အိမ်စာမှ တွေးခေါ်မှုဆိုင်ရာမေးခွန်းများ
Vol. 69 Ch. 1032
“လူသတ်သမားက နှစ်ယောက် ဖြစ်နေတာများလား”
ယခုအခါတွင် အမှန်တရားနှင့် မဝေးတော့ဟု ကောင်းထန်းခံစားမိသည်။
ရိုးသားစွာ ဝန်ခံရလျှင် မစ္စတာငွေရောင်လေးသာ ဤနေရာတွင် မရှိခဲ့လျှင် လူသတ်သမားသည် သူတို့ ရဲအဖွဲ့ကို ကစားနေလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် လူသတ်သမား၏ သတ်ဖြတ်ခြင်းနည်းလမ်းကို သိခဲ့ရပြီဖြစ်၍ အရာအားလုံးသည် ပိုမိုအဓိပ္ပါယ် ရှိသွားခဲ့ပြီး ရဲများအတွက် အလုပ်ရှုပ်ရန် အချိန်တန်ပြီ ဖြစ်၏။
ငွေရောင်လေး၏ ကျေးဇူးကြောင့် ကောင်းထန်းသည် ရဲစခန်းသို့ ပြန်ရောက်ပြီး နောက်တစ်နေ့မှာပင် ကွင်းဆက်လူသတ်မှု၏ ပထမအဆင့် အစီအရင်ခံစာကို ပေးပို့နိုင်ခဲ့ပြီဖြစ်သည်။
လေးယောက်မြောက် သားကောင်ဖြစ်သည့် တက္ကသိုလ်ကျောင်းသား ရှန်းကွမ်းရုံသည် သေခြင်းတရားမှ ကပ်သီလေးလွတ်မြောက်ခဲ့သည်။
ကောင်းထန်းက ရှန်းကွမ်းရုံ နောက်တစ်ကြိမ် ပစ်မှတ်ထားခံရမည်ကို စိုးရိမ်သဖြင့် ရဲစခန်းသို့ ခေါ်သွားခဲ့ပြီး အရေးကြီးသက်သေအဖြစ် အကာအကွယ် ပေးထားခဲ့သည်။
ရှန်းကွမ်းရုံအတွက်မူ သူ၏ဘွဲ့နှင်းသဘင် ပရောဂျက်ကာလအတွင်း ဤကဲ့သို့ ကိစ္စမျိုးဖြစ်လာမည်ကို လုံးဝ မထင်မိခဲ့ပေ။
“အခုလက်ရှိ အခြေအနေကို တင်ပြပေးပါမယ်”
အစည်းအဝေးခန်းထဲတွင် ဒါဇင်နှင့်ချီသည့် အဆင့်မြင့်ရဲအရာရှိများသည် စင်မြင်အောက်တွင် ထိုင်နေကြသည်။
ဤအမှု၏ စစ်ဆင်ရေးမှူးအဖြစ် ကောင်းထန်းသည် စင်မြင့်ထက်တွင် ရပ်နေခဲ့သည်။
“မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက အဖွဲ့ခေါင်းဆောင်ငွေရောင်လေးရဲ့ အကူအညီနဲ့ လူသတ်သမားက ဖန်သားပြင်ကတဆင့် သတ်ဖြတ်ခဲ့တယ်လို့ ကျွန်တော်တို့ တွေ့ရှိခဲ့တယ်”
ထိုစကားကြောင့် စင်မြင့်အောက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
“အဟမျးအဟမျး”
ကောင်းထန်းက လည်ချောင်းရှင်း၍ သူ၏စကားကို ပြန်ဆက်လိုက်သည်။
“ဒီနည်းစနစ်က အရမ်းအန္တရာယ်များတဲ့ အပြင် အသုံးပြုရလည်း ခက်ခဲတယ်.. ဒါကြောင့် လူသတ်သမားရဲ့ ကျင့်ကြံခြင်းနယ်ပယ်အဆင့်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ထက် ကျော်လွန်နေမယ်လို့ ခန့်မှန်းထားတယ်.. ဒီအတွက် ကျွန်တော်တို့နဲ့အတူ လုပ်ဆောင်ဖို့ အင်မော်တယ် ကင်းလှည့်ဌာနက အဆင့်မြင့် အင်မော်တယ်ရဲတွေကို စေလွှတ်ပေးဖို့ အထက်အရာရှိတွေကို တောင်းဆိုချင်ပါတယ်.. တစ်ချိန်တည်းမှပဲ မှုခင်းဖြစ်ပွားရာ နေရာကို စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံပြီး ကျွန်တော်တို့ရဲ့ ကနဦးသုံးသပ်ချက်အရ လူသတ်မှုကျုးလွန်သူက နှစ်ဦး ရှိနေတယ်.. သူတို့တွေက ကြံရာပါတွေလည်း ဖြစ်နိုင်ဖွယ်ရှိတယ်”
“အဲဒီအတွက် သက်သေ အထောက်အထားရှိလား”
“တစ်စုံတစ်ယောက်က လက်ကိုမြှောက်၍ မေးလိုက်သည်။
“ပထမအနေနဲ့ သူတို့က တူညီတဲ့ပစ်မှတ် အမျိုးအစားကိုပဲ ရွေးချယ်ခဲ့ကြတယ်.. အဲဒါက အိမ်တွင်းအောင်းနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေပဲ.. နောက်ထပ် အရေးအကြီးဆုံး သက်သေတွေကတော့..”
ထိုခဏတွင် ကောင်းထန်းသည် သူ၏လက်ထဲမှ ရဲဓားပေါ်ရှိခလုတ်ကို နှိပ်လိုက်ရာ စခရင် ပေါ်ရှိ ပုံရိပ်များက ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။
“စုံစမ်းစစ်ဆေးမှုအရ သေဆုံးသူဖြစ်တဲ့ အဂ္ဂိရတ်ပညာရှင် အမျိုးသမီး တိုက်ရိုက်ထုတ်လွှင့်သူ ပရိုဂရမ်မာ တစ်ဦးနဲ့ လုပ်ကြံခံရတဲ့ကျောင်းသား ရှန်းကွမ်းရုံတို့က တက္ကသိုလ်တစ်ခုတည်းက ဖြစ်ကြတယ်.. အဲဒီ တက္ကသိုလ်က စုန့်ဟိုင်မှော်ရတနာ တည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်ပဲ”
“သူတို့တွေက တက္ကသိုလ်တစ်ခုတည်းကလား”
ထိုကိစ္စနှင့် ပတ်သတ်၍ အဆင့်မြင့် ရဲအရာရှိများက အချင်းချင်း တီးတိုးပြောဆိုခဲ့ကြသည်။
ဤစုံစမ်းစစ်ဆေးမှု၏ ရလဒ်များသည် ၎င်းတို့မမျှော်လင့်ထားသော ရလဒ်များဖြစ်နေသည်မှာ ထင်ရှားနေ၏။
သူတို့က အစပိုင်းတွင် လူသတ်သမားကို ကျပန်းလူသတ်ခဲ့သည်ဟု ထင်ခဲ့ကြသော်လည်း သေဆုံးသူများကြား ဆက်နွယ်မှုကိုကြည့်လျှင် ဤလူသတ်မှုများသည် စေ့စေ့စပ်စပ် စီစဉ်ထားသော လက်စားချေမှုတစ်ခု ဖြစ်နိုင်ကြောင်း ရိပ်မိခဲ့သည်။
လူသတ်သမားက စုန့်ဟိုင်မှော်ရတနာ တည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်မှ ကျောင်းသားများကို အဘယ်ကြောင့် ပစ်မှတ်ထားနေရပါသနည်း။
ကောင်းထန်းက ထိုအချက်ကို ရှာဖွေနေဆဲဖြစ်၏။
သို့သော် သေချာသော အချက်မှာ လူသတ်မှု ကျူးလွန်သူသာ ထပ်မံ လုပ်ကြံမည်ဆိုလျှင် ဤတက္ကသိုလ်မှ ကျောင်းသားများကို ရွေးချယ်မည်မှာ သေချာသလောက်ပင်။
ထို့ကြောင့် ကောင်းထန်းက ရှန်းကွမ်းရုံကို သူနှင့်အတူ ခေါ်လာခဲ့ခြင်း ဖြစ်သည်။
သူ၏စုံစမ်းစစ်ဆေးမှုအရ ရှန်းကွမ်းရုံသည် နတ်အပန်းဖြေတိုက်ခန်းတွင် နေထိုင်သည့် စုန့်ဟိုင်မှော်ရတနာာတည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်မှ နောက်ဆုံးနှစ် ကျောင်းသား ဖြစ်သည်။
ဤတိုက်ခန်းသည် တိုက်ခန်းငှားခ နည်းသည့်အပြင် စုန့်ဟိုင်မှော်ရတနာ တည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်နှင့်လည်း အလွန်နီးသောကြောင့် ထိုတက္ကသိုလ်မှ ကျောင်းသားများ ဤနေရာတွင် နေထိုင်သည်မှာ မထူးဆန်းလှပေ။
သို့သော် တကယ်တမ်းတွင် စုန့်ဟိုင်မှော်ရတနာ တည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်အနီးတွင် ကျောင်းသားများနေထိုင်သည့် တိုက်ခန်းအများအပြား ရှိသည်။
ထို့ကြောင့် လူသတ်သမားက နတ်အပန်းဖြေ တိုက်ခန်းကို ရွေးချယ်ရသည့် အကြောင်းအရင်း ရှိကိုရှိရမည်ဟု ကောင်းထန်းသံသယရှိခဲ့သည်။
“ငါတို့တွေ နောက်တစ်ဆင့် ဘာဆက်လုပ်ရမလဲဆိုတာ အခုညွှန်ကြားမယ်”
ထိုအချက်များကို စဉ်းစားပြီးနောက်တွင် ကောင်းထန်းသည် ညွှန်ကြားချက် အသစ်များကို ပေးခဲ့သည်။
“အသတ်ခံရတဲ့ ၃ ယောက်နဲ့ ကျောင်းသား ရှန်းကွမ်းရုံတို့ရဲ့ ဆက်ဆံရေးအပြင် သူတို့ရဲ့သင်ကြားမှုနဲ့ နေထိုင်မှု အခြေအနေတွေကို သေချာစစ်ဆေးပြီး တူညီတဲ့အချက်တွေကို ရှာဖွေရမယ်.. တစ်ချိန်တည်းမှာပဲ လူသတ်မှုကို မဖြေရှင်းရသေးခင်အထိ အီလက်ထရောနစ် ဖန်သားပြင်ကတဆင့် အမြန်ပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို ပိတ်ပြီး အင်တာနက် (Firewall)ကို ဖွင့်ထားရမယ်လို့ တက္ကသိုလ်တွေကို အသိပေးထားရမယ်.. ဒါမှပဲ အမည်မသိအရာတွေ ဖန်သားပြင်က တဆင့် ဖောက်ထွက်လာရင် တက္ကသိုလ်က ရဲစခန်းကို ချက်ချင်းအကြောင်းကြားနိုင်မှာ ဖြစ်တယ်.. စက်တင်ဘာ ၁၈ ရက်နေ့ သန်းခေါင်ယံ မတိုင်ခင်အတွင်း တရားမျှတမှုအတွက် လူသတ်သမားကို ဖမ်းဆီးဖို့ ကြိုးစားကြတာပေါ့”
ထိုသို့ ပြောဆိုပြီးနောက် ကောင်းထန်းက စင်မြင့်အောက်ရှိ အဆင့်မြင့်ရဲအရာရှိများကို လေးလေးနက်နက် ဦးညွှတ်ဂါရဝပြုလိုက်သည်။
စက်တင်ဘာ ၁၈ ရက် နွေရာသီအားလပ်ရက် မကုန်ဆုံးမီ ၁၇ ရက်မြောက်နေ့..
ငွေရောင်လေး၏အကူအညီဖြင့် လူသတ်သမား မည်ကဲ့သို့ လုပ်ကြံသည်ကို ရှာဖွေတွေ့ရှိပြီးနောက်တွင် ကောင်းထန်းသည် နတ်အပန်းဖြေတိုက်ခန်းတွင် နောက်ထပ် စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ငွေရောင်လေးနှင့် ထွင်ထျန်းဟာ တို့သည် ဝမ်လင်း ပေးအပ်သောတာဝန်ကို ထမ်းဆောင်ခဲ့သည်။
ယင်းမှာ ကျောင်းသမိုင်းကို မှတ်တမ်းတင်ထားသော ကျောက်စိမ်းစာလိပ် အပိုင်းအစများနှင့် အနက်ရောင်အရိပ်စစ်တပ်၏ ခြေစိုက်စခန်းဌာနချုပ်ကို ရှာဖွေရန် ဖြစ်သည်။
ဤအနက်ရောင်အရိပ်စစ်တပ်က အလွန်ထူးခြားသော ကံကြမ္မာတာအိုကို ကျင့်ကြံထားကြသည်။
နတ်တာအိုကြယ်၏ ကြယ်စင်အရှင်သခင် ရှင်းပြထားသည့်အတိုင်းပင် ကံကြမ္မာတာအိုသည် မျှဝေနိုင်သည့် စွမ်းအား တစ်ခုဖြစ်သည်။
လက်ရှိတွင် အနက်ရောင်အရိပ် စစ်သည်များသည် အတူတူပူးပေါင်း၍ စစ်ဆင်ရေးများ ပြုလုပ်လေ့ ရှိကြသည်။
၎င်းတို့က တောမီးများ လောင်ကျွမ်းသော်လည်း မကုန်ခမ်းနိုင်သော ပေါင်းပင်များကဲ့သို့ပင်။
နောက်ကွယ်မှ ထိန်းချုပ်သူကို မရှင်းထုတ်နိုင်သရွေ့ အနက်ရောင်အရိပ် စစ်သည်များကို အမြစ်ပြတ် ခြေမှုန်းရန်မှာခက်ခဲမည်သာ ဖြစ်၏။
အကြောင်းရင်းမှာ ၎င်းတို့က သေဆုံးပြီးသည်နှင့် ရှင်ပြန်ထမြောက်၍ ရနေသောကြောင့်ပင်။
ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့က လမ်းတကာကို လှည့်လည်သွားလာခဲ့သည်။
သူတို့၏ဦးစားပေးမှာ ကျောက်စိမ်းစာလိပ် အပိုင်းအစများကို စုဆောင်းရန် ဖြစ်၏။
သူတို့နှစ်ဦးက ပန်းခြံတစ်ခုကို ဖြတ်သွားသောအခါတွင် စာလိပ်အပိုင်းအစ တစ်ခုကို အနံ့ရခဲ့သည်။
သူတို့က ပန်းခြံထဲသို့ အလျင်အမြန် ပြေးသွားလိုက်ရာ အိမ်စာလုပ်နေသည့် အထက်တန်း ကျောင်းသားတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုလူငယ်က ပန်းခြံထဲတွင် ဈေးဆိုင်ဖွင့်ထားသော သူဌေး၏သား ဖြစ်သည်။
ထိုကျောင်းသားက သူ့အဖေ၏ ဆိုင်ကိုကြည့်ရင်း တစ်ချိန်တည်းတွင် အိမ်စာလုပ်နေခြင်း ဖြစ်၏။
လူငယ်၏ယူနီဖောင်းကို တစ်ချက်ကြည့်ရုံဖြင့် အမှတ် ၅၉ အထက်တန်းကျောင်းမှဖြစ်ကြောင်း ထွင်ထျန်းဟာ သဘောပေါက်လိုက်သည်။
“မင်္ဂလာပါ ကျောင်းသားလေး”
“မင်းက ဘယ်သူလဲ”
လူငယ်က ခေါင်းမော့ကာ မေးခွန်းထုတ်လိုက်သည်။
“တကယ်တော့ ငါက ပြန်လည်ကုစားရေး ဆရာတစ်ယောက်ပဲ”
ထို့နောက်တွင် ငွေရောင်လေးသည် လူငယ်၏လက်ထဲရှိ အိမ်စာစက္ကူ စာလိပ်ကို စိုက်ကြည့်ရင်း သူ၏အိတ်ကပ်ထဲမှ ထပ်တူကျသော စာလိပ်တစ်ခုကို ထုတ်လိုက်သည်။
သူ၏အိတ်အတွင်း၌ မွန်းစတားဘောပင်နှင့် မှင်စာခဲဖျက်တို့ တစ်ညလုံးနီးပါး ရေးပေးထားသော အိမ်စာစက္ကူ စာလိပ်တစ်ထောင်နီးပါး ရှိသည်။
သူ၏အိတ်ထဲတွင် အထက်တန်း ကျောင်းသူကျောင်းသားများ နွေရာသီအားလပ်ချိန် အတွင်း လုပ်ဆောင်ရမည့် အိမ်စာအမျိုးမျိုး ပါရှိသည်။
ယင်းက သူတို့၏ အဆုံးစွန်သော ရည်ရွယ်ချက်အတွက် မပြည့်စုံသော အိမ်စာ စာလိပ်နှင့် ပြီးပြည့်စုံသော အဖြေများပါဝင်သည့် အိမ်စာစာလိပ်များကို လဲလှယ်ရန် ဖြစ်သည်မှာ ထင်ရှားနေသည်။
ကျောင်းသား၏ လက်ထဲတွင် ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့ ရှာနေသော စာလိပ်၏ အပိုင်းတစ်ပိုင်း ပါဝင်နေသည်။
“ငါ့မှာ ဖြေပြီးသားစာလိပ် ရှိတယ်.. မင်းရဲ့စာလိပ်နဲ့ လဲလှယ်ချင်လား”
ငွေရောင်လေးက စာလိပ်ကိုထုတ်ယူ၍ လူငယ်လေးအား ပေးလိုက်သည်။
လူငယ်က စာလိပ်ကို ဖွင့်ကြည့်လိုက်ရာ လက်ရေးက သပ်ရပ်နေသည့်အပြင် အဖြေများ မှန်ကန်နေကြောင်းပါ တွေ့လိုက်ရသည်။
သူက စိတ်လှုပ်ရှားသွားပြီး တစ်ချိန်တည်းမှာပင် အနည်းငယ်ချိတုံချတုံ ဖြစ်နေခဲ့သည်။
“ဒီလို လဲလှယ်လို့ အဆင်ပြေပါ့မလား”
“ဆရာတွေက နွေရာသီအားလပ်ရက်က အိမ်စာတွေကို စစ်ဆေးလေ့ မရှိပါဘူး.. အိမ်စာပြီးနေသရွေ့ အဆင်ပြေပါတယ်”
ထို့နောက် ငွေရောင်လေးက လူငယ်ကို လှည့်စားလိုက်သည်။
“ကြည့်စမ်း.. မင်းက မေးခွန်းတစ်ခုကို ဖြေဖို့တောင် တော်တော်လေး ကြာနေတာပဲ”
သူက လူငယ်လုပ်ဆောင်နေသည့် စာလိပ်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
ထိုစာလိပ်တွင် မေးခွန်းတစ်ခုကို သူတွေ့လိုက်ရ၏။
မေးခွန်းမှာ အောက်ပါ အတွေးပွားစေသော မေးခွန်း ၈ ခုကို သက်ဆိုင်ရာ အလုပ်အကိုင်များနှင့် ယှဉ်တွဲပြပါ။
အလုပ်အကိုင် ၈ မျိုး = သော့ပြုလုပ်သူ၊ ကန်တင်းလေဒီ၊ ဗေဒင်ဆရာ၊ ဆက်သားညီနောင်၊ အမှိုက်ရွေးချယ်သူ၊ အမြန်ယာဉ်မောင်း၊ ဆံပင်ညှပ်သမားနှင့် အနီးနားရှိစောင့်ကြည့်သူ။
ရွေးစရာမေးခွန်းများမှာ
(၁) ဒါကမင်းဟာနဲ့သင့်တော်ပါ့မလား၊(၂) ထမင်းလိုချင်လား၊ (၃) မင်းဘာတွက်နေတာလဲ၊ (၄) မင်းကဘယ်လိုမျိုးလဲ၊ (၅) ဘယ်လိုအမှိုက်မျိုးလဲ၊ (၆) မင်းရဲနေရာကို မင်းတကယ်သိရဲ့လား၊ (၇) မှန်ထဲမှာ မင်းကိုယ်မင်း ကြည့်လိုက်ပါ မင်းကိုယ်မင်း ဘယ်သူလို့ထင်လဲ၊ (၈) မင်းကဘယ်သူလဲ၊ မင်းဘယ်ကလာလဲ၊ မင်းဘယ်ကို ဦးတည်နေတာလဲ။
တကယ်တမ်းတွင် လူငယ်က လိုက်ဖက်စွာ ယှဉ်တွဲပြပြီးပြီဖြစ်သည်။
သို့သော် ထိုမေးခွန်းကို ဖြေဆိုရန်အတွက် သူက အချိန်အတော်လေး ပေးခဲ့ရသည်။
အပိုင်း(၁၀၃၂) ပြီး၏