာ မင်းမသိဘူးမဟုတ်လား"

ကျန်းချန်က ဘာစကားမှမပြောဘဲ ဆေးလုံးအား အချိန်အတော်ကြာ စိုက်ကြည့်နေသည်ကို မြင်လျှင် ပိုင်ကျိရွှယ်သည် အထင်အမြင်သေးကာ ခနဲ့လိုက်၏။

"ငါ အဲဒါကို သန့်စင်နိုင်ရင်တောင် တကယ့် အသက်ပြန်သွင်းဆေးက ဘယ်လိုလဲဆိုတာ မင်းသိလို့လား"

ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"မင်းနားလည်ထားဖို့က ဆရာကြီးယန်ချင်းရွှယ် နဲ့ တွေ့ဖို့ မင်းငါ့ကို အခွင့်အရေး ပေးစရာ မလိုဘူး.. ငါတွေ့ချင်ရင် ဆရာကြီး ယန်ချင်းရွှယ်က တစ်မိနစ်အတွင်း ငါနဲ့ လူချင်းတွေ့ဖို့ ထွက်လာခဲ့မယ်လို့ ငါပြောရဲတယ်"

အခန်း(၃၆) ပြီး၏

All Chapters