← Chapters

အခု ငါက မုဆိုး(က)

Vol. 93 Ch. 1434

အခု ငါက မုဆိုး(က)

Vol. 93 Ch. 1434

ကောင်းကင်ပေါ်မှ ရွှံ့ရုပ်တုများနှင့် နတ်စင်ကို ကြည့်နေရင်း မည်သူရောက်လာကြောင်း ရွှီချင်း ချက်ချင်း သိသွားသည်။

အားညိုကို မြင်လိုက်ရသည့်အခါ ရွှီချင်း၏ ပင်ပန်းနွမ်းနယ်မှုက အနည်းငယ် ပြေလျော့သွားသည်။

နောက်အခိုက်အတန့်မှာ ရွှံ့ရုပ်တုများက ဝါးတော၏ အပေါ်မှာ ထွက်ပေါ်လာကြသည်။

အားညိုသည် စိတ်ဓာတ်တတ်ကြွစွာ အမြန်လျှောက်လာသည်။ သူက ရွှီချင်း၏ ဘေးသို့ ဆင်းလာပြီး ရွှီချင်း၏ ပခုံးကို လက်သီးဖြင့် ထိုးလိုက်သည်။ သိမ်မွေ့ညင်သာသော အားသည် ရွှီချင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

ရွှီချင်း၏ ခန္ဓာကိုယ်မှ အားနည်းမှုနှင့် အကြိမ်ပေါင်းများစွာ ပြိုကွဲခဲ့သော သဲလွန်စများကို အာရုံခံမိသောအခါ အားညိုသည် အပြင်ပန်းတွင် မည်သည့်စကားမှ မပြောပေ။ သူက ရွှီချင်းကို မျက်စိမှိတ်ပြလိုက်ပြီး ရယ်မောလိုက်သည်။

“ ဂျူနီယာညီလေး… မင်းအသက်လုပြီး ထွက်ပြေးနေရတဲ့အချိန်မှာ ငါ့ကို သတိရတယ်မလား ”

“ ဘေးမှာ ငါမရှိဘူးဆိုရင် မင်းက အစားကောင်းမစားရသလို ကောင်းကောင်း မအိပ်နိုင်ဘူး… တခြားကိစ္စတွေမှာလည်း အဲ့ဒီအတိုင်းပဲ ဖြစ်လိမ့်မယ်… မင်းရဲ့ ကျင့်ကြံခြင်းတောင် အားနည်းသွားတယ်… ကြည့်ရတာ မင်းရဲ့ ဘဝမှာ အရေးကြီးတဲ့ တစ်စုံတစ်ယောက်ကို လိုအပ်နေပြီမလား ”

“ ငါခန့်မှန်းတာ မှန်တယ်မလား… ဟား ဟား… ဘာမှ မရှက်နေပါနဲ့… ပွင့်ပွင့်လင်လင်း ဝန်ခံလိုက်စမ်းပါ ”

အားညိုက ဘဝင်မြင့်နေသော်လည်း ယုလျှိုချန်းကို ဖော်လံဖားရန် မမေ့ခဲ့ပေ။ ထို့ကြောင့် သူက စကားဆုံးသည်နှင့် ယုလျှိုချန်းကို အရိုအသေပေးလိုက်သည်။

“ ဒီက ပုဂ္ဂိုလ်က ဂုဏ်သိက္ခာကြီးမြတ်ပြီး အစွမ်းကြီးမားတဲ့ ဒဏ္ဍာရီလာယုလျှိချန်းမလား… ပင်လယ်လေးခုက ချီးကျူးလေးစားရပြီး နတ်ဘုရားတွေကို ဦးညွတ်စေခဲ့တဲ့ ပုဂ္ဂိုလ်ပဲ… သူ့အရှေ့မှာ ကောင်းကင်နဲ့ မြေပြင်က အရောင်မှေးမှိန်ရတယ်… ကြယ်တွေက သူ့ကြောင့် ပိုပြီးထွန်းလင်းတောက်ပလာတယ်… ကျုပ် ချန်းအားညိုက စီနီယာကို အရိုအသေပေးပါတယ် ”

နေရာမှာ ထိုင်နေပြီး လက်ဖက်ရည်သောက်နေသော ယုလျှိုချန်းက အားညိုကို ကြည့်လိုက်သည်။ သူက မျက်တောင်ခတ်လိုက်ပြီး စိတ်ဝင်စားသော အရိပ်အယောင်ကို ထုတ်ဖော်လိုက်သည်။

“ ရွှီချင်း… မင်းရဲ့ စီနီယာအကိုကြီးက တကယ် အလုပ်ကြိုးစားတဲ့လူပဲ… သူက မင်းပျောက်နေတာကို ပထမဆုံး သတိထားမိတဲ့လူပဲ… သူက ဝမ်ကူးကုန်းမြေရဲ့ အရှေ့ပိုင်းဒေသထဲက အင်အားစုတွေဆီကို ကျောက်စိမ်းပြားတွေ ပို့လွှတ်ခဲ့တယ် ”

သူ့အရှေ့မှ စီနီယာအကိုကြီးကို ကြည့်နေရင်း ယုလျှိုချန်း၏ စကားကို ကြားသောအခါ ရွှီချင်းက ဤအတောအတွင်း ပထမဆုံးအကြိမ် ပြုံးလိုက်သည်။

သူက စကားပြောတော့မည့်အချိန် ကောင်းကင်ပေါ်မှ နတ်စင်က ထွန်းလင်းသွားသည်။ လေတဟူးဟူး တိုက်ခတ်လာပြီး နတ်စင်ကို ဖုံးထားသော လိုက်ကာက အနည်းငယ် ပင့်မြှောက်သွားသည်။ ထို့နောက် ရွှံ့မြေခွေးသည် နတ်စင်ထဲမှာ ထွက်ပေါ်လာသည်။

ရွှံ့မြေခွေးသည် အစောနက ရုပ်တုတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ ၎င်းက အသက်ဝင်လာပြီး အရောင်အသွေး ရှိလာသည်။ ချက်ချင်းဆိုသလို ၎င်းက အသက်ဝင်လာပြီး ညှို့ဓာတ်ပြင်းသော အမျိုးသမီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။

သူက နတ်စင်ထဲမှ ဆင်းသက်လာပြီး ဝါးတောဆီသို့ လျှောက်သွားသည်။

သူက လမ်းလျှောက်နေစဉ် သူ၏ မို့မောက်သော ရင်ဘက်က တတုန်တုန် လှုပ်ခါသွားသည်။ ပြစ်ချက်မဲ့သော သူ၏ ခန္ဓာကိုယ်မှာ သေးသွယ်သော ခါးနှင့် ဖွင့်ထွားသော တင်ရှိသည်။ ယင်းက ပုရိသယောင်္ကျားများကို သူ့အား မြင်လိုက်ရုံဖြင့် နှလုံးခုန်မြန်သွားစေသည်။

သူက ပြီးပြည့်စုံသော အမျိုးသမီး၏ ပြယုဂ်ဖြစ်သည်။

အထူးသဖြင့် သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော အနီရောင်ဇာပဝါက အလွန်ပါးလွှာပြီး လျော့တိလျော့ရဲ ဖြစ်နေလေရာ အချိန်မရွေး ကျွတ်ကျသွားနိုင်ဟန် ရ၏။

သူ၏ ဖြူဖွေးသော အသားအရေ၊ ပြစ်ချက်မဲ့သော ခန္ဓာကိုယ်နှင့် ကြော့ရှင်းတင့်တယ်သော ရွေ့လျားမှုက မငြင်းဆန်နိုင်သော ညှို့ဓာတ်ကို ထုတ်လွှတ်နေသည်။ ဤသည်မှာ သူ၏ လှုပ်ရှားမှုတိုင်းက တစ်စုံတစ်ယောက်၏ နှလုံးသားထဲမှာ လိုအင်ဆန္ဒမျိုးစေ့ကို စိုက်ပျိုးပေးနေသည့်အလားပင်။ မျိုးစေ့သည် ကြီးထွားလာပြီး အပင်ပေါက်လာရန် အသင့်ဖြစ်နေသည်။

ဤအခိုက်အတန့်မှာ သူက ဝါးတောထဲသို့ ဆင်းသက်လာပြီး ရွှီချင်း၏ ဘေးမှာ ထွက်ပေါ်လာသည်။ ပျင်းရိသော်လည်း ညှို့ဓာတ်ကိန်းအောင်းနေသော သူ၏ အသံက အရပ်ရှစ်မျက်နှာဆီသို့ ပဲ့တင်ထပ်သွားသည်။

“ ကောင်စုတ်လေး… နင်က ငါ့နောက်ကွယ်မှာ ယန်အဆီအနှစ်ကို တစ်ယောက်ယောက်ကို တကယ်ကြီး ပေးလိုက်တယ်ပေါ့… အစက နင့်ကို ကယ်တင်ဖို့ ငါမလာချင်ဘူး ”

ထိုအသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်းက မည်သည့်တုံ့ပြန်ရမည်မှန်း မသိတော့ချေ။ ထို့ကြောင့် သူက ကိုယ့်ကိုယ်ကိုယ် အားတင်းလိုက်ပြီး နှုတ်ဆက်လိုက်သည်။

“ စီနီယာကို နှုတ်ဆက်ပါတယ် ”

ရွှံ့မြေခွေးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူ၏ လှပသော မျက်ဝန်းက ရွှီချင်းပေါ်သို့ ကျရောက်သွားသည့်အခါ စိတ်ကျေနပ်သော အရိပ်အယောင်က ထွက်ပေါ်လာသည်။

“ ဒါပေမဲ့ ဟိုနွားပြောတာ မမှားဘူး… နင့်ရဲ့ ခန္ဓာကိုယ်က ပြောင်းလဲသွားပြီဆိုတော့ နင့်ရဲ့ ယန်အဆီအနှစ်က တကယ်ပြန်ရောက်လာတယ် ”

ယင်းကို အားညိုကြားသောအခါ သူက ချောင်းဟန့်လိုက်ပြီး ရင်ဘက်ကို ပုတ်လိုက်သည်။

“ ဒါပေါ့… မင်းကို ဘယ်လိုလုပ် ငါလိမ်ပြောရဲမှာလဲ… ဒါ့အပြင် ခန္ဓာကိုယ်ပြောင်းလဲသွားပြီးနောက် ငါ့ရဲ့ ဂျူနီယာညီလေးက အရင်ကထက် ပိုပြီးရာဂပြင်းထန်လာတယ်… သူ့ရဲ့ ခန္ဓာကိုယ်ကို ကြည့်ပါလား… ပေါက်ကွဲထွက်ဖို့ အဆင်သင့်ပဲ… သူ့ရဲ့ အသက်ဓာတ်က ကောင်းကင်နဲ့ မြေပြင်ကိုတောင် လောင်မြိုက်ပစ်နိုင်တယ် ”

ထိုသို့ပြောပြီးနောက် သူက ရွှီချင်းကို မျက်စိမှိတ်ပြလိုက်သည်။

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ ခေါင်းဆောင်၏ စကားက သူ့အား ထူးဆန်းစေသည်။

“ ထားလိုက်ပါတော့… ထားလိုက်ပါတော့… နင်နဲ့ငါ စကားမများချင်ဘူး ”

ရွှံ့မြေခွေးက အလွန်သွေးဆောင်ခံလိုက်ရဟန် ရသည်။ သူ၏ ညှို့ဓာတ်ပြင်းသော မျက်ဝန်းက ရွှီချင်းပေါ်သို့ ကျရောက်သွားနေစဉ် သူက အလိုအလျောက် နှုတ်ခမ်းသပ်လိုက်သည်။

“ မြေခွေးမ ”

ယုလျှိုချန်းက တိုးညင်းစွာ ပြောသည်။

မီးလျှံကြယ်သည် တစ်ဖက်လူ၏ စကားကို မကြားချင်ဟန်ဆောင်လိုက်ပြီး ရွှင်းထိုင်နတ်ဆိုးကို လှည့်ကြည့်လိုက်သည်။

သူ၏ အကြည့်က ရွှင်းထိုင်နတ်ဆိုးပေါ်သို့ ကျရောက်သွားသည့်အခိုက် သူ၏ မျက်လုံးက ချက်ချင်း အေးစက်သွားသည်။ ဤသည်မှာ သူက သေလူတစ်ယောက်ကို ကြည့်နေရသည့်အလားပင်။

“ နင်က သေခြင်းရဲ့ အဓိပ္ပာယ်ကို မသိတဲ့ ငမိုက်သားပဲ… ရွှီချင်းရဲ့ ခန္ဓာကိုယ်ကို အပိုင်သိမ်းဖို့ ကြံစည်ရဲတယ် ”

အားညိုသည်လည်း ခေါင်းလှည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် အေးစက်မှုဖြင့် ပြည့်နှက်သွားသည်။

ရွှင်းထိုင်နတ်ဆိုးအပေါ် တခြားလူများ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက မည်မျှပြင်းထန်ကြောင်း အားညိုမသေချာပေ။ သို့သော်လည်း ယခုအချိန်မှာ ရွှင်းထိုင်နတ်ဆိုးကို သတ်ဖြတ်ချင်သော သူ၏ စိတ်ဆန္ဒက အလွန်အမင်း ပြင်းထန်နေကြောင်း သူသိသည်။

စောစောတုန်းက သူက အေးအေးဆေးဆေး ရှိနေပြီး ဘဝင်မြင့်စွာ စကားပြောခဲ့ခြင်းမှာ ရွှီချင်း၏ ပင်ပန်းနွမ်းနယ်မှုကို ဖြေလျော့ပေးချင်သောကြောင့် ဖြစ်သည်။

အမှန်မှာ သူက လမ်းတစ်လျှောက်လုံး စိုးရိမ်ကြောင့်ကြနေခြင်း ဖြစ်သည်။ သူ့ဘဝတွင် ထိုသို့ဖြစ်ခြင်းက အလွန်ရှားပါးသည်။

အထူးသဖြင့် ရွှီချင်း၏ ခန္ဓာကိုယ်မှ အားနည်းမှုနှင့် အကြိမ်ပေါင်းများစွာ ပြိုကွဲခဲ့သော သဲလွန်စများကို အာရုံခံမိပြီးနောက် အလွန်ပြင်းထန်သော ဒေါသက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ ထိုဒေါသက ရွှင်းထိုင်နတ်ဆိုးပေါ်မှာသာ မဟုတ်ပေ။ ဧကရီကိုလည်း ရည်ရွယ်သည်။

‘ ငါက သဘောထားကြီးတဲ့လူ မဟုတ်ဘူး… လွယ်ကူတဲ့ ကိစ္စကို ဒီလောက် ရှုပ်ထွေးသွားအောင် လုပ်တယ်… အဲ့ဒါကို ငါမှတ်ထားမယ် ’

အားညိုက စိတ်ထဲမှာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ရွှင်းထိုင်နတ်ဆိုးကို ကြည့်နေသော သူ၏ အကြည့်ထဲတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုပြီးသိပ်သည်းလာသည်။

ရွှင်းထိုင်နတ်ဆိုးက တုန်ယင်သွားသည်။ သူ၏ အသိစိတ်က ပြိုကွဲသွားပြီဖြစ်သော်လည်း ယခုရောက်ရှိလာသော အမျိုးသမီးက နတ်ဘုရားတစ်ပါးဖြစ်ကြောင်း သူပြောနိုင်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရားယဇ်ပလ္လင်၏ အရှိန်အဝါတစ်စွန်းတစ်စပင် ရှိသည်။

ယင်းက ပြစ်ချက်မဲ့အဆင့်၏ လက္ခဏာဖြစ်သည်။

သူက နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုကို ခံစားမိသွားသည်။ သူက မလွတ်မြောက်နိုင်တော့ကြောင်း သိလိုက်သည်။ ဤအခိုက်အတန့်မှာ သူက မြန်နိုင်သမျှမြန်မြန် သေချင်သည်။ သို့မှသာ သူက အသက်ရှင်ရန် အခွင့်အရေးရှိနေဦးလိမ့်မည်။

သို့သော်လည်း အစောနက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းသည် အချည်းနှီးဖြစ်ခဲ့၏။

“ တခြားနတ်ဘုရားတွေရဲ့ အသတ်ခံရမှပဲ အဲ့ဒါကို ငါဖြတ်တောက်နိုင်လိမ့်မယ်… ”

ထိုသို့တွေးမိသောအခါ သူ၏ အကူအညီမဲ့မှုက ရူးသွပ်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အရှိန်အဝါက ပေါက်ကွဲထွက်လာသည်နှင့် သူက ရွှီချင်းဆီသို့ ဦးတည်ပြေးသွားသည်။ သူက တိုက်ခိုက်ချင်နေဟန် ထင်မှတ်ရသော်လည်း အမှန်မှာ သူက သေလမ်းရှာနေခြင်းသာ ဖြစ်သည်။

ရွှီချင်းက တည်ငြိမ်သည်။ သူက မရှောင်ရှားဘဲ ရွှင်းထိုင်နတ်ဆိုးကိုသာ အေးစက်စက် စိုက်ကြည့်လိုက်သည်။

All Chapters