ပုံပြင်ပြောသည့် နတ်ဘုရား
Vol. 93 Ch. 1433
အလွန်ကျယ်ပြောသော ဝါးတော၏ အပြင်ဘက်တွင် နူးညံ့သော လေပြေက မြှောက်တတ်လာသည်။ အနီရောင်ဝါးပင်များက လေတိုးဝှေ့မှုကြောင့် လှုပ်ခါသွားကြပြီး တရှဲရှဲမြည်သံက ပဲ့တင်ထပ်သွားသည်။
ယင်းက ကောင်းကင်ဘုံတေးသံ မဟုတ်ပေ။ သို့သော်လည်း ယင်းက ကောင်းကင်ဘုံတေးသံထက် ပိုကောင်းသည်။
ရွှင်းထိုင်နတ်ဆိုး၏ စိတ်ထဲမှ အော်သံသည်လည်း ပေါ်လျှိုးထွက်လာပြီး ဤကောင်းကင်ဘုံတေးသံ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။
ယင်းက သူ၏ ခန္ဓာကိုယ်တစ်လျှောက်သို့ ပျံ့နှံ့သွားပြီး သူ၏ တစ်ကိုယ်လုံးကို ဖြည်းဖြည်းချင်း တုန်ယင်သွားစေသည်။ သူ၏ အတွေးများက မြန်ဆန်စွာ လွင့်ပြယ်သွားနေသည်။
သို့သော်လည်း လွင့်ပြယ်နေသော အမြန်နှုန်းက သိပ်မမြန်ပေ။ ထို့ကြောင့် ဤခရီးစဉ်ကို ပြန်တွေးတောရန် သူက အချိန်တချို့ ရသွားသည်။
ငါးကီလိုမီတာအတွင်းမှ သဲသည် ယခင်က သူကျော်ဖြတ်ခဲ့သော သဲကန္တာရကို ဆိုလိုသည်။ ငါးဆယ်ကီလိုမီတာကျယ်ဝန်းသော ရွှံ့သည် သူထွက်ပြေးခဲ့သော ရွှံ့မြေကို ရည်ညွှန်းသည်။ ငါးရာကီလိုမီတာရှိသော ကျောက်စရစ်ခဲများသည် သင်္ချိုင်းနှင့်တူသော စွန့်ပစ်တောင်ကို ရည်ရွယ်သည်။ ငါးထောင်ကီလိုမီတာရှိသော ဝါးသည်တော့ သူ့အရှေ့မှ ဝါးတောကို ရည်ညွှန်းသည်။
ကဗျာတစ်ပုဒ်လုံးက သူ၏ ခရီးစဉ်တစ်ခုလုံးကို သက်သေပြုပေးနေသည်။ ဤသည်မှာ သဲကန္တာရထဲသို့ သူခြေချလိုက်သည်နှင့်ချက်ချင်း သူက တစ်ဖက်လူ၏ ကဗျာအတိုင်း လိုက်လုပ်ဆောင်နေခဲ့သည့်အလားပင်။
ယင်းက ထူးဆန်းသော နတ်ဘုရားအခွင့်အာဏာဖြစ်သည်။
ယင်းကို ပုံပြင်ဟု ခေါ်သည်။
ထိုနတ်ဘုရားအခွင့်အာဏာကို နားလည်သွားပြီးနောက် ရွှင်းထိုင်နတ်ဆိုးက သူ၏ အတွေးအားလုံးကို ဆုံးရှုံးသွားသည်။ မကြာမီ သူ၏ အသိစိတ်က ဗလာဖြစ်သွားသည်။
သူ၏ အကြည့်က အသက်မဲ့လာသည်နှင့် သူက ဝါးတောနှင့် သူ့အရှေ့မှာ မတ်တတ်ရပ်နေသော နတ်ဘုရားကို မိန်းမောတွေဝေစွာ ကြည့်လိုက်သည်။
သူ၏ အမြင်တွင် တစ်ဖက်လူ၏ ပုံရိပ်က အတိုင်းအဆမဲ့စွာ ကြီးမားသည်။ ဤသည်မှာ သူက အရာအားလုံးကို ထိန်းချုပ်ထားပြီး အရာအားလုံးကို သိထားသည့်အလားပင်။
သူက ပုံပြင်ထဲမှာ ဇတ်ကောင်တစ်ကောင်ဖြစ်လာပြီး ပုံပြင်၏ ဖန်တီးရှင်ကို ကြည့်နေရသည့်အလားပင်။
သူ၏ အတွေးများက ပျောက်ကွယ်သွားခြင်းမှာ ဇတ်ကောင်၏ အတွေးများကို ပုံပြင်ပြောသူက အပ်နှင်းပေးထားသောကြောင့် ဖြစ်သည်။
သူက မလှုပ်ရှားနိုင်ခြင်းမှာ ဇာတ်ကောင်၏ လှုပ်ရှားမှုများကိုလည်း ပုံပြင်ပြောသူက အပ်နှင်းပေးထားသောကြောင့် ဖြစ်သည်။
အမှန်မှာ သူက ကြောက်ရွံ့သည်ဟူသော စိတ်ခံစားချက်ကိုပင် ဆုံးရှုံးသွားသည်။
အတိုင်းအတာတစ်ခုထိဆိုရလျှင် ပုံပြင်ပြောသူသည် အလွန်ကြင်နာသူ ဖြစ်သည်။
ဤအခိုက်အတန့်မှာ ကြင်နာသူယုလျှိုချန်းသည် ညာလက်ကို မြှောက်လိုက်ပြီး ဖမ်းဆုပ်သော လက်ဟန်ကို ပြုလုပ်လိုက်သည်။ ချက်ချင်းဆိုသလို ဆုတ်ပြဲသော အသံက ပဲ့တင်ထပ်လာပြီး ရွှင်းထိုင်နတ်ဆိုး၏ နောက်ကျောတွင် သယ်ဆောင်ထားသော ဧရာမဓားကြီးက သူ၏ အသွေးအသားထဲမှ ဖယ်ရှားခံလိုက်ရသည်။
ယင်းက ဖြည်းညင်းစွာ အပေါ်သို့ မြှောက်တတ်သွားသည်။
ထို့နောက် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အသွေးအသားများက ဧရာမဓားကြီးထံမှ ကွာကျလာပြီး အရောင်မှေးမှိန်နေသော ပူဖောင်းနှင့် စေတီအပျက်က အထဲမှ ထွက်ပေါ်လာကြသည်။
“ အမ်… ဒီထဲမှာ တစ်ယောက်ယောက် ရှိနေတယ် ”
ယုလျှိုချန်းက ညင်သာစွာ ပြုံးလိုက်သည်။ သူ၏ အသံက ပျံ့လွင့်သွားသည့်အခါ စေတီအတွင်းမှ ရွှီချင်းက တိတ်တဆိတ် မတ်တတ်ရပ်လိုက်သည်။ သူက စေတီထဲမှ ထွက်လာပြီး ခြေတစ်လှမ်းတည်းဖြင့် ပူဖောင်း၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။ ထို့နောက် သူက ယုလျှိုချန်း၏ အရှေ့မှာ ရပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။
“ စီနီယာကို နှုတ်ဆက်ပါတယ် ”
ယုလျှိုချန်း၏ ထွက်ပေါ်လာမှုက သူ၏ မျှော်လင့်ထားမှုအတွင်းမှာ မရှိပေ။ တစ်စုံတစ်ယောက်က သူ့ကို လာကယ်တင်လိမ့်မည်ဟု ရွှီချင်းစဉ်းစားထားခဲ့သည်။ သို့သော်လည်း မည်သို့သူစဉ်းစားပါစေ ယုလျှိုချန်းက သူ့ကို လာကယ်တင်မည့်လူများထဲမှာ မပါဝင်ပေ။
အတိတ်မှာ ထိုနတ်ဘုရားက ဓားကိုင်ဧကရာဇ်ကို ကူညီပေးခဲ့ဖူးသော်လည်း သူ၏ အတွေးများနှင့် လုပ်ဆောင်မှုများက ခန့်မှန်းရခက်ခဲပြီး သူ့အား လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုကို ပေးသည်။
သူက လျှပ်တစ်ပြက်အတွင်းမှာ ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်းကို ပြောင်းလဲနိုင်သည်။
“ မင်းက ဓားကိုင်ဧကရာဇ်ရဲ့ အမွေဆက်ခံသူမလား ”
ယုလျှိုချန်းက ခပ်ရေးရေး ပြုံးလိုက်သည်။
ရွှီချင်းက သူ၏ အတွေးများကို ပြန်ရုပ်သိမ်းလိုက်ပြီး ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။
“ အသက်ကယ်တင်ပေးတဲ့ စီနီယာရဲ့ ကျေးဇူးကို ကျွန်တော်မှတ်ထားပါမယ် ”
ယုလျှိုချန်းက ပြုံးလိုက်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဝါးများက ပျံသန်းထွက်လာကြပြီး သူ့အရှေ့မှာ ဝါးစားပွဲခုံတစ်ခုကို ဖန်တီးလိုက်သည်။ ဝါးစားပွဲခုံ၏ အပေါ်တွင်တော့ လက်ဖက်ရည်ခွက်ငါးခွက် ရှိကြသည်။
မီးဖိုသည် ဝါးစားပွဲခုံ၏ ဘေးမှာ ထွက်ပေါ်လာသည်။ မီးတောက်များက မီးဖိုကို အပူပေးလိုက်သည့်အခါ မီးဖိုပေါ်မှ ရေနွေးအိုးက အငွေ့တထောင်းထောင်း ထလာသည်။
မကြာမီ ရေနွေးအိုးထဲမှ ရေက ဆူပွက်လာပြီး ရေစီးကြောင်းငါးခုက ပျံသန်းထွက်လာကြကာ လက်ဖက်ရည်ခွက်ငါးခွက်ပေါ်သို့ စီးဆင်းသွားကြသည်။ မွှေးပျံ့သော အနံ့က ချက်ချင်း ပျံ့လွင့်လာပြီး လေထဲမှာ ပြည့်နှက်သွားသည်။
ထိုသို့လုပ်ဆောင်ပြီးနောက် ယုလျှိုချန်းက တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ့အရှေ့မှ လက်ဖက်ရည်ခွက်ကို တစ်ငုံယူသောက်လိုက်သည်။
“ မင်းရဲ့ လက်ရှိ နတ်ဘုရားသဘာဝနဲ့ မှတ်ထားမယ်ပြောတာလား ဒါမှမဟုတ် ပျောက်ကွယ်ခါနီးနေတဲ့ လူသားသဘာဝနဲ့ မှတ်ထားမယ်ပြောတာလား ”
ရွှီချင်းက တစ်ခဏကြာ စဉ်းစားပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှ ဗလာဝါးပေလွှာတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက ဝါးပေလွှာပေါ်တွင် စကားလုံးခြောက်လုံးကို ရေးထွင်းလိုက်သည်။
ယုလျှိုချန်း အသက်သခင်ကျေးဇူးရှင်…
ထိုသို့ရေးထွင်းပြီးနောက် ရွှီချင်းက ဝါးပေလွှာကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး ယုလျှိုချန်းကို ကြည့်လိုက်သည်။
“ ဒီဟာနဲ့ မှတ်ထားပါမယ် ”
ယုလျှိုချန်းက မျက်ခုံးပင့်တင်လိုက်ပြီး ဉာဏ်များသော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူက ရွှီချင်းကို အချိန်အနည်းငယ်ကြာအောင် စုန်ချည်ဆန်ချည် အကဲဖြတ်လိုက်သည်။
“ စိတ်ဝင်စားစရာပဲ… ကောင်းပြီ… ဒီမှာထိုင်ပြီး လက်ဖက်ရည်သောက်ပါ ”
ရွှီချင်းသည် လုံးဝတုံ့ဆိုင်းမနေပေ။ သူက ဘေးမှာ ထိုင်ချလိုက်ပြီး လက်ဖက်ရည်တစ်ခွက်ကို ကောက်ယူလိုက်သည်။
ပူနွေးသော လက်ဖက်ရည်က သူ၏ လက်ချောင်းထဲသို့ စီးဆင်းသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ ပေါက်ကွဲသွားသည်။ ယင်းက အပူလှိုင်းတစ်ခုကို ဖြစ်ပေါ်လာစေပြီး သူ၏ ခန္ဓာကိုယ်တစ်လျှောက်သို့ ချက်ချင်း ပျံ့နှံ့သွားစေသည်။ ထို့နောက် အပူလှိုင်းက သူ၏ စိတ်ထဲသို့ ဝင်ရောက်သွားပြီး ကလေးဘဝမှစ၍ လက်ရှိအချိန်ထိ ရွှီချင်း၏ မှတ်ဉာဏ်အားလုံးကို လှုံ့ဆော်လိုက်သည်။
ထိုမှတ်ဉာဏ်များသည် ပုံရိပ်များသဖွယ် ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။
သူက ပြိုင်ဘက်ကင်းမြို့တော်ကို မြင်တွေ့သွားသည်။ ငယ်ငယ်တုန်းက ဆင်းရဲဒုက္ခများ၊ ပထမဆုံးအကြိမ် လူသတ်ပြီးနောက် တိတ်ဆိတ်သွားခြင်း၊ ဆရာသခင်ပိုင်၏ သေဆုံးမှု၊ ချီယွဲ့ထုံဂိုဏ်းမှ ဆက်ဆံရေးများ၊ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို မြင်သွားပြီးနောက် သူ၏ ပြိုလဲသွားမှု၊ ဓားကိုင်ရုံးတော်သခင် ခုန်းလျှန်ရှို့နှင့် ဓားကိုင်ဧကရာဇ်ကို သူမြင်တွေ့သွားသည်။
သူက နတ်မိမယ်ကျစ်ရွှမ်း၊ လင်းအာနှင့် စီနီယာအကိုကြီးကိုလည်း မြင်တွေ့သွားသည်။
ထိုအတွေ့အကြုံများက သူ၏ အပိုင်ဖြစ်သော်လည်း ထိုမြင်ကွင်းများက ယခုအချိန်မှာ သူ့အား မရင်းနှီးသော ခံစားမှုကို ပေးသည်။ ဤသည်မှာ သူက တစ်စုံတစ်ယောက်၏ ဘဝကို ကြည့်ရှုနေရသည့်အလားပင်။
ထိုမြင်ကွင်းများထဲမှ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုက ဤအခိုက်အတန့်တွင် သူ၏ နှလုံးသားပေါ်မှာ သက်ရောက်မှုမရှိပေ။
နောက်အခိုက်အတန့်တွင် လက်ဖက်ရည်၏ အပူအောက်မှာ ထိုမှတ်ဉာဏ်များထဲမှ အရောင်များက ပိုပြီးတောက်ပလာသည်။ ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်းနှင့် ဝမ်းနည်းခြင်းသည် ယင်းတို့ထဲမှ ခုန်ထွက်လာပြီး ပိုပြီးထင်ရှားလာသည်။
နောက်ဆုံးမှာတော့ ထိုစိတ်ခံစားချက်များက အဆပေါင်းများစွာ ပိုပြီးကြီးမားလာပြီး သူ၏ အသိစိတ်ကို လှုပ်ခါသွားစေသည်။
ဗုန်း…
ရွှီချင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက ဝမ်းသာပျော်ရွှင်မှုကို ခံစားမိသွားသည်။
ဗုန်း…
ရွှီချင်းက နှလုံးတုန်သွားသည်။ သူက ချောက်ချားမှုကို ခံစားမိသွားသည်။ ထို့နောက် ဒေါသထွက်ခြင်းနှင့် ဝမ်းနည်းခြင်းက ချက်ချင်း ထွက်ပေါ်လာသည်။
လူသားသဘာဝ၏ စိတ်ခံစားချက်များနှင့် လိုအင်ဆန္ဒများက ဤအခိုက်အတန့်မှာ ပြန်ရောက်လာကြသည်။
သူ၏ မျက်လုံးထဲတွင် လောကက ယခင်နှင့် ခြားနားသွားသည်။
ယခုအချိန်တွင် လောကက အရောင်အသွေးရှိလာသည်။
ရွှီချင်းက ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ၏ အသက်ရှူသံက မြန်ဆန်လာပြီး သူ၏ အမူအရာက ယခင်ကဲ့သို့ မတည်ငြိမ်တော့ပေ။ သူ၏ ပျောက်ကွယ်ခါနီးနေသော လူသားသဘာဝက ဤအခိုက်အတန့်မှာ ပြန်လည်မြင့်တတ်လာနေကြောင်း သူအာရုံခံမိသွားသည်။
ယင်းက နတ်ဘုရားသဘာဝနှင့် မျှခြေညီသော အဆင့်ထိ ရောက်ရှိသွားသည်။
ရလဒ်အနေဖြင့် ရွှင်းထိုင်နတ်ဆိုးအပေါ် သူ၏ သတ်ဖြတ်ချင်စိတ်က ထိန်းချုပ်မရအောင် ပေါ်လျှိုးထွက်လာသည်။ ထို့ကြောင့် သူက ခေါင်းလှည့်လိုက်ပြီး မိန်းမောတွေဝေနေသော ရွှင်းထိုင်နတ်ဆိုးကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက လွန်စွာ ပြင်းထန်သည်။
သို့သော်လည်း မကြာမီ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အကြည့်ပြန်ရုပ်လိုက်သည်။ သူက သူ့အရှေ့မှ ယုလျှိုချန်းကို ကြည့်လိုက်ပြီး မတ်တတ်ရပ်ကာ လက်သီးဆုပ်လိုက်သည်။ ထို့နောက် သူက ရိုသေလေးစားစွာ အရိုအသေပေးလိုက်သည်။
“ ကျေးဇူးတင်ပါတယ် စီနီယာ ”
ယုလျှိုချန်းက လက်ဖက်ရည်ခွက်ကို တစ်ငုံသောက်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ငါ့ကို ကျေးဇူးတင်စရာမလိုဘူး… ဒီကို ငါရောက်လာတဲ့ အဓိက အကြောင်းအရင်းက စူးစမ်းချင်လို့ပဲ ”
ရွှီချင်းက တုံ့ဆိုင်းသွားပြီး အတွေးများစွာက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ တစ်ဖက်လူက မည်သည့်အရာကို စူးစမ်းချင်ကြောင်း သူအဖြေမရှာနိုင်ပေ။
“ ရှေးဦးအပျက်အစီးရဲ့ အသွေးအသားတွေနဲ့ ဖွဲ့စည်းထားတဲ့ လူက ဘယ်လိုအခြေအနေရှိလဲ ငါစူးစမ်းချင်လို့ပါ… ဒီလိုကိစ္စမျိုးက အရင်က တစ်ခါမှမဖြစ်ဖူးဘူး ”
ယုလျှိုချန်းက ရွှီချင်းကို ကြည့်လိုက်သည်။
“ အဲ့ဒါကြောင့် ငါရောက်လာတာ ”
“ တကယ်တော့ တကယ်လို့ ငါရောက်မလာရင်တောင် မင်းကို ကယ်တင်မယ့်လူက မကြာခင် ရောက်လာလိမ့်မယ် ”
“ ဒီတော့ မင်းငါ့ကို ကျေးဇူးတင်စရာမလိုဘူး… ပြီးတော့ မင်းနဲ့ ကမ္မရှိမှာကို ငါမလိုချင်ဘူး ”
ရွှီချင်းသည် ဝါးစားပွဲခုံပေါ်မှ ကျန်နေသေးသော လက်ဖက်ရည်သုံးခွက်ကို ကြည့်လိုက်သည်။
“ ဒါပေမဲ့ ပြောရမယ်ဆိုရင် ဒီတစ်ကြိမ် မင်းဖြစ်ပျက်ခဲ့တဲ့ ကိစ္စက အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်… ”
ယုလျှိုချန်းက ပြုံးလိုက်ပြီး မိန်းမောတွေဝေနေသော ရွှင်းထိုင်နတ်ဆိုးထံသို့ လက်ဝှေ့ယမ်းလိုက်သည်။
ရွှင်းထိုင်နတ်ဆိုးက တုန်ယင်သွားပြီး သူ၏ အသိစိတ်ကို ပြန်ရရှိသွားသည်။ သူ၏ ခန္ဓာကိုယ်သည်လည်း ပြန်လှုပ်ရှားနိုင်သွားသည်။ သူက အသိစိတ်ပြန်ရလာပြီးနောက် တုန်လှုပ်ချောက်ချားသွားလေရာ သူ၏ သူငယ်အိမ်က ကျုံ့သွားသည်။
ထိုသို့လုပ်ဆောင်ပြီးနောက် ယုလျှိုချန်းက ဖြည်းညင်းစွာ ဆက်ပြောသည်။
“ သူ့ရဲ့ ကတ်ကြေးက အရည်အသွေးမညံ့ပေမဲ့ ငါ့ရဲ့ မျက်စိကို မဖုံးကွယ်နိုင်ဘူး… ဒီလိုဆိုမှတော့ သူက ဘယ်လိုလုပ် လူသားဧကရီရဲ့ အကြည့်ကနေ လွတ်မြောက်နိုင်မှာလဲ… ဒါ့အပြင် မင်းရဲ့ ဆရာက အစကနေအဆုံးထိ ဝင်မပါခဲ့ဘူး ”
“ မင်းတော့ မသိလောက်သေးဘူး… မင်းပျောက်သွားတဲ့ ရက်တွေမှာ လူသားမျိုးနွယ်နဲ့ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က မဟာမိတ်ဖွဲ့လိုက်ပြီး အမိန့်တစ်ခုကို ထုတ်ပြန်လိုက်တယ်… အဲ့ဒါရဲ့ သက်ရောက်မှုက အတော်လေး အားကောင်းပြီး ဝမ်ကူးကုန်းမြေရဲ့ အရှေ့ပိုင်းဒေသကို စည်းလုံးညီညွတ်စေခဲ့တယ် ”
“ အဲ့ဒါက ဝမ်ကူးကုန်းမြေရဲ့ တခြားဒေသတွေနဲ့ အရှေ့ပိုင်းဒေသကို ဆင်းသက်လာခဲ့ကြတဲ့ သူတော်စင်ကုန်းမြေတွေကို ခြိမ်းခြောက်နိုင်ခဲ့တယ် ”
“ တစ်ချိန်တည်းမှာ သူတို့က မင်းကို ရှာဖွေဖို့ဆိုတဲ့ အကြောင်းပြချက်ကို အသုံးပြုပြီး စစ်တပ်အင်အားတွေကို ဖွဲ့စည်းခဲ့သလို စစ်ရေးဗျူဟာတွေကိုလည်း ရေးဆွဲခဲ့ကြတယ်… တချို့အစီအစဉ်တွေကိုတော့… ငါတောင်မှ အသေးစိတ် မစူးစမ်းနိုင်ဘူး ”
ယုလျှိုချန်းက ချီးကျူးလိုက်သည်။
ရွှီချင်းသည် ယုလျှိုချန်း၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သည်။ ထို့ကြောင့် သူက သက်ပြင်းချလိုက်သည်။
ရွှင်းထိုင်နတ်ဆိုးက ယင်းကို ကြားသောအခါ သူ၏ အသက်ရှူသံက မြန်ဆန်လာသည်။
“ ငါ့အထင်ပြောရရင် ဧကရီရဲ့ နောက်ထပ် လှုပ်ရှားမှုက မင်းရဲ့ မတော်တဆမှုကို အကြောင်းပြုပြီးတော့ တူညီတဲ့ အဖြစ်အပျက်မျိုး နောက်ထပ်မဖြစ်ရအောင် ကာကွယ်ဖို့အတွက် သူက သူတော်စင်ကုန်းမြေတွေကို ဝမ်ကူးကုန်းမြေရဲ့ အရှေ့ပိုင်းဒေသထဲကနေ အတင်းအဓမ္မ မောင်းထုတ်ပစ်လိမ့်မယ် ”
“ ဒီနည်းနဲ့ဆိုရင် သူက တန်ကြေးနည်းနည်း ပေးဆပ်ပြီး ဝမ်ကူးကုန်းမြေရဲ့ အရှေ့ပိုင်းဒေသကို ဆေးကြောနိုင်လိမ့်မယ်… ဓားကိုင်ဧကရာဇ်က သူ့ကို ရွေးချယ်ခဲ့တာ မထူးဆန်းတော့ပါဘူး ”
ယုလျှိုချန်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ အဲ့ဒါက မင်းအတွက်တော့ ခက်ခဲကြမ်းတမ်းတယ်… နတ်ဘုရားတွေက တကယ်ပဲ အကြင်နာမဲ့လွန်းတယ်… သနားစရာပဲ… သနားစရာပဲ ”
ရွှီချင်းက ယုလျှိုချန်းကို အကူအညီမဲ့စွာ ကြည့်လိုက်သည်။
“ စီနီယာရဲ့ စကားထဲမှာ နက်နဲတဲ့ အဓိပ္ပာယ်တစ်ခု ပါရှိတယ်… ”
ယင်းကို ကြားသောအခါ ယုလျှိုချန်းက စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။ သူက စိတ်ပျော်ရွှင်ချင်သောကြောင့် တစ်ဖက်လူကို တမင်သွေးထိုးပေးနေခြင်း ဖြစ်သည်။ သို့သော်လည်း မကြာမီ သူက ဆက်ပြီး မပြုံးနိုင်တော့ပေ။
ရွှီချင်းက ယဉ်ကျေးစွာ ပြောသည်။
“ ဒါပေမဲ့ စီနီယာ… ငါက အဲ့လောက် သဘောထားသေးသိမ်တဲ့လူ မဟုတ်ပါဘူး… တကယ်လို့ ကိစ္စတွေက မင်းပြောတဲ့အတိုင်းသာဆိုရင် ငါ့ဆရာက အားလုံးကို အာရုံစိုက်ထားလိမ့်မယ်လို့ ငါယုံကြည်တယ် ”
“ စီနီယာရဲ့ ထွက်ပေါ်လာမှုက ငါ့ဆရာရဲ့ မျှော်လင့်ထားမှုအတွင်းမှာ ရှိနေတာ ဖြစ်နိုင်ပါတယ် ”
ရွှီချင်းက ယုလျှိုချန်းကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
ယုလျှိုချန်းက မျက်တောင်ခတ်လိုက်သည်။ ရွှီချင်း၏ စကားကို ကြားပြီးနောက် ဤကိစ္စက ပျော်ရွှင်စရာမကောင်းတော့ကြောင်း သူခံစားမိသွားသည်။ သို့ဖြစ်၍ သူက နက်နဲစွာ တွေးတောလိုက်သည်။
ထိုအခိုက်အတန့်မှာ ရူးသွပ်မှုက ရွှင်းထိုင်နတ်ဆိုး၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ဤအခြေအနေကို အခွင့်ကောင်းယူ၍ သူ၏ ကျင့်ကြံခြင်းအခြေခံကို အရူးအမူး ထုတ်လွှတ်လိုက်သည်။ သူက ပေးဆပ်ရမည့် တန်ကြေးကို လုံးဝဂရုမစိုက်ဘဲ သူ၏ တာအိုသွေးနှင့် အရာအားလုံးကို စတေး၍ ချက်ချင်း အနောက်ဆုတ်သွားသည်။
မဟာဧကရာဇ်၏ ရတနာကတ်ကြေးက သူ၏ ဦးခေါင်းပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ထံသို့ မြန်ဆန်စွာ ဖြတ်ညှပ်လိုက်သည်။
အက်ကွဲသံနှင့်အတူ လေဟာနယ်က ဖြတ်ညှပ်ခံလိုက်ရဟန် ရ၏။
ရွှင်းထိုင်နတ်ဆိုးက ရုတ်တရက် ပျောက်ကွယ်သွားသည်။
ရွှီချင်းက အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ယုလျှိုချန်းသည်တော့ ဘေးသို့ မလှည့်ကြည့်ဘဲ တည်ငြိမ်စွာ ပြောသည်။
“ ကောင်လေး… ငါမင်းကို ပုံပြင်တစ်ပုဒ်ပြောပြမယ် ”
“ ပုံပြင်ထဲမှာ ရွှင်းထိုင်နတ်ဆိုးလို့ခေါ်တဲ့ ကျင့်ကြံသူတစ်ယောက်ရှိတယ်… သူက ငါးကီလိုမီတာရှိတဲ့ သဲကန္တာရကို ဖြတ်ကျော်ပြီး ငါးဆယ်ကီလိုမီတာကျယ်ဝန်းတဲ့ ရွှံ့မြေဆီ ရောက်ရှိသွားတယ်… အဲ့ဒီနောက် သူက ကီလိုမီတာငါးရာကျယ်ပြောတဲ့ လှိုဏ်ဂူဆီ ရောက်သွားပြီး နောက်ဆုံးမှာတော့ ကီလိုမီတာငါးထောင်ကျယ်ဝန်းတဲ့ ဝါးတောဆီ ရောက်ရှိသွားတယ်… အဲ့ဒီနောက် သူက လမ်းပျောက်သွားတယ်… ဒါပေမဲ့ ကံကောင်းစွာပဲ သူက အနောက်ကို တည်နေရာပြန်ပြောင်းရွှေ့နိုင်ခဲ့တယ်… နောက်ဆုံးမှာတော့ သူက ကျေးဇူးတင်မှုကို ဖော်ပြဖို့အတွက် သူ့ကိုယ်သူ ဖောက်ခွဲလိုက်ပြီး ပန်းတစ်ပွင့်လို ပေါက်ကွဲသွားတယ်… အဲ့ဒီနောက် သူက လက်ဖက်ရည်တစ်ခွက်ကို ယူသောက်လိုက်တယ် ”
ယုလျှိုချန်း၏ စကားဆုံးသွားသည်နှင့် အစောနက ရွှင်းထိုင်နတ်ဆိုး ပျောက်ကွယ်သွားသော နေရာမှာ လေဟာနယ်လှိုင်းများက ထွက်ပေါ်လာကြသည်။ ရွှင်းထိုင်နတ်ဆိုး၏ ပုံရိပ်သည် ထိုနေရာမှာ ပြန်ပေါ်လာသည်။ သူက ယခင်ထက် ပိုအားနည်းသွားပြီး မကြာခင် ပြိုကွဲသွားတော့မည့်ဟန် ရသည်။
သူက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည်။ သူက ဝါးတောဆီသို့ ပြန်ရောက်လာကြောင်း မြင်သွားသောအခါ သူ၏ အမူအရာမှာ တုန်လှုပ်ချောက်ချားမှုဖြင့် ပြည့်နှက်သွားသည်။ သူ၏ မျက်လုံးထဲမှ ကြောက်ရွံ့မှုက ပိုပြီးထင်ရှားလာသည်။
အစောနက သူသည် ဤနေရာမှ ကမ္မကို ဖြတ်တောက်ခဲ့သည်။ သူက တည်နေရာပြောင်းရွှေ့ရန်အတွက် ကတ်ကြေး၏ စွမ်းအင်အရင်းအမြစ်ကိုပင် တုံ့ဆိုင်းမနေဘဲ အသုံးပြုခဲ့သည်။
နောက်ဆုံးမှာတော့ သူက ဤနေရာမှ လွတ်မြောက်သွားခဲ့သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက သေခြင်းရှင်ခြင်းကပ်ဘေးများစွာကို တွေ့ကြုံခဲ့ရပြီး ဤနေရာသို့ ပြန်မရောက်လာခင် ဧရိယာများစွာကို ဖြတ်ကျော်ခဲ့ရသည်။
ဤအခိုက်အတန့်မှာ သူက တုန်ယင်သွားပြီး ယုလျှိုချန်းကို ကြည့်လိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်သည်။
ယင်းက ယခုအချိန်မှာ သူစဉ်းစားမိသော လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ သူပြန်နိုးလာသည့်အခါ သူ့အရှေ့မှ မြင်ကွင်းသည် သူစိတ်ကူးထားသောအရာ မဟုတ်နေပေ။ သူက ဝါးတော၊ ရွှီချင်းနှင့် ယုလျှိုချန်းကို မြင်နေရဆဲပင်။
သူက ကြိုစီစဉ်ထားသော နေရာမှာ နိုးမလာဘဲ ဤနေရာမှာ နိုးလာသည်။
“ လက်ဖက်ရည်သောက်ဦး ”
ယုလျှိုချန်းက တည်ငြိမ်စွာ ပြောသည်။
ရွှင်းထိုင်နတ်ဆိုးက သူ့အရှေ့မှ လက်ဖက်ရည်ခွက်ကို မိန်းမောတွေဝေစွာ ကြည့်လိုက်သည်။ သူက စိတ်ပျက်အားလျော့သွားပြီး လက်ဖက်ရည်ခွက်ကို တုန်တုန်ယင်ယင် ကောက်ယူလိုက်ကာ တစ်ကျိုက်တည်း အကုန်သောက်လိုက်သည်။
တစ်ချိန်တည်းမှာ အဝေးမှ မိုးကုပ်စက်ဝိုင်းသည် မီးခိုးရောင်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။ ဤသည်မှာ ကောင်းကင်က ရွှံ့အဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။ မီးခိုးရောင်က အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့ပွားသွားနေစဉ် မရေမတွက်နိုင်သော ရွှံ့ရုပ်တုများက နတ်စင်ကို ထမ်းလျက် သူတို့ဆီသို့ ချဉ်းကပ်လာနေကြသည်။
ထိုရွှံ့ရုပ်တုများထဲတွင် အားညိုလည်း ပါရှိသည်။ သူက ဝမ်းသာပျော်ရွှင်သော အမူအရာဖြင့် ရွှီချင်းကို လက်ဝှေ့ယမ်းပြသည်။
“ ချင်းလေး… စီနီယာအကိုကြီးရောက်လာပြီ ”