← Chapters

ဘောပင်နှစ်ချောင်း စီးဆင်းခြင်း ဂိုဏ်းတည်ထောင်သူ

Vol. 69 Ch. 1035

ဘောပင်နှစ်ချောင်း စီးဆင်းခြင်း ဂိုဏ်းတည်ထောင်သူ

Vol. 69 Ch. 1035

အလှတရားကို ချစ်မြတ်နိုးတတ်သည်မှာ လူ့သဘာဝပင်ဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင် လူတစ်ဦးချင်းစီ၏ အလှအပဆိုင်ရာ လိုအပ်ချက်များအပေါ် အခြေခံ၍ လူတစ်ဦးချင်းစီ၏ ရုပ်ဆင်းသွင်ပြင်ကို လိုက်၍ အချိန်တိုင်းတွင် ဆေးဝါးများပေါ်ထွက်နေသည်။

ဆေးဝါးများက ပလက်စတစ်ဆာဂျရီ ခွဲစိတ်မှု ကဲ့သို့ ဓားဖျားအောက်တွင် စွန့်စားစရာမလိုဘဲ အလွန်လုံခြုံမှုရှိ၏။

အရွယ်တင်နုပျိုဆေးက သင်၏ မူလအင်္ဂါရပ်များကို အတိုင်းအတာတစ်ခုထိ အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးနိုင်ပြီး သင်၏အရေပြား အခြေအနေကို တိုးတက်စေကာ နုပျိုသော အသွင်အပြင်ကို ပေးစွမ်းနိုင်သည်။

ဟွာကောရေတံခွန် လုပ်ငန်းစု၏ အရွယ်တင်နုပျိုဆေးသည် ဈေးကွက်တွင် အကျော်ကြားဆုံး ဖြစ်သည်။

သင့်အနေဖြင့် လုံးဝကွဲပြားသော အသွင်အပြင်ကို လိုချင်လျှင် မျက်နှာပုံသွင်းဆေးဝါးကို အသုံးပြုနိုင်သည်။

တစ်လုံးစားပြီးသည်နှင့် သင့်မျက်နှာက နာရီဝက်အတွင်း ပျော့ပျောင်းသွားပေလိမ့်မည်။

သို့ရာတွင် မျက်နှာပုံသွင်းဆေးဝါးများကို များသောအားဖြင့်လူတိုင်းအား ရောင်းချလေ့မရှိပေ။

ဆေးဝါးကိုဝယ်လိုလျှင် အလှအပဆိုင်ရာ ဆရာဝန်၏ ထောက်ခံချက်ကို ရရှိမှသာ ဝယ်ယူနိုင်မည် ဖြစ်သည်။

တကယ်တမ်းတွင် ထွင်ထျန်းဟာသည် လူသားအသွင်ဆောင်သောအခါ၌ မည်မျှ ရုပ်ဆိုးမည်ကို စိတ်မပူခဲ့ပေ။

သူ၏ ဆံပင်က လူသားအသွင်နှင့် ထူးဆန်းနေမည်ကိုသာ စိုးရိမ်နေခဲ့သည်။

ရုပ်ပြနှင့်ကာတွန်းများတွင် ဆံပင်အစိမ်းရောင် ရှိသည့် ဇာတ်ကောင်များစွာ ရှိသော်လည်း လက်တွေ့ဘဝတွင် ရှိနေလျှင် အလွန်ထူးဆန်းနေမည် မဟုတ်ပါလော။

ဟုတ်ပါသည်၊ ဤကဲ့သို့ ရုပ်ဆိုးမည်ကို ကြောက်ရွံ့သည်က လူတိုင်းမဟုတ်ပေ။

ဥပမာအားဖြင့် ဆရာလေးလင်းသည် အလွန်ချောမောမည်ကို စိုးရိမ်သူ ဖြစ်ပြီး သူ၏ရုပ်ရည်ကို အလယ်အလတ် အဆင့်သို့ အတင်းလုပ်ယူခဲ့သည်။

ထွင်ထျန်းဟာက လင်းရှစ်ယောင်ကို စိုက်ကြည့်လိုက်သည်။

သူမနှင့် တွေ့ဖူးသည်မှာ မိနစ်အနည်းငယ်သာ ရှိသေးသော်လည်း ထွင်ထျန်းဟာသည် လင်းရှစ်ယောင်၏ ဆွဲဆောင်မှုကို ခံစားသိရှိနိုင်ခဲ့သည်။

တက္ကသိုလ်ကျောင်းသား တစ်စုက အထက်တန်းကျောင်းအိမ်စာများကို ကန်တင်းတွင် ကြီးကြီးကျယ်ကျယ် အလုပ်လက်ခံနေသည်မှာ တကယ်ကို ထူးဆန်းသည့် မြင်ကွင်းတစ်ခုဖြစ်သည်။

လင်းရှစ်ယောင်က ငွေရောင်လေး၏ တောင်းဆိုမှုကို စိတ်ရှည်လက်ရှည် နားထောင်ရန် ဆုံးဖြတ်လိုက်သည်။

ငွေရောင်လေးက သူမကို အသေးစိတ်မရှင်းပြဘဲ အကြောင်းပြချက် တစ်ခုခုကြောင့် စာလိပ်များကို လဲလှယ်ရန် လိုအပ်ကြောင်း လင်းရှစ်ယောင်အား ပြောပြလိုက်သည်။

လင်းရှစ်ယောင်က လဲလှယ်ရန်အတွက် အသုံးပြုရန် စီစဉ်ထားသော စာလိပ်များကို လက်ခံခဲ့ပြီးနောက်တွင် စာလိပ်များရှိ သပ်ရပ်လှပသော လက်ရေးကြောင့် အံ့အားသင့်သွားခဲ့သည်။

ထိုစာလိပ်ထဲတွင် သူမ တစ်ခါမှမမြင်ဖူးသော သပ်ရပ်လှပသည့် လက်ရေးလှပုံစံ ရှိနေသည်။

ထို့ကြောင့် လင်းရှစ်ယောင်က ငွေရောင်လေး၏ တောင်းဆိုမှုကို သဘောတူခဲ့သည်။

“နင် လိုချင်သလောက် လဲလှယ်နိုင်ပါတယ်”

ထို့နောက် သူမက ငွေရောင်လေးပေးသော စာလိပ်များထဲမှ စာသားများကို အသေးစိတ် အကဲခတ်လိုက်သည်။

လဲလှယ်မှုအောင်မြင်ခဲ့ပြီ ဖြစ်၏။

ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့သည် အစိတ်အပိုင်း ၆ ခုကို တစ်ပြိုင်နက် ရရှိခဲ့သည့်အတွက် အံ့အားသင့်ခဲ့ကြသည်။

လင်းရှစ်ယောင်က ငွေရောင်လေးထံမှ ရရှိခဲ့သောစာလိပ်များကို လေ့လာရင်း လှပသောလက်ရေး၏ ပိုင်ရှင်က မည်သို့သောပုံစံလဲ ဆိုသည်ကို မြင်တွေ့လိုသောဆန္ဒ ဖြစ်ပေါ်လာသည်။

“ဒီအိမ်စာတွေကို ဘယ်သူရေးတာလဲ”

လင်းရှစ်ယောင်က မေ့မကြည့်ဘဲ မေးမြန်းလိုက်သည်။

“အတိအကျ ပြောရမယ်ဆိုရင် အိမ်စာတွေကို ရေးတဲ့သူက ငါ့ဆရာပဲ”

ငွေရောင်လေးက ဖြေလိုက်သည်။

မွန်းစတားဘောပင်နှင့် မှင်စာခဲဖျက်တို့သည် ဆရာလေးလင်း ဉာဏ်အလင်းပေးထားသည့် မှင်စာနှစ်ဦးဖြစ်ကြောင်း သူကောင်းစွာသိသည်။

သို့ရာတွင် ၎င်းတို့သည် ဆရာလေးလင်းကို အိမ်စာများပြီးအောင် ကူညီပေးရာတွင် သတ်မှတ်ထားသော စည်းမျဉ်းအချို့ရှိသည်။

ပထမစည်းမျဉ်းမှာ အိမ်စာပါ အကြောင်းအရာသည် ဆရာလေးလင်း ကျွမ်းကျင်ပြီးသား အကြောင်းအရာ ဖြစ်ရမည်။

ဒုတိယစည်းမျဉ်းမှာ မွန်းစတားဘောပင်နှင့် မှင်စာခဲဖျက်တို့သည် စိတ်ခံစားမှုကို ဖော်ပြသည့် အကြောင်းအရာများတွင် အကူအညီမပေးခြင်း ဖြစ်၏။

ဤစည်းမျဉ်းနှစ်ခုမှလွဲ၍ ဆရာလေးလင်းသည် သူနှစ်သက်သမျှကို ထိုမှင်စာနှစ်ဦးအား ခိုင်းစေနိုင်သည်။

ဆရာလေးလင်းသည် လေ့ကျင့်ခန်းစာအုပ် အများစုတွင် စတုရန်းပုံစံ လက်ရေးဖြင့် ရေးသားလေ့ရှိသည်။

သို့သော်လည်း အချို့သော အကြောင်းအရာများသည် စိတ်ခံစားမှုကို ဖော်ပြခြင်းနှင့် ပတ်သတ်နေ၍ မွန်းစတားဘောပင်နှင့် မှင်စာခဲဖျက်တို့က ကူညီပေးခြင်းမရှိပေ။

ထို့ကြောင့် စိတ်ခံစားချက်နှင့် ပတ်သတ်သော အပိုင်းများကို ဆရာလေးလင်း ကိုယ်တိုင် ရေးသားရမည်ဖြစ်သည်။

စာအုပ်ထဲတွင် ဆရာလေးလင်း၏ လက်ရေးလက်သားက များစွာ မရှိသော်လည်း ဤလက်ရေးသည် လင်းရှစ်ယောင်၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

ထွင်ထျန်းဟာနှင့် ငွေရောင်လေးတို့က လင်းရှစ်ယောင်၏ အတွေးများကို စိတ်ဖတ်မိသောကြောင့် နှလုံးသားထဲတွင် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

ဆရာလေးလင်းမှာ သူတို့ မျှော်လင့်ထားသည့်အတိုင်းပင်။

အိမ်မှမထွက်ဘဲ အိမ်တွင်းအောင်းနေလျှင်ပင် တက္ကသိုလ်ကျောင်းသူ တစ်ဦး၏ နှလုံးသားကို ဖမ်းဆုပ်နိုင်ပေသည်။

ထို့အပြင် သူမသည် အလွန်လှပသော အလှဘုရင်မတစ်ဦးလည်း ဖြစ်နေသေး၏။

လင်းရှစ်ယောင်၏ အတွေးများကို သူတို့နှစ်ဦး မြင်နိုင်သည်မှာ မထူးဆန်းပေ။

ယင်းမှာ ထွင်ထျန်းဟာက သူတော်စင်သားရဲတစ်ပိုင်း ဖြစ်ပြီး ငွေရောင်လေးက သူတော်စင်သားရဲ ဖြစ်သောကြောင့်​ပင်။

ထို့အပြင် သူတို့နှစ်ဦးသည် တောက်ပသော သူတော်စင် နှလုံးသားစွမ်းရည်ကို အချိန်ကြာမြင့်စွာပင် နားလည်ခဲ့ကြသည်။

ဤစွမ်းရည်က အကန့်အသတ်မဲ့ အကွာအဝေးကို လွှမ်းခြုံနိုင်သည့် ဆရာလေးလင်း၏ စိတ်ဖတ်စွမ်းရည်လောက် အစွမ်းထက်ခြင်း မရှိသော်လည်း အနီးကပ် အကွာအဝေးရှိ လူတစ်ဦး၏ အတွင်းစိတ်ကို ဖတ်ရှုနိုင်ပါသေးသည်။

တကယ်တမ်တွင် ထွင်ထျန်းဟာသည် လင်းရှစ်ယောင်၏ အတွေးများကို ဖတ်ရန် သူတော်စင်နှလုံးသား စွမ်းရည်ကို အသုံးပြုရန် မလိုအပ်ကြောင်း ခံစားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ဤဆယ်ကျော်သက်မိန်းကလေး၏ အတွေးများ အားလုံးသည် မျက်နှာပေါ်တွင် ထင်ရှားစွာပေါ်လွင်နေသောကြောင့်လဖြစ်သည်။

“နင်တို့ ဘာကိုရှာနေလဲတော့ ငါမသိဘူး.. ဒါပေမဲ့ အဲဒီအရာက အထက်တန်းကျောင်းသားလေးတွေရဲ့ အိမ်စာတွေထဲမှာ ရှိပုံရတယ်.. ဟုတ်တယ် မဟုတ်လား”

လင်းရှစ်ယောင်က သူမ၏ မေးစေ့ကို လက်ဖြင့်ကိုင်၍ မေးလိုက်သည်။

အဆုံးသတ်တွင် သူမသည် သွားများကို အံကြိတ်လိုက်၏။

“ဒီလိုလုပ်ပါလား.. ငါနင်တို့ကို ကူညီပေးမယ်.. ငါ့ရဲ့ အော်ဒါကောက်နှုန်းကို တိုးမြှင့်ပြီး အိမ်စာတွေကို အမြန်ဆုံး စုဆောင်းပြီး ကူညီပေးပါ့မယ်.. ဒါဆိုရင် နင်တို့ရှာနေတဲ့အရာကို ပိုပြီး မြန်မြန်ရှာတွေ့လိမ့်မယ်”

“ဖြစ်နိုင်ပါ့မလား”

ငွေရောင်လေးက လင်းရှစ်ယောင် ကတိအတိုင်း အလုပ်မပြီးမြောက်မည်ကို စိုးရိမ်နေခဲ့သည်။

“နင်ငါ့အတွက် စိတ်ပူစရာမလိုဘူး.. အော်ဒါအမှာစာတွေကို တိုးကောက်မယ်လို့ ကတိပေးထားတဲ့ အတွက် အဲဒီကိစ္စကို ငါကိုင်တွယ်နိုင်မယ် ဆိုတာ သေချာပါတယ်”

လင်းရှစ်ယောင်က စာဆက်မရေးတော့ဘဲ ယုံကြည်မှုအပြည့်ဖြင့် ပြုံး၍ ပြောလိုက်သည်။

“ဘောပင်နှစ်ချောင်း စီးဆင်းမှုကို နင်တို့ကြားဖူးလား”

ထွင်ထျန်းဟာ အံ့ဩသွားခဲ့သည်။

“???”

ဘောပင်နှစ်ချောင်း စီးဆင်းမှုကို သူကောင်းစွာသိသည်။

ဤသည်က အမှတ်၆၀ အထက်တန်းကျောင်းတွင် အိမ်စာများကို ကော်ဟောက် ကူးယူခဲ့သည့် နည်းစနစ် ဖြစ်သည်။

ထို့အပြင် ကော်ဟောက်သည် ဤနည်းစနစ်ကိုပင် အဆင့်မြှင့်တင်ခဲ့ပြီး သူ၏ ကူးယူမှုနှုန်းကို တိုးမြှင့်ရန်အတွက် ဘောပင် ၅ ချောင်း စီးဆင်းမှု နည်းစနစ်ကိုပင် ပြသခဲ့သည် မဟုတ်လော။

“အမှန်တိုင်း ဝန်ခံရရင် ငါက ဘောပင်နှစ်ချောင်း စီးဆင်းမှုဂိုဏ်းရဲ့ တည်ထောင်သူပါ”

လင်းရှစ်ယောင်က ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့ကို တရားဝင် မိတ်ဆက်လိုက်သည်။

“ငါ့ရဲ့ဂိုဏ်းကို ဝင်တဲ့အခါ ဘောပင်နှစ်ချောင်း စီးဆင်းမှုကို သင်ယူရတာက အခြေခံလိုအပ်ချက်ပဲ.. အမှာစာတွေ တိုးလာရင်တောင် ငါ့ရဲဂိုဏ်းသားတွေကို ဘောပင်နှစ်ချောင်း စီးဆင်းမှုနည်းစနစ် သုံးခိုင်းဖို့ပဲ လိုအပ်တယ်.. ငါတို့ဂိုဏ်းရဲ့အခြေခံနည်းစနစ်ကို အသုံးပြုလိုက်တာနဲ့ ငါတို့က အလုပ်ကို နှစ်ဆလက်ခံလို့ရတယ်.. ဟုတ်ပါတယ်.. ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘောပင်နှစ်ချောင်း စီးဆင်းမှုက ငါ့ရဲ့အစွမ်းအထက်ဆုံးစွမ်းရည် မဟုတ်ပါဘူး”

ထိုစကားကိုပြောရင်း သူမက စာရေးကိရိယာ အိတ်ထဲကနေ ဘောပင်အားလုံးကို ထုတ်လိုက်ပြီး လက်နှစ်ဖက်ရှိ လက်ချောင်းလေးများကြားတွင် ညှပ်ထားလိုက်၏။

စုစုပေါင်းဘောပင်မှာ ၈ ချောင်း ဖြစ်၏။

“လခွမ်း.. ဘောပင် ၈ ချောင်းစီးဆင်းမှုဟ”

ယခုအခါတွင် ထွင်ထျန်းဟာသည် လင်းရှစ်ယောင်၏ ဂိုဏ်းခေါင်းဆောင်အဖြစ် ဝိသေသလက္ခဏာကို လုံးလုံးလျားလျား ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။

ဘောပင်နှစ်ချောင်း စီးဆင်းမှုဂိုဏ်း၏ ခေါင်းဆောင်အနေဖြင့် လင်းရှစ်ယောင်သည် ဤကြီးမားသောတာဝန်ကို ထမ်းဆောင်ရန် အရည်အချင်း ပြည့်မီသည်ဟုသာ ဆိုနိုင်တော့၏။

ဘောပင် ၈ချောင်းနှင့် အိမ်စာလုပ်ခြင်း..

ဤအမြန်နှုန်းသည် စိတ်ကူးမယဉ်နိုင်လောက်အောင် မြန်ဆန်မည်မှာ သေချာသည်။

ဆိုရလျှင် လင်းရှစ်ယောင်၏ မျက်လုံးထဲတွင် ဤအထက်တန်းကျောင်း အိမ်စာများသည် ထမင်းစား ရေသောက် သကဲ့သို့ လွယ်ကူပေလိမ့်မည်။

ဘောပင် ၈ ချောင်းကို တစ်ပြိုင်နက် သုံးနိုင်သောသူမသည် လူသားလက်နှိပ်စက်တစ်ခုလို ဖြစ်နေပြီြဖစ်သည်။

ထို့နောက်တွင်သူမက ဓားသမားကဲ့သို့ လက်ထဲရှိဘောပင်အားလုံးကို အိတ်ထဲသို့ပြန်ထည့်လိုက်သည်။

သူမ၏ လှုပ်ရှားမှုများက ကချေသည်တစ်ဦး ကနေသလို ညိမ့်ညောင်းနေပြီး ကြည့်ရသူကို မျက်စိပသာဒ ဖြစ်စေသည်။

ထို့နောက်တွင် လင်းရှစ်ယောင်သည် သူမ ရှေ့ရှိ ငွေရောင်လေးနှင့် ထွင်ထျန်းဟာကို ကြည့်၍ ပြောလိုက်သည်။

“ငါနင်တို့ကို ကူညီမယ်.. ဒါပေမဲ့ ဒီလက်ရေးပိုင်ရှင်နဲ့ တွေ့ခွင့်ပေးမယ်လို့ ငါ့ကို ကတိပေးရမယ်.. ဒီလောက်ဆို ငါနဲ့စာချုပ်ချုပ်ဖို့ အဆင်ပြေပြီလား”

အပိုင်း(၁၀၃၅) ပြီး၏

All Chapters