← Chapters

မင်းကအမှတ်ပိုများချင်တာလား

Vol. 69 Ch. 1024

မင်းကအမှတ်ပိုများချင်တာလား

Vol. 69 Ch. 1024

အမှတ် ၆၀ အထက်တန်းကျောင်းတွင် ဆရာမဖန်သည် ရှေ့ဆောင် ဆရာမတစ်ဦး အဖြစ် အရည်အချင်းရှိပြီး ကြောက်မက်ဖွယ်ကောင်းသော အမျိုးသမီး ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။

ဝမ်လင်းသည် အမှတ် ၆၀ အထက်တန်းကျောင်းကို စတင်တက်ရောက်စဉ်က ဆရာမဖန်ကို မနှစ်သက်ခဲ့ကြောင်း ဝန်ခံရပေမည်။

သို့သော်လည်း အချိန်အတော်ကြာပြီးနောက်တွင် မည်သူမျှ မသိနိုင်သည့် ဆရာမဖန်၏ တစ်ဖက်ခြမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုအချိန်မှစ၍ ဆရာမဖန် အပေါ်တွင် သူ၏အမြင်က လုံးဝပြောင်းလဲသွားခဲ့၏။

ယင်းမှာ လွန်ခဲ့သည် လအနည်းငယ်က ဖြစ်ပျက်ခဲ့သည့်ဖြစ်ရပ်ကြောင့် ဖြစ်သည်။

ထိုအချိန်က တာအိုဆရာတောက်တိ၏ ရှေးဟောင်းစာအုပ်ကြီးအပေါ် အမုန်းတရားသည် အပြစ်မဲ့ကျောင်းသား အများအပြားကို ထိခိုက်စေခဲ့သည့် ရွှေကုံးဂိုဏ်း အဖြစ်အပျက်ကို ဖြစ်ပေါ်စေခဲ့သည်။

ဤအဖြစ်အပျက်တွင် ဆရာမဖန်သည် သူမ မည်မျှ ထူးချွန်သော ဆရာတစ်ဦး ဖြစ်သည်ကို လူတိုင်းအား သက်သေပြနိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် အလွန်တင်းမာသော အချိန်များလည်း ရှိခဲ့သည်။

ဥပမာအားဖြင့် သူမသည် ကျောင်းသားများ၏ ရမှတ်အဆင့်တိုင်းကို အလွန်အလေးထားသည်။

နောက်ထပ် ဥပမာတစ်ခုအနေဖြင့် လွတ်လပ်စွာ ရည်းစားထားနိုင်သောခေတ်တွင် သူမသည် ကျောင်းသားများကြား အချင်းချင်း မေတ္တာတရား ပေါက်ဖွားလာမည်ကို တားဆီးပိတ်ပင်လိုသော အယူအဆ ရှိခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ ဤကမ္ဘာကြီးအတွင်း ပြီးပြည့်စုံသော လူ ဟူ၍ မရှိပေ။

ဆရာမဖန်သည် သူ့ကိုယ်ပိုင်စတိုင်ဖြင့် ရပ်တည်သည်ဟုသာ ပြောနိုင်သည်။

ကုန်စုံဆိုင်၏ ပြတင်းပေါက်ကနေ ဝမ်လင်းက လှမ်းကြည့်လိုက်သည်။

ဆရာမဖန်၏ အကျင့်စရိုက်အရ ကျောက်စိမ်းစာလိပ်ကို ရှာဖွေရန်သာ မဟုတ်ဘဲ ကျောင်းသားများကိုဖမ်းရန် ထွက်လာခြင်း ဖြစ်နိုင်သည်ဟု သူခံစားမိသည်။

ထိုအချိန်တွင် မြေပဲလေးသည် ချက်ဂရုတွင် ချန်းချောင်ထံသို့ ၎င်းတို့၏ တည်နေရာကို ပေးပို့လိုက်သည်။

"ငါတို့ ကော်ဖီဆိုင်ဘေးက ကုန်စုံဆိုင်မှာ ရောက်နေပေမဲ့ အထဲကို မဝင်ရဲဘူး"

ထို့နောက် မြေပဲလေးက ကုန်စုံဆိုင် ပြတင်းပေါက်မှ ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကို ပေးပို့လိုက်သည်။

ထိုပုံက သိပ်မရှင်းလင်းသော်လည်း ဆရာမဖန်၏ နောက်ကျောကို ရိုက်ကူးထားခြင်း ဖြစ်၏။

..................

ချန်းချောင်နှင့်ကော်ဟောက်တို့သည် ထိုပုံကိုမြင်လျှင် ထိတ်လန့်သွားကြသည်။

ကော်ဟောက် "အို လခွမ်း.. အဖွားကြီးဖန်က ဘယ်လိုဖြစ်လို့ ကော်ဖီဆိုင် ဝင်ပေါက်ကို ရောက်နေတာလဲ.. အဖွားကြီးဖန်က ဒီလောက်ထိတောင် ဇွဲကောင်းတယ်လား"

ကော်ဟောက်၏ စကားကိုကြားလျှင် ချန်းချောင်က အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

လွန်ခဲ့သည်နှစ်အနည်းငယ်မှစ၍ ဆရာများသည် နွေရာသီ အားလပ်ရက် ကုန်ဆုံးခါနီးတွင် အိမ်စာကူးချသူများကို လိုက်လံရှာဖွေခဲ့ကြသည်။

ဤနှစ်ကမူ ထိုသို့လိုက်ဖမ်းရန် အနည်းငယ် စောနေပါသေးသည်။

ချန်းချောင် "သေချာတာတစ်ခုက အဖွားကြီးဖန် ဒီကို အလကားတော့ ရောက်လာမှာမဟုတ်ဘူး.. သူ့မှာ တခြားအလုပ်တစ်ခုခု ရှိနေနိုင်တယ်.. ဘာပဲဖြစ်ဖြစ် ဘေးကင်းဖို့အတွက် ငါတို့ ဒီနေ့မစ်ရှင်ကို ဒီမှာပဲ အဆုံးသတ်ပြီး နောက်နေ့မှ ပြန်ဆုံကြရအောင်.. ငါတို့မှာ ရွေးချယ်စရာမရှိဘူး.. ဒါက ငါတို့ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာပဲ

ကော်ဟောက်က ခေါင်းညိမ့်လိုက်သည်။

သူ၏ ဉာဏ်များသော အတန်းဖော်နှစ်ယောက်က ချက်ချင်းပင် မစ်ရှင် ဖျက်သိမ်းလိုက်သည်ကို မြင်လျှင် ဝမ်လင်းက သက်ပြင်းချလိုက်သည်။

သို့သော် ယနေ့အခြေအနေအရ သူတို့တွင် ရွေးချယ်စရာမရှိတော့၍ ဝမ်လင်းသည် ထွင်ထျန်းဟာနှင့်အတူ အရင် ထွက်သွားရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် သူက ခြေရင်းကို ငုံ့ကြည့်လိုက်ရာ မှင်တက်သွားခဲ့သည်။

မထင်မှတ်ဘဲ ထွင်ထျန်းဟာသည် ပျောက်သွားခဲ့ပြီ ဖြစ်၏။

"အိုး ထွင်ထျန်းဟာပါလား.. ဝမ်လင်းနဲ့ အတူတူလာတာလား"

ထိုအသံကိုကြား၍ မြေပဲလေးက ဆိုင်အပြင်ဘက်ကို လှမ်းကြည့်လိုက်ရာ ထိတ်လန့်သွားခဲ့သည်။

ဆိုင်၏ ဝင်ပေါက်တွင် ဆရာမဖန်သည် ထွင်ထျန်းဟာ၏ ထွားကျိုင်း၍ စိမ်းစိုနေသော ခန္ဓာကိုယ်ကို ပွတ်သပ်နေခဲ့သည်။

ဝမ်လင်းက ထွက်ခွာရန် ပြင်လိုက်သောအချိန်မှ ဆရာမဖန်၏ ဖမ်းဆီးခြင်းကို ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထွင်ထျန်းဟာ အတွက်မူ ဆရာမဖန်သည် ကြောက်စရာကောင်းသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

ထိုအချိန်က ခွေးတစ်ကောင် ဖြစ်လာရသည်မှာ ဆရာမဖန်၏ ပယောဂမကင်းပေ။

သို့သော် ဆရာလေးလင်းနှင့် တွေ့ခွင့်ရခဲ့၍ ထွင်ထျန်းဟာသည် ဆရာမဖန်ကို ကျေးဇူးတင်နေခဲ့၏။

တစ်ချိန်တည်းမှာပင် ထွင်ထျန်းဟာသည် ကုန်စုံဆိုင်ဘက်သို့ လက်ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရလျှင် မြေပဲလေးက ထိတ်လန့်သွားခဲ့သည်။

"ဝမ်လင်း.. အဲဒီဘက်ကို လှည့်မကြည့်နဲ့.. ဆရာမဖန်က ငါ့တို့ကို မြင်သွားလိမ့်မယ်"

ဝမ်လင်း ".........."

ထိုအချိန်တွင် ဝမ်လင်း အစိုးရိမ်ဆုံးအရာက ဖြစ်ပျက်လာခဲ့သည်။

ထွင်ထျန်းဟာ၏ လက်ဝှေ့ယမ်းပြမှုကြောင့် ဆရာမဖန်သည် ကုန်စုံဆိုင်ထဲရှိ အသွင်အပြင်နှစ်ခုကို သတိပြုမိသွားခဲ့သည်။

သူမက ထွင်ထျန်းဟာကို လက်နှစ်ဖက်ဖြင့် လှမ်းကိုင်ရင်း ရွှေရောင်မျက်မှန်ကို ချိန်ညှိလိုက်သည်။

"ကျောင်းသား စုရှောင်နဲ့ ဝမ်လင်း မင်းတို့က ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ"

သူမက မေးခွန်းထုတ်နေသော်လည်း စုရှောင် နှင့် ဝမ်လင်းတို့က အိမ်စာများကိုကူးချရန် ဤနေရာသို့ ရောက်လာသည်ဟု မထင်ခဲ့ချေ။

အကြောင်းအရင်းမှာ စုရှောင်သည် အတန်းတာဝန်ခံ တစ်ဦးဖြစ်သလို အကျင့်စာရိတ္တ ကောင်းမွန်သော ကလေးဖြစ်သောကြောင့်ပင်။

ဝမ်လင်းဆိုသော ကလေးကမူ စကားပြောရသည်ကို နှစ်သက်ပုံ မရသော်လည်း သူ၏အဆင့်များကမူ ဘယ်သောအခါမှ မပြောင်းလဲဘဲ တစ်သမတ်တည်း ရှိနေခဲ့သည်။

ဆရာမဖန်က ဤကလေးကို အလွန်ပွင့်လင်းပြီး လိမ်ညာမှုကင်းသောကလေးဟု ခံစားမိခဲ့သည်။

ဤကလေးက အနည်းဆုံးတော့ ကျောင်းကို အနှောင့်အယှက်မဖြစ်စေခဲ့ပေ။

နောက်တစ်ချက်မှာ ဝမ်လင်း၏ လက်ရေးလက်သားသည် အလွန်တရာ ကောင်းမွန်နေခြင်းကြောင့် ဖြစ်၏။

ထို့ကြောင့် ဆရာမဖန်၏ ဝမ်လင်းအပေါ် အထင်ကြီးမှုသည် စုရှောင်လောက် မဟုတ်သော်လည်း အရမ်းကြီး မနိမ့်ကျခဲ့ပေ။

ထိုထက်မက ဝမ်လင်းသည် အတန်း၏ လာဘ်ကောင်လည်း ဖြစ်သည်။

အတန်းတာဝန်ခံနှင့် လာဘ်ကောင်တို့၏ အသွင်အပြင်သည် ဆရာမဖန်၏ သံသယများကို မနှိုးဆွနိုင်ခဲ့ပေ။

ထို့ပြင် အနီးနားတွင်လည်း အခြားကျောင်းသားများကို ဆရာမဖန် မတွေ့ခဲ့ရချေ။

ဝမ်လင်း ".........."

ဝမ်လင်းက ဆရာမဖန်၏ အတွေးကို ကြားမိသောအခါ ချွေးသီးချွေးပေါက်များ ကျလာခဲ့သည်။

ယင်းက အမှတ် ၆၀ အထက်တန်းကျောင်း၏ ရှေ့ဆောင်ဆရာမတစ်ဦး ဖြစ်သည့် ဆရာမဖန်၏ ဗီဇနှင့် လုံးဝကွက်တိပင်။

"မင်္ဂလာပါ ဆရာမဖန်"

စုရှောင်က ဆရာမဖန်ကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။

"မင်းတို့နှစ်ယောက် ဘယ်လိုတွေ့ကြတာလဲ"

"ဒီလိုပါ ဆရာမ.. ပိတ်ရက်မှာ ထွင်ထျန်းဟာ ကစားဖို့အတွက် ဝမ်လင်းက ကျွန်တော့်ဆီ လာလည်တာပါ"

"ဪ.. ဒီလိုကိုး"

ဆရာမဖန်က ခေါင်းညိမ့်လိုက်သည်။

မြေပဲလေး၏အကြောင်းပြချက်က အလွန် ရိုးရှင်းသော်လည်း ယုတ္တိရှိနေသည်။

ဆရာမဖန်က မြေပဲလေး၏ စကားကိုကြားလျှင် ပျော်ရွှင်သွားခဲ့သည်။

"တခြားတစ်ယောက်သာ ဆိုရင် အိမ်စာကူးချဖို့ ထွက်လာတယ်လို့ ငါမုချထင်မိမှာပဲ.. ဒါပေမဲ့ စုရှောင်ကတော့ ဒီလိုမိုက်မဲတဲ့အလုပ်ကို ဘယ်တော့မှလုပ်မှာ မဟုတ်ဘူးလို့ ငါလုံးဝယုံကြည်တယ်"

ဝမ်လင်းနှင့်စုရှောင် ".........."

ထို့နောက် ဆရာမဖန်သည် ဝမ်လင်းဘက်သို့ လှည့်ကာ ရှားရှားပါးပါး ပြုံးပြလိုက်သည်။

"ကျောင်းသားဝမ်လင်းက ဒီလောက်အထိ တက်ကြွနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး"

ဝမ်လင်း ???

ဆရာမဖန် "နေ ဒီလောက်ပူနေတာတောင် ထွင်ထျန်းဟာကိုခေါ်ပြီး စုရှောင်ကို လာရှာတယ်ဆိုတော့ သာမန်လာလည်တာတော့ မဖြစ်နိုင်ဘူး.. မင်းမှာ သူ့ကို စာမေးစရာ တစ်ခုခု ရှိနေလို့လား"

ထိုစကားကိုကြားလျှင် မြေပဲလေးက လျင်မြန်စွာပင် ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်တယ် ဆရာမ.. သူ ကျွန်တော့ကို စာမေးစရာရှိလို့ ထွင်ထျန်းဟာကိုပါ တစ်ခါတည်း ခေါ်လာခဲ့တာပါ"

ဝမ်လင်း ".........."

မြေပဲလေးက ပုံမှန်အားဖြင့် မလိမ်ညာတတ်သော်လည်း ချန်းချောင်နှင့် ကော်ဟောက်တို့ကဲ့သို့ စဉ်းလဲသော သူငယ်ချင်းနှစ်ဦးနှင့် အနေနီးပြီးနောက်တွင် မြေပဲလေးသည်လည်း မြေပဲဆီအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

ဆရာမဖန် "တိုးတက်ချင်စိတ် ရှိတယ်ဆိုတာ ကောင်းပါတယ်.. မင်းရဲ့အဆင့်တွေက အတန်းထဲမှာ အမြဲတမ်း အလယ်အလတ်ကို ရောက်နေပြီး ဘယ်တော့မှ မပြောင်းလဲတာကို ငါသတိထားမိတယ်.. အရင်မေးခွန်းစာရွက်တွေကိုလေ့လာကြည့်လိုက်တော့ မေးခွန်းတွေက ခက်နေလည်း မင်းရဲ့အဆင့်တွေက အလယ်အလတ်မှာပဲ အမြဲရှိနေတယ်.. ဝမ်လင်း.. မင်းက အလယ်အလတ်မှာ မနေတော့ဘဲ အမှတ်တွေပိုလိုချင်လာလို့လား

ဝမ်လင်း "........."

ထွင်ထျန်းဟာ "........."

ဆရာမဖန် "ဘယ်လိုပဲဖြစ်ဖြစ် မင်းစိတ်အားထက်သန်နေသမျှတော့ မင်းရဲ့အဆင့်တွေက တိုးတက်လာမယ်လို့ ဆရာမယုံကြည်တယ်"

ဆရာမဖန်က ဝမ်လင်း၏ခေါင်းကို ဖွဖွလေး ပွတ်သပ်ကာ ပြောလိုက်သည်။

ထိုအချိန်မှာပင် သူမ၏ လက်ပတ်နာရီက ရုတ်တရက် တုန်ခါလာခဲ့သည်။

ယင်းမှာ ရေဒါ အက်ပ်ပလီကေးရှင်းမှ ကျောက်စိမ်းစာလိပ် အပိုင်းအစကို တွေ့ရှိသဖြင့် တုံ့ပြန်လိုက်ခြင်း ဖြစ်၏။

ကျောက်စိမ်းစာလိပ်က မီတာငါးဆယ် အကွာအဝေးအတွင်း ရှိနေသည်မှာ သေချာသည်။

"ကျောင်းသားဝမ်လင်း ကျောင်းသားစုရှောင်.. ငါ့မှာအရေးကြီးကိစ္စ တစ်ခုရှိသေးတယ်.. နောက်မှ ဆက်ပြောကြတာပေါ့.. ငါအရင် သွားလိုက်ဦးမယ်

ထို့နောက် ဆရာမဖန်သည် သူမ၏ဝိညာဉ်ဓားကို တိုက်ရိုက်စီးကာ တစ်ရှိန်ထိုး ထွက်ခွာသွားခဲ့သည်။

ထိုအချိန်တွင် ကုန်စုံဆိုင်နှင့် မနီးမဝေးရှိ ကုန်တိုက်ထဲကနေ စာအုပ်ထဲမှ စာရေးဆရာ မေ့လောက်သည်အထိ အချိန်အတော်ကြာ ပေါ်မလာခဲ့သော စွန်းရုံနှင့် လင်းရှောင်ယုတို့သည် လက်ချင်းချိတ်ကာ ထွက်လာခဲ့သည်။

အပိုင်း(၁၀၂၄) ပြီး၏

All Chapters