← Chapters

ရွှင်းထိုင်နတ်ဆိုးကို သန့်စင်ခြင်း

Vol. 93 Ch. 1441

ရွှင်းထိုင်နတ်ဆိုးကို သန့်စင်ခြင်း

Vol. 93 Ch. 1441

ရွှင်းထိုင်နတ်ဆိုးသည် အလွန်ဆိုးဝါးသော အခြေအနေသို့ ကျရောက်နေသည်။ သူ၏ မျက်နှာက ဖြူဖျော့နေပြီး သူ၏ အမြင်အာရုံက ဝေဝါးလာသည်။

သူက ခြေထောက်တစ်ဖက်ကိုပင် ဆုံးရှုံးသွားခဲ့သည်။

သူက အင်မော်တယ်အတတ်ပညာကို အသုံးပြုပြီး ထွက်ပြေးသွားသည့်အခိုက် ရွှီချင်း၏ အသံနတ်ဘုရားအခွင့်အာဏာနှင့် အင်မော်တယ်အတတ်ပညာ၏ ဘေးထွက်ဆိုးကျိုးက သူ၏ ရုပ်ခန္ဓာကိုယ်ပေါ် သက်ရောက်လာသည်။ ယင်းက သူ့ကို ခြေထောက်တစ်ဖက် ဆုံးရှုံးစေခဲ့သည်။

ပြင်းထန်သော နာကျင်မှုက သူ၏ စိတ်ထဲမှာ ဒီရေလှိုင်းလုံးသဖွယ် ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးကို ဝါးမျိုသွားသည်။ သူ့အတွက်တော့ ထိုသို့နာကျင်မှုကို အဆင့်နိမ့်ကျင့်ကြံခြင်းအခြေခံမှာသာ တွေ့ကြုံခဲ့ဖူးသည်။

ဗလာနတ္ထိအဆင့်သို့ တတ်လှမ်းပြီးနောက် ထိုသို့အတွေ့အကြုံကို နောက်တစ်ခါ သူမခံစားခဲ့ရပေ။

သူက ခြေထောက်တစ်ဖက်ကို ပေးဆပ်၍ အင်မော်တယ်အတတ်ပညာကို အသုံးပြုခဲ့သော်လည်း အန္တရာယ်ခံစားမှုက မပျောက်ကွယ်သွားပေ။ ယင်းအစား ပိုပြီးပြင်းထန်လာသည်။

အဘယ့်ကြောင့်ဆိုသော် သူ၏ ကျန်ရှိသော ခြေထောက်တစ်ဖက်က စတင်ပုပ်သိုးလာနေသောကြောင့် ဖြစ်သည်။

ထိုသို့ဖြစ်ရခြင်းမှာ အဆိပ်နှင့် ကျိန်စာကြောင့် ဖြစ်သည်။

ယင်းက ရွှီချင်း၏ တားမြစ်အဆိပ်နတ်ဘုရားအခွင့်အာဏာ ဖြစ်သည်။

ယင်းက အလွန်အမင်း ကြမ်းကြုတ်သည်။ ယင်းက အားကောင်းစွာ ထွက်ပေါ်လာပြီး အရူးအမူး ပျံ့နှံ့သွားသည်။ ယခု အဆိပ်က သူ၏ ပေါင်ရင်းသို့ ရောက်ရှိနေပြီး သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားချင်နေသည်။ ယင်းက သူ၏ ကျင့်ကြံခြင်းနှင့် ခန္ဓာကိုယ်ကိုသာမက ဝိညာဉ်ကိုပင် တိုက်စားနေသည်။

ယင်းက သူ့ကို နှလုံးတုန်စေသည်။ သူက တားမြစ်အဆိပ်ကို နှောင့်နှေးစေရန် အရာအားလုံးကို စတေးလိုက်ပြီး သူ၏ မူလစွမ်းအင်ကို အသုံးပြုလိုက်သည်။ တစ်ချိန်တည်းမှာ သူက ပယ်ဖျက်ခြင်းအခွင့်အာဏာကို အသုံးပြု၍ အဆိပ်ကို ဖယ်ရှားနေသည်။

သို့သော်လည်း ယခု သူ၏ ကျင့်ကြံခြင်းအခြေခံက ကျဆင်းသွားပြီး သူ၏ အခြေအနေက အလွန်ဆိုးဝါးနေသည်။ သူက ပြန်အမဲလိုက်ခံနေရသည်။ သို့ဖြစ်၍ သူ့မှာ အဆိပ်ကို ဖယ်ရှားရန် လုံလောက်သော အချိန်နှင့် စွမ်းအင်မရှိပေ။

“ သေစမ်း… သေစမ်း… သေစမ်း… ”

ရွှင်းထိုင်နတ်ဆိုး၏ ဆံပင်က ဖရိုဖရဲဖြစ်နေပြီး သူက စိတ်ထဲမှာ ဆန္ဒမရှိစွာ အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ရူးသွပ်မှု ထွက်ပေါ်လာသည်။

သူ့မှာ အဆိပ်ကို ဖယ်ရှားရန် အချိန်မရှိကြောင်း ရှင်းလင်းစွာ သိသည်။ ထိုသို့ဆိုမှတော့ သူ့မှာ ရွေးချယ်စရာတစ်ခုတည်းသာ ရှိတော့သည်။

သူ၏ မူလစွမ်းအင်က ပေါ်ထွက်လာပြီး ဝိညာဉ်လှုပ်ခတ်စေနိုင်သော စွမ်းအားကို ဖွဲ့စည်းလိုက်ကာ သူ၏ ဝိညာဉ်မှ ခန္ဓာကိုယ်အောက်ပိုင်းကို တိုက်ရိုက် ဖြတ်တောက်လိုက်သည်။

သူ၏ ရုပ်ခန္ဓာကိုယ်လည်း သက်ရောက်ခံလိုက်ရသည်။

ချက်ချင်းဆိုသလို သူ၏ ခန္ဓာကိုယ်အောက်ပိုင်းက တိုက်ရိုက် ပေါက်ကွဲသွားပြီး အဆိပ်သွေးအဖြစ် ပြောင်းလဲသွားကာ အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားသည်။ ယခု သူ့မှာ ခန္ဓာကိုယ်အပေါ်ပိုင်းသာ ကျန်ရှိတော့လေရာ သူက ပိုပြီးအားနည်းသွားသည်။ သူ၏ အမြင်အာရုံသည် ပိုပြီးဝေဝါးလာသည်။

ရုပ်ခန္ဓာကိုယ်၏ နာကျင်မှုဖြစ်စေ ဝိညာဉ်၏ နာကျင်မှုဖြစ်စေ ယင်းတို့က သူ့ကို အဆုံးမဲ့စွာ ညှဉ်းပန်းနှိပ်စက်နေသည်။

သူက အံကြိတ်လိုက်ပြီး သတိမမေ့သွားစေရန် အားတင်းလိုက်သည်။ ထို့နောက် သူက ဆက်လက် ထွက်ပြေးသည်။

သို့သော်လည်း အရှေ့တွင် မျှော်လင့်ချက်မရှိလေရာ သူက မည်သည့်ဦးတည်ရာကို ထွက်ပြေးသင့်ကြောင်း မစဉ်းစားနိုင်တော့ပေ။

ဝမ်နည်းမှု၊ ခါးသီးမှု အစရှိသော မကောင်းသည့် စိတ်ခံစားချက်များက သူ၏ နှလုံးသားထဲမှာ တိတ်တဆိတ် ထွက်ပေါ်လာသည်။ ထိုစိတ်ခံစားချက်များက တဖြည်းဖြည်း တိုးပွားလာသည့်အခါ ရွှင်းထိုင်နတ်ဆိုးက ရုတ်တရက် နှလုံးတုန်သွားသည်။ တစ်စုံတစ်ခု လွဲမှားနေကြောင်း သူခံစားမိသွားသည်။

သို့သော်လည်း အလွန်နောက်ကျသွားချေ၏။

ထိုမကောင်းသည့် စိတ်ခံစားချက်များက သူ၏ အားနည်းချက်ဖြစ်လာပြီး အတွေးများက သူ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားကာ တစ်ပြိုင်နက် ပေါက်ကွဲထွက်လာကြသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးက သက်ရောက်ခံလိုက်ရပြီး ခရမ်းရောင်လရောင်ခြည်၏ ဆွဲဆောင်ခံလိုက်ရသည်။

ပထမအကြိမ် ကြည့်သည့်အခါ ထိုအလင်းက အဝေးမှာ ရှိနေဆဲပင်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ အလင်းရောင်က ရွှင်းထိုင်နတ်ဆိုး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးသည် ကမောက်ကမာဖြစ်သွားသည်။

နှလုံးကွဲကြေသော အော်သံသည် ရွှင်းထိုင်နတ်ဆိုး၏ ပါးစပ်ထဲမှ ထွက်ပေါ်လာပြီး အသံနတ်ဘုရားအခွင့်အာဏာအဖြစ် ပြောင်းလဲသွားသည်။

တားမြစ်အဆိပ်သည်ပင် ထပ်မံ ထွက်ပေါ်လာသည်။

ယင်းတို့က သံသရာစက်ဝန်းပမာ ထပ်ခါတလဲလဲ ဖြစ်ပျက်နေပြီး အဆုံးမဲ့သော ညှဉ်းပန်းနှိပ်စက်မှုကို ဖြစ်ပေါ်စေသည်။ ယင်းက ရွှင်းထိုင်နတ်ဆိုးကို အလွန်ဆိုးဝါးသော အခြေအနေသို့ ကျရောက်စေသည်။

သူက ဝိညာဉ်ကို ဆက်တိုက် ဖြတ်တောက်ပြီး မပြည့်စုံသေးသော အင်မော်တယ်အတတ်ပညာကို ထပ်ခါထပ်ခါ အသုံးပြုကာ ထွက်ပြေးနေရသည်။

သို့ဖြစ်၍ တန်ပြန်ပေးဆပ်မှုအနေနှင့် သူ၏ ဘယ်လက်၊ ညာလက်နှင့် ခန္ဓာကိုယ်အပေါ်ပိုင်းက ဖျက်ဆီးခံလိုက်ရသည်။ နောက်ဆုံးမှာတော့ သူ့မှာ ဦးခေါင်းတစ်ခုသာ ကျန်ရှိတော့သည်။

ဤသည်မှာ သူက ကံကြမ္မဆိုးဖြင့် ဝန်းရံခံထားရသည့်အလားပင်။

ကံကြမ္မာဆိုးက ဖုန်မှုန်သို့ ပြောင်းလဲသွားပြီး သူ၏ တာအိုနှလုံးသားကို ဖုံးလွှမ်းလိုက်သည်။

ရွှီချင်း၏ အသံက ထိုဖုန်မှုန့်ထဲမှာ ပဲ့တင်ထပ်လာသည်။

“ မင်းရဲ့ ဘိုးဘေးက သေဆုံးသွားပြီ ”

“ မင်းရဲ့ မျိုးနွယ်ဝင်တွေက သေဆုံးသွားပြီ ”

“ မင်းရဲ့ မူလခန္ဓာကိုယ်က ငါသန့်စင်တာ ခံလိုက်ရပြီ ”

“ မင်းရဲ့ မျိုးနွယ်က ဆက်ပြီး မတည်ရှိတော့ဘူး ”

“ မင်းက မကောင်းဆိုးဝါးမျိုးနွယ်ရဲ့ နောက်ဆုံးကျန်ရစ်သူပဲ ”

“ မင်းက ငါ့ကို သန့်စင်ဖို့ မအောင်မြင်ခဲ့ဘဲ နွေဦးအင်မော်တယ်ဖြစ်လာနိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးခဲ့တယ်… ”

“ ပြီးကျရင် ငါမင်းကို သန့်စင်ပြီး မင်းရဲ့ ပယ်ဖျက်ခြင်းအခွင့်အာဏာကို ဆုံးရှုံးစေမယ် ”

ထိုအသံထဲမှာ ခရမ်းလ၏ နတ်ဘုရားအခွင့်အာဏာပါဝင်ပြီး ယင်းက အသံနတ်ဘုရားအခွင့်အာဏာမှတဆင့် ရွှင်းထိုင်နတ်ဆိုး၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။ တားမြစ်အဆိပ်၏ ကျူးကျော်ဝင်ရောက်မှုနှင့်အတူ ယင်းက ကံကြမ္မာဆိုးအဖြစ် ပြောင်းလဲသွားပြီး ရွှင်းထိုင်နတ်ဆိုး၏ တာအိုနှလုံးသားကို ဖုံးလွှမ်းသွားသည်။

အက်ကွဲသံများက ရွှင်းထိုင်နတ်ဆိုး၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ ပါးစပ်ပိတ်စမ်း ”

ရွှင်းထိုင်နတ်ဆိုးက တုန်ယင်သွားပြီး သွေးပျက်ဖွယ်ကောင်းသော အော်သံကို ထုတ်ဖော်လိုက်သည်။

သူ၏ တာအိုနှလုံးသားက အက်ကွဲသွားသည်။

“ အချိန်ကျပြီ ”

ရွှီချင်းက နူးညံ့စွာ ပြောသည်။ သူက ပင်လယ်ရေထဲမှ ထွက်လျှောက်လာပြီး ရွှင်းထိုင်နတ်ဆိုး၏ အပေါ်မှာ ရပ်လိုက်သည်။

ဤသည်မှာ နတ်ဘုရားတစ်ပါးဆင်းသက်လာသည့်အလားပင်။

အဆုံးမဲ့သော အလင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး ပင်လယ်ထဲမှာ ထွန်းလင်းတောက်ပသော နေတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။

အလင်းက အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားပြီး အပူဓာတ်က ထွက်ပေါ်လာသည်။

နေတစ်စင်းအသွင် ပြောင်းလဲသွားသော ရွှီချင်းက ပင်လယ်ရေကို လင်းထိန်သွားစေသည်။ နေလုံးထံမှ အင်မော်တယ်အလင်းသည် ကြောက်မက်ဖွယ်ကောင်းပြီး ကျယ်ပြောသော စွမ်းအားကို ထုတ်လွှတ်လျက် ဦးခေါင်းတစ်ခုတည်းသာ ကျန်ရှိတော့သော ရွှင်းထိုင်နတ်ဆိုးကို ဖုံးလွှမ်းလိုက်သည်။

မူလက မည်းမှောင်နေသော ပင်လယ်သည် ဤအခိုက်အတန့်မှာ လင်းထိန်သွားသည်။

အင်မော်တယ်အလင်းဖြင့် ဖုံးလွှမ်းခံလိုက်ရသော ရွှင်းထိုင်နတ်ဆိုးသည် အော်ဟစ်ညည်းတွားလိုက်သည်။ စူးရှသော အော်မြည်သံသည် နေလုံးထဲမှ ပဲ့တင်ထပ်လာသည်။

ထိုအသံသည် နှလုံးကွဲကြေသော အော်ညည်းသံထက် သာလွန်သွားပြီး ပင်လယ်ရေအောက်ထဲမှာ တစ်ခုတည်းသောအသံ ဖြစ်လာသည်။

ရွှေကျီးကန်း၏ အနက်ရောင်ပုံရိပ်သည် နေလုံးထဲမှ ပျံသန်းထွက်လာသည်။

၎င်းက တဖြည်းဖြည်း အရွယ်အစား ကြီးမားလာလေရာ ဤဧရိယာကို တုန်လှုပ်သွားစေသည်။ ရွှေကျီးကန်းသည် ပါးစပ်ဟလိုက်ပြီး သက်ရှိအားလုံးကို သန့်စင်နိုင်သော မီးတောက်ကို ထွေးထုတ်လိုက်သည်။

ထိုမီးတောက်သည် အင်မော်တယ်အလင်းနှင့် ရောယှက်သွားပြီး နာကျင်စွာ အော်ညည်းနေသော ရွှင်းထိုင်နတ်ဆိုး၏ ဦးခေါင်းကို လွှမ်းခြုံသွားသည်။ ထို့နောက် ၎င်းက အသက်ရှူသွင်းလိုက်သည်။

ဦးခေါင်းက ဝါးမျိုခံလိုက်ရသည်။

ရွှီချင်းက ရွှင်းထိုင်နတ်ဆိုး၏ အခွင့်အာဏာကို သန့်စင်ချင်သည်။

ယင်းက မလွယ်ကူပေ။ မလွယ်ကူရသည့် အကြောင်းအရင်းနှစ်ခု ရှိသည်။ ပထမတစ်ခုမှာ ရွှင်းထိုင်နတ်ဆိုးက ထိုအခွင့်အာဏာကို ပြီးပြည့်စုံအောင် မသန့်စင်နိုင်ခဲ့ပေ။

ဒုတိယတစ်ခုမှာ တစ်ဖက်လူက အုပ်ချုပ်သူတစ်ပါးဖြစ်သည်။ အုပ်ချုပ်သူတစ်ပါး၏ အခွင့်အာဏာကို သန့်စင်ခြင်းသည် အလွန်ခက်ခဲသောအရာ ဖြစ်သည်။

သို့သော်လည်း ယခု ရွှင်းထိုင်နတ်ဆိုး၏ မှတ်ဉာဏ်များနှင့် အခွင့်အာဏာကို ရေးထွင်းထားသော ဦးခေါင်းသည် ရွှေကျီးကန်း၏ ခန္ဓာကိုယ်အတွင်းမှာ မီးတောက်ဖြင့် အဆုံးမဲ့စွာ သန့်စင်ခံလိုက်ရသည်။

ဦးခေါင်းက အပြင်းအထန် လောင်ကျွမ်းနေသည်။

ပထမအခက်အခဲက ပြေလည်သွားသည်။

ဒုတိယအခက်အခဲသည်တော့ တစ်ဖက်လူက အုပ်ချုပ်သူအဆင့်မှာ မဟုတ်တော့ပေ။ သူ၏ ကျင့်ကြံခြင်းအခြေခံက ကျဆင်းသွားခဲ့သည်။

ထို့ပြင် ရွှေကျီးကန်း၏ ခန္ဓာကိုယ်ထဲ၌ သွေးလေဆင်နှာမောင်းငါးခုက ရွှင်းထိုင်နတ်ဆိုးနှင့်အတူ လောင်းကျွမ်းခံနေရသည်။ ယင်းတို့က မကောင်းဆိုးဝါးမျိုးနွယ်တစ်ခုလုံး၏ သွေးမျိုးဆက်မှ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။

ယင်းက မျိုးနွယ်တစ်ခုလုံးကို သန့်စင်ခြင်းဖြစ်သည်။

ယင်းက ရွှေကျီးကန်း၏ အသက်ဓာတ်သန့်စင်အတတ် ဖြစ်သည်။

တားမြစ်ပင်လယ်သည် တုန်ယင်သွားသည်။ အပြင်လောကမှ ကောင်းကင်သည် အရောင်ပြောင်းလဲသွားပြီး တိမ်တိုက်များသည် ပရမ်းပတာ လှုပ်ခတ်သွားကြသည်။

မရေမတွက်နိုင်သော မိုးကြိုးသွားများသည် ကောင်းကင်ပေါ်မှာ ပေါက်ကွဲသွားကြသည်။ ကောင်းကင်ဘုံတာအို၏ ပုံရိပ်သည် တိမ်တိုက်များကြားထဲ၌ ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။

အင်မော်တယ်ကျင့်ကြံသူများသာ ပိုင်ဆိုင်နိုင်သော အခွင့်အာဏာ၏ အရှိန်အဝါသည် တားမြစ်ပင်လယ်အောက်မှ ရွှေကျီးကန်း၏ ခန္ဓာကိုယ်ထဲမှာ ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်မှာ ရွှေကျီးကန်းက စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်ပြီး ရွှီချင်းဆီသို့ ဦးတည်ပျံသန်းသွားကာ သူ၏ ညာမျက်လုံးထဲသို့ ဝင်ရောက်သွားသည်။

ရွှီချင်းက မျက်လုံးမှိတ်လိုက်သည်။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လိုက်သည်။ လောက၏ အရောင်သည် ပြောင်းလဲသွားပြီး မုန်တိုင်းတစ်ခုသည် တားမြစ်ပင်လယ်ထဲမှာ ထွက်ပေါ်လာသည်။

သူ၏ ညာမျက်လုံးသည် မူလစွမ်းအင်နှင့်အတူ လင်းလက်တောက်ပသွားပြီး တာအိုအမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။

ထိုအမှတ်အသား ထွက်ပေါ်လာသည်နှင့်ချက်ချင်း လောကက တုန်ယင်သွားသည်။

ယင်းက အရာအားလုံးကို ပယ်ဖျက်နိုင်သော အခွင့်အာဏာဖြစ်သည်။

ထိုအခွင့်အာဏာသည် ကျင့်ကြံခြင်းလမ်းစဉ်မှာသာရှိပြီး ယင်းက ရွှီချင်းပိုင်ဆိုင်ထားသော တစ်ခုတည်းသော အင်မော်တယ်အခွင့်အာဏာလည်း ဖြစ်သည်။

အင်မော်တယ်အခွင့်အာဏာ ထွက်ပေါ်လာသည့်အခိုက် ရွှီချင်း၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ အင်မော်တယ်ပြဒါးသည် သူ၏ ခန္ဓာကိုယ်ထဲမှ အရူးအမူး စိမ့်ထွက်လာပြီး ငွေရောင်ရေဘောလုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။

အင်မော်တယ်အခွင့်အာဏာ၏ အကြွင်းအကျန်များက လစ်ဟသွားသော နေရာများမှာ ဝင်ရောက်ဖြည့်စွက်လိုက်သည်။

အတိတ်မှာ သူ၏ ခန္ဓာကိုယ်က ရွှင်းထိုင်နတ်ဆိုး၏ လိုက်ဖမ်းမှုကြောင့် အကြိမ်ကြိမ် ပြိုကွဲသွားခဲ့ပြီး အင်မော်တယ်ပြဒါးများစွာကို ဆုံးရှုံးခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကို နောက်ပိုင်းမှာ ပြန်လည်ကုသနိုင်ခဲ့သော်လည်း အင်မော်တယ်ပြဒါး၏ လျော့နည်းမှုက သူ၏ ခန္ဓာကိုယ်ကို မတည်မငြိမ်ဖြစ်စေသည်။

ဤအခိုက်အတန့်မှာ အင်မော်တယ်အခွင့်အာဏာသည် သူ၏ ညာမျက်လုံးထဲမှ ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

အင်မော်တယ်အခွင့်အာဏာသည် ကျင့်ကြံခြင်းလမ်းစဉ်၏ အုပ်ချုပ်သူတစ်ပါးထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး အင်မော်တယ်ပြဒါးသည် ကျင့်ကြံခြင်းလမ်းစဉ်၏ စွမ်းအင်တစ်မျိုးဖြစ်သည်။ အတိုင်းအတာတစ်ခုထိဆိုရလျှင် ထိုနှစ်ခုက ဇစ်မြစ်တူညီကြသည်။

သို့သော်လည်း အင်မော်တယ်ပြဒါးသည် ယာယီအထောက်အပံ့သာ ဖြစ်သည်။ ရွှီချင်းက သူ့ကိုယ်သူ ပြီးပြည့်စုံအောင် လုပ်ဆောင်ရန် အင်မော်တယ်အလင်းကျင့်စဉ်ကို မြန်နိုင်သမျှမြန်မြန် ကျင့်ကြံရလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် အင်မော်တယ်ပြဒါးသည် ပြင်ပအထောက်အပံ့ပစ္စည်းတစ်ခုဖြစ်ပြီး သူနှင့် လိုက်လျောညီထွေစွာ မပေါင်းစည်းနိုင်ပေ။

သို့သော်လည်း ယခုတော့ ခြားနားသွားသည်။

အခွင့်အာဏာသည် အင်မော်တယ်ပြဒါးကို အစားထိုးသွားသည်။

သို့ဖြစ်၍ ရှေးဦးအပျက်အစီး၏ အသွေးအသားများဖြင့် တည်ဆောက်ထားသော သူ၏ ခန္ဓာကိုယ်က အင်မော်တယ်အလင်း၏ လွှမ်းခြုံမှုနှင့် အင်မော်တယ်အခွင့်အာဏာ၏ အားဖြည့်ပေးမှုအောက်မှာ ယခင်ထက် ပိုပြီးတည်မြဲလာသည်။

ပြီးပြည့်စုံသည်ဟူသော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည့်အခါ ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားသည်။ သူ၏ လမ်းစဉ်က ယခင်ထက် ပိုပြီးတည်မြဲလာကြောင်း သူခံစားမိသည်။

သူ့အနောက်မှ လမ်းကြောင်းက ပြစ်ချက်မဲ့ပြီး သူ၏ အရှေ့မှ လမ်းကြောင်းက ဆူးများဖြင့် ပြည့်နှက်နေသည်ဆိုလျှင်ပင် အဆုံးထိ လျှောက်လှမ်းနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက်ရှိသည်။

တစ်ချိန်တည်းမှာ သဘာဝလွန်အဖြစ်အပျက်က တားမြစ်ပင်လယ်၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

ပုံရိပ်များသည် တားမြစ်ပင်လယ်ထဲမှာ ထွက်ပေါ်လာကြသည်။ ချက်ချင်းဆိုသလို တားမြစ်ပင်လယ်က ဝုန်းခနဲ မြည်ဟိန်းသွားပြီး လောကက ပရမ်းပတာ တုန်လှုပ်သွားသည်။

ကောင်းချီးမင်္ဂလာနိမိတ်များသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။

ယင်းက ဝမ်ကူးကုန်းမြေ၏ ချီးကျူးဂုဏ်ပြုခြင်း ဖြစ်သည်။

ထိုမြင်ကွင်းသည် တားမြစ်ပင်လယ်ထဲမှ အင်အားစုများ၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက နှလုံးတုန်သွားကြသည်။

ကျင့်ကြသူအများစုသည် ထိုအဖြစ်အပျက်၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားမလည်နိုင်ကြချေ။ သို့သော်လည်း အိမ်ရှေ့စံမင်းသားနှင့် တခြားလူများသည် ယင်းကြောင့် နှလုံးတုန်သွားကြသည်။

“ ဝမ်ကူးကုန်းမြေက ချီးကျူးဂုဏ်ပြုတယ်… ”

“ ဒဏ္ဍာရီထဲမှာ ဖော်ပြထားတာတော့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ထွက်ပေါ်လာတဲ့အခါမှပဲ ဒီလိုသဘာဝလွန်အဖြစ်အပျက်က ထွက်ပေါ်လာတယ် ”

အိမ်ရှေ့စံမင်းသားနှင့် တခြားလူများက နှလုံးတုန်သွားကြစဉ် ကောင်းကင်ပေါ်မှ ဧကရီက ထိုမြင်ကွင်းကို ကြည့်လိုက်သည့်အခါ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ရွှီချင်းက ဗလာနတ္ထိအဆင့်မှာ အခွင့်အာဏာကို ပိုင်ဆိုင်သွားတယ် ”

“ ဒီဟာက သူ့ဆရာရဲ့ အဓိကရည်ရွယ်ချက်ဖြစ်မယ်လို့ ငါထင်တယ် ”

ဧကရီက နက်နဲစွာ တွေးတောလိုက်ပြီး နန်းဟွမ်ကုန်းမြေ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။

ထိုအခိုက်အတန့်မှာ နန်းဟွမ်ကုန်းမြေထဲတွင် ချီယွဲ့ထုံဂိုဏ်း၏ သတ္တမတောင်ထွတ်မှ လျှို့ဝှက်အခန်းထဲတွင် ရွှီချင်း၏ ခန္ဓာကိုယ်ကို သန့်စင်ပေးပြီးနောက် တံခါးပိတ်ကျင့်ကြံခြင်းဝင်သွားခဲ့သော သတ္တမသခင်ကြီးက မျက်လုံးဖွင့်လိုက်သည်။

“ အမှတ်လေးက ငါ့ကို စိတ်မပျက်စေခဲ့ဘူး… သူက အခွင့်အာဏာကို အောင်အောင်မြင်မြင် လုယက်နိုင်ခဲ့ပြီး အင်မော်တယ်ပြဒါးနေရာမှာ အစားထိုးနိုင်ခဲ့တယ်… ”

“ ပယ်ဖျက်ခြင်းအခွင့်အာဏာက သူ့ရဲ့ လက်ရှိအခြေအနေအတွက် အသင့်တော်ဆုံးပဲ ”

“ အခု ဒီအဖိုးကြီးဆီမှာ စိုးရိမ်စရာကိစ္စတစ်ခု လျော့နည်းသွားပြီ… နောက်တစ်ခုက… ”

သတ္တမသခင်ကြီးက ဖြည်းညင်းစွာ ခေါင်းမော့လိုက်သည်။ သူ၏ အကြည့်က ကောင်းကင်ကို ထိုးဖောက်သွားပြီး ကြယ်တာရာကောင်းကင်ဆီသို့ ရောက်ရှိသွားဟန် ရ၏။ သို့သော်လည်း သူ၏ အကြည့်က ထိုနေရာမှာ မရပ်တန့်သွားပေ။ သူ၏ အကြည့်က ဝမ်ကူးကုန်းမြေဆီသို့ ဦးတည်လာနေကြသော သူတော်စင်ကုန်းမြေများကို ကျော်လွန်သွားပြီး ယင်းတို့၏ အနောက်မှ ဧရာမရုပ်တုတစ်ခုပေါ်သို့ ကျရောက်သွားသည်။ ရုပ်တုသည် အလွန်ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သတ္တမသခင်ကြီး၏ အမူအရာက တည်ကြည်လေးနက်သွားသည်။

“ ရင်းနှီးတဲ့အရှိန်အဝါ… ဆရာ… ”

“ ပြန်ရောက်လာတဲ့သူက မင်းဟုတ်သေးရဲ့လား ”

သတ္တမသခင်ကြီးက ခါးသီးမှုကို ခံစားမိသွားသည်။

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။

ရက်အနည်းငယ်ကြာပြီးနောက် မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ အမြစ်ဖြတ်သုတ်သင်ခံလိုက်ရသော သတင်းက ဝမ်ကူးကုန်းမြေထဲမှာ ပျံ့နှံ့သွားပြီး ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေသည်။ တစ်ချိန်တည်းမှာ သူတော်စင်ကုန်းမြေအားလုံးသည် ထိုသတင်းကို ကြားပြီးနောက် ထိတ်လန့်တုန်လှုပ်သွားကြသည်။

ထို့နောက် ပိုပြီးထိတ်လန့်ဖွယ်ကောင်းသော အမိန့်တော်သည် လူသားမျိုးနွယ်နှင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထံမှ ထွက်ပေါ်လာသည်။ ယင်းတို့က အတူတကွ ပေါင်းစပ်သွားပြီးနောက် အရှေ့ပိုင်းဝမ်ကူးကုန်းမြေ၏ အထွတ်အမြတ် ဩဇာအာဏာကို ဖွဲ့စည်းလိုက်သည်။

“ မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေမှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတယ် ”

“ သူတို့က အပြစ်နှစ်ခုကို ကျူးလွန်ခဲ့ကြတယ် ”

“ ပထမတစ်ခုက ကောင်းမွန်တဲ့ အပြုအမူတွေအောက်မှာ သူတို့က တားမြစ်ပင်လယ်ထဲက မျိုးနွယ်စုတွေဆီကို ချဉ်းကပ်ပြီး ကပ်ပါးကောင်တွေကို မွေးမြူခဲ့တယ်… သူတို့ရဲ့ လုပ်ရက်က စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး တားမြစ်ပင်လယ်ထဲက မျိုးနွယ်အများစုကို ဒေါသထွက်စေခဲ့တယ်… အဲ့ဒီအတွက် သက်သေက ထင်ရှားတယ် ”

“ ဒုတိယပြစ်မှုကတော့ လူသားမျိုးနွယ်ရဲ့ အတိုင်ပင်ခံအမတ်ဖြစ်သလို မီးလျှံလရဲ့ မဟာရွှမ်ထျန်းစစ်သူကြီးဖြစ်တဲ့ ရွှီချင်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တာပဲ… သူတို့က တရားခံကို ဖမ်းဆီးပေးဖို့ ပူးပေါင်းမပါဝင်တဲ့အပြင် အတိုင်ပင်ခံအမတ် ဆင်းရဲဒုက္ခရောက်နေတာကို ဝမ်းသာအားရ ကြည့်ရှုနေခဲ့ကြတယ်… ဒီပြစ်မှုက လုံးဝခွင့်မလွှတ်နိုင်တဲ့အရာပဲ… သူတို့ရဲ့ ရည်ရွယ်ချက်က မျိုးတုန်းသတ်ဖြတ်ခံရဖို့ ထိုက်တန်တယ်… သူတို့ရဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်တွေက မျိုးတုန်းသတ်ဖြတ်ခံရဖို့ ထိုက်တန်တယ်… သူတို့မျိုးနွယ်တစ်ခုလုံး မျိုးတုန်းသတ်ဖြတ်ခံရဖို့ ထိုက်တန်တယ် ”

“ သူတော်စင်ကုန်းမြေတွေ ဆင်းသက်လာကတည်းက အရှေ့ပိုင်းဝမ်ကူးကုန်းမြေထဲက ငါတို့တွေဟာ နှစ်ဦးနှစ်ဖက် လိုက်လျောညီထွေစွာ နေထိုင်နိုင်ဖို့ ဦးစားပေးခဲ့တယ်… သူတော်စင်ကုန်းမြေတွေအပေါ် ဆန့်ကျင်ဖို့ ဆန္ဒမရှိခဲ့ဘူး ”

“ ဒါပေမဲ့ အခုဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူတော်စင်ကုန်းမြေတွေက ရက်စက်ကြမ်းကြုတ်တယ်… သူတို့ရဲ့ လုပ်ဆောင်မှုတွေက အကြင်နာမဲ့ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်လို့ ငါတို့သံသယဝင်လာတယ်… တခြားသူတော်စင်ကုန်းမြေတွေလည်းပဲ အဲ့လိုမဟုတ်နိုင်ဘူးလို့ အာမမခံနိုင်ဘူး ”

“ ဒါကြောင့် အနာဂတ်မှာ အခုလိုကိစ္စမျိုး ထပ်မဖြစ်ရလေအောင် အရှေ့ပိုင်းဝမ်ကူးကုန်းမြေထဲက သူတော်စင်ကုန်းမြေတွေကို ငါတို့အသိပေးကြေညာလိုက်တယ်… မင်းတို့တွေ သုံးရက်အတွင်း အရှေ့ပိုင်းဝမ်ကူးကုန်းမြေကနေ ထွက်ခွာသွားကြပါ ”

“ သုံးရက်ကြာပြီးလို့ ကျန်ရှိနေသေးတဲ့ သူတော်စင်ကုန်းမြေတွေက အရှေ့ပိုင်းဝမ်ကူးကုန်းမြေရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ခံရမယ် ”

ထိုအမိန့်တော်ကို ထုတ်ပြန်လိုက်သည်နှင့်ချက်ချင်း ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသက လုံးဝဆူပူအုံကြွသွားသည်။

All Chapters