← Chapters

ယနေ့ သက်ရှိအားလုံးက သူ့အတွက် ရပ်တည်ပေးတယ်(က)

Vol. 93 Ch. 1436

ယနေ့ သက်ရှိအားလုံးက သူ့အတွက် ရပ်တည်ပေးတယ်(က)

Vol. 93 Ch. 1436

တောင်ပိုင်းအီစီလီဒေသကြီး၏ ကမ်းရိုးတန်းနားတွင် ကျယ်လောင်သော ဟိန်းသံက ကောင်းကင်ပေါ်မှ ပဲ့တင်ထပ်လာသည်။ ယင်းက နားကွဲလုမတတ် အလွန်ကျယ်လောင်သည်။ ထို့ပြင် ကြမ်းတမ်းသော လေပြင်းက တိုက်ခတ်လာပြီး ကောင်းကင်နှင့် မြေပြင်ကြားတွင် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

မုန်တိုင်းက ဘေးပတ်ဝန်းကျင်ကို လှုပ်ခါသွားစေသည်။

မုန်တိုင်းကြားထဲတွင် မြန်ဆန်လွန်းသော အရှိန်ဖြင့် ရွေ့လျားနေကြသော ပုံရိပ်နှစ်ခုကို မြင်နိုင်ပေသည်။

သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်း ကောင်းကင်ပေါ်တွင် ကြီးမားသော အမှတ်အသားနှစ်ခု ထွက်ပေါ်လာဟန် ရ၏။ ယင်းတို့က အလွန်ရှည်လျားပြီး ကောင်းကင်ကို ဖြတ်သန်းသွား၍ ဟင်းဟင်းပြင်ကို ဆုတ်ဖြဲလိုက်သည်။

တောင်ပိုင်းအီစီလီဒေသကြီးထဲမှ အင်အားစုများ၊ နတ်ဘုရားသက်ရှိများ၊ ဤနေရာမှာ ပုန်းအောင်းနေကြသော နတ်ဘုရားများနှင့် သက်ရှိများသည် ၎င်းတို့၏ စိတ်အာရုံမှတဆင့် ရွှီချင်း၏ ပုံရိပ်ကို အာရုံခံမိသွားကြသည်။ ၎င်းတို့က သူတို့နှစ်ယောက်ကို အနှောင့်အယှက်မပေးဝံ့ကြချေ။

မည်သို့ဖြစ်ပါစေ ဤအတောအတွင်းမှာ ရွှီချင်း၏ ပျောက်ဆုံးမှုက ကြီးမားသော လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့သည်။ ရွှီချင်း၏ နာမည်က ဤရက်ပိုင်းအတွင်းမှာ အလွန်ထွန်းလင်းတောက်ပသည်ဟု ဆိုရမည်။

သူက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ မဟာရွှမ်ထျန်းစစ်သူကြီးဖြစ်ပြီး လူသားမျိုးနွယ်၏ အတိုင်ပင်ခံအမတ် ဖြစ်သည်။

ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသတွင် သူက အလွန်အဆင့်အတန်း မြင့်မားသူ ဖြစ်သည်။

သူ့ကြောင့် ဝမ်ကူးကုန်းမြေတစ်ခုလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

လူသားဧကရီနှင့် မီးလျှံလ၏ နတ်ဘုရားသုံးပါးသည် ဤအခွင့်အရေးကို အသုံးပြု၍ သူတို့၏ အခွင့်အာဏာကို ထုတ်ဖော်ပြခဲ့ကြပြီး သူတို့ကိုယ်သူတို့ အရှေ့ပိုင်းဝမ်ကူးဒေသ၏ အရှင်သခင်များအဖြစ် လောကကို အသိပေးကြေညာခဲ့ကြသည်။

ထို့ကြောင့် တောင်ပိုင်းအီစီလီဒေသကြီးထဲတွင် လူသားအနည်းငယ်သာ ရှိသော်လည်း သူတို့က ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသထဲမှာ တည်ရှိနေသရွေ့ လူသားမျိုးနွယ်နှင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အမိန့်တော်ကို နာခံရလိမ့်မည်။

သို့ဖြစ်၍ လူတိုင်း၏ အကြည့်အောက်မှာ ရွှီချင်းနှင့် အားညိုသည် သဲကန္တာရထဲမှ ထွက်ခွာပြီး တားမြစ်ပင်လယ်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

ရွှီချင်းလွတ်မြောက်လာပြီဟူသော သတင်းက မြန်ဆန်စွာ ပျံ့နှံ့သွားသည်။ ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသထဲမှ အင်အားစုများက ယင်းကို သိရှိသွားကြစဉ် ရွှီချင်းထံမှ အမိန့်တော်က သန့်စင်ရေလှိုင်းဒေသကြီးနှင့် ဝိညာဉ်နက်ဒေသကြီးဆီသို့ ချက်ချင်း ရောက်ရှိသွားသည်။

“ သန့်စင်ရေလှိုင်းနဲ့ ဝိညာဉ်နက်… မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေကို စစ်ပွဲဆင်နွှဲပါ ”

ထိုအမိန့်တော် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ယင်းက ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်သွားစေသည်။

ဖုန်းဟိုင်ဒေသငယ်ကို အဓိကအမြူတေအဖြစ် သတ်မှတ်ထားကြသော သန့်စင်ရေလှိုင်းဒေသကြီးနှင့် ဝိညာဉ်နက်ဒေသကြီးသည် ချက်ချင်း သွေးဆူလာကြသည်။ အရွယ်အစားကြီးမားသော တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များကို ချက်ချင်း အသက်သွင်းလိုက်ကြသည်။

အတွေ့အကြုံများပြားသော ကျင့်ကြံသူများသည် သူတို့၏ ဒေသအရှင်သခင်၏ အမိန့်တော်အောက်မှာ တည်နေရာပြောင်းရွှေ့သွားကြပြီး မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေပေါ်သို့ ဆင်းသက်လာကြသည်။ သူတို့က ဒေသကြီးနှစ်ခု၏ စစ်တပ်များဖြင့် အင်အားပူးပေါင်းလိုက်ကြသည်။

တိုက်ပွဲသည် မကြာခင် စတင်လာတော့မည်။

တစ်ချိန်တည်းမှာ နန်းဟွမ်ကုန်းမြေသည် အမိန့်တော်ထုတ်ပြန်လိုက်သည်။

“ နန်းဟွမ်ကုန်းမြေ… မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေကို စစ်ပွဲဆင်နွှဲပါ ”

ဖီးနစ်တားမြစ်နယ်မြေထဲမှ နတ်ဘုရားသက်ရှိများသည် မီးတောက်ဖီးနစ်၏ အမိန့်တော်အောက်မှာ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြပြီး လောကကို ပရမ်းပတာ လှုပ်ခါသွားစေသည်။

“ ချီယွဲ့ထုံဂိုဏ်း… မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေကို စစ်ပွဲဆင်နွှဲပါ ”

တားမြစ်ပင်လယ်ပေါ်မှ ကျွန်းစုအသီးသီးထံတွင် ချီယွဲ့ထုံဂိုဏ်းမှ စစ်တပ်များသည် ဟစ်ကြွေးလိုက်ကြသည်။ သူတို့ထံမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေပေါ်သို့ ဦးတည်သွားသည်။

“ လပူဇော်ဒေသကြီး… မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေကို စစ်ပွဲဆင်နွှဲပါ ”

အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် တားမြစ်ပင်လယ်ထဲမှ မထွက်ခွာသွားကြချေ။ ရွှီချင်းက လွတ်မြောက်လာပြီး စစ်ပွဲကြေညာလိုက်ကြောင်း ကြားသိပြီးနောက် သူတို့၏ အသံက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။

ချက်ချင်းဆိုသလို ရွှီချင်းနှင့် ရင်းနှီးကျွမ်းဝင်သော အင်အားစုများက ဆူပူအုံကြွသွားကြသည်။ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များသည် မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။ ယင်းက ရွှီချင်း၏ အမဲလိုက်ခြင်းအရှိန်အဟုန် ဖြစ်သည်။

ရွှင်းထိုင်နတ်ဆိုးကို အမဲလိုက်ရန် သူ့အတွက် ပထမဆုံးခြေလှမ်းသည် သူတော်စင်ကုန်းမြေကို အမြစ်လှန်ပစ်ရန် ဖြစ်သည်။

ရွှီချင်းက အလွန်ကလဲ့စားကြီးသူ ဖြစ်သည်။ ယင်းက သူငယ်ငယ်လေးကတည်းက ဖြစ်သည်။

တစ်ဖက်လူက သူ့အပေါ်မှာ ရန်လိုစိတ်သာရှိပြီး ဘာမှမလုပ်ဆောင်လျှင်ပင် သူက ထိုလူများကို လက်ဦးမှုယူကာ ကြိုသတ်ပစ်လိမ့်မည်။ ယခု ရွှင်းထိုင်နတ်ဆိုးက သူ့ကို သေလုနီးပါးလုပ်ဆောင်ခဲ့လေရာ မည်သို့ကြောင့် သူက ပြန်ကလဲ့စားမချေဘဲ နေမည်နည်း။

ထို့ပြင် ရွှင်းထိုင်နတ်ဆိုးသည် မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ အုပ်ချုပ်သူတစ်ပါး ဖြစ်သည်။ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေက ဤကိစ္စမှာ တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေလေရာ ထိုရန်ကြွေးကို အပြတ်ရှင်းပစ်ရလိမ့်မည်။

“ ဒီလိုဆိုမှတော့… ”

ရွှီချင်းသည် ရွှင်းထိုင်နတ်ဆိုးကို သတ်ပစ်ရုံဖြင့် မကျေနပ်နိုင်ပေ။

အကယ်၍ သူက လူသတ်ချင်လျှင် ပိုပြီးသတ်ပစ်လိမ့်မည်။ အကယ်၍ သူက ဖျက်ဆီးချင်လျှင် သူတော်စင်ကုန်းမြေတစ်ခုကို ဖျက်ဆီးပစ်လိမ့်မည်။

ယင်းက ကျူပင်ခုတ် ကျူငုတ်မကျန်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။

“ ပြီးတော့ ရွှင်းထိုင်နတ်ဆိုးကို ရှာဖွေချင်တယ်ဆိုရင် သူ့မျိုးနွယ်ဝင်တွေရဲ့ သွေးကို ငါလိုအပ်တယ် ”

ရွှီချင်း၏ မျက်လုံးထဲမှာ ကြီးမားသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။

ခေါင်းဆောင်က နှုတ်ခမ်းသပ်လိုက်လေရာ သူ၏ မျက်လုံးထဲမှာ မိစ္ဆာအလင်းတန်း ထွက်ပေါ်လာသည်။

“ ချင်းလေး… မင်းရဲ့ အတွေးက မမှားဘူး… တချို့အရာတွေမှာ ခွံ့ကျွေးတာကို မင်းမစားသင့်ဘူး… အဲ့လိုစားတာက အရသာရှိတယ်ဆိုပေမဲ့ ကိုယ်တိုင်ယူစားတဲ့ အတွေ့အကြုံကိုတော့ မင်းခံစားရမှာ မဟုတ်ဘူး ”

“ မင်းက အဲ့ဒါကို ကိုယ်တိုင်ခံစားချင်တယ်ဆိုမှတော့ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေကို အမြစ်ဖြုတ်ပြီးရင် သူတို့ရဲ့ သွေးမျိုးဆက်ကို အသုံးပြုပြီး ရက်စက်ကြမ်းကြုတ်တဲ့ နွားသိုးငါးကောင် မူလခြေရာခံခြင်းအတတ်ပညာကို ငါကိုယ်တိုင် ခင်းကျင်းပေးမယ် ”

“ အဲ့ဒါကို အသုံးပြုပြီး ဟိုခွေးမသားရဲ့ တည်နေရာကို ရှာဖွေမယ်… ပြီးရင် သူ့ကို သွားသတ်ပစ်မယ် ”

ခေါင်းဆောင်၏ အသံက သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ပဲ့တင်ထပ်သွားသည်။ တိမ်တိုက်များကို ဆုတ်ဖြဲပြီးနောက် သူတို့က နောက်ဆုံးမှာတော့ တားမြစ်ပင်လယ်၏ ကောင်းကင်ပေါ်သို့ ဆင်းသက်သွားကြသည်။ သူတို့က လုံးဝမရပ်တန့်ခဲ့ကြပေ။ ပင်လယ်ပြင်ပေါ်တွင် လှိုင်းလုံးများက နိမ့်ချည်မြင့်ချည် ရွေ့လျားနေကြစဉ် သူတို့က မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေဆီသို့ ဦးတည်ပျံသန်းသွားကြသည်။

မရေမတွက်နိုင်သော ပင်လယ်သားရဲများသည် ပင်လယ်ထဲမှ ခုန်ထွက်လာကြသည်။ ပင်လယ်လှိုင်းလုံးများက အရာအားလုံးကို ရိုက်ခတ်သွားပြီး မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေဆီသို့ ဦးတည်သွားနေကြသည်။

နတ်ဘုရားသက်ရှိများသည်ပင် ပင်လယ်၏ အနက်ပိုင်းထဲမှ ပေါ်ထွက်လာကြသည်။ ၎င်းတို့၏ ပစ်မှတ်သည် မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ ဖြစ်သည်။

သူတို့နှစ်ယောက်က မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်သွားသည့်အခါ ရွှီချင်း၏ မျက်စိထဲတွင် ထွက်ပေါ်လာသည်မှာ ကြီးကျယ်ခမ်းနားပြီး ဝိညာဉ်လှုပ်ခတ်စေနိုင်သော မြင်ကွင်းတစ်ခု ဖြစ်သည်။

မရေမတွက်နိုင်သော အလံတိုင်များက လေထဲမှာ တလွင့်လွင့် လှုပ်ခတ်နေကြသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အရပ်ရှစ်မျက်နှာတွင် စီတန်းရပ်နေကြသည်။ ဤအခိုက်အတန့်မှာ သူတို့၏ အန္တရာယ်အရှိန်အဝါများက အရာအားလုံးကို တုန်လှုပ်သွားစေပြီး မိုးလေဝသကိုပင် ပြောင်းလဲသွားစေသည်။ အလွန်ကျယ်ပြောသော မုန်တိုင်းက ဤနေရာမှာ ပေါ်လျှိုးလာသည်။

ထိုကျင့်ကြံသူများထဲမှာ သန့်စင်ရေလှိုင်းဒေသကြီးထဲမှ စစ်တပ်များ၊ ဝိညာဉ်နက်ဒေသကြီး၏ နတ်ဆရာများ၊ လူသားစစ်တပ်များ၊ ချီယွဲ့ထုံဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ထားကြသော တားမြစ်ပင်လယ်ထဲမှ မျိုးနွယ်စုများ ပါဝင်ကြသည်။

လပုန်ကန်ခန်းမမှ ကျင့်ကြံသူများလည်း ပါဝင်ကြသည်။

ဤအခိုက်အတန့်မှာ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေကို မရေမတွက်နိုင်သော စစ်တပ်များက အဘက်ဘက်မှ ဝိုင်းရံထားကြသည်။

ကောင်းကင်ပေါ်တွင် ရွှီချင်း၏ နှလုံးကို နွေးထွေးသွားစေသော ပုံရိပ်အများအပြား ရှိကြသည်။

သူတို့က အိမ်ရှေ့စံမင်းသား၊ မင်းသမီးမင်မိန်၊ အဖွားငါး၊ အဖိုးရှစ်နှင့် အဖိုးကိုးတို့ ဖြစ်ကြသည်။ လင်းအာသည်လည်း သူတို့ထဲမှာ ရှိသည်။

ကောင်းကင်ဘုရင်ကျန်းယန်နှင့် ချီယွဲ့ထုံဂိုဏ်းမှ ဘိုးဘေးအားလုံးလည်း ရောက်ရှိနေကြသည်။ ထိုထဲမှာ ဘိုးဘေးရွှယ်လျန်ဇီလည်း ပါဝင်သည်။

ဒေသကြီးနှစ်ခုမှ ပညာရှင်ကျင့်ကြံသူအများအပြားလည်း ရောက်ရှိနေကြသည်။

ကောင်းကင်ပေါ်တွင်တော့ မီးတောက်ဖီးနစ်က နေလုံးကို ဖုံးကွယ်ထားသည်။ ၎င်း၏ တစ်ကိုယ်လုံးကို အဆုံးမဲ့သော မီးတောက်များက ဝန်းရံထားသည်။ ၎င်း၏ ဘေးပတ်ပတ်လည်တွင် ကောင်းကင်ကို လောင်ကျွမ်းပစ်မည့် မီးတောင်ပင်လယ်တစ်ခု ဖွဲ့စည်းထားသည်။ ဒုတိယစီနီယာအမသည် မီးတောက်ဖီးနစ်၏ အပေါ်မှာ ရပ်နေသည်။

လူတိုင်းက အဆင်သင့်ဖြစ်နေကြသည်။

သူတို့က ရွှီချင်းကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ရွှီချင်းသည် ကောင်းကင်ပေါ်တွင် တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။

သူ၏ ခြေလှမ်းတိုင်းမှာ ကျယ်လောင်သော မြည်သံက ပေါက်ကွဲထွက်လာသည်။ သူ၏ ရောက်ရှိလာမှုက ခမ်းနားထည်ဝါသော အရှိန်အဝါကို ဖွဲ့စည်းလိုက်သည်။

“ ဒေသအရှင်သခင်ကို နှုတ်ဆက်ပါတယ် ”

“ အတိုင်ပင်ခံအမတ်ကို နှုတ်ဆက်ပါတယ် ”

“ တာအိုကလေးကို နှုတ်ဆက်ပါတယ် ”

“ လပုန်ကန်ခန်းမသခင်ကို နှုတ်ဆက်ပါတယ် ”

All Chapters