← Chapters

ပူးပေါင်း၍ဝင်ရောက်ခြင်း။

Vol. 51 Ch. 715

ပူးပေါင်း၍ဝင်ရောက်ခြင်း။

Vol. 51 Ch. 715

ဤတိတ်ဆိတ်နေသောအချိန်တွင် လူငယ်ပါရမီရှင်တစ်စုကလည်း စောင့်စားနေခြင်းမရှိတော့ဘဲ သွေးမျှော်စင်၏ပထမအလွှာသို့ တိုက်ရိုက်ပြေးဝင်သွားခဲ့သည်။

လူအများစုဟာ သွေးမျှော်စင်က ဘာကိုဆိုလိုကြောင်း မသိကြပါ။ ထို့ကြောင့် ဘယ်သူကမှဦးဆောင်၍မလှုပ်ရှားချင်ခဲ့ချေ။ သို့ပေသော်ငြားလည်း စောင့်စားရတာကိုစိတ်မရှည်သောသူများက ရှိနေကြဆဲသာ။ ထိုသူတို့အတွင်းသို့ ပြေးဝင်ပျောက်ကွယ်သွားကြသည်။

"အား!"

အဆိုပါပါရမီရှင်များ အထဲသို့ဝင်ရောက်ပျောက်ကွယ်သွားပြီး မကြာခင်တွင် ပြင်းထန်သောဟိန်းဟောက်ရေရွတ်သံများသည် သွေးမျှော်စင်မှထွက်ပေါ်လာခဲ့ကာ ရှိနေသောသူများကိုတုန်ယင်သွားစေခဲ့သည်။ နာကျင်စွာအော်ဟစ်ညီးညူသံများသည် သူတို့၏ကျောရိုးကိုအီစိမ့်သွားစေခဲ့သည်။ ဝမ်ဖုန်းတို့အုပ်စု၏ မျက်နှာပေါ်တွင်တောင် လေးလံနေသောအမူအရာတို့ဖြစ်ပေါ်လာခဲ့သည်။ အခြားသူများက သွေးမျှော်စင်၏အတွင်း၌ဘာရှိနေသလဲ မသိကြသော်လည်း ဝမ်ဖုန်းတို့ကသိရှိထားကြသည်။ ၎င်းမှာ ချုံ၏အမွေအနှစ်ဖြစ်သည်။ ချုံဟာ အင်မော်တယ် ဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်ဖြစ်၏။ ထိုသို့သော စွမ်းအားရှင်ကြီး၏ အမွေအနှစ်ဖြစ်ရာ အတွင်းတွင်အဘယ်သို့သော အန္တရာယ်ရှိနေကြောင်းကို ဘယ်သူကမှမသိနိုင်ပါ။!

ထိုအမွေအနှစ်သည် ရှိနေခဲ့သည်မှာ နှစ်ကာလများစွာကြာမြင့်ခဲ့သော်လည်း ဘယ်သူကမှမရရှိနိုင်ခဲ့ချေ။ ဤတစ်ချက်ကပင်‌ သွေးမျှော်စင်သည် အဘယ်မျှလောက် အန္တရာယ်ကြီးမားကြောင်းကို ဖော်ပြနေ၏။!

"ငါတို့တွေ ဒီလိုပဲ စောင့်စားနေတော့မလို့လား။"

မျှော်စင်အတွင်းပိုင်းမှ လွင့်ပျံ့ထွက်ပေါ်လာသော အော်ဟစ်ညီးညူသံများသည် လူအများကိုစိတ်ဓာတ်ကျသွား စေခဲ့သော်လည်း အချို့သောသူများကတော့ စောင့်စားမနေချင်ကြပါ။ လူငယ်လေးတစ်ယောက်သည် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

"အဲ့တာက ဟေးရွှမ်ကောင်းကင်နန်းတော်ရဲ့ သခင်လေးရွှမ်ယိုပဲ။"

ဆူညံသံကို ပြုလုပ်လိုက်သော လူငယ်ကိုမြင်တော့ အချို့သော ပါရမီရှင်များကထိတ်လန့်သွားခဲ့ကြကာ တီးတိုးရေကွတ်ပြောဆိုခဲ့သည်။ ကောင်းကင်နန်းတော်တစ်ခု၏သခင်ငယ်လေးသည် ပါရမီရှင်များအကြားထဲမှ ထိပ်တန်းပါရမီရှင်ဖြစ်ပါ၏။

ရွှမ်ယိုသည် သွေးမျှော်စင်မှာချုံ၏အမွေအနှစ်ဖြစ်ကြောင်း သိရှိမထားခဲ့သော်လည်း အချို့သော ကောလဟလများကိုတော့ကြားထားခဲ့သည်။ ထာဝရညည့်ဦးယံမြို့၏ မြို့ရှင်ရာထူးကို ရရှိရန်မှာမလွယ်ကူကြောင်းကိုလည်း သူသိထားပါသည်။ ဤထူးဆန်းသောသွေးမျှော်စင်သည် မြို့အရှင်ရာထူးအတွက် သော့ချက်တစ်ခုဖြစ်နိုင်သည်။

ထာဝရညည့်ဦးယံမြို့၏ မြို့အရှင်ရာထူးတွင် ပါဝင်ယှဉ်ပြိုင်လာစဉ်ကတည်းက ရွှမ်ယိုသည် မြို့အရှင်တစ်ယောက်ဖြစ်လာရမည်ဟု စိတ်ပိုင်းဖြတ်ပြီးသားဖြစ်သည်။ သူဟာဤနေရာတွင်ကြာကြာစောင့်စား မနေချင်တော့ပါ။

"အစ်ကိုရွှမ်...အစ်ကိုကဘာလုပ်မလို့လဲ"

ရွှမ်ယို၏စကား ပြီးဆုံးပြီးမကြာခင်မှာပဲ မိုးပြာရောင်ဝတ်စုံကိုဝတ်ဆင်သော လူငယ်လေးတစ်ယောက်ကလည်း တောက်ပသောမျက်ဝန်းတို့ဖြင့်မေးမြန်းခဲ့သည်။

"အဲ့တာက ဖုန်းလင်ကောင်းကင်နန်းတော်ရဲ့သခင်လေး ဖုန်းရွှမ်ဝူပါလား။"

အပြာရောင်ဝတ်ရုံရှင် လူငယ်လေး၏ပြောဆိုသံကိုကြားတော့ ထိုလူငယ်လေးကို မှတ်မိနေသည့်အချို့သောပါရမီရှင်များက အံ့အားတသင့်ရေရွတ်ခဲ့ပြန်သည်။

သူတို့သာ စတင်စကားပြောဆိုခြင်းမရှိပါလျှင် ထိပ်တန်းပါရမီရှင်များက သူတို့အတွင်းပုန်းကွယ်နေတာကို ပါရမီရှင်လူငယ်လေးများက သိရှိမှာမဟုတ်ပါ။ ထိုသူတို့သည် ထာဝရညည့်ဦးယံအတွင်း၌ အသန်မာဆုံးဖြစ်တည်မှုများဖြစ်ပါ၏။

"ငါတို့တွေ ဘာလို့အတူတကွလှုပ်ရှားပြီး သွေးမျှော်စင်ထဲ မဝင်ရမှာလဲ"

"ဒီလိုမျိုး စောင့်စားနေတာကအကြံကောင်း မဟုတ်ဘူးနော်။ ကြိုးစားကြည့်တာကပိုကောင်းလိမ့်မယ်။ ငါတို့အကုန်လုံးသာ အတူတူလှုပ်ရှားကြမယ်ဆိုရင်အန္တရာယ်နဲ့ ရင်ဆိုင်ရရင်တောင်မှတစ်ယောက်ကိုတစ်ယောက် ကူညီနိုင်လိမ့်မယ်။ ဒါကဒီတိုင်း စောင့်နေတာထက်တော့ ပိုကောင်းပါတယ်လေ။"

ရွှမ်ယိုသည် ဖုန်းရွှမ်ဝူကို အသာအယာခေါင်းငြိမ့်လျက် သူ၏အတွေးများကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်းအသံသည် ဧရိယာတစ်ခွင်ပျံ့လွင့်သွားခဲ့ကာ ရှိနေကြသောပါရမီရှင်များကိုလည်း သဘောတူစွာ ခေါင်းငြိမ့်မိလိုက်စေသည်။ ဤနည်းလမ်းကလွဲပြီး အခြားသောနည်းလမ်းဟူ၍မရှိပါ။ ဘယ်သူကမှ အသေခံလမ်းရှာဖွေသူတစ်ယောက် မဖြစ်ချင်ချေ။ ဒီလိုဆိုမှတော့ အတူတကွလှုပ်ရှားတာက အကြံကောင်း မဟုတ်ပေဘူးလား။

"ကောင်းပြီ။ ကျွန်တော်အစ်ကိုရွှမ်ရဲ့အကြံကို လိုက်နာပါ့မယ်။"

ရွှမ်ယို၏စကားကိုကြားတော့ ဖုန်းရွှမ်ဝူသည် တခဏကြာအောင်တွေးတောလိုက်ပြီးနောက် ပြောဆိုခဲ့သည်။

ဖုန်းရွှမ်ဝူ၏ ပြောဆိုသံကိုကြားတော့ ကျန်ရစ်သောပါရမီရှင်များကလည်းအတူတကွ ခေါင်းငြိမ့်လိုက်မိကြသည်။ ဤသို့ဖြင့် ရွှမ်ယိုနှင့် ဖုန်းရွှမ်ဝူတို့၏ ဦးဆောင်မှုအောက်တွင် တစ်သောင်းခန့်ရှိသော ပါရမီရှင်များသည် သွေးမျှော်စင်၏ပထမအလွှာရှိရာသို့ ဦးတည်သွားလာခဲ့ကြသည်။

များစွာသောလူငယ်လေးများ အတူတကွဝင်ရောက်သည်ဖြစ်ရာ အကြောက်တရားတို့သည်လည်း တဖြေးဖြေးအနည်ထိုင်ပျောက်ကွယ်သွားခဲ့သည်။ လူငယ်လေးများ၏စိတ်က စတင် တည်ငြိမ်စပြုလာခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူတို့က ကိုယ်တွင်းရှိစွမ်းအင်များကို အဆုံးစွန်တိုင်လှည့်ပတ်လျက် သတိကြီးကြီးထားနေခဲ့ကြသည်။ အန္တရာယ်တစ်စုံတစ်ရာရှိပါက ချက်ချင်းတုံ့ပြန်နိုင်ရန်ဖြစ်ပါ၏။

ဝမ်ဖုန်းတို့အုပ်စုဟာလည်း လူအုပ်စုကြီးနှင့်ရောပါသွားခဲ့သည်။ ဤသို့သောအခြေနေအောက်တွင် အများနှင့်ပူးပေါင်းခြင်းမရှိပါက သူတို့ဟာတသီးတသန့်ခွဲထွက်၍ ရှိနေကြသော လူအများ၏အာရုံကို ဆွဲဆောင်မိမှာဖြစ်၏။

များမကြာမီတွင် လူတိုင်းသည် သွေးမျှော်စင်၏ ပထမအလွှာ အတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။ သူတို့ဟာ အကာရံ အလွှာကိုဖြတ်ကျော်သွားပြီးနောက် နှာခေါင်းဝသို့ကျီစယ်နေသော ပြင်းထန်သည့် သွေးရနံ့ကို ခံစားခဲ့ရသည်။ သူတို့တစ်ကိုယ်လုံးဟာ သွေးပင်လယ်သို့နစ်မြှုပ်နေသည့်အလား ဖြစ်နေခဲ့၏။

ဝမ်ဖုန်းတို့ကို စောင့်ကြိုနေခဲ့သည်မှာ ကြီးမားကျယ်ပြန့်သောနေရာလွတ်ကြီး ဖြစ်သည်။ ၎င်းနေရာလွတ်ကြီးအတွင်း၌ အရိုးစုများသည် ဟိုမှသည်မှပြန့်ကျဲလျက်တည်ရှိသည်။ ဤမြင်ကွင်းသည် အရမ်းကိုထိတ်လန့်ခြောက်ခြားဖွယ်ကောင်း၏။

"သွေးမျှော်စင်ကနေ ကြိုဆိုလိုက်ပါတယ်။ ငါကတော့ ဒီမျှော်စင်ကိုပြုလုပ်ခဲ့တဲ့ အင်မော်တယ်ဧကရာဇ်အဆင့်စွမ်းအားရှင်ပါ။ မင်းတို့ကဒီအရှင်ရဲ့ စမ်းသပ်မှုတွေက်ုဖြတ်ကျော်ရမယ်။ မင်းတို့သာ အောင်အောင်မြင်မြင်နဲ့ နဝမအလွှာကို ရောက်ရှိသွားရင် ဒီအရှင်သခင်ရဲ့အမွေအနှစ်ကို ဆက်ခံရရှိလိမ့်မယ်။"

"အလုပ်ကြိုးစားကြပါ လူငယ်လေးတို့!"

ပါရမီရှင်များမျှော်စင်အတွင်း ဝင်ရောက်သွားပြီးသည်နှင့်တပြိုင်နက် အိုမင်းရင့်ရော်နေသော အသံကြီးသည်နေရာလွတ်နယ်မြေအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

"ဟစ်!"

၎င်းအသံကိုကြားတော့ ရှိနေကြသော ပါရမီရှင်များသည် အံ့အားတသင့်ရေရွတ်ခဲ့ကြသည်။ သူတို့၏အမူအရာများက မယုံကြည်နိုင်ဖြစ်နေခဲ့သည်။ ဤတိုက်ပွဲနယ်မြေအတွင်း၌ အင်မော်တယ်ဧကရာဇ်အဆင့်စွမ်းအားရှင်ကြီးတစ်ပါး၏ အမွေအနှစ်ရှိနေလိမ့်မည်ဟု သူတို့ထင်မထားခဲ့ပါ။ ၎င်းအမွေအနှစ်မှာ အင်မော်တယ်ဧကရာဇ်အဆင့်စွမ်းအားရှင်၏ အမွေအနှစ်ဖြစ်သည်!

အဲ့တာက အင်မော်တယ်ဧကရာဇ်အဆင့်ကြီးလေ!

ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီး၌ အသန်အမာဆုံးဖြစ်တည်မှု၊ ထိပ်တန်းပါရမီရှင်များဖြစ်သော ရွှမ်ယိုနှင့် ဖုန်းရွှမ်ဝူတို့ကတောင် ထိပ်လန့်သွားခဲ့ကြသည်။ သူတို့၏မျက်ဝန်းများက တလက်လက်တောက်ပလျက်ရှိချေသည်။ လူငယ်လေးများ၏ မျက်ဝန်းတွင်းရှိ အလင်းရောင်မှာပိုမို စူးရှတောက်ပလာခဲ့သည်။

အင်မော်တယ်ဧကရာဇ်အဆင့်စွမ်းအားရှင်တစ်ပါး၏ အမွေအနှစ်သည်သူတို့စိတ်များကို ရူးသွပ်သွားစေရန်လုံလောက်ပါသည်။ ထိုကဲ့သို့စွမ်းအားရှင်ကြီး၏အမွေအနှစ်ကိုရရှိပါလျှင် သူတို့ဟာဧကရာဇ်ဘုံလောကကြီးအတွင်း၌ ထိပ်တန်းတည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မည်။

ရှိနေကြသောလူများသည် အမှန်တကယ်အစွမ်းထက်သည်မှာ မှန်ကန်သော်လည်း သူတို့ဟာ လူငယ်မျိုးဆက်များသာ ဖြစ်ကြပါသည်။ တစ်ချိန်ချိန်မှာ သူတို့သည် အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိ နိုင်လိမ့်မည်ဟု လုံးဝသေချာခြင်းမရှိပါ။

အစစ်အမှန်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိပြီးနောက် ခြေတစ်လှမ်းခြင်းဆီတိုင်းသည် အရမ်းကိုခက်ခဲပါသည်။ အစောပိုင်းတွင် ပါရမီရှင်အများစုက တိုးတက်မှုမြန်ဆန်ကြသော်လည်း အစစ်အမှန်ဧကရာဇ်နယ်ပယ်ကို ရောက်ရှိသွားလျှင်တော့ ကျင့်ကြံမှု အမြန်နှုန်းကနှေးကွေးသွားခဲ့သည်။ အချို့သော ပါရမီရှင်များမှာ ဘဝသက်တမ်းတစ်လျှောက်လုံးမှာတောင်မှ ထပ်မံတိုးတက်ခြင်းမရှိကြတော့ပါ။ သူတို့သာ ဤစွမ်းအားရှင်ကြီး၏အမွေအနှစ်ကို ရရှိခဲ့ပါလျှင် အင်မော်တယ်ဧကရာဇ်နယ်ပယ်ကို ရောက်ရှိနိုင်လိမ့်မည်ဟု ၁၀၀ရာခိုင်နှုန်းသေချာသည်။

"ဝုန်း!"

ထိုအသံကြီးထွက်ပေါ်ပြီး မကြာသေးခင်မှာပဲ နေရာအလွတ်နယ်မြေတစ်ခုလုံးအပြင်းအထန်ခါယမ်းသွားခဲ့ကာ သွေးရနှံ့များကလည်း ပို၍စူးရှတောက်ပလာခဲ့သည်။ မြေပြင်ပေါ်ရှိခြောက်သွေ့နေသော အရိုးစုများသည် ရုတ်တရက်တုန်ခါလာခဲ့သည်။ လူအများ၏တုန်ယင်နေသောအကြည့်အောက်တွင် သွေးမြူခိုးတို့များသည် အရိုးစုများထံမှပျံ့လွင့် ထွက်ပေါ်လာခဲ့သည်။

များမကြာမီတွင် အရိုးစုများဖြင့်ဖွဲ့စည်းထားသော မကောင်းဆိုးဝါးများသည် ရုပ်လုံးပေါ်လာခဲ့သည်။ ၎င်းမကောင်းဆိုးဝါးမျ၏ ပြင်းထန်သောအရှိန်အဝါသည် နယ်မြေတစ်ခုလုံးကိုခါယမ်းတုန်ယင်စေခဲ့ပါ၏။

All Chapters