နေလုံးက လောကကို လှည့်ပတ်ခြင်း
Vol. 93 Ch. 1444
ဝမ်ကူးကုန်းမြေသည် အလွန်အမင်း ကျယ်ပြောသည်။ နတ်ဘုရားမျက်နှာပျက်ကြီးမရောက်လာခင် နေလုံးသည် စုစုပေါင်း (၃၇)စင်း ရှိခဲ့သည်။
ထိုနေ(၃၇)စင်းသည် တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားကြသည်။ မူလဇစ်မြစ်သော်လည်းကောင်း သို့မဟုတ် သတ္ထုပစ္စည်းသော်လည်းကောင်း ၎င်းတို့ဆီမှာ ကိုယ်စီထူးခြားချက်များနှင့် လျှို့ဝှက်ဆန်းကြယ်သော နောက်ကြောင်းရာဇဝင်များ ရှိကြသည်။
၎င်းတို့ထဲတွင် ပိုပြီးထူးခြားဆန်းကြယ်သော နေတစ်စင်းနှင့် လစန္ဒာတစ်ခု ရှိသည်။
ဒဏ္ဍာရီအရ လွန်ခဲ့သော နှစ်ပေါင်းမြောက်များစွာတုန်းက ဝမ်ကူးကုန်းမြေကို ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်က အုပ်ချုပ်ခဲ့စဉ် နေ(၃၆)စင်း ရှိခဲ့သည်။
လစန္ဒာသည်လည်း (၃၆)ခု ရှိခဲ့သည်။
ယင်းက အင်မော်တယ်များနှင့် နတ်ဘုရားများကြား၌ စစ်ပွဲမဖြစ်ပွားခင်အထိ ကြာမြင့်ခဲ့သည်။ စစ်ပွဲပြီးဆုံးပြီးနောက် ဝမ်ကူးကုန်းမြေကို အင်မော်တယ်များက လွှဲပြောင်းအုပ်ချုပ်ခဲ့စဉ် နေတစ်စင်းနှင့် လစန္ဒာတစ်ခု ထပ်တိုးလာခဲ့သည်။
ဒဏ္ဍာရီထဲမှာတော့ ထိုနေလုံးနှင့် လစန္ဒာက ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်မှဖြစ်သည်ဟု ဖော်ပြထားသည်။
ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ် ချိပ်ပိတ်ခံရပြီးနောက် ၎င်းတို့က ရှေးခေတ်နွေဦးအင်မော်တယ်များ၏ ခွင့်ပြုချက်ဖြင့် အသက်ရှင်ခဲ့ကြသော နတ်ဘုရားများ ဖြစ်ကြသည်။
သဘောတူညီချက်အရ ၎င်းတို့က ဝမ်ကူးကုန်းမြေကို လှည့်ပတ်စောင့်ကြပ်ပေးရမည်။
၎င်းတို့ထဲတွင် နေလုံးသည် ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်၏ အိမ်ရှေ့စံမင်းသားဖြစ်သည်။
၎င်း၏ နာမည်က ရွှေကျီးကန်းဖြစ်ပြီး ၎င်း၏ တာဝန်က နေ့အချိန်တွင် ဝမ်ကူးကုန်းမြေကို လှည့်ပတ်စောင့်ကြပ်ပေးရန် ဖြစ်သည်။
လစန္ဒာသည် ရိုဘင်ဖြစ်သည်။
ရိုဘင်ဟူသော နာမည်သည် ကြင်နာခြင်း၊ အပြစ်ကင်းစင်ခြင်းနှင့် လှပသော အချစ်ကို ကိုယ်စားပြုသည်။ ၎င်းက ညအချိန်တွင် ဝမ်ကူးကုန်းမြေကို လှည့်ပတ်ပေးရသည်။
ထိုသို့ဖြင့် ဝမ်ကူးကုန်းမြေတွင် နေ့နှင့်ညသည် တစ်လှည့်စီ ပြောင်းလဲဖြစ်ပေါ်လာသည်။ ရှားပါးသော အချိန်အခါမျိုးတွင်သာ နေလုံးနှင့် လစန္ဒာကို အတူတကွ ယှဉ်တွဲပြီး မြင်နိုင်ပေသည်။
ထို့ပြင် ၎င်းတို့က အလင်းရောင်ထွန်းလင်းပေးသည်မှာ ဝမ်ကူးကုန်းမြေကို မဟုတ်ပေ။ ယင်းအစား လျှို့ဝှက်ဆန်းကြယ်သော အပြင်ပိုင်းပင်လယ်ဖြစ်သည်။
ထိုသို့ဖြင့် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။
အချိန်ကုန်လွန်သွားသည်နှင့်အမျှ သမိုင်းကြောင်းများက ပျောက်ကွယ်သွားကြသည်။
ဝမ်ကူးကုန်းမြေထဲမှာ မျိုးဆက်သစ်ကျင့်ကြံသူများနှင့် အသင်္ချေမျိုးနွယ်စုများ ထွက်ပေါ်လာကြသည့်အခါ ဝမ်ကူးကုန်းမြေ၏ နေလသမိုင်းမှတ်တမ်းက တဖြည်းဖြည်း မေ့လျော့ခံလာရသည်။
ယင်းက နတ်ဘုရားမျက်နှာပျက်ကြီး မဆင်းသက်လာခင်အထိ ကြာမြင့်ခဲ့သည်။
မတူညီသော အကြောင်းအမျိုးမျိုးကြောင့် နေ(၃၇)စင်းထဲမှ ထက်ဝက်ကျော်သည် ကြွေကျပျက်စီးသွားပြီး နေ(၁၇)စင်းသာ ကျန်ရစ်ခဲ့သည်။
ထို့ကြောင့် ပျက်စီးသွားသော နေလုံးများ၏ သမိုင်းမှတ်တမ်းများက တဖြည်းဖြည်း ပျောက်ကွယ်လာပြီး နောက်ပိုင်းမှာ ယင်းတို့ကို မည်သူမှ မသိကြတော့ချေ။ သူတို့က ယင်းတို့ကို ဒဏ္ဍာရီများအဖြစ်သာ သတ်မှတ်ခဲ့ကြသည်။
မျက်မှောက်ခေတ်တွင် နေ(၁၇)စင်းက ဝမ်ကူးကုန်းမြေ၏ နေရာအနှံ့မှာ ပြန့်ကျဲနေကြောင်း လူအများက သိထားကြသည်။
တချို့သည် အလွန်နီးကပ်ကြပြီး တချို့သည် အဆုံးမဲ့စွာ ဝေးကွာကြသည်။
ထိုအချက်ကြောင့် ဝမ်ကူးကုန်းမြေ၏ တစ်စိတ်တစ်ပိုင်းက အမြဲတမ်း နေ့အချိန်သို့ ကျရောက်နေပြီး တခြားတစ်စိတ်တစ်ပိုင်းက ညအချိန်သို့ အမြဲတမ်း ကျရောက်နေခြင်း ဖြစ်သည်။
ထိုနေနှင့်လ ကြွေကျပျက်စီးသွားပြီးနောက် လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းသော အပြင်ပိုင်းပင်လယ်က အမြဲတမ်း အမှောင်ဖုံးလွှမ်းသွားသည်။
သို့သော်လည်း နန်းဟွမ်ကုန်းမြေ၊ သန့်စင်ရေလှိုင်းဒေသကြီးနှင့် အနီးနားမှ ဒေသကြီးနှစ်ခုသည်တော့ ကံကောင်းသည်ဟု ဆိုရမည်။
အဘယ့်ကြောင့်ဆိုသော် ဤဧရိယာတွင် တည်ရှိနေသော နေလုံးက နှစ်ထောင်ပေါင်းများစွာကြာအောင် တည်ရှိနေပြီး မည်သည့်အခါမှ မပြုတ်ကျသွားခဲ့ပေ။
၎င်းက ဆက်လက် တည်ရှိနေဆဲပင်။
၎င်းက အာရုဏ်တတ်ချိန်မှာ ထွက်ပေါ်လာပြီး ဤဧရိယာကို အလင်းရောင်ပေးကာ သက်ရှိအားလုံးကို ၎င်း၏ အနွေးဓာတ်ဖြင့် အားဖြည့်ပေးလိမ့်မည်။
နှစ်ထောင်ပေါင်းများစွာကြာအောင် ထိုသဘောတရားက မပြောင်းလဲသွားပေ။ ယင်းက အမြဲတမ်းအမှန်တရား ဖြစ်လာသည်။
ယနေ့သည်လည်း ထို့အတူပင်။
သို့သော်လည်း ယနေ့နံနက်ခင်းသည် ပုံမှန်နှင့် အနည်းငယ် ခြားနားနေသည်။ ယနေ့ နေအလင်းရောင်သည် ပုံမှန်ထက် ပိုပြီးထွန်းလင်းတောက်ပပြီး အပူချိန်သည် ပိုပြီးပြင်းထန်သည်။ နေရောင်ခြည်၏ အနွေးဓာတ်သည်လည်း ပိုပြီးသိပ်သည်းလာသည်။
ဤဧရိယာတစ်ဝိုက်မှ သက်ရှိအားလုံးက ထိုသဘာဝကို နေသားကျနေလေရာ ယခု ပုံမှန်မဟုတ်သော အဖြစ်အပျက်က ဖြစ်ပေါ်လာသည့်အခါ သူတို့က ချက်ချင်း သတိထားမိသွားကြသည်။
ယင်းက ပင်ကိုယ်ဗီဇတုံ့ပြန်မှု ဖြစ်သည်။
ကျင့်ကြံသူများသော်လည်းကောင်း၊ သေမျိုးများသော်လည်းကောင်း သို့မဟုတ် မျိုးနွယ်စုများသော်လည်းကောင်း ၎င်းတို့က ယင်းကို တူညီစွာ အာရုံခံမိသွားကြသည်။
သို့ဖြစ်၍ အာရုဏ်တတ်ချိန်ရောက်လာပြီး ဤဧရိယာမှ အလင်းရောင်က ဖော်မပြနိုင်အောင် ထွန်းလင်းတောက်ပလာသည့်အခါ မျိုးနွယ်ခြားများသော်လည်းကောင်း၊ ကျင့်ကြံသူများသော်လည်းကောင်း၊ သေမျိုးများသော်လည်းကောင်း၊ သားရဲများသော်လည်းကောင်း ၎င်းတို့အားလုံးက တစ်ပြိုင်နက် ခေါင်းမော့လိုက်ကြပြီး ကောင်းကင်ကို ကြည့်လိုက်ကြသည်။
နောက်အခိုက်အတန့်မှာ သက်ရှိအားလုံး၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ ဤသည်မှာ ဆူနာမီလှိုင်းလုံးက သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာပြီး သူတို့၏ ဝိညာဉ်ကို ဝါးမျိုလိုက်သည့်အလားပင်။ ယင်းက ကမ္ဘာတုန်လှုပ်စေနိုင်သော မုန်တိုင်းကို ဖြစ်ပေါ်စေပြီး သူတို့၏ စိတ်ထဲမှတဆင့် ခန္ဓာကိုယ်တစ်လျှောက်သို့ ပျံ့နှံ့သွားသည်။
သူတို့က ချောက်ချားခြင်း၊ ထိတ်လန့်ခြင်းနှင့် မယုံကြည်နိုင်ခြင်းကို ခံစားမိသွားကြသည်။
စိတ်ခံစားချက်မျိုးစုံက ဤအခိုက်အတန့်မှာ သူတို့၏ စိတ်ထဲ၌ ထွက်ပေါ်လာကြသည်။
အဘယ့်ကြောင့်ဆိုသော် နန်းဟွမ်ကုန်းမြေ၊ သန့်စင်ရေလှိုင်းဒေသကြီး၊ တောင်ပိုင်းအီစီလီဒေသကြီးနှင့် အတွင်းပိုင်းပင်လယ်ထဲမှ မရေမတွက်နိုင်သော ကျွန်းစုများသည် ကောင်းကင်ပေါ်တွင် နေနှစ်စင်းထွက်ပေါ်လာသည်ကို မြင်လိုက်ရကြသည်။
လောကသည် ထိန်ထိန်လင်းသွားသည်။
တားမြစ်ပင်လယ်ထဲမှ အမှောင်ထုသည် နေနှစ်စင်း၏ ပြိုင်တူ ထွန်းလင်းတောက်ပမှုအောက်မှာ လွင့်ပြယ်သွားသည်။ ပင်လယ်ပြင်ပေါ်တွင် အစိမ်းရောင် အရိပ်အယောင်ကိုပင် မြင်တွေ့နိုင်လာသည်။ အာရုဏ်မတတ်ခင် ပင်လယ်ထဲသို့ ရွက်လွှင့်သွားခဲ့ကြသော လှေများနှင့် သင်္ဘောများသည် အံ့ဩသွားကြသည်။
သင်္ဘောများပေါ်မှ သေမျိုးများသည် ချက်ချင်း ဒူးထောက်လိုက်ကြပြီး နေနှစ်စင်းကို အရိုအသေပေးလိုက်ကြသည်။
ထိုအဖြစ်အပျက်က အအလေးနှင့် လက်ထောက်ညွှန်ကြားရေးမှူးနှစ်ယောက်ကို အံ့ဩထိတ်လန့်သွားစေသည်။
အားညိုသည် အသက်ရှူမြန်လာသည်။
ဟွမ်ယန်၏ အမူအရာသည် ပိုပြီးတည်ကြည်လာသည်။
လူတိုင်း၏ အကြည့်အောက်မှာ ပုပ်သိုးဆွေးမြေ့နေသော ဘီလူးသည် ကောင်းကင်ပေါ်မှာ ခြေလှမ်းကျဲကြီးများဖြင့် အရှေ့သို့ ဆက်လျှောက်သွားသည်။ ၎င်း၏ အနောက်တွင် ထွန်းလင်းတောက်ပသော ကြေးရထားလုံးက လိုက်ပါလာသည်။
ရထားလုံးသည် ဧရာမမီးဘောလုံးသဖွယ် သို့မဟုတ် အလင်းအရင်းအမြစ်သဖွယ် သို့မဟုတ် နေလုံးသဖွယ် အောက်မေ့ရသည်။
အဆုံးမဲ့သော အလင်းရောင်နှင့် အပူဓာတ်ကြားတွင် ရွှီချင်းက နဂါးရထားလုံးထဲမှာ မတ်မတ်ထိုင်နေသည်။ သူ၏ အသိစိတ်က ဟာလာဟင်းလင်းဖြစ်နေပြီး ရွှေကျီးကန်းက လောကကို နောက်တစ်ကြိမ် လှည့်ပတ်နေသော ဖြစ်စဉ်ပေါ်မှာ အပြည့်အဝ သူစိတ်နှစ်ထားသည်။
နဂါးရထားလုံးထဲတွင် ရေးထွင်းထားသော ရွှေကျီးကန်းအသက်ဓာတ်သန့်စင်အတတ်က ဤအခိုက်အတန့်မှာ အသက်ဝင်လာဟန် ရ၏။ ၎င်းက စီးဆင်းသွားပြီး အပြင်လောကမှာ ထွက်ပေါ်လာကာ အလင်းချိပ်တံဆိပ်များကို ဖွဲ့စည်းလိုက်သည်။
ယင်းတို့က စုဖွဲ့သွားပြီးနောက် ဝေဝါးသော ပုံရိပ်တစ်ခုက ရွှီချင်းကို ကျောပေးလျက် ထွက်ပေါ်လာသည်။
ရှေးဟောင်းအငွေ့အသက်သည် ထိုပုံရိပ်ထံမှ ထွက်ပေါ်လာသည်။
၎င်းက အစောနက ဟွမ်ယန်မြင်ခဲ့သော လူငယ်မှလွဲ၍ တခြားလူမဟုတ်ပေ။
ရွှီချင်းသည်လည်း ဤအခိုက်အတန့်မှာ သူ့ကို မြင်သွားသည်။
သူ၏ အသိစိတ်ထဲမှာ စိတ်ခံစားချက်လှိုင်းများက ထွက်ပေါ်လာသည်။ ရွှေကျီးကန်းထံမှ ထွန်းလင်းတောက်ပသော အလင်းရောင်နှင့် အမွေအနှစ်က ထိုပုံရိပ်နှင့် သူ့ကြားမှာ ဆက်သွယ်မှုတစ်ခုကို ဖြစ်ပေါ်စေသည်။
လူငယ်က အထီးကျန်မှု၊ ဝမ်းနည်းမှုနှင့် လွမ်းဆွေးမှုကို ခံစားနေရပုံပေါ်သည်။
အထီးကျန်မှုက ဘဝရှည်ကြီးမှ ဖြစ်ပေါ်လာသည်။
ဝမ်းနည်းမှုက သူ့မျိုးနွယ်၏ အဆုံးသတ်မှုမှ ဖြစ်ပေါ်လာသည်။
လွမ်းဆွေးမှုက ရိုဘင်နှင့် သူ့ကြားမှ သံယောဇဉ်မှ ဖြစ်ပေါ်လာသည်။
ရွှီချင်း၏ အသိစိတ်က ထိုစိတ်ခံစားချက်များထဲမှာ သူကိုယ်တိုင်ပင် သတိမထားမိဘဲ နစ်မြုပ်သွားသည်။ ထို့နောက် သူက နူးညံ့သော သက်ပြင်းချသံကို မသဲမကွဲ ကြားလိုက်ရသည်။
နေလုံးက လောကကို လှည့်ပတ်နေသည်။
နောက်အခိုက်အတန့်မှာ ကောင်းကင်ပေါ်တွင် နဂါးရထားလုံးကို ဆွဲနေသော ဘီလူးက တုန်ယင်သွားသည်။ နဂါးရထားလုံးမှ အလင်းရောင်သည် အရပ်မျက်နှာအဘက်ဘက်မှာ စုဝေးသွားပြီး ရထားလုံးကို ရွှေရောင်သို့ ပြောင်းလဲပစ်လိုက်သည်။ ထိုအခါ ယင်းက စစ်ရထားလုံးတစ်ခုသို့ အသွင်ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ရွှေရောင်အလင်းက ဘီလူး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ ယင်းက ရွှေရောင်စစ်ချပ်ဝတ်သို့ ပြောင်းလဲသွားသည်။ ရွှေရောင်စစ်ချပ်ဝတ်ကို ဆင်မြန်းလိုက်သည့်အခါ ဘီလူး၏ အရှိန်အဝါသည် မွန်မြတ်သန့်စင်မှုဖြင့် ပြည့်နှက်သွားသည်။
ဘီလူးသည် ခေါင်းမော့လိုက်သည်။ ၎င်း၏ ဟောင်းလောင်းပေါက် မျက်လုံးထဲမှာ ရွှေရောင်အလင်းထွက်ပေါ်လာသည်။ ထို့နောက် ၎င်းက နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်ပြီး ခြေလှမ်းကျဲကြီးများနှင့်အတူ အပြင်ပိုင်းပင်လယ်ဆီသို့ ဦးတည်လျှောက်သွားသည်။
သို့ဖြစ်၍ သက်ရှိအားလုံး၏ အမြင်တွင် နေလုံးအသစ်သည် လမ်းကြောင်းပြောင်းလိုက်ပြီး အပြင်ပိုင်းပင်လယ်ဆီသို့ ရွေ့လျားသွားသည်။
နေလုံးက ချဉ်းကပ်လာနေစဉ် အပြင်ပိုင်းပင်လယ်မှ အမှောင်ထုက ပရမ်းပတာ လှုပ်ခတ်သွားသည်။
နှစ်ထောင်ပေါင်းများစွာကြာပြီးနောက် အပြင်ပိုင်းပင်လယ်ထဲမှာ ပထမဆုံးအကြိမ် နေအလင်းရောင်ထွက်ပေါ်လာသည်။
အလင်းရောင်က ပင်လယ်ပြင်ပေါ်သို့ ကျဆင်းသွားသည့်အခါ အလင်းပြန်ခြင်းလော သို့မဟုတ် မူလအရောင်လော မသေချာသော်လည်း ပင်လယ်ရေထဲမှာ ခရမ်းရောင်တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။
ရွှေကျီးကန်းသည် ကောင်းကင်ပေါ်သို့ မြင့်မြင့် ပျံတတ်သွားသည်။ ၎င်းက ရွေ့လျားနေစဉ် အပြင်ပိုင်းပင်လယ်မှ အရာအားလုံးက ထွန်းလင်းတောက်ပသွားသည်။
၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း အလင်းရောင်ကို ဆောင်ကြဉ်းပေးပြီး အမှောင်ထုကို လွယ်ပြယ်စေလိမ့်မည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ အပြင်ပိုင်းပင်လယ်၏ မျက်နှာပြင်ကို မည်သူမဆို ရှင်းလင်းစွာ မြင်နိုင်လာသည်။
အပြင်ပိုင်းပင်လယ်မှ ပင်လယ်ရေသည် အတွင်းပိုင်းပင်လယ်ထက် ပိုပြီးမည်းနက်ပြီး ပိုပြီးသိပ်သည်းသည်။ ပင်လယ်ရေထဲမှ သတ္ထုဓာတ်သည်လည်း ပိုပြီးမြင့်မားသည်။
ဤနေရာတွင် ဆူနာမီလှိုင်းလုံးများက အနည်းငယ်သာ ရှိသည်။
ပင်လယ်ရေအောက်ထဲမှ မရေမတွက်နိုင်သော ရှေးဟောင်းအပျက်အစီးများကို ပင်လယ်မျက်နှာပြင်မှတဆင့် မြင်နိုင်ပေသည်။
ယင်းတို့က ကျောက်ဆောင်များ၊ ဧရာမအလောင်းများနှင့် ထူးဆန်းသော ဘုရားကျောင်းအပျက်များ ဖြစ်ကြသည်။
ပင်လယ်ထဲမှာ ကျွန်းစုသဖွယ် လွင့်မျောနေသော ဧရာမမျက်လုံးတစ်လုံးရှိသည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားသည် ပင်လယ်ရေထဲမှာ ပျံ့နှံ့နေသည်။
ပြည်နယ်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သော အလွန်ကျယ်ပြောသည့် အမည်မသိတည်ရှိမှုတစ်ခုသည် ပင်လယ်ပြင်ပေါ်မှာ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ အေးစက်စက် စိုက်ကြည့်နေသည်။
၎င်းက လောကကို လှည့်ပတ်နေသော နေလုံးကို ကြည့်နေခြင်း ဖြစ်သည်။
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။
ဘီလူးက နဂါးရထားလုံးကို ဆွဲပြီး အပြင်ပိုင်းပင်လယ်၏ ကောင်းကင်ပေါ်မှာ လှည့်ပတ်နေသည်။ နေမွန်းတည့်ချိန်တွင် နေလုံးက အတောက်ပဆုံးအချိန်သို့ ကျရောက်သွားသည့်အခါ ၎င်းက ကောင်းကင်ပေါ်မှာ ရပ်တန့်သွားသည်။
မရေမတွက်နိုင်သော အကြည့်များနှင့် နတ်ဘုရားစိတ်အာရုံများက အပြင်ပိုင်းပင်လယ်ထဲမှ ပျံ့နှံ့ထွက်လာကြပြီး ဤနေရာမှာ စုဝေးသွားကြသည်။ ဤသည်မှာ ၎င်းတို့က တစ်စုံတစ်ခုကို မျက်မြင်သက်သေပြုပေးနေသည့်အလားပင်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်း၏ အရှေ့မှာ မတ်တတ်ရပ်နေသော ပုံရိပ်က ဖြည်းညင်းစွာ အနောက်လှည့်လိုက်သည်။
သူက ရွှီချင်းကို စိုက်ကြည့်လိုက်သည်။
သူတို့နှစ်ယောက်၏ အကြည့်ချင်း တွေ့ဆုံသွားသည့်အခိုက် ရွှီချင်း၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။
မရေမတွက်နိုင်သော သတင်းအချက်အလက်များက ဒီရေလှိုင်းများသဖွယ် သူ၏ စိတ်ထဲသို့ ဒလဟော တိုးဝင်လာကြသည်။
ယင်းက အမွေအနှစ်တစ်ခုဖြစ်သည်။
ယင်းက ရွှေကျီးကန်းထံမှ တိုက်ရိုက် ဆင်းသက်လာသော အစစ်အမှန်အမွေအနှစ် ဖြစ်သည်။
ရွှီချင်းက အသွင်ပြောင်းလဲထားသော ရွှေကျီးကန်းက ချက်ချင်း ထွန်းလင်းတောက်ပလာသည်။
နောက်အခိုက်အတန့်မှာ လူငယ်၏ ပုံရိပ်က မျက်လုံးမှိတ်လိုက်သည်။
နဂါးရထားလုံး၏ အပြင်ဘက်မှ ဘီလူးသည် ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသော အော်သံကို ထုတ်ဖော်လိုက်ပြီး ၎င်းလျှောက်လှမ်းခဲ့သော ခရီးစဉ်ကို ပြန်လှည့်ကြည့်လိုက်သည်။
ထို့နောက် ဘီလူးနှင့် နဂါးရထားလုံးက အဝေးသို့ ထွက်ခွာသွားသည်နှင့်ချက်ချင်း ဤနေရာမှ ယာယီမောင်းထုတ်ခံလိုက်ရသော အမှောင်ထုက လောဘတကြီး ပြန်ရောက်လာပြီး ဟင်းလင်းပြင်ကို အပြည့်ဖုံးလွှမ်းလိုက်သည်။
နောက်ဆုံးမှာတော့ နေဝင်ဆည်းဆာချိန်သို့ ရောက်သွားသည့်အခါ နဂါးရထားလုံးက အပြင်ပိုင်းပင်လယ်ထဲမှ ထွက်ခွာသွားသည်။
သို့ဖြစ်၍ အပြင်ပိုင်းပင်လယ်သည် တဖန်မည်းမှောင်သွားသည်။
ဘီလူး၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်စစ်ချပ်ဝတ်သည် ဖြည်းညင်းစွာ မှေးမှိန်သွားပြီး ၎င်း၏ ပုပ်သိုးဆွေးမြေ့နေသော ခန္ဓာကိုယ်က ပြန်ရောက်လာသည်။
နဂါးရထားလုံးမှ အလင်းရောင်သည်လည်း ပြန်လည်မှေးမှိန်သွားပြီး ယိုယွင်းပျက်စီးနေသော အခြေအနေသို့ ပြန်ရောက်သွားသည်။
နေဝင်ဆည်းဆာက လွင့်ပြယ်သွားသည်။
အားညိုနှင့် ဟွမ်ယန်၏ အကြည့်အောက်မှာ ဘီလူးသည် ကောင်းကင်ပေါ်မှ ပြန်လည်ဆင်းသက်လာသည်။ ၎င်းက သေခြင်းအရှိန်အဝါကို ထုတ်လွှတ်လျက် တစ်လှမ်းချင်း လျှောက်လှမ်းပြီး အတွင်းပိုင်းပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။
နဂါးရထားလုံးသည်လည်း ပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။
၎င်းက ပင်လယ်ထဲသို့ နစ်မြုပ်သွားသည့်အခိုက် သိမ်မွေ့ညင်သာသော စွမ်းအားက နဂါးရထားလုံးထံမှ ပျံ့နှံ့ထွက်လာပြီး အမွေဆက်ခံနေသော ရွှီချင်းကို အပြင်သို့ ပို့ဆောင်ပေးလိုက်သည်။
ထို့နောက် နဂါးရထားလုံးသည် ပင်လယ်ရေအောက်ထဲသို့ အပြည့်အဝ နစ်မြုပ်သွားသည်။
ပင်လယ်ရေအောက်ထဲတွင် ဘီလူးက နဂါးရထားလုံးကို ဆွဲနေစဉ် အချိန်မြစ်ထဲမှ ပုံရိပ်ယောင်နန်းတော်တစ်ခုက ၎င်း၏ အရှေ့မှာ ထွက်ပေါ်လာဟန် ရသည်။
နန်းတော်၏ အပြင်ဘက်တွင် ဘီလူးက ရပ်တန့်လိုက်ပြီး လှုပ်ရှားမှုကင်းမဲ့စွာ ဒူးထောက်ချလိုက်သည်။
လူငယ်၏ ဝေဝါးသော ပုံရိပ်သည် ကြေးရထားလုံးထဲမှ ပြန်ဆင်းလာပြီး နန်းတော်ထဲသို့ တစ်လှမ်းချင်း လျှောက်ဝင်သွားသည်။ သူ၏ ခြေလှမ်းများက အလွန်နှေးကွေးပြီး အထီးကျန်သော အငွေ့အသက်ကို ပေးသည်။
သူက နန်းတော်ထဲသို့ ဝင်သွားပြီး ပလ္လင်ပေါ်မှာ တိတ်ဆိတ်စွာ ထိုင်လိုက်သည်။
ဘေးပတ်ဝန်းကျင်မှ အချိန်က တအိအိလှိုင်းထသွားသည့်အခါ တေးသံပညာရှင်က ထွက်ပေါ်လာသည်။
တေးသံပညာရှင်သည် လကြိုဆိုကောင်းကင်ဘုံတေးသွားကို စတင်တီးခတ်လိုက်သည်။
သာယာငြိမ့်ညောင်းသော တေးသံက ပျံ့လွင့်သွားစဉ် လူငယ်က ခေါင်းငုံ့လိုက်ပြီး တေးသံကို တစ်ယောက်တည်း နားထောင်လိုက်သည်။
သို့သော်လည်း တေးသွားကို မည်မျှတီးခတ်ပါစေ ရိုဘင်ဟုခေါ်သော လစန္ဒာက တားမြစ်ပင်လယ်ထဲမှာ ထွက်ပေါ်လာတော့မည် မဟုတ်ချေ။
သို့ဖြစ်၍ အထီးကျန်မှုက ထာဝရဖြစ်တည်လာပြီး တေးသံနှင့် အချိန်၏ လွှမ်းမိုးခံလိုက်ရသည်။ တစ်ချိန်တည်းမှာ နန်းတော်၏ အစစ်အမှန် အသွင်သဏ္ဍာန်က ထွက်ပေါ်လာသည်။
နံရံများက ကျိုးပဲ့ပျက်စီးနေပြီး အပျက်အစီးများက နေရာတိုင်းမှာ ပြန့်ကျဲနေသည်။
ဤနေရာက နန်းတော်အစား သင်္ချိုင်းတစ်ခုနှင့် ပိုပြီးဆင်တူသည်။
သင်္ချိုင်း၏ အပြင်ဘက်တွင် ဘီလူးက ဝမ်းနည်းကြေကွဲစွာ ဒူးထောက်နေသည်။
တားမြစ်ပင်လယ်၏ မျက်နှာပြင်ပေါ်တွင် ရွှီချင်းက အအလေး၏ ဓမ္မစစ်သင်္ဘောပေါ်မှာ တင်ပျဉ်ခွေထိုင်နေသည်။
အအလေးသည် ရွှီချင်း၏ ဘေးမှာ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေပြီး သူ့ကို စောင့်ကြပ်ပေးနေသည်။ သူက ဤနေရာမှ လူတိုင်းကို သတိကြီးစွာထားနေသည်။
အဝေးတွင် ရပ်နေကြသော ညွှန်ကြားရေးမှူးနှစ်ယောက်သည် ယခုအချိန်ထိ ထိတ်လန့်တုန်လှုပ်နေကြဆဲပင်။ သူတို့က ရွှီချင်းကို နတ်ဘုရားတစ်ပါးသဖွယ် ကြည့်နေကြသည်။ ယနေ့ဖြစ်ပျက်ခဲ့သော အရာအားလုံးက သူတို့၏ စိတ်ကူးနိုင်စွမ်းနှင့် နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
သူတို့က နဂါးရထားလုံး၏ ဒဏ္ဍာရီကို ကြားဖူးကြသည်။ သို့သော်လည်း နဂါးရထားလုံးထဲမှာ တစ်စုံတစ်ယောက်က ဝင်ထိုင်နိုင်ပြီး ယင်းက နေလုံးအသွင် ပြောင်းလဲနိုင်လိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြချေ။ သူတို့က နေထွက်ခြင်းနှင့် နေဝင်ခြင်းကိုပင် ကိုယ်တွေ့မြင်ခဲ့ကြသည်။
သို့ဖြစ်၍ သူတို့၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်နေပြီး ယခုထိ ပြန်မငြိမ်သက်သေးပေ။
အားညိုနှင့် ဟွမ်ယန်သည် ရွှီချင်းထံမှ အကြည့်မခွာနိုင်ကြချေ။
အထူးသဖြင့် အားညိုဖြစ်သည်။ ယနေ့ ရွှီချင်းဖြစ်ပျက်ခဲ့သော ကိစ္စက သူ့ကို အတော်လေး အံ့ဩထိတ်လန့်စေခဲ့သည်။ သို့ဖြစ်၍ သူက ရွှီချင်း၏ ရိတ်သိမ်းနိုင်မှုကို ပိုပြီးစိတ်ဝင်စားသည်။
ဟွမ်ယန်သည်တော့ ရွှီချင်း၏ ရိတ်သိမ်းမှုကို စိတ်မဝင်စားချေ။ သူက အိမ်ရှေ့စံမင်းသားရွှေကျီးကန်းအကြောင်းကိုသာ စိတ်ဝင်စားပြီး ရွှီချင်းကို ထိုအကြောင်းနှင့်ပတ်သက်ပြီး မေးမြန်းချင်နေသည်။ သို့ဖြစ်၍ သူက ရွှီချင်းကို တစ်ခဏကြာ စိုက်ကြည့်နေသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ကြည့်လိုက်သည်။
အနီရောင်အလင်းသည် ညကောင်းကင်ယံမှာ ထွက်ပေါ်လာသည်။
အလင်းသည် ပျံ့ပွားသွားပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထိုအခါ မည်းမှောင်နေသော ကောင်းကင်က အနီရောင်သို့ ပြောင်းလဲသွားသည်။
ပင်လယ်သည်လည်း ထို့အတူပင်။ ဤသည်မှာ ယင်းက သွေးပင်လယ်သို့ ပြောင်းလဲသွားဟန် ရ၏။
အဆုံးမဲ့သော အနီရောင်က စုဝေးသွားသည့်အခါ နတ်ဘုရားတစ်ပါးက ထွက်ပေါ်လာသည်။
ထိုနတ်ဘုရားသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ခြေတစ်လှမ်းနှင့်အတူ ဓမ္မစစ်သင်္ဘောပေါ်သို့ ရောက်ရှိသွားသည်။ သူဆင်းသက်လာသည့်အခိုက် အအလေးနှင့် လက်ထောက်ညွှန်ကြားရေးမှူးနှစ်ယောက်က သတိမေ့လဲသွားကြသည်။
သွေးလေက တိုက်ခတ်လာပြီး နတ်ဘုရား၏ ကြက်သွေးရောင်ဝတ်စုံက တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ လေတိုးဝှေ့မှုကြောင့် သူ၏ ဆံပင်ရှည်က ညင်သာစွာ လွင့်မျောသွားပြီး ချောမောခန့်ညားသော မျက်နှာက ရှင်းလင်းစွာ ထွက်ပေါ်လာသည်။ ယင်းက ဟွမ်ယန်နှင့် အားညို၏ အကြည့်ကို ဖမ်းစားသွားသည်။
အားညိုက မျက်လုံးမှေးကျဉ်းလိုက်သည်။ ထို့နောက် သူက အံ့ဩသော အမူအရာကို ထုတ်ဖော်လိုက်ပြီး ရွှီချင်း၏ အရှေ့မှာ ဝင်ရပ်လိုက်သည်။ သူက နတ်ဘုရားကို ချက်ချင်း အရိုအသေပေးလိုက်သည်။
“ ဘယ်သူရောက်လာတာလဲလို့ ငါစဉ်းစားနေတာ လက်စသတ်တော့ စီနီယာယုလျှိုချန်းကို… ဒါကြောင့် ကောင်းကင်က အရောင်မှေးမှိန်သွားတာကို ”
ဟွမ်ယန်က မည်သည့်စကားမှ မပြောပေ။ သို့သော်လည်း သူ၏ မျက်နှာက တည်ကြည်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းအတတ်အကျများက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
“ ဘာမှစိုးရိမ်နေစရာမလိုပါဘူး… ငါဒီကိုလာတာ ရွှီချင်းဆီက အကြွေးလာတောင်းတာပါ ”
ယုလျှိုချန်းက ရယ်မောလိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ ဝါးစားပွဲခုံနှင့် လက်ဖက်ရည်ခွက်လေးခွက်က သူ၏ ဘေးမှာ ထွက်ပေါ်လာကြသည်။
သူက လက်ဖက်ရည်ကို ကိုယ်တိုင်ငှဲ့လိုက်ပြီး လက်ဖက်ရည်တစ်ခွက်ကို ကောက်ယူလိုက်ကာ တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူက ဟွမ်ယန်နှင့် အားညိုကို ကြည့်လိုက်ပြီး ပြောသည်။
“ လက်ဖက်ရည်သောက်ပါဦး ”