← Chapters

ယနေ့ သက်ရှိအားလုံးက သူ့အတွက် ရပ်တည်ပေးတယ်(ဂ)

Vol. 93 Ch. 1438

ယနေ့ သက်ရှိအားလုံးက သူ့အတွက် ရပ်တည်ပေးတယ်(ဂ)

Vol. 93 Ch. 1438

“ လပူဇော်ဒေသကြီးက နီလာနတ်သမီးရဲ့ လက်အောက်ကို ကျရောက်နေတဲ့အချိန် သူက ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံခြင်းပဲ ရှိသေးတာတောင် လပူဇော်ဒေသကြီးထဲက သက်ရှိအားလုံးကို ဒုက္ခကပ်ဘေးကနေ ကယ်တင်ပေးခဲ့တယ် ”

“ နတ်ဘုရားမီးတောက်ကို ငါမထွန်းညှိနိုင်ခင် ငါ့မျိုးနွယ်က မီးလျှံလနဲ့ စစ်ဖြစ်ပွားနေတဲ့အချိန် သူကပဲ မီးလျှံလဆီ သွားရောက်ခဲ့ပြီး မဟာရွှမ်ထျန်းစစ်သူကြီးဖြစ်လာခဲ့တယ်… မီးလျှံလရဲ့ သက်ရှိအားလုံးအရှေ့မှာ သူက လူသားမျိုးနွယ်အတွက် စစ်ပြေငြိမ်းဖို့ တောင်းဆိုခဲ့တယ် ”

“ ဒါ့အပြင် သူက ဧကရာဇ်ဓားကို သယ်ဆောင်ထားပြီး လောကထဲမှာ လျှောက်လှမ်းနေတယ်… သူ့ရဲ့ နှလုံးသားအလင်းက ပေတစ်သိန်းထိ ရောက်ရှိခဲ့တယ်… သူက မူလနှလုံးသားကို အခုထိ လက်ခံကျင့်သုံးနေတုန်းပဲ ”

“ ပြောစမ်းပါ… ဒီလူရဲ့ ရန်ငြိုးကို ငါက လျစ်လျူရှုလိုက်မယ်ဆိုရင် မျိုးနွယ်စုက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ ”

“ ဒီတစ်ကြိမ်ကို ခွင့်လွှတ်လိုက်မယ်ဆိုရင် နောက်တစ်ကြိမ် ဒီလိုကိစ္စမျိုး ထပ်ရှိလာလိမ့်မယ်… အဲ့ဒီအခါကျရင်ရော… ငါ့မျိုးနွယ်ဝင်တစ်ယောက်ရဲ့ ရန်ငြိုးကို အကျိုးအမြတ်တွေနဲ့ လဲလှယ်နိုင်လိမ့်မယ်လို့ တကယ်ကြီး နင်ထင်နေလား… အဲ့ဒါက နင့်မျက်စိထဲမှာ တန်ဖိုးရှိနိုင်ပေမဲ့ ငါ့မျက်စိထဲမှာတော့ အဲ့ဒါက ဘာမှမဟုတ်ဘူး ”

“ ငါက နတ်ဘုရားဆိုပေမဲ့ လူသားနတ်ဘုရားဖြစ်တယ် ”

“ ငါက ကိုယ့်အကျိုးအမြတ်ကိုပဲ ကြည့်တဲ့ နတ်ဘုရားမဟုတ်သလို အရိပ်ထဲမှာပဲ ပုန်းအောင်းနေတဲ့ နတ်ဘုရား မဟုတ်ဘူး… ငါက ဝမ်ကူးကုန်းမြေက လူသားမျိုးနွယ်ရဲ့ အရှေ့မှာ မားမားမတ်မတ် ကာကွယ်ရပ်တည်ပေးမယ့် နတ်ဘုရားပဲ ”

“ အတိတ်မှာ ရွှီချင်းက လူတိုင်းအတွက် ရပ်တည်ပေးခဲ့တယ်… ဒီနေ့ ငါအပါအဝင် လူတိုင်းက သူ့အတွက် ရပ်တည်ပေးကြလိမ့်မယ် ”

“ ဒါကြောင့် နင့်ရဲ့ အညံ့ခံမှုကို ငါမလိုချင်ဘူး ”

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း လောကက အပြင်းအထန် တုန်လှုပ်သွားသည်။

မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေမှ မျိုးနွယ်ဝင်များသည် စိတ်ဓာတ်ကျသွားကြသည်။ မကောင်းဆိုးဝါးဘိုးဘေး၏ မျက်နှာသည် ပိုပြီးဖြူဖျော့လာသည်။ ထိုသို့အဖြေရလာမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ဤနေရာမှ ကျင့်ကြံသူများက ပိုပြီးစိတ်လှုပ်ရှားသွားကြသည်။

အားညို၏ မျက်လုံးထဲမှ အေးစက်မှုသည်လည်း အရည်ပျော်သွားသည်။ သူက စိတ်ထဲမှာ နှာခေါင်းရှုံ့လိုက်သည်။ ဧကရီပေါ်ထားသော သူ၏ မကျေနပ်မှုက ပျောက်ကွယ်သွားသည်။

ရွှီချင်းက ကောင်းကင်ပေါ်မှ အကြည့်ပြန်ရုပ်လိုက်ပြီး မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေကို ကြည့်လိုက်သည်။

“ ဒီနေ့ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေက အမြစ်ဖြတ်သုတ်သင်ခံရမယ် ”

“ ကျုပ်တို့ အမိန့်နာခံပါတယ် ”

အင်အားစုအသီးသီးထံမှ စစ်တပ်များက ချက်ချင်း တုံ့ပြန်လိုက်ကြသည်။ သူတို့ထံမှ အန္တရာယ်အရှိန်အဝါက ကြီးမားသော အင်အားကို ဖွဲ့စည်းလိုက်ပြီး ဆူနာမီလှိုင်းလုံးသဖွယ် မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေပေါ်သို့ ကျရောက်သွားသည်။

သူတော်စင်ကုန်းမြေ၏ တောင်က လှုပ်ခါသွားပြီး အလောင်းချီကို ထုတ်လွှတ်လိုက်သည်။ မကောင်းဆိုးဝါးဘိုးဘေး အလောင်းကောင်တားမြစ်နယ်မြေထဲမှ ယူဆောင်လာခဲ့သော ရှေးဟောင်းကျောက်တံခါးကို ယခုအချိန်မှာ ထုတ်လွှတ်လိုက်သည်။

ထိုစဉ် ဖရိုဖရဲဖြစ်နေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မကောင်းဆိုးဝါးဘိုးဘေးက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက ပြန်ပေါ်လာသည့်အခါ မိုးကုပ်စက်ဝိုင်းဆီသို့ ရောက်ရှိသွားသည်။ သူက အနောက်သို့ ခေါင်းလှည့်မကြည့်ဘဲ အရူးအမူး ထွက်ပြေးသည်။

ယနေ့ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေမှာ မျှော်လင့်ချက်မရှိတော့ကြောင်း သူသိလိုက်သည်။ သို့ဖြစ်၍ သူ့အတွက် ဆက်နေခြင်းက ဘာအဓိပ္ပာယ်မှမရှိပေ။ အကယ်၍ သူက ကံကောင်းထောက်မ၍ လွတ်မြောက်သွားမည်ဆိုလျှင် အနာဂတ်မှာ မျှော်လင့်ချက်တချို့ ရှိနေဦးလိမ့်မည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ဧကရီ၏ ပုံရိပ်က ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ထိုခြေတစ်လှမ်းနှင့်အတူ ကောင်းကင်ပေါ်မှာ လှိုင်းဂယက်များ ထွက်ပေါ်လာကြသည်။

ယင်းက ဤတစ်နေရာတည်း မဟုတ်ပေ။ ဤအခိုက်အတန့်မှာ လှိုင်းဂယက်များသည် ဝမ်ကူးကုန်းမြေမှ ဒေသကြီးအားလုံး၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။

ထိုခြေလှမ်းကြောင့် ဝမ်ကူးကုန်းမြေ၏ နေ့အချိန်တွင် လှိုင်းဂယက်များ ထွက်ပေါ်လာကြသည်။

ဝမ်ကူးကုန်းမြေ၏ ဒေသကြီးအားလုံးတွင် နေ့နှင့်ညက အတူယှဉ်တွဲဖြစ်ပေါ်နေစဉ် မီးတောက်ငြိမ်းသတ်သွားသည့်အလား နေ့အချိန်က ဖယ်ရှားခံလိုက်ရသည်။ သို့ဖြစ်၍ လျှပ်တစ်ပြက်အတွင်းမှာ ဝမ်ကူးကုန်းမြေက မည်းမှောင်ကျသွားသည်။

ဒေသကြီးအားလုံးက ညအချိန်သို့ ကျရောက်သွားသည်။

သူက မီးကို ငြိမ်းသတ်လိုက်ပြီး အလင်းနိယာမကို ဝမ်ကူးကုန်းမြေထဲမှ ယာယီဖယ်ရှားလိုက်သည်။

မကောင်းဆိုးဝါးဘိုးဘေး၏ အရှေ့၌ မတ်တတ်ရပ်နေသော ဧကရီ၏ မျက်လုံးထဲတွင်သာ အလင်းရောင်ရှိလာသည်။ ထိုအလင်းရောင်သည် ဝမ်ကူးကုန်းမြေတစ်ခုလုံး၏ အလင်းအရင်းအမြစ်ဖြစ်သည်။

ယင်းက ဧကရီ၏ နတ်ဘုရားအခွင့်အာဏာဖြစ်သည်။

သူက အလင်းနိယာမကို ဝမ်ကူးကုန်းမြေထဲမှ ယာယီဆွဲထုတ်နိုင်ပြီး သူ၏ မျက်လုံးထဲမှာ စုဝေးကာ အလင်းအရင်းအမြစ်ကို ဖန်တီးနိုင်သည်။

ယင်းက တဒင်္ဂထွန်းလင်းတောက်ပခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေထဲမှ ဒေသကြီးအသီးသီးတွင် အလင်းနိယာမက ပြန်ရောက်လာသည်။ အဆုံးမဲ့သော အလင်းတန်းများက ကောင်းကင်နှင့်မြေပြင်ကြားမှာ ဖွဲ့စည်းသွားကြပြီး အမှောင်ထုကို ဖယ်ရှားမည့် အာရုဏ်ဦးကို ဖန်တီးလိုက်သည်။

ထိုအလင်းရောင် ဖြတ်သန်းသွားသည့်နေရာတိုင်း လောကက လင်းထိန်သွားလိမ့်မည်။

မကောင်းဆိုးဝါးဘိုးဘေးက တုန်ယင်သွားပြီး အလင်းရောင်ဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ စက္ကန့်ပိုင်းအတွင်းမှာ သူ၏ ခန္ဓာကိုယ်က ဝေဝါးသွားသည်။ ထိုအခိုက်အတန့်မှာ သူက ညာလက်ကို မြှောက်လိုက်ပြီး တစ်စုံတစ်ခုကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုအလင်းရောင်ထဲတွင် အရာအားလုံးက ဗလာနတ္ထိဖြစ်နေဟန် ရသည်။

ထို့နောက် ခါးသီးမှုနှင့် အကူအညီမဲ့သော သက်ပြင်းချသံသည်သာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

ဤနေရာက လုံးဝတိတ်ဆိတ်သွားသည်။

နောက်အခိုက်အတန့်မှာ စကြာဝဠာထဲမှ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။ ထိုအခါ ကောင်းကင်ပေါ်မှ မီးတောက်ဖီးနစ်က နက်ရှိုင်းသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။ ၎င်းထံမှ ထုတ်လွှတ်လိုက်သော မီးတောက်ပင်လယ်က အောက်သို့ ကျဆင်းသွားသည်။

ထိုမီးတောက်သည် ကောင်းကင်၊ ဟင်းလင်းပြင်၊ သူတော်စင်ကုန်းမြေ၏ တောင်နှင့် သူတော်စင်ကုန်းမြေ၏ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို လောင်ကျွမ်းပစ်လိုက်သည်။ ယင်းက တားမြစ်ပင်လယ်ထဲသို့ပင် ကျဆင်းသွားပြီး ဤနေရာမှ အရာအားလုံးကို လွှမ်းခြုံသွားသည်။

သို့သော်လည်း မီးတောက်သည် မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေမှ ကျင့်ကြံသူများကိုသာ အဓိကပစ်မှတ်ထားသည်။

မီးတောက်ပင်လယ်ထဲတွင် တခြားအင်အားစုများမှ စစ်သည်တော်များသည် သူတို့၏ လမ်းတစ်လျှောက်မှာရှိသော ရန်သူများကို သုတ်သင်ပစ်လိုက်ကြသည်။ ချက်ချင်းဆိုသလို ပေါက်ကွဲသံများက ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားပြီး သတ်ဖြတ်သံများက တားမြစ်ပင်လယ်ကို လှုပ်ခါသွားစေသည်။

အမျိုးအစားစုံလင်သော အသံများက အတူတကွ ယှက်ထွေသွားပြီး ဤလောကအတွက် လျှို့ဝှက်ဆန်းကြယ်သော တေးသွားတစ်ပုဒ်ကို တီးခတ်ပေးနေသည်။

ရွှီချင်း၏ ပုံရိပ်သည်လည်း ထိုတေးသွားထဲမှာ ပေါင်းစပ်သွားသည်။

သူ၏ သတ်ဖြတ်ချင်သော စိတ်ဆန္ဒက အသံနှင့်အတူ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာ တားမြစ်ပင်လယ်၏ အနက်ပိုင်းထဲတွင် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ရင်း ထွက်ပြေးနေသော ရွှင်းထိုင်နတ်ဆိုးက ရုတ်တရက် ရပ်တန့်သွားသည်။ ဖော်မပြနိုင်သော ဝမ်းနည်းမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

သူက မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်သည့်အခါ သူ၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။

“ ဘိုးဘေးက… ကျဆုံးသွားပြီ… ”

All Chapters