← Chapters

ကွေ့ဝူ ပါဝင်လာခြင်း။

Vol. 51 Ch. 712

ကွေ့ဝူ ပါဝင်လာခြင်း။

Vol. 51 Ch. 712

ယန်ထျန်ဖုန်းက အရမ်းကိုနာခံနေတာမြင်တော့ ကွေ့ဝူမျက်နှာပေါ်တွင် အံ့ဩနေသော အမူရာတစ်ခုဖြစ်ပေါ်လာသည်။ သူဟာ စူးစမ်းလိုစိတ်အပြည့်ဖြင့် ဝမ်ဖုန်းကိုဆန်းစစ်ခဲ့သည်။ သို့သော်လည်း ဝမ်ဖုန်းထံမှ ဘယ်မူမမှန်မှုကိုမှ မခံစားရခဲ့ပါ။ သို့သော်လည်း ဟုန်ယန်ဘုရားကျောင်း၏ မြင့်မြတ်သော သခင်ငယ်လေး ယန်ထျန်းဖုန်းသည် ဝမ်ဖုန်းကိုတော့ အရမ်းကြောက်လန့်နေ၏။!

ပြင်ပကမ္ဘာတွင်ဆိုပါက ယန်ထျန်းဖုန်းသည် ဝမ်ဖုန်းကို လုံးဝကြောက်လန့်နေမှာမဟုတ်ပါ။ ဝမ်ဖုန်းက လောင်ထျန်းဧကရာဇ် အထွတ်အထိပ်စွမ်းအားရှင်ကို သတ်ဖြတ်နိုင်သော်လည်း သူ့လိုဟုန်ယန်ဘုရားကျောင်း၏ မြင့်မြတ်သော သခင်လေးကိုတော့ သတ်ဖြတ်နိုင်မှာမဟုတ်ပါ။

ကံဆိုးတာက ဤနေရာသည် ထာဝရညည့်ဦးယံမြို့အတွက် မြို့ရှင်တိုက်ပွဲဖြစ်သည်။ ဤနေရာတွင် လူငယ်မျိုးဆက်များသာ ရှိနေကြပြီး သန်မာသောသက်ကြီးပိုင်းမျိုးဆက်များ မရှိကြပါ။ သူဟာ မိမိကိုကိုယ်သာ အားကိုးနိုင်၏။!

ဤအချိန်တွင် ဝမ်ဖုန်းလို လောင်ထျန်းဧကရာဇ်အထွတ်အထိပ်ကို သတ်ဖြတ်နိုင်သောလူတစ်ယောက်က ရုတ်တရက်ပေါ်ထွက်လာလေရာ ယန်ထျန်ဖုန်းမှာ အဘယ်မှာမကြောက်လန့်ဘဲ နေနိုင်မည်နည်း။ ဝံပုလွေတစ်ကောင်သည် ရုတ်တရက်ဆိုသလို သိုးငယ်လေးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ကာပြေးလွှားရန်နေရာမရှိတော့ပါ။

သူဟာ အားနည်းနေသည်ဖြစ်ရာ တစ်ဖက်ရန်သူရှေ့တွင် မောက်မာရဲခြင်းမရှိချေ။

"ကောင်းပြီ မင်းသေရမယ်။"

ယန်ထျန်ဖုန်းက တုန်ယင်နေစဉ်တွင် ထိတ်လန့်စရာကောင်းသောအသံကြီးသည် သူ၏နားစည်အတွင်းပျံ့လွင့်သွားခဲ့ကာ သူ၏ခန္ဓာကိုယ်က ပိုပို၍တုန်ခါလာခဲ့သည်။ သူ့မျက်ဝန်းများပေါ်တွင်အကြောက်တရားများက အဆက်မပြတ်ပျံ့လွင့်လျက်ရှိကာ သူဟာတုံ့ဆိုင်းခြင်းမရှိ လှည့်၍ထွက်ပြေးခဲ့သည်။ သူသည် ဝမ်ဖုန်းကိုရင်ဆိုင်တိုက်ခိုက်လိုစိတ် အနည်းငယ်တောင်မရှိဘဲ တန်း၍ထွက်ပြေးသွားခြင်းကြောင့် ကွေ့ဝူကအံ့ဩသွားခဲ့ရသည်။

ဟုန်ယန်ဘုရားကျောင်းရဲ့မြင့်မြတ်တဲ့သခင်လေးက ဝမ်ဖုန်းရဲ့ စကားလုံးတွေကြောင့်မြန်မြန်ထွက်ပြေးသွားတာလား?

"ဝှစ်"!

နောင်တဒင်္ဂတွင် ကွေ့ဝူဟာအပြည့်အဝ ထိတ်လန့်သွားခဲ့ရသည်။

ဝမ်ဖုန်းဟာ သူ၏လက်ချောင်းများကို ခါယမ်းလိုက်သည့်အခါ အလင်းတန်းတစ်ခုသည် ရုတ်တရက်ပြေးထွက်သွားခဲ့ကာ ယန်ထျန်ဖုန်းကိုပစ်ခတ်ခဲ့သည်။ ထိတ်လန့်စရာအလင်းတန်းတွင် ကမ္ဘာလောကကြီးကို ဖျက်ဆီးနိုင်သော စွမ်းအင်တို့ သိုဝှက်နေပုံပေါ်ကာ လေဟာပြင်သည် တိုက်ရိုက်အက်ကွဲလျက်ကြီးမားသော တွင်းပေါက်ကြီးကိုချန်ထားရစ်ခဲ့သည်။

ယန်ထျန်ဖုန်းဟာ ၁၀မိုင်ဝန်းကျင်မရောက်သေးခင်မှာပဲ အလင်းတန်း၏ဖမ်းမိခြင်းကို ခံခဲ့ရသည်။

"မလုပ်နဲ့"!

စိတ်ပျက်အားလျော့နေသော အသံကြီးသည် ယန်ထျန်ဖုန်း၏နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။ သူဟာခွန်အားကုန်သုံး၍ ဝမ်ဖုန်း၏တိုက်ကွက်ကို ချေပရန်ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပါ။ သူ၏တိုက်ကွက်သည် အလင်းတန်းနှင့် ထိတွေ့မိသည့်အခါ အလွယ်တကူ အက်ကွဲသွားခဲ့သည်။

"ရွှပ်!"

ခန္ဓာကိုယ်ကိုထွင်းဖောက်ဝင်ရောက်သွားသည့် အသံထွက်ပေါ်လာခြင်းနှင့်အတူ အလင်းတန်းငယ်လေးသည် ယန်ထျန်ဖုန်း၏မျက်ခုံးနှစ်ဖက်ကြားသို့ ပြေးဝင်သွားခဲ့သည်။ ထိတ်လန့်စရာစွမ်းအားသည် သူ့ကိုယ်ရှိအသက်ဓာတ်အားလုံးကို ဖယ်ရှားခဲ့သည်။ ဘန်းကနဲ မြည်သံနှင့်အတူ ယန်ထျန်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးဟာ မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲစေလျက် ကမ္ဘာလောကကြီးကိုထူးခြားလှပလာစေခဲ့၏။

"ဟစ်!"

ဤမြင်ကွင်းကြောင့်မနီးမဝေးတွင်ရှိနေသော ကွေ့ဝူသည် မအံ့ဩဘဲမနေနိုင်ခဲ့ပါ။ သူ၏ခန္ဓာကိုယ်က ဝမ်ဖုန်းကိုစူးစိုက်လျက် အဆက်မပြတ် တုန်ခါနေခဲ့သည်။ ဟုန်ယန်ဘုရားကျောင်း၏ မြင့်မြတ်သောသခင်ငယ်လေးမှာ ဤလူ၏အလွယ်တကူ သတ်ဖြတ်ခြင်းခံရလိမ့်မည်ဟု သူဘယ်တုန်းကမှ ထင်မထားခဲ့ချေ။

"ငါမင်းကိုရွေးစရာနှစ်ခုပေးမယ်။ ပထမကတော့ မင်းလူမသိသူမသိ အသတ်ခံရမယ်၊ ဒုတိယကတော့ ငါတည်ထောင်ထားတဲ့ ရှန်ရှန်ကျုံဂိုဏ်းကို ဝင်ရောက်ရမယ်။"

ကွေ့ဝူထိတ်လန့်ခြောက်ခြားနေစဉ်မှာ ထူးမခြားနားအသံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။ သူကဝမ်ဖုန်းကို တွေဝေမိန်းမောသော အကြည့်ဖြင့်စူးစိုက် ကြည့်မိသည်။ သူ၏တစ်ကိုယ်လုံးမှာ ရုတ်တရက်တုန်လှုပ်သွားခဲ့သည်။

ဝမ်ဖုန်း၏စကားလုံးများအပေါ်သူဟာ သံသယ မထားရှိဝံ့ချေ။ ဟုန်ယန်ဘုရားကျောင်း၏သခင်လေးကိုတောင် အလွယ်တကူ သတ်ဖြတ်ခဲ့သည်ဖြစ်ရာ သူလိုလူဆိုပါက ပြောစရာမရှိတော့ပါ။ ဝမ်ဖုန်း၏လက်ထဲတွင် သူဟာကစားစရာလေးတစ်ခုတောင် ဟုတ်မနေပါချေ။

"ကျွန်တော် ရှန်ရှန်ကျုံဂိုဏ်းကို ဝင်ချင်ပါတယ်။"

တုံ့ဆိုင်းရဲခြင်းမရှိဘဲ ကွေ့ဝူကအလျင်စလို ပြောဆိုလိုက်သည်။

သူဟာထောင်လွှားမောက်မာသော်လည်း မိမိ၏အသက်ကိုတော့ နှမြောပါသည်။ ဝမ်ဖုန်းလို ကြောက်လန့်စရာတည်ရှိမှုနှင့် ရင်ဆိုင်ရသည့်အခါ အနည်းငယ်တောင်ခုခံရဲခြင်း မရှိခဲ့ချေ။ ဤကဲ့သို့ပုဂ္ဂိုလ်၏ရှေ့မှောက်တွင် သူ၏မာနတို့က ပြက်ရယ်ပြုစရာသာဖြစ်သည်။

မူလက ကွေ့ဝူသည် သွေးနီရောင် ဧကရာဇ်အထွတ်အထိပ်ကို ရောက်ရှိခဲ့တာကြောင့် သူ၏စိတ်သဘောကအလွန်မောက်မာခဲ့သည်။ သူဟာ ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကအတွင်းရှိ လူငယ်ပါရမီရှင်များအားလုံးကိုတောင် စိတ်ကူးထဲထည့်မထားခဲ့ပါ။ သူဟာလည်း ထိပ်တန်းပါရမီရှင် တစ်ယောက်သာမဟုတ်ပါလော။ သို့သော်လည်း ဝမ်ဖုန်းနှင့်ရင်ဆိုင်ခဲ့ရသည့်အခါ

သူဟာသေးနုတ်သွားခဲ့ရသည်။

ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကအတွင်းရှိ လူငယ်မျိုးဆက်များအားလုံးကို လိုက်ပါကြည့်ရှုရင်တောင် ဘယ်သူကများဝမ်ဖုန်းလိုမျိုး ပါရမီရှင်တွေကို ခွေးလိုဝက်လို သတ်ဖြတ်နိုင်မှာလဲ။

"အရမ်းကောင်းတယ်။ အခုချိန်ကစပြီးး မင်း ကွေ့ဝူကငါတို့ ရှန်ရှန်ကျုံဂိုဏ်းရဲ့ အပြစ်စည်း ဂိုဏ်းသား တစ်ယောက်ဖြစ်သွားပြီ။"

ကွေ့ဝူ၏ ရွေးချယ်မှုကိုမြင်တော့ ဝမ်ဖုန်းက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

"ဒင်၊ ဟုန်ယန်ဘုရားကျောင်း၏ သခင်လေးကို သတ်ဖြတ်ခဲ့တဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ဂိုဏ်းမှတ် ၁ထရီလီယမ်နှင့် အဆင့်မြင့် ကျပန်းဆင့်ခေါ်ခွင့်တစ်ကြိမ်ကို ဆုချလိုက်သည်။"

"ထူးမြတ်တဲ့ပါရမီရှင် ကွေ့ဝူကို ခေါ်ယူရရှိတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ် ၁ထရီလီယမ်နှင့်အဆင့်မြင့်ဆင့်ခေါ်ခွင့်တစ်ကြိမ်၊ ကံတရားမှတ် ၅၀၀ဘီလီယမ်ကို ဆုချလိုက်သည်။"

တစ်ချိန်တည်းမှာပင် စနစ်၏အသံက ဝမ်ဖုန်း၏စိတ်အာရုံတွင်း မြည်ဟီးထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းက ၎င်းကိုလျစ်လျူရှုလျက် တိုးတိတ်စွာပြောဆိုခဲ့သည်။

"စနစ် ဧကရာဇ်နယ်ပယ် ဆင့်ခေါ်ခွင့်သုံးကြိမ်ကို ပေါင်းစပ်ပြီး အဆင့်မြင့်ဆင့်ခေါ်ခွင့်တစ်ကြိမ်ဖြင့်ပြောင်းလဲလိုက်ပါ။ ပြီးရင်တော့ ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်ဆင့်ခေါ်ခွင့် တစ်ကြိမ်ကို အသုံးပြုလိုက်ပါ။"

လက်ရှိတွင်ဝမ်ဖုန်းက ဆင့်ခေါ်ခွင့်များစွာကို စုဆောင်းထားခဲ့သည်။ ဤအချိန်ကဆင့်ခေါ်ရန်အချိန် ကျရောက်လာပါပြီ။

"ဒင်.. ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်ကို ဆင့်ခေါ်နိုင်သည့် ဆင့်ခေါ်ခွင့်တစ်ကြိမ်ရရှိသည့်အတွက် ပိုင်ရှင့်ကိုဂုဏ်ပြုပါတယ်။"

"စတင်ဆင့်ခေါ်နေပါပြီ"

တစ်ချိန်တည်းမှာပဲ ဝမ်ဖုန်းကဆက်လက်မေးမြန်းလိုက်သည်။

"စနစ်.. ဂိုဏ်းနဲ့စနစ်ကို အဆင့်မြင့်တင်ဖို့ လိုအပ်ချက်တွေကဘာတွေလဲ။"

လက်ရှိအချိန်တွင် ဂိုဏ်းအဆင့်နှင့် စနစ်အဆင့်တို့သည် အဆင့်၁၆ သို့ရောက်ရှိသွားပြီဖြစ်သည်။ သူက အဆင့်၁၇ သို့ရောက်ရှိလိုမိသည်။ သို့ပါက ရှန်ရှန်ကျုံဂိုဏ်းအတွက် စတုတ္ထမြောက်အစောင့်အရှောက်ကို ဆင့်ခေါ်နိုင်မည်။ ထိုအချိန်ကျရောက်လာလျှင် သူ့ရှန်ရှန်ကျုံဂိုဏ်း၏ခွန်အားမှာ ကျိန်းသေပေါက်ထပ်မံ တိုးမြှင့်လာလိမ့်မည်။

" ထင်း... ပိုင်ရှင်ကသာ ထာဝရညည့်ဦးယံမြို့ရဲ့ မြို့ရှင်ဖြစ်လာပြီး မြို့တစ်မြို့လုံးကိုထိန်းချုပ်နိုင်မယ်ဆိုရင် မြို့ရဲ့ကံတရားတွေကိုရရှိပြီး စနစ်နဲ့ဂိုဏ်းကို အဆင့်မြင့်တင်နိုင်မှာပါ။"

အေးစက်သောအသံသည် ဝမ်ဖုန်း၏မျက်ဝန်းအိမ်များကို တောက်ပသွားစေခဲ့သည်။ သူက ထာဝရညည့်ဦးယံမြို့၏ မြို့အရှင်ရာထူးအတွက် တိုက်ခိုက်ရန်ဆုံးဖြတ်ထားခဲ့သည်။ ထိုသို့ တိုက်ခိုက်ခြင်းကပဲ စနစ်အဆင့်မြင့်တင်ခြင်း၏ သော့ချက်ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပါ။ ဤအချိန်တွင် ဝမ်ဖုန်းဟာမြို့အရှင် ဖြစ်လာစေရန်ပို၍တောင် ဆန္ဒပြင်းပြလာ၏။

"ဒင်.. ကျောက်လင်းအာ ကိုဆင့်ခေါ်မိတဲ့ အတွက်ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ သူမရဲ့စွမ်းအင်ဇယားကို စစ်ဆေးကြည့်ပါမလား။"

အေးစက်သောအသံသည် ဝမ်ဖုန်း၏နှလုံးသားကို တုန်ခါသွားစေခဲ့သည်။ သူမဟာ နွီဝါနတ်ဘုရားမ၏မျိုုးဆက်ဖြစ်ပါ၏။ သူမတွင် နွီဝါ၏သွေးကိုပိုင်ဆိုင်ထားပြီး သူမ၏အဆင့်အတန်းက မြင့်မြတ်၍စကြဝဠာအတွင်းပြိုင်ဖက်ကင်း၏။

ကျောက်လင်းအာ၏ခွန်အားသည် လက်ရှိတွင်ရှန်ရှန်ကျုံဂိုဏ်း၏ အကြီးအကဲများနှင့် ရင်မဆိုင်နိုင်သေးသည်မှာ ဖြစ်နိုင်သော်လည်း သူမ၏အကန့်အသတ်သည် ဝမ်ဖုန်းဆင့်ခေါ်ထားသော အကြီးအကဲများစွာထက် သာလွန်နေပါသည်။ နတ်ဆိုးကျုံးလုံကတောင် သူမကို နောင်တွင် ရင်ဆိုင်နိုင်မှာမဟုတ်ပါ။

ရှေးဟောင်းနတ်ဘုရားမနွီဝါ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည် ဖြစ်ရာ သူမ၏အကန်အသတ်ကို ဝမ်ဖုန်းကတောင် ခန့်မှန့်၍မရပါချေ။

All Chapters