← Chapters

အလင်းရောင်ကို ဝါးမျိုသော နတ်ဘုရား

Vol. 93 Ch. 1442

အလင်းရောင်ကို ဝါးမျိုသော နတ်ဘုရား

Vol. 93 Ch. 1442

ဧကရီ၏ အမိန့်တော်ကို ထုတ်ပြန်ကြေညာပြီး ငါးရက်မြောက်နေ့တွင်…

ရာသီဥတုသည် သာယာပြီး လေသည် သိမ်မွေ့ညင်သာသည်။ နေမင်းသည် ကောင်းကင်ပေါ်တွင် ထိန်ထိန်လင်းစွာ တောက်ပနေသည်။

နံနက်ခင်းနေအလင်းရောင်က ချီယွဲ့ထုံဂိုဏ်း၏ ဆိပ်ကမ်းပေါ်သို့ ကျရောက်လာသည်။

လူစည်ကားသော ဆိပ်ကမ်းတွင် သွားလာလှုပ်ရှားနေကြသူများဖြင့် ပြည့်နှက်နေသည်။ ကျင့်ကြံသူများသာမက သေမျိုးများသည်ပင် ရှိကြသည်။ သူတို့ထဲတွင် အများစုသည် အနီးနားရှိ ကျွန်းစုများမှ ရောက်ရှိလာကြသော မျိုးနွယ်ခြားများ ဖြစ်ကြသည်။ သူတို့က ကုန်သွယ်ရန် ဆိပ်ကမ်းဆီသို့ ရောက်လာကြသည်။

လက်ရှိချီယွဲ့ထုံဂိုဏ်းသည် တားမြစ်ပင်လယ်ထဲတွင် အရှင်သခင်တစ်ပါးဖြစ်သည်။ ၎င်း၏ ဩဇာအာဏာက အတွင်းပိုင်းပင်လယ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ မရေမတွက်နိုင်သော ကျွန်းစုများသည် အညံ့ခံရန် ဆန္ဒရှိကြသည်။

နန်းဟွမ်ကုန်းမြေမှ အရင်းအမြစ်အားလုံးသည် ပုံမှန်အားဖြင့် ချီယွဲ့ထုံဂိုဏ်း၏ ဆိပ်ကမ်းမှာ စုဝေးသွားလေ့ရှိသည်။ ကုန်ပစ္စည်းများကို နေရာအသီးသီးဆီသို့ ပို့ဆောင်ပေးရင်း ယင်ဟွမ်ပြည်နယ်နှင့် ဆက်သွယ်ထားသော ဤဆိပ်ကမ်းသည် ဝမ်ကူးကုန်းမြေထဲမှ ကုန်ပစ္စည်းအမျိုးမျိုးကို ကုန်ကူးသန်းရောင်းဝယ်သည်။

အဆင့်မြင့်ကျင့်ကြံသူများသည် ထိုသို့ကိစ္စမျိုးတွင် ဝင်မပါကြချေ။ အဆင့်နိမ့်ကျင့်ကြံသူများသည်သာ ယင်းကို စီမံဆောင်ရွက်ကြသည်။ ယင်းက အလွန်ကျယ်ပြောသော အခြေခံလူတန်းစားတစ်ရပ်ကို ဖြစ်ပေါ်လာစေပြီး ဂိုဏ်း၏ ဖွင့်ဖြိုးတိုးတတ်မှုနှင့် တပည့်များကို လေ့ကျင့်ပျိုးထောင်ပေးရာတွင် အလွန်အရေးပါသည်။

ရလဒ်အနေဖြင့် အလွန်များပြားသော ဓမ္မလှေများနှင့် မျိုးနွယ်ခြားသင်္ဘောများက ဆိပ်ကမ်းထဲတွင် အမြဲမပြတ် ဝင်ထွက်နေကြသည်။ ခရီးသည်များသည် ဆိပ်ကမ်း၏ အပြင်ဘက်တွင် အမြဲတစေ စောင့်ဆိုင်းနေကြလေ့ရှိသည်။

သို့တိုင်အောင် အရာအားလုံးက အစီအစဉ်တကျ သွားနေသည်။ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ ချီယွဲ့ထုံဂိုဏ်း၏ ဌာနအသီးသီးက ဤဆိပ်ကမ်းထဲမှ ပြည်သူပြည်သူများ၏ ဘေးကင်းလုံခြုံမှုကို အမြဲတမ်း စောင့်ကြပ်ပေးနေသောကြောင့် ဖြစ်သည်။

အထူးသဖြင့် လူဆိုးထိန်းဌာနဖြစ်သည်။ လူဆိုးထိန်းဌာနမှ အဖွဲ့ဝင်အများစုသည် သနားကြင်နာပုံပေါ်ကြသည်။

သို့သော်လည်း မျိုးနွယ်ခြားများသည်တော့ လူဆိုးထိန်းဌာန၏ ဝတ်စုံကို ဝတ်ဆင်ထားကြသော ထိုတပည့်များကို အလွန်စိုးရိမ်ကြောင့်ကြကြသည်။

ထိုလူဆိုးထိန်းများ၏ သနားကြင်နာသော အသွင်ပုံစံက အပေါ်ယံမျက်နှာဖုံးသာဖြစ်ကြောင်း သူတို့သိထားကြသည်။

အမှန်မှာ သူတို့အားလုံးက ဉာဏ်များကြသည်။ သူတို့က ရယ်မောနေရင်း တစ်ချိန်တည်းမှာ ဓားဖြင့် ထိုးနိုင်ကြသည်။

ဤနှစ်များတွင် ချီယွဲ့ထုံဂိုဏ်း၏ မြင့်တတ်လာမှုနှင့်အတူ ပြဿနာရှာချင်သူများသည် အလောင်းများဖြစ်သွားကြပြီး ရာဇဝတ်သားများသည် အသတ်ခံလိုက်ရကြသည်။ ယင်းတို့က အကောင်းဆုံး သာဓကများ ဖြစ်ကြသည်။

မျိုးနွယ်ခြားများ၏ ယခင်မျိုးဆက်များသည် ယင်းကို ကောင်းမွန်စွာ နားလည်ထားကြသည်။ ငယ်ရွယ်သော မျိုးနွယ်ခြားများသည်လည်း သူတို့ထံမှ ယင်းကို သင်ယူနားလည်ခဲ့ကြသည်။ အတိတ်တွင် ချီယွဲ့ထုံဂိုဏ်း၏ သတ္တမတောင်ထွတ်မှ တပည့်များတွင်သာ ထိုသို့အမူအကျင့်မျိုး ရှိကြသည်။

သို့သော်လည်း ယခုတော့ တောင်ထွတ်အားလုံးမှ လူဆိုးထိန်းဌာနအားလုံးသည် ထိုသို့အမူအကျင့်အတိုင်း ပြုမူလာကြသည်။

အမှန်မှာ ကျယ်ကျယ်ပြန့်ပြန့် ကြည့်မည်ဆိုလျှင် လူဆိုးထိန်းဌာနများသာ မဟုတ်ပေ။ ချီယွဲ့ထုံဂိုဏ်း၏ တခြားတောင်ထွတ်များမှ တပည့်များသည်လည်း အတိတ်တုန်းက သတ္တမတောင်ထွတ်၏ အမူအကျင့်မျိုး ရှိလာကြသည်။

ဤသည်မှာ ထိုပုံစံက ရေပန်းစားလာဟန် ရသည်။

“ အဲ့ဒီလူတွေက အရမ်းရက်စက်ကြမ်းကြုတ်တယ် ”

ဤသည်မှာ အင်အားစုအားလုံးက တူညီစွာ နားလည်ထားကြသော အမြင်ဖြစ်သည်။

သို့သော်လည်း သူတို့တတ်နိုင်သောအရာ မရှိပေ။ သူတို့က ချီယွဲ့ထုံဂိုဏ်းကို မဆန့်ကျင်ဝံ့လေရာ လူဆိုးထိန်းဌာနကိုတော့ ပြောနေစရာပင် မလိုပေ။

အဘယ့်ကြောင့်ဆိုသော် ယခု အရှေ့ပိုင်းဝမ်ကူးကုန်းမြေ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော ပုဂ္ဂိုလ်တစ်ဦးသည် လူဆိုးထိန်းအဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။

တားမြစ်ပင်လယ်ထဲမှ အင်အားစုအားလုံးသည် ထိုပုဂ္ဂိုလ်ကို သိကြသည်။

လက်တလောတင် ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသတစ်ခုလုံးက သူ့ကြောင့် ဆူပူအုံကြွသွားခဲ့သည်။

သူ၏ အတိတ်တုန်းက ဒဏ္ဍာရီများကို မည်သည့်နေရာတွင်မဆို ရှာဖွေနိုင်သည်။

တားမြစ်ပင်လယ်ထဲတွင် သူ၏ နာမည်က မျိုးနွယ်စုတစ်ခုကို ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားစေနိုင်သည်ဟု ပြောလျှင် လွန်ကျူးရာမကျပေ။

သူက အထွတ်အမြတ် အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။

မျိုးနွယ်ခြားများက ထိုလူကို ကြောက်ရွံ့ရိုသေကြစဉ် ချီယွဲ့ထုံဂိုဏ်း၏ တောင်ထွတ်ခုနစ်ခုစလုံးမှ လူဆိုးထိန်းဌာနအားလုံးက သူ့ကို ကိုးကွယ်ပူဇော်ကြသည်။ သူတို့က ထိုလူကို နတ်ဘုရားတစ်ပါးပမာ သဘောထားကြသည်။

ဤအခိုက်အတန့်တွင် လူဆိုးထိန်းဌာနမှ ထိုနတ်ဘုရားသည် သတ္တမသခင်ကြီး နေထိုင်ခဲ့သော စံအိမ်ထဲမှာ တင်ပျဉ်ခွေထိုင်နေသည်။ သူက နံနက်ခင်း နေရောင်ခြည်အောက်မှာ တိတ်တဆိတ် ကျင့်ကြံနေသည်။

သူအသက်ရှူသွင်းလိုက်တိုင်း ကောင်းကင်ပေါ်သို့ မြင့်တတ်သွားနေသော နေလုံးမှ ထုတ်လွှတ်လိုက်သော အလင်းရောင်က သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားလိမ့်မည်။ ဤသည်မှာ သူက အလင်းရောင်ကို ဝါးမျိုနေသည့်အလားပင်။

ထိုအလင်းရောင်သည် သလင်းကျောက်အမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာ ယင်းက ရွှီချင်း၏ ရွှမ်သူရိန်အင်မော်တယ်အလင်းကို အာဟာရဖြည့်ပေးနေသည်။

နေရောင်ခြည်အောက်မှာ သူက အလင်းရောင်ကို ဝါးမျိုလိုက်တိုင်း သူ၏ ခန္ဓာကိုယ်က ပိုပြီးကိုယ်ရောင်ကိုယ်ဝါ တောက်ပလာသည်။

ခရမ်းရောင်ဝတ်စုံ၊ ခရမ်းရောင်ဆံပင်ရှည်၊ ချောမောခန့်ညားသော မျက်နှာနှင့် ထွားကြိုင်းသန်မာသော ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် သူက ပြီးပြည့်စုံသော အမျိုးသားဟူသည့် ခံစားမှုကို ပေးသည်။

“ သူက အဲ့ဒီမျက်နှာကို အသုံးချပြီး ပိုကောင်းတဲ့ ဘဝမှာ နေနိုင်တယ်… ဥပမာ သူက ဟိုမြေခွေးမနဲ့ တူနှစ်ကိုယ်ကျင့်ကြံပြီး အလွယ်တကူ အဆင့်တတ်နိုင်တယ်… ဒါပေမဲ့ သူက ခက်ခက်ခဲခဲ ကြိုးစားဖို့ ရွေးချယ်နေတုန်းပဲ… ”

“ ငါ့ရဲ့ ဂျူနီယာညီလေးလို့ မျှော်လင့်ထားသလိုပါပဲ… သူ့ရဲ့ ရွေးချယ်မှုက အတိတ်ဘဝမှာ ငါလုပ်ဆောင်ခဲ့တာနဲ့ တစ်ပုံစံတည်းပဲ ”

အားညိုသည်လည်း စံအိမ်ထဲမှာ ထိုင်နေသည်။ သူက ရွှီချင်းကို တစ်ချက်ကြည့်ပြီးနောက် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်ပြီး သူ၏ ဘေးမှ ဒုတိယဂျူနီယာညီမလေးနှင့် ဟွမ်ယန်ကို ပြောသည်။

ဒုတိယဂျူနီယာညီမလေးက နှုတ်ဆိတ်နေပြီး သူ့ကို လျစ်လျူရှုထားသည်။

သို့သော်လည်း ဟွမ်ယန်က မျက်ခုံးပင့်တင်လိုက်သည်။

“ အားညို… မင်းဆီက တစ်ခုခုပြုတ်ကျသွားသေးလား ”

အားညိုက ဘဝင်မြင့်သွားသည်။

“ ငါ့ကို အရှက်မဲ့တယ်လို့ မင်းက သွယ်ဝိုက်ပြီး ပြောချင်နေတာမလား… ယောက်ဖ… မင်းက ငယ်ပါသေးတယ် ”

ဟွမ်ယန်က စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူ၏ အရှက်မဲ့သော မျက်နှာက သူ့ကို သေသည်အထိ ထိုးနှက်ချင်လာအောင် ဖြစ်စေသည်။

အားညိုက ပြန်လည်စိုက်ကြည့်လိုက်သည်။ ပင်လယ်ထဲမှာဆိုလျှင် သူက ဟွမ်ယန်ကို အနည်းငယ် ကြောက်လိမ့်မည်။ သို့သော်လည်း ယခု သူက ဂိုဏ်းထဲမှာ ရှိနေသည်။ အထူးသဖြင့် ဒုတိယဂျူနီယာညီမလေးက ဤနေရာမှာ ရှိနေလေရာ ဟွမ်ယန်ကို သူလုံးဝ မကြောက်ချေ။

သူတို့နှစ်ယောက် ရန်ဖြစ်တော့မည်ကို မြင်သောအခါ ဒုတိယဂျူနီယာညီမလေးက မျက်မှောင်ကြုတ်လိုက်သည်။

“ နင်တို့နှစ်ယောက် တော်လောက်ပြီ ”

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း ဟွမ်ယန်က တောင်းလျှိုးပန်လျှိုး ပြုံးလိုက်သည်။ အားညိုသည်တော့ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။

သူ၏ စီနီယာအကိုကြီးက ဘဝင်မြင့်နေကြောင်း မြင်သောအခါ အမှတ်နှစ်က ခေါင်းစဉ်ပြောင်းရန် ဆုံးဖြတ်လိုက်သည်။

“ ပြီးခဲ့တဲ့ နှစ်ရက်တုန်းက အရှေ့ပိုင်းဝမ်ကူးကုန်းမြေထဲက သူတော်စင်ကုန်းမြေတွေအားလုံး ထွက်ခွာသွားကြတယ်… သူတော်စင်ကုန်းမြေအသစ်တွေ မဆင်းသက်လာခင် အချိန်ကာလတစ်ခုထိတော့ အေးချမ်းလောက်ပါတယ် ”

“ ဒါပေမဲ့ မကောင်းဆိုးဝါးဘိုးဘေး မသေဆုံးခင်က ပြောပုံအရဆိုရင် အနာဂတ်မှာ ကျရောက်လာမယ့် စစ်ပွဲကို ဘယ်လိုမှ မရှောင်လွှဲနိုင်ဘူး… အခု ဆရာက တံခါးပိတ်ကျင့်ကြံနေတယ်… ဒီတော့ ချီယွဲ့ထုံဂိုဏ်းက စစ်ပွဲအတွက် ဘယ်လိုပြင်ဆင်ထားသင့်လဲ စီနီယာအကိုကြီး… အဲ့ဒီအတွက် မင်းမှာ အစီအစဉ်ရှိလား ”

“ ဒါပေါ့ ”

အားညိုက နှုတ်ခမ်းသပ်လိုက်သည်။

“ ဧကရီက အရမ်းကပ်စေးနဲတယ်… သူက ငါတို့ကို မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေရဲ့ အရင်းအမြစ်တစ်ဝက်ကိုပဲ ပေးတယ်… သူတော်စင်ကုန်းမြေရဲ့ ကောင်းကင်ဘုံတောင်ကိုတောင် သူက လက်ဝါးကြီးအုပ်သွားသေးတယ် ”

“ သူအရမ်းလွန်သွားပြီ… တကယ်လို့ ငါတို့က သူတော်စင်ကုန်းမြေကို အဆင့်မြှင့်တင်လိုက်မယ်ဆိုရင် အဲ့ဒါက အရမ်းအစွမ်းထက်တဲ့ သတ်ဖြတ်ခြင်းလက်နက်တစ်ခု ဖြစ်လာလိမ့်မယ် ”

“ ဒါကြောင့် ငါ့အစီအစဉ်က ကောင်းကင်ဘုံတောင်ကို ဧကရီဆီကနေ ပြန်လည်တောင်းဖို့ပဲ… အဲ့ဒီလိုမတောင်းခင် ငါတို့ချီယွဲ့ထုံဂိုဏ်းက အဖိုးကြီးရဲ့ နာမည်ကို ကောင်းကောင်းအသုံးချပြီး ဧကရီကို ပြစ်တင်ရှုံ့ချဖို့ စာတစ်ဆောင် ရေးရလိမ့်မယ်… ”

ထိုသို့ပြောပြီးနောက် ခေါင်းဆောင်က မျက်လုံးဝင်းလက်သွားသည်။

ယင်းကို ဟွမ်ယန်ကြားသောအခါ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူသည်လည်း အနည်းငယ် သွေးဆောင်ခံလိုက်ရသည်။

အမှတ်နှစ်သည် လေးနက်စွာ တွေးတောလိုက်သည်။ အချိန်တစ်ခဏကြာပြီးနောက် သူက စကားပြောတော့မည့်အချိန် သူ၏ အသံပို့လွှတ်ကျောက်စိမ်းပြားက ရုတ်တရက် တုန်ခါသွားသည်။ သူက ကျောက်စိမ်းပြားကို စစ်ဆေးကြည့်ပြီးနောက် အဝေးမှ ရွှီချင်းကို လှမ်းကြည့်လိုက်သည်။

“ ဂျူနီယာမောင်လေး… တစ်စုံတစ်ယောက်က မင်းရှာနေတဲ့ ကြေးရထားလုံးကို မြင်လိုက်တယ်တဲ့ ”

ထိုစကားကို ကြားသောအခါ တရားထိုင်နေသော ရွှီချင်းက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှ အလင်းရောင်အားလုံးကို ဝါးမျိုလိုက်ပြီး မျက်လုံးပြန်ဖွင့်လိုက်သည်။

သူ၏ ညာမျက်လုံးမှ တာအိုအမှတ်အသားက လင်းလက်သွားသည့်အခါ ဤနေရာမှ နိယာမများနှင့် ဥပဒေသများကို တုန်လှုပ်သွားစေမည့် ဖိအားက ဆင်းသက်လာသည်။ ကောင်းကင်သည်ပင် အရောင်ပြောင်းလဲသွားသည်။

ရွှင်းထိုင်နတ်ဆိုးနှင့် တိုက်ပွဲပြီးနောက် ရွှီချင်းက ချီယွဲ့ထုံဂိုဏ်းသို့ ပြန်ရောက်လာပြီး ပယ်ဖျက်ခြင်းအခွင့်အာဏာနှင့် နေသားကျရန် အာရုံစူးစိုက်ထားခဲ့သည်။ ထို့ကြောင့် ကြေးရထားလုံးကို ရှာဖွေရန် သူ့မှာ အချိန်မရှိပေ။

သို့သော်လည်း ကြေးရထားလုံးက အတွင်းပိုင်းပင်လယ်ထဲမှာ ရှိနေသေးကြောင်း သူသေချာသည်။

သို့ဖြစ်၍ သူက ဂိုဏ်းသို့ပြန်ရောက်လာပြီးနောက် ကြေးရထားလုံးကို ရှာဖွေရန် ချီယွဲ့ထုံဂိုဏ်းသားများကို တာဝန်တစ်ရပ် ထုတ်ပြန်လိုက်သည်။

ယခု ရလဒ်က ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်းက မတ်တတ်ရပ်လိုက်ပြီး ဒုတိယစီနီယာအမကို ကြည့်လိုက်သည်။

“ ကြေးရထားလုံးကို ရှာတွေ့သွားတဲ့ ဂိုဏ်းတပည့်က မင်းနဲ့ ဆက်ဆံရေးတချို့ ရှိတယ် ”

ဒုတိယစီနီယာအမက လက်ဝှေ့ယမ်းလိုက်ပြီး ရွှီချင်းထံသို့ အသံပို့လွှတ်ကျောက်စိမ်းပြားကို ပစ်ပေးလိုက်သည်။

“ ကျေးဇူးတင်ပါတယ် စီနီယာအမ ”

ရွှီချင်းက ကျောက်စိမ်းပြားကို ဖမ်းယူလိုက်သည်။ ကျောက်စိမ်းပြားထဲသို့ သူ၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်ပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက တားမြစ်ပင်လယ်၏ ဦးတည်ရာဆီသို့ လျှောက်သွားသည်။

အားညိုသည်လည်း မတ်တတ်ရပ်လိုက်ပြီး ရယ်မောလိုက်သည်။

“ ဂျူနီယာညီလေး… စီနီယာအကိုကြီးလည်း မင်းကို ကာကွယ်ပေးဖို့ လိုက်ခဲ့မယ် ”

သူက စကားပြောပြီးနောက် ကောင်းကင်ပေါ်သို့ လျှောက်သွားပြီး ရွှီချင်းနှင့်အတူ ပျောက်ကွယ်သွားသည်။

“ သူ့ရဲ့ ခွန်အားလောက်နဲ့ ရွှီချင်းကို ဘယ်လိုလုပ် ကာကွယ်ပေးနိုင်မှာလဲ ”

ဟွမ်ယန်က နှာခေါင်းရှုံ့လိုက်ပြီး စီနီယာအမကို ကြည့်လိုက်သည်။

ဒုတိယစီနီယာအမက ခေါင်းညိတ်လိုက်သည့်အခါ ဟွမ်ယန်က ဝမ်းသာအားရ ထခုန်လိုက်သည်။ ထို့နောက် သူက ရွှီချင်းနှင့် အားညိုထွက်ခွာသွားသော ဦးတည်ရာဆီသို့ မြန်ဆန်စွာ ပျံသန်းသွားသည်။

ဤအခိုက်အတန့်မှာ တားမြစ်ပင်လယ်ပေါ်၌ ဧရာမဘီလူးတစ်ကောင်က ရွေ့လျားနေသည်။ ၎င်း၏ အပေါ်ပိုင်းခန္ဓာကိုယ်တစ်ဝက်က ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ထွက်ပေါ်နေသည်။

၎င်းက ရွေ့လျားနေစဉ် ကြမ်းတမ်းသော လှိုင်းများက ဆူနာမီလှိုင်းလုံးများသို့ ပြောင်းလဲသွားပြီး အရပ်ရှစ်မျက်နှာဆီသို့ ပျံ့နှံ့သွားကြသည်။

အဝေးတွင် ဓမ္မစစ်သင်္ဘောတစ်စီးသည် ပင်လယ်မျက်နှာပြင်ပေါ်တွင် နိမ့်ချည်မြင့်ချည် ခုတ်မောင်းနေသည်။ ဆူနာမီလှိုင်းလုံးများက ၎င်းကို အချိန်မရွေး ဝါးမျိုဖျက်ဆီးပစ်နိုင်ဟန် ရသည်။ သို့သော်လည်း စစ်သင်္ဘောသည် ၎င်း၏ ဦးတည်ရာကို မပြောင်းလဲဘဲ ဘီလူး၏ အနောက်သို့ အကွာအဝေးတစ်ခုထား၍ လိုက်သွားနေသည်။

ဓမ္မစစ်သင်္ဘောပေါ်တွင် ကျင့်ကြံသူသုံးယောက် မတ်တတ်ရပ်နေကြသည်။

သူတို့အားလုံးက ချီယွဲ့ထုံဂိုဏ်း၏ လူဆိုးထိန်းဌာနမှ ဝတ်စုံကို တူညီစွာ ဝတ်ဆင်ထားကြသည်။ အဖွဲ့ခေါင်းဆောင်သည် အနက်ရောင်ဆံပင်ရှည်နှင့် လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးမှ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ မျက်လုံးသည် သားရဲတစ်ကောင်၏ မျက်လုံးနှင့် ဆင်တူသည်။ ယင်းက လောကကို အေးစက်သော အမြင်ဖြင့် ကြည့်ရှုနေဟန် ရ၏။

ကျန်နှစ်ယောက်သည် သက်လတ်ပိုင်းအမျိုးသားများ ဖြစ်ကြသည်။ အဖွဲ့ခေါင်းဆောင်နှင့် နှိုင်းယှဉ်လျှင် သူတို့က သာမညောင်ညသာ ဖြစ်ကြသည်။

သို့သော်လည်း သူတို့၏ ကျင့်ကြံခြင်းအခြေခံသည် အားမနည်းချေ။ အထူးသဖြင့် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါနှင့် လူငယ်ဖြစ်သည်။ သူက ရွှေအမြူတေအဆင့်၏ အထွတ်အထိပ်မှာဖြစ်ပြီး ဝိညာဉ်နတ်သူငယ်အဆင့်သို့ ရောက်ရှိရန် ခြေလှမ်းဝက်သာ လိုအပ်တော့သည်။

သူတို့က သတ္တမတောင်ထွတ်၏ လူဆိုးထိန်းဌာနမှ ကျင့်ကြံသူများဖြစ်လေရာ သူတို့၏ အဆင့်အတန်းက အလွန်မြင့်မားသည်။ လူဆိုးထိန်းဌာနထဲမှာပင် သူတို့က လွန်စွာ အဆင့်အတန်းမြင့်မားကြသည်။ အဖွဲ့ခေါင်းဆောင်သည် သတ္တမတောင်ထွတ်၏ လူဆိုးထိန်းဌာနမှ လက်ရှိညွှန်ကြားရေးမှူး ဖြစ်သည်။

ပုံမှန်အားဖြင့် လူဆိုးထိန်းဌာနထဲမှာ သူတို့ကိုယ်တိုင် ထမ်းဆောင်ရမည့် တာဝန်များက အနည်းငယ်သာ ရှိသည်။

လွန်ခဲ့သော ရက်အနည်းငယ်တုန်းက ဤညွှန်ကြားရေးမှူးသည် ရွှီချင်းပေးအပ်ခဲ့သော တာဝန်ကို မြင်တွေ့သွားပြီးနောက် သူ၏ လက်အောက်ခံညွှန်ကြားရေးမှူးနှစ်ယောက်ကို ချက်ချင်း ခေါ်ဆောင်ပြီး ပင်လယ်ထဲသို့ အတူတကွ ခရီးထွက်ခဲ့သည်။

နောက်ဆုံးမှာတော့ သူတို့က အန္တရာယ်ဧရိယာများထဲမှာ သွားရောက်ရှာဖွေပြီးနောက် ကြေးရထားလုံးကို ရှာတွေ့သွားကြသည်။

သူတို့၏ ကျင့်ကြံခြင်းအခြေခံကြောင့် သူတို့က ဘီလူးနောက်သို့ အဝေးမှသာ နောက်ယောင်ခံလိုက်နိုင်ကြသည်။

ထို့ပြင် ဘီလူးထံမှ ထုတ်လွှတ်နေသော ဖိအားက သူတို့ကို အလိုအလျောက် နှလုံးတုန်စေသည်။

သို့သော်လည်း အနက်ရောင်ဆံပင်ရှည်နှင့် လူငယ်က အံတင်းတင်းကြိတ်လိုက်ပြီး သူ၏ အထူးစွမ်းရည်ဖြင့် ဆက်လက် နောက်ယောင်ခံလိုက်နေဆဲပင်။

ထိုသို့ဇွဲကောင်းမှုကို မြင်သောအခါ သူ့အနောက်မှ လက်အောက်ခံညွှန်ကြားရေးမှူးနှစ်ယောက်သည် ဤအဖွဲ့ခေါင်းဆောင်နှင့်ပတ်သက်ပြီး ကောလဟာလတချို့ကို ပြန်အမှတ်ရသွားကြသည်။

သူတို့၏ ညွှန်ကြားရေးမှူးသည် ဌာနထဲသို့ မဝင်ရောက်ခင် အအတစ်ယောက် ဖြစ်သည်။ သူက ရူးသွပ်ပြီး အလွန်သွေးဆာသူ ဖြစ်သည်။ အမြဲတမ်း သူက ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ တိုက်ခိုက်လေ့ရှိသည်။

သူ၏ ရန်သူအများစုသည် ကိုယ်အင်္ဂါမစုံမလင်ဘဲ သေဆုံးသွားရလေ့ရှိသည်။

လူဆိုးထိန်းဌာနထဲသို့ ဝင်ရောက်လာပြီးနောက် သူ၏ ကျင့်ကြံခြင်းအခြေခံက မြင့်တတ်လာပြီး သူက စကားပြောနိုင်သွားသည်။ သို့သော်လည်း သူက အမြဲတမ်းလုနီးပါး နှုတ်ဆိတ်နေလေ့ရှိသည်။ သူ၏ ရက်စက်ကြမ်းကြုတ်မှုသည်တော့ သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်တတ်လာသည်နှင့်အမျှ ပိုပြီးအားကောင်းလာသည်။

သူက ဤနှစ်များတွင် ရာဇဝတ်သားအများအပြားကို ဖမ်းဆီးပေးခဲ့သည်။

ထို့ကြောင့် ဤညွှန်ကြားရေးမှူး၏ နာမည်သည် တားမြစ်ပင်လယ်ထဲမှ မျိုးနွယ်စုအသီးသီးဆီမှာ အတော်လေး ကျော်ကြားသည်။

ဤညွှန်ကြားရေးမှူးက ရွှီချင်း၏ နောက်လိုက်ဖြစ်သည်ဟူသော ကောလဟာလများလည်း ရှိသည်။

တချို့လူများသည်တော့ ယင်းကို သူတို့၏ မျက်စိဖြင့် ကိုယ်တွေ့မြင်ခဲ့ရသည်ဟု ဆိုကြသည်။ တချို့လူများသည်တော့ ယင်းက အဓိပ္ပာယ်မရှိကြောင်း ဆိုကြသည်။

အဘယ့်ကြောင့်ဆိုသော် ရွှီချင်းက နန်းဟွမ်ကုန်းမြေဆီသို့ ပြန်ရောက်မလာသည်မှာ နှစ်ပေါင်းအတော်လေး ကြာမြင့်သွားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ယင်းက ကောလဟာလတစ်ခုသာ ဖြစ်လာသည်။

သို့သော်လည်း ယခုကဲ့သို့ သူတို့၏ ညွှန်ကြားရေးမှူးက အများကြီး ကြိုးစားအားထုတ်နေကြောင်း ကိုယ်တိုင်မြင်တွေ့လိုက်ရသောအခါ ထိုကောလဟာလများက အမှန်ဖြစ်နိုင်သည်ဟု သူတို့ယုံကြည်လာကြသည်။

ထိုသို့တွေးမိသောအခါ သူတို့က ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားကြသည်။ ဆယ့်ငါးမိနစ်ကုန်ဆုံးသွားသည်။

ဘီလူး၏ ပုံရိပ်သည် ပင်လယ်ရေမျက်နှာပြင်ပေါ်မှ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။ သို့သော်လည်း ဆူနာမီလှိုင်းလုံးများသည် အကြိမ်ရေပိုများလာပြီး ပိုပြီးကြီးမားလာကြသည်။ သူတို့ရှိနေသော ဓမ္မစစ်သင်္ဘောသည် တားမြစ်ပင်လယ်၏ စွမ်းအားရိုက်ခတ်မှုကြောင့် အက်ကွဲလာသည်။ ဤသည်မှာ စစ်သင်္ဘောက အချိန်မရွေး ပျက်စီးသွားတော့မည့်ဟန် ရ၏။

သို့သော်လည်း အနက်ရောင်ဆံပင်ရှည်နှင့် လူငယ်က ဇွဲကောင်းနေဆဲပင်။ သူက ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ပြီး ဓမ္မစစ်သင်္ဘောကို ထိန်းချုပ်လိုက်သည်။ သူ၏ တမူထူးခြားသော စိတ်အာရုံက ပျံ့နှံ့ထွက်လာပြီး ဘီလူးပျောက်ကွယ်သွားခဲ့သော ဦးတည်ရာဆီသို့ ပစ်မှတ်ထားလိုက်သည်။ သို့မှသာ သူက လမ်းကြောင်းသွေဖယ်သွားလိမ့်မည် မဟုတ်ချေ။

သူ၏ ဒွါရခုနစ်ပေါက်မှ သွေးစီးကျလာသည့်တိုင် သူက လုံးဝ မရပ်နားခဲ့ပေ။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆူနာမီလှိုင်းလုံးများက ပိုပြီးကြီးမားလာပြီး အားကောင်းလာကြသည်။ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ဝဲကတော့များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြပြီး ဓမ္မစစ်သင်္ဘောကို ဆုတ်ဖြဲရန် ကြိုးစားလာသည်။ အက်ကွဲကြောင်းများက စစ်သင်္ဘောပေါ်မှာ တဖြည်းဖြည်း ပိုများပြားလာသည်။

ဤအခိုက်အတန့်မှာ ပိုပြီးကြီးမားသော ဝဲကတော့တစ်ခုက သူတို့ဆီသို့ တိုက်ရိုက် ချဉ်းကပ်လာပြီး ဓမ္မစစ်သင်္ဘောကို ရိုက်ခတ်သွားသည်။ စစ်သင်္ဘောသည် အပြင်းအထန် တုန်ယင်သွားပြီး စတင်ပြိုကွဲသွားသည်။

လက်အောက်ခံညွှန်ကြားရေးမှူးနှစ်ယောက်သည် ကြောက်လန့်တကြား အော်လိုက်ကြသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ မိုးခြိမ်းသံသည် ကောင်းကင်ပေါ်မှ မြည်ဟိန်းထွက်လာပြီး အရပ်မျက်နှာအဘက်ဘက်မှာ ပေါက်ကွဲသွားသည်။

မိုးခြိမ်းသံသည် ဆူနာမီလှိုင်းလုံးထံမှ ဆူညံမှုနှင့် ပေါင်းစပ်သွားပြီး တည်ငြိမ်သော အသံသို့ ပြောင်းလဲသွားကာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

“ ငြိမ်သက်စမ်း ”

All Chapters