← Chapters

အခန်း (၄၀)

Vol. 3 Ch. 40

အခန်း (၄၀)

Vol. 3 Ch. 40

ကျန်းခိုင်သည် သူ့ ဖခင်ကျန်းဝူရ၏ လူယုံ ဖြစ်သည်။

သူ့ဖခင်အတွက် ကျန်းမိသားစု၏ စီးပွားရေးလုပ်ငန်း အများစုကို အမြဲတစေ တာဝန်ယူခဲ့ပြီး ကျန်းမိသားစုတွင် သူ၏ ဂုဏ်သိက္ခာသည် အလွန်ပင် မြင့်မားသည်။

ယခုအခါ ကျန်းခိုင်က ဒဏ်ရာပြင်းထန်စွာဖြင့် လင်ယွင်မြို့တော်သို့ ရောက်လာသောကြောင့် ကျန်းမိသားစုတွင် ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များသည် ရိုးရှင်းခြင်းမရှိကြောင်း သက်သေပြနိုင်လောက်အောင်ပင်။

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ပေတန်းခန်းမသို့ အမြန်သွားလိုက်သည်။

နာရီဝက်အကြာတွင် ကျန်းချန်သည် ပေတန်းခန်းမ၏ တတိယထပ်ရှိ ဧည့်ခန်းမသို့ ရောက်ရှိလာခဲ့သည်။

အခန်းထဲတွင် ထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏ ဒဏ်ရာကို ကုသရန်အတွက် တင်ပျဥ်ခွေကာ အတွင်းအား ကျင့်နေ၏။

ထွားကျိုးသောလူ၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့သည်။

ကျန်းချန် ဝင်လာသည်နှင့် တစ်ပြိုင်နက် တုံ့ပြန်မှုနှင့်အတူ ထိုအမျိုးသားသည် မျက်လုံးများကို ဖွင့်လိုက်၏။

"ကျန်းခိုင်က သခင်လေးကျန်းချန်ကို ဂါရဝပြုပါတယ်"

အခန်းထဲသို့ဝင်လာသော ကျန်းချန်ကို ကြည့်ရင်း ထွားကျိုင်းသောလူသည် မတ်တတ်ရပ်ပြီး ကျန်းချန်ကို ဂါရဝပြုလိုက်သည်။

"ဦးလေးခိုင်.. ဦးလေးနဲ့ကျနော်က အပြင်လူတွေ မဟုတ်ဘူး.. ဒါကြောင့် လောကဝတ်တွေ မလိုပါဘူး"

ကျန်းချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျန်းခိုင်ကို အံ့ဩသောအမူအရာဖြင့် ချက်ချင်းကြည့်ကာ

"ဦးလေးခိုင်ရဲ့ ဒဏ်ရာအခြေအနေ ဘယ်လိုလဲ.. အဆင်ရောပြေရဲ့လား"

"ပေတန်းခန်းမက သခင်လေးထန် ပေးတဲ့ အနာကျက်ဆေးတွေကိုပဲ ကျေးဇူးတင်ရမယ်.. အခုတော့ ဒဏ်ရာက ပြဿနာ ကြီးကြီးမားမား မဟုတ်တော့ပါဘူး"

ကျန်းခိုင်က ထိုစကားကိုပြောရင်း ထန်ရှန့်ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ထန့်ရှန့်က ပြုံးကာ ပြောလိုက်၏။

"ဦးလေးကျန်းကို ကြိုဆိုပါတယ်.. ညီနောင်ကျန်းချန်က ငါတို့ ပေတန်းခန်းမရဲ့ အကြီးအကဲပါ.. ဒါကြောင့် ပေတန်းခန်းမက သူ့ရဲ့ ကိစ္စတွေကို လျစ်လျူရှုမှာ မဟုတ်ဘူး"

"ဦးလေးခိုင်.. ကျန်းမိသားစုမှာ ဘာတွေဖြစ်နေတာလဲ.. ဦးလေးက ဘယ်လို ဒဏ်ရာ ရသွားတာလဲ"

ကျန်းချန်က အပိုစကားမပြောဘဲ တိုက်ရိုက် မေးလိုက်သည်။

"ငါ့ဒဏ်ရာက ကျန်းချမ်ဟဲ လက်ချက်ပဲ"

ကျန်းခိုင်က မချိပြုံး ပြုံးလိုက်သည်။

"တကယ်တော့ ကျန်းချမ်ဟဲက သခင်လေးရဲ့ ခြိမ်းခြောက်မှုကို ခံစားလာရလို့ ဒီလိုလုပ်ခဲ့တာပဲ"

ကျန်းချန်သည် ခန္ဓာကိုယ် ပြုပြင်ခြင်း အဆင့်၂ကနေ ရုတ်တရက် ပါရမီရှင် ဖြစ်လာသဖြင့် ကျန်းချမ်ဟဲသည် ကျန်းချန်ကို မနာလို ဖြစ်ခဲ့သည်။

အထူးသဖြင့် မနေ့က လင်ယွင်မြို့တော်တွင် ကျန်းချမ်ကို တွေ့ပြီးနောက် ထိုကြောက်စိတ်က ပို၍ပင် ပြင်းထန်လာခဲ့၏။

ထို့ကြောင့် ကျန်းချမ်ဟဲသည် ကျန်းမိသားစုအိမ်တော်သို့ ပြန်ရောက်ပြီးနောက်တွင် ဤအရှုပ်အထွေးကို အမြန်ဆုံး ဖြေရှင်းရန်အတွက် ကျန်းမိသားစုကို ထိန်းချုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။

ထိုအခါ ကျန်းဝူရ၏ လူယုံဖြစ်၍ ကျန်းမိသားစုတွင် သြဇာကြီးမားသော ကျန်းခိုင်သည် ကျန်းချမ်ဟဲ ချေမှုန်းပစ်လိုသော ပထမဆုံးပစ်မှတ် ဖြစ်လာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ကျန်းခိုင်က သတိရှိနေ၍ ထွက်ပြေးလွတ်မြောက်ကာ ကျန်းချန်ကို ရှာဖွေရန်အတွက် ပေတန်းခန်းမသို့ ရောက်လာခဲ့၏။

"ဒီအဘိုးကြီး ကျန်းချမ်ဟဲက သေချင်နေတာပဲ"

ကျန်းချမ်ဟဲက ကျန်းမိသားစုကို ချုပ်ကိုင်ပြီး ကျန်းမိသားစု၏ ခေါင်းဆောင် ဖြစ်လိုကြောင်း ကြားလိုက်ရသဖြင့် ကျန်းချန်၏ မျက်လုံးများသည် ချက်ချင်းပင် အေးခဲသွားခဲ့သည်။

"သခင်လေး.. ကျန်းချန်ဟဲက အတော် အစွမ်းထက်တယ်.. သူ ကျန်းမိသားစုရဲ့ ခေါင်းဆောင် ဖြစ်မလာဖို့အတွက် ဘယ်သူမှ တားနိုင်မယ် မထင်ဘူး"

"ငါ့အထင်မမှားရင် ကျန်းချမ်ဟဲက သခင်လေးကို မိသားစုခေါင်းဆောင် ခန့်မယ်ဆိုပြီး ကျန်းမိသားစုဆီ ညာခေါ်လောက်တယ်"

"ငါ သခင်လေးဆီ လာခဲ့တာက စိတ်လက်မာန်ပါ မလုပ်မိဖို့ သတိလာပေးတာပဲ"

ကျန်းချန်၏ ဒေါသထွက်နေသော အသွင်အပြင်ကို မြင်လိုက်ရသဖြင့် ကျန်းခိုင်က သတိပေးလိုက်သည်။

"ဦးလေးခိုင် စိတ်မပူပါနဲ့.. ကျနော် ဘာလုပ်ရမလဲ သိပါတယ်"

ကျန်းချန်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာ၏။

ကျန်းမိသားစုမှ လူတိုင်းသည် ကျန်းမိသားစု၏ သွေးများစီးဆင်းနေ၍ ကျန်းချန်သည် အတိတ်မှကိစ္စရပ်များ အတွက် ကျန်းချမ်ဟဲကို လက်စားမချေလိုတော့ပေ။

သို့သော်လည်း ယခုအခါတွင် ကျန်းချမ်ဟဲသည် အလွန်ပင် ရည်မှန်းချက်ကြီးပြီး ကျန်းမိသားစုမှ အတိုက်အခံများကို ဖယ်ထုတ်ကာ ကျန်းမိသားစု၏ မိသားစုခေါင်းဆောင် ရာထူးကို ရယူခဲ့သည်။

"ဒီအဘိုးကြီးက ဒီလောက်တောင် သေချင်နေမှတော့ ငါ့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့တော့"

"ထန်ရှန့်...ဆေးသန့်စင်ဖို့ အခန်းတစ်ခန်းနဲ့အတူ ဒုတိယအဆင့်နဲ့ တတိယအဆင့် ဆေးဝါးအတွက် လိုအပ်တဲ့ ဆေးပစ္စည်းအမြောက်အမြားကို ပြင်ဆင်ပေးပါ.. ငါအဂ္ဂိရတ်လုပ်ဖို့ လိုအပ်နေပြီ"

သူက ပေတန်းခန်းမတွင် အရူးအမူး အဂ္ဂိရတ်လုပ်ကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်မည်ဟု ဆုံးဖြတ်လိုက်သည်။

ကျန်းချန်သည် ကျန်းချမ်ဟဲက ကျန်းမိသားစု၏ ခေါင်းဆောင် ဖြစ်လာသည့် သတင်းကို သိပြီးနောက်တွင် ကျန်းမိသားစုဆီ တိုက်ရိုက် ပြန်သွားရန် ဆုံးဖြတ်ခဲ့သည်။

သူက သူ့ဖခင်၏ ကျန်းမိသားစု ခေါင်းဆောင် ရာထူးက ကျန်းချမ်ဟဲနှင့် ထိုက်တန်သည့်အရာ မဟုတ်မှန်း သိစေချင်ခဲ့သည်။

အခန်း(၄၀) ပြီး၏

All Chapters