အိမ်စာ ကော်ပီကူးခြင်းကြောင့် ဖြစ်ပေါ်လာသော ကိစ္စတစ်ခု - ၃
Vol. 69 Ch. 1023
ဤတစ်ကြိမ်တွင် လူသတ်သမား နှစ်ထောင်ကျော်က စစ်ဆင်ရေးတစ်ခုအတွက် အတူတကွ စုရုံးနေသည်ကို ဥက္ကဌပိုင် တွေ့ရှိခဲ့သည်။
နောက်ကွယ်ကနေ လူသတ်သမား နှစ်ထောင်ကျော်ကို အမိန့်ပေး စေခိုင်းနိုင်ရန်မှာ လုပ်ကြံရေး အသိုင်းအဝိုင်းမှ မော်ကွန်းဝင်အဆင့် လူသတ်သမားကြီး နှစ်ဦးသာ ဖြစ်နိုင်ပေသည်။
လေလွင့်ကိုလူချောနှင့် တာအိုဆရာတောက်တိ..
ဥက္ကဌပိုင်က ထိုနှစ်ယောက်ကို ချက်ချင်းပင် စဉ်းစားမိလိုက်သည်။
"လူသတ်သမားတွေရဲ့ နောက်ကွယ်မှာ ဒီနှစ်ယောက်ရှိနေမယ်လို့ အဖေထင်တာလား.. ဒါပေမဲ့ ကောလာဟလတွေ အရတော့ သူတို့နှစ်ယောက်လုံးက လူသတ်သမားတွေနဲ့ အဆက်အသွယ် သိပ်မရှိတော့ဘူး"
ပိုင်ယိုချွမ်က ဥက္ကဌပိုင်ကို ပြောလိုက်သည်။
သူတို့က ဤမြေအောက်သင်္ချိုင်းအတွင်း အခြေစိုက်စခန်းကိုပြန်လည် တည်ဆောက်ပြီးနောက်တွင် နေရာအနှံ့မှ လူများကို လျှို့ဝှက်စုဆောင်းခဲ့သည်။
ထွက်ပြေးလွတ်မြောက်လာခဲ့သည့် ညဦးစီးမှူးအဖွဲ့မှ လက်အောက်ငယ်သားများနှင့် အမှောင်နက်ဝေါ့ခ်၏ အထွတ်အထိပ် ကျင့်ကြံသူများကို အခြေခံကာ အနက်ရောင်အရိပ် စစ်တပ်တစ်ခုကိုလည်း တည်ထောင်ခဲ့၏။
သူတို့က လူသတ်သမားအချို့ကို အလုပ်ခန့်ရန် ကြိုးစားခဲ့သေးသော်လည်း လူသတ်သမားများက သူတို့၏ ဖိတ်ကြားချက်ကို ဂရုမစိုက်ခဲ့ပေ။
သူတို့၏ ကမ်းလှမ်းမှုကိုပင် ဂရုမစိုက်သည့် လူသတ်သမားများအနေဖြင့် ယခုအခါတွင် လှုပ်ရှားမှု ရှိနေသည်မှာ ၎င်းတို့၏ နောက်ကွယ်တွင် တစ်စုံတစ်ယောက် ညွှန်ကြားနေသည့် သက်သေသာဓက တစ်ခုပင် ဖြစ်သည်။
အချိန်တိုအတွင်း လူသတ်သမားများကို စည်းရုံးသိမ်းသွင်းနိုင်သည်မှာ လုပ်ကြံရေးလောကရှိ မော်ကွန်းဝင်အဆင့် လူသတ်သမားနှစ်ဦးမှ လွဲ၍ အခြားမည်သူ့ကိုမှ ဥက္ကဌပိုင်နှင့်ပိုင်ယိုချွမ်တို့ မစဉ်းစားနိုင်ခဲ့ပေ။
သူတို့က အရိပ်အတက်အကျကို စောင့်ကြည့်ချင်သော်လည်း အရိပ်အတက်အကျ၏လျှို့ဝှက်ချက်ကို ထိုမိသားစုမှ လွဲ၍ အခြားမည်သူမှ သိရှိခြင်း မရှိပေ။
ဥက္ကဌပိုင်၏ စုံစမ်းစစ်ဆေးချက်အရ ထိုစဉ်က အင်မော်တယ်ရှဲဖီ အသတ်ခံခဲ့ရသည့် ဖြစ်ရပ်သည် တကယ်တမ်းတွင် အရိပ်အတက်အကျ ဖြစ်ခြင်း၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် ဖြစ်နိုင်သည်ဟု သိရ၏။
ဆိုရလျှင် နိုင်ငံတိုင်း၏ ကျင့်ကြံခြင်းအစိုးရသည် ဤကိစ္စကို လျှို့ဝှက်စွာ စောင့်ကြည့်နေကြသည်။
သို့သော် ထိုကိစ္စကို လူသတ်သမားများက မည်သို့ သိရှိခဲ့ပါသနည်း။
ဥက္ကဌပိုင်သည် အနည်းငယ် မတည်မငြိမ် ဖြစ်နေခဲ့သည်။
သူ၏ အဓိကတာဝန်မှာ အရိပ်အတက်အကျ အထွတ်အထိပ်သို့ မရောက်မီ မည်သူမှ ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်းသေချာစေရန် ဖြစ်သည်။
ထို့ကြောင့် ဥက္ကဌပိုင်သည် လူသတ်သမားများ၏ ကြီးမားသော ပူးပေါင်းစစ်ဆင်ရေးကို အထူးသတိထားရန် ဆုံးဖြတ်ခဲ့သည်။
"ငါ လူသတ်သမားတွေကို စိုးရိမ်မိတယ်.. အရှင်က ငါတို့ကို အမိန့်ပေးထားတဲ့အတွက် ဘာအမှားအယွင်းမှ မရှိအောင် လုပ်မှဖြစ်မယ်"
ဥက္ကဌပိုင်က လက်ချောင်းများဖြင့် ထိုင်ခုံလက်ရန်းကို အဆက်မပြတ် ပုတ်လိုက်သည်။
"ငါတို့လူတွေကို စေလွှတ်လိုက်.. ဘာပဲဖြစ်ဖြစ် သူတို့ကို အောင်မြင်ခွင့်ပေးလို့ မဖြစ်ဘူး"
"ကောင်းပါပြီ အဖေ"
ပိုင်ယိုချွမ်က ပြန်ဖြေလိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် မြေအောက်ခန်း အတွင်း၌ ပိုင်ယိုချွမ်သည် အနက်ရောင်စစ်တပ် အဖွဲ့ဝင်များကို စုစည်းလိုက်သည်။
အနက်ရောင်အရိပ်များစွာက သူ့ရှေ့တွင် စီတန်း၍ ရပ်နေရာ ပတ်ဝန်းကျင်တွင် အော်ရာများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
"ဒီတစ်ခေါက်မစ်ရှင်က လူသတ်သမားတွေကို တားရမဲ့ မစ်ရှင်ပဲ.. ဒါပေမဲ့ ဒီကိစ္စကိုတော့ လျှို့ဝှက်လုပ်ဆောင်ရမယ် ဆိုတာ မင်းတို့တွေ သတိရကြပါ.. မင်းတို့ရဲ့ အထောက်အထားတွေကို ထုတ်ဖော်ပြလို့ မဖြစ်ဘူး.. ဒါကြောင့် မင်းတို့အားလုံး ငါတို့အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ အနက်ရောင်အရိပ် အဖွဲ့အစည်းကို ဖုံးကွယ်ထားရမယ်.. လူသတ်သမားအဖြစ် ဟန်ဆောင်ဖို့ အတွက် အခြားဝတ်စုံတစ်ခုကို ပြောင်းလဲဝတ်ဆင်လိုက်ပါ"
"ကျွန်တော်တို့က လူသတ်သမားတွေနဲ့ အတူတူလုပ်ဆောင်ရမှာလား"
တစ်စုံတစ်ယောက်က မေးလိုက်သည်။
"အဲဒီလိုမဟုတ်ဘူး.. ငါတို့က လူသတ်သမား တစ်ဦးချင်းစီကို စောင့်ကြည့်ရမယ်.. သူတို့ မလှုပ်ရှားသရွေ့ ငါတို့လည်း လှုပ်ရှားဖို့မလိုဘူး.. ငါတို့အနေနဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုတားဆီးဖို့ပဲ လိုတယ်.. ဒီမစ်ရှင်အတွင်းမှာ မင်းတို့ရဲ့ ခန္ဓာကိုယ်ကို မတော်တဆ ထိခိုက်မှု မရှိအောင် သတိထားကြပါ"
ပိုင်ယိုချွမ်က ပြောလိုက်သည်။
"အစီအစဉ်မပြီးခင်အထိ လူတိုင်းက သိုသိုသိပ်သိပ် နေထိုင်ရမယ်.. အခြေအနေကို မထိန်းချုပ်နိုင်တဲ့ အနေအထား ရောက်ရင် ငါ့ဆီ အမြန်ဆုံး သတင်းပို့ရမယ်"
"နားလည်ပါပြီ ခေါင်းဆောင်ပိုင်"
ပိုင်ယိုချွမ်၏ စကားဆုံးသည်နှင့် အနက်ရောင်အရိပ်များက ကျီးကန်းအုပ်စု ပျံသန်းထွက်ခွာသွားသကဲ့သို့ ပြန့်ကျဲစွာ ထွက်ခွာသွားကြသည်။
ဝမ်လင်းက ဆရာမဖန်ကို မြင်လိုက်သည့်အခါတွင် လျင်မြန်စွာစိ တ်ဖတ်ကြည့်လိုက်သည်။
အကြောင်းအရင်းမှာ ဆရာမဖန်ကို ဤနေရာတွင် တွေ့ရသည်က တိုက်ဆိုင်မှု ဟုတ်မဟုတ် သိချင်သောကြောင့် ဖြစ်သည်။
ဝမ်လင်းက ဆရာမဖန်ကိုသာ စိတ်ဖတ်ခြင်း မဟုတ်ဘဲ ပတ်ဝန်းကျင်မှ မင်္သကာစရာ လူများကိုပါ တစ်ခါတည်း စိတ်ဖတ်လိုက်သည်။
စိတ်ဖတ်ပြီး နောက်တွင် အနီးအနား၌ ကျင့်ကြံသူအများအပြား ရှိနေသည်ကို သူ မအံ့ဩတော့ပေ။
ဝမ်လင်းက လမ်းလျှောက်လာစဉ်ကတည်းကပင် ၎င်းတို့ကို သတိပြုမိခဲ့သည်။
၎င်းတို့က နေရောင်မကျသည့် လမ်းထောင့်များတွင် မသိမသာ ပုန်းကွယ်၍ ရှိနေကြသည်။
ဤလူများထံတွင် သတ်ဖြတ်လိုသော အော်ရာများ မထွက်ပေါ်နေ၍ အစောပိုင်းတွင် အဘယ်အကြောင်းဖြင့် ရောက်လာမှန်း သူ မသိခဲ့ပေ။
စိတ်ဖတ်ပြီးနောက်တွင်မူ ဝမ်လင်းသည် သဘောပေါက်သွားခဲ့သည်။
ဤလူသတ်သမားအုပ်စုသည် အိမ်စာများကို အရူးအမူးခိုးယူရန် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်၏။
ရှေးဟောင်းစာအုပ်ကြီးက တာအိုဆရာတောက်တိနှင့်ပူးပေါင်း၍ မော်ကွန်းဝင်အဆင့် လူသတ်သမားဖြစ်သည့် သူတို့၏ အထောက်အထားကို အသုံးပြုကာ လူသတ်သမားနှစ်ထောင်ကျော်ကို စုန့်ဟိုင်မြို့အနှံ့သို့ ဖြန့်ကျက် စေလွှတ်လိုက်ခြင်းပင်။
ဆိုရလျှင် ရှေးဟောင်းစာအုပ်ကြီးသည် အိမ်စာ စက္ကူအတွက် ဤမျှကြီးမားသော မစ်ရှင်တစ်ခုကို စတင်လိုက်ခြင်း ဖြစ်၏။
ဝမ်လင်းက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။
သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အနည်းငယ် အသက်ရှူ ကျပ်သွားသလို ခံစားလိုက်ရသည်။
ထိုအချိန်တွင် ဆရာမဖန်သည် သူ့ရှေ့သို့ ရောက်နေ၏။
ဝမ်လင်းက လက်ကို အိတ်ကပ်ထဲ ထည့်လိုက်ရင်း ခေါင်းကိုအနည်းငယ် ငုံ့ထားလိုက်သည်။
ဆရာမဖန်နှင့် သူ့ကြားတွင် လူအနည်းငယ်သာ ရှိ၍ ဆရာမဖန်သာ လှည့်ကြည့်လိုက်လျှင် သူ့ကိုတွေ့သွားမည် ဖြစ်သည်။
လူသတ်သမားများသည် အနီးနားရှိ လမ်းထောင့်များကနေ ကျောင်းသားများကို ချောင်းမြောင်း စောင့်ကြည့်နေကြသည်။
ကျောင်းသားများက တစ်စုံတစ်ရာ လှုပ်ရှားလိုက်သည်နှင့် သံသယဖြစ်ဖွယ်လှုပ်ရှားမှုမှန်သမျှကို ၎င်းတို့က ဖော်ထုတ်သွားမည် ဖြစ်၏။
ဝမ်လင်းက ဟန်မပျက် လမ်းလျှောက်လာရင်း ကုန်စုံဆိုင်တစ်ဆိုင်ထဲသို့ ကပျာကယာ ဝင်လိုက်သည်။
သူက ဆရာမဖန် ထွက်ခွာသွားမှသာ ဆိုင်ထဲကနေ ထွက်ရန် စီစဉ်ခဲ့ခြင်းပင်။
လက်ရှိအခြေအနေကို ကြည့်လျှင် ဆရာမဖန်သည် အချိန်တိုအတွင်း ထွက်ခွာသွားမည့်ပုံ မပေါ်ပေ။
ထို့ကြောင့် ဝမ်လင်းသည် သူ့အိပ်ကပ်ထဲမှဦးထုပ်ကို ထုတ်ကာ ဆောင်းထားလိုက်သည်။
တကယ်တမ်းတွင် ထိုဦးထုပ်သည် ဝမ်လင်း၏ လက်ထဲတွင် မရှိခဲ့ပေ။
သူက စိတ်ဝိညာဉ်စွမ်းအင်ကနေ အလိုရှိသမျှ အရာဝတ္တုကို ဖန်ဆင်းနိုင်သည့် မဟာဖန်ဆင်းခြင်း တာအိုမှော်စွမ်းရည်ကို အသုံးပြုခဲ့ခြင်းသာ ဖြစ်သည်။
သီအိုရီအရ ဤမှော်စွမ်းရည်သည် အစားအစာကိုပင် ဖန်ဆင်းနိုင်သော်လည်း ထိုကဲ့သို့ ဖန်တီးသော အစားအစာက အရသာမရှိပေ။
ယခုအချိန်တွင် ဝမ်လင်းသည် သူ့ကိုယ်သူ သူလျှိုတစ်ဦးအဖြစ် ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။
သူက ပိုမိုသဘာဝကျစေရန် အတွက် ကုန်စုံဆိုင်အတွင်းရှိ စင်ပေါ်ကနေ မူလ အရသာ ခေါက်ဆွဲခြောက်ထုပ်ကို ကောက်ယူကာ ငွေပေးချေပြီးနောက် ဆိုင်အတွင်းရှိ စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
သို့သော် သူထိုင်ပြီး သိပ်မကြာခင်မှာပင် သူ့နံဘေးကနေ မြေပဲလေး၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။
"ဝမ်လင်းလား"
မြေပဲလေးက ခေါင်းပေါ်တွင် အဝတ်စတစ်ခုကို တင်းကျပ်စွာ စည်းနှောင်ထားပြီး နေကာမျက်မှန်ကို ဝတ်ဆင်ထား၏။
ဝမ်လင်းသာ မြေပဲလေး၏ အသံကို မမှတ်မိလျှင် လုံးဝ သတိပြုမိမည် မဟုတ်ပေ။
"ဟားဟား.. မင်းငါ့ကို မမှတ်မိပုံရတယ်.. ဒါဆို ငါ စိတ်သက်သာရာ ရသွားပြီ"
မြေပဲလေးက ပြုံး၍ ပြောလိုက်သည်။
ဝမ်လင်း ".........."
[ဒါက ပိုလို့တောင် သံသယ ဖြစ်စရာကောင်းတယ် ငတုံးရ]
"ငါမင်းထက် အရင် ဒီကို ရောက်ခဲ့တယ်.. ဒါပေမဲ့ ငါကော်ဖီဆိုင်ထဲကို မဝင်ခဲ့ဘူး"
ထို့နောက် မြေပဲလေးသည် ဆရာမဖန် ရှိနေသည့်အရပ်ကို ညွှန်ပြလိုက်သည်။
"မင်းလိုပဲ ငါက ဆရာမဖန်ကို ဒီမှာပုန်းနေတာလေ"
ဝမ်လင်း" ..........."
အပိုင်း(၁၀၂၃) ပြီး၏