← Chapters

မကောင်းဆိုးဝါးလူငယ်။

Vol. 51 Ch. 717

မကောင်းဆိုးဝါးလူငယ်။

Vol. 51 Ch. 717

ဝမ်ဖုန်းတို့အုပ်စုသည် အနက်ပိုင်းသို့ ပို၍သွားလေလေ အရိုးစုမကောင်းဆိုးဝါးများ၏ အရေအတွက်က ပို၍လျော့နည်းလာလေလေ ဖြစ်သည်။ဝမ်ဖုန်းတို့ကိုတိုက်ခိုက်ခြင်းက အသုံးမဝင်ဘူးဆိုတာကို သိရှိသွား၍ဖြစ်နိုင်သည်။ အရိုးစုများက ဝမ်ဖုန်းတို့ကို ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ပါ။

တဖြည်းဖြည်းဖြင့် ဝမ်ဖုန်းတို့အုပ်စုသည် သွေးမျှော်စင်ပထမအလွှာ၏ အနက်ရှိုင်းဆုံးအပိုင်းကို ဝင်ရောက်ခဲ့သည်။ ဝမ်ဖုန်းတို့၏ ရှေ့ဘက်တွင် မြှင့်မားပြီးရိုးရှင်းသော လမ်းကြောင်းလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဆိုပါလမ်းကြောင်းတစ်ခုလုံးသည် ခမ်းနားကြီးကျယ်၍ ရင်သပ်ရှုမောဖွယ်ကောင်းနေခဲ့သည်။ ၎င်းမှာ ကောင်းကင်ယံထိ ဆက်သွယ်ထားသောလမ်းဖြစ်ပြီး အဆုံးအစမဲ့ကာ ဝေးကွာလွန်းလှသည်။ ထိုလမ်းကအဘယ်သို့သောနေရာကို ဦးတည်သွားသလဲဆိုတာကို ဝမ်ဖုန်း၏စိတ်အသိကတောင်အာရုံမခံနိုင်ခဲ့ပါ။ သူသည် လမ်းကလေး၏အဆုံးသတ်ကိုမတွေ့မြင်နိုင်ခဲ့ချေ။

ဝမ်ဖုန်းတို့သုံးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် စိုက်ကြည့်လိုက်ကြပြီး တစ်ယောက်ချင်းစီ၏မျက်ဝန်းအနက်ပိုင်းတွင် တည်ကြည်လေးနက်သောအကြည့်တစ်ခု ရှိနေခဲ့သည်။ သို့သော်လည်း ဝမ်ဖုန်းတို့ဟာကြောက်လန့်ခြင်း လုံးဝမရှိပါ။

တစ်ချိန်တည်းတွင် ကွေ့ဝူက ရှန်ရှန်ကျုံဂိုဏ်းကိုဝင်ခဲ့ခြင်းသည် ကံကောင်းသည်ဟုတောင်ခံစားနေရသည်။ ဒီလိုမှမဟုတ်လျှင် သူသည်လည်းပဲ အပြင်ဘက်ကသူများလို အရိုးစုမကောင်းဆိုးဝါးများနှင့် ရုန်းကန်တိုက်ခိုက်နေရမှာဖြစ်၏။!

"ဒီလမ်းလေးကသွေးမျှော်စင်ရဲ့ ဒုတိယအလွှာကို ဦးတည်သွားတာဖြစ်ရမယ်။ သွားပြီးကြည့်လိုက်ကြရအောင်။"

ဝမ်ဖုန်းသည် လမ်းကလေးကိုစူးစိုက်ကြည့်လိုက်ပြီး မျက်ဝန်းကိုမှေးကျဉ်းလျက် ကျယ်လောင်စွာပြောဆိုခဲ့သည်။

ယင်းသို့ပြောဆိုလိုက်ပြီးနောက် သူသည် ကွေ့ဝူနှင့် ရွှမ်းယွမ်တို့ကို ဦးဆောင်ကာလမ်းကလေးပေါ်သို့လျှောက်လှမ်းသွားတော့သည်။

အဆိုပါလမ်းပေါ်သို့ ခြေချလိုက်ခြင်းသည် ကောင်းကင်နှင့် ကမ္ဘာမြေပြင်၏ ကမ္ဘာလောကတစ်ခုအတွင်း ဝင်ရောက်သွားခြင်းနှင့်တူညီ၏။ လမ်းကြောင်းသည် ကျယ်ပြောလျက်ရှိကာ အပြင်မှကြည့်ရှုရသလို ကျဉ်းမြောင်းခြင်းမရှိပေ။ ဝမ်ဖုန်းတို့၏ရှေ့ဘက်တွင် ကောင်းကင်ယံထိဆက်သွယ်ထားသော လှေကားကလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ကို ဆက်သွယ်ထားသောလှေကားကလေးသည် ဖြူစင်တောက်ပနေခဲ့သည်။ ၎င်းမှာသွေးမျှော်စင်ပထမအလွှာရှိ သွေးများနှင့် လုံးဝကွဲပြားသည်။ဝမ်ဖုန်းတို့သည် လှေကားကလေးပေါ်သို့တက်လိုက်ပြီး အထက်ဘက်သို့ ဦးတည်လမ်းလျှောက်လာခဲ့သည်။

ကောင်းကင်လှေကားပေါ်သို့တက်ရသည့် ခရီးစဉ်မှာအရမ်းကိုတိတ်ဆိတ်ငြိမ်သက်လွန်းတာကြောင့် ဝမ်ဖုန်းတို့ဟာ မိမိတို့၏ အသက်ရှုသံကိုတောင် ပြန်၍ကြားရသည်။ သူတို့ ပိုမိုအထက်ကို တက်လေလေ လမ်းကြောင်းကကျဉ်းမြောင်းလာလေလေဖြစ်ကာ သူတို့ခြေဖဝါးအောက်ရှိ အပူချိန်ကလည်းပိုမို လျှော့နည်းလာလေလေဖြစ်သည်။ အေးစက်သောအထိအတွေ့ကြောင့် ရွှမ်းယွမ်နှင့် ကွေ့ဝူတို့သည် တုန်ယင်သွားခဲ့ရသည်။

"ဝှမ်"!

ရုတ်တရက်ဆိုသလို လေထုတုန်ခါသံထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းက လက်ကိုဝှေ့ယမ်း၍ ရပ်တန့်ရန်အချက်ပြခဲ့သည်။ သူကအသံလာရာဘက်ကို စူးစိုက်ကြည့်ရှုလိုက်သည်။

တစ်ဖက်တွင်ရှိနေသော ကွေ့ဝူနှင့် ရွှမ်းယွမ်တို့ကလည်း မျက်မှောင်ကြုတ်လျက် ဝမ်ဖုန်းကြည့်ရှုရာအရပ်ဘက်သို့ လှမ်း၍ကြည့်ရှုခဲ့သည်။

"ဝှမ်"

တုန်ခါသံသည် ပို၍ကျယ်လောင်ကာ စူးရှလာခဲ့သည်။ မရေမတွက်နိုင်သော ရေခဲသလင်းကျောက်များသည် လေဟာပြင်အတွင်းမှထွက်ပေါ်လာခဲ့ကာ ရေခဲလှံတံရှည်များအဖြစ်ပြောင်းလဲသွားလျက် ဝမ်ဖုန်းတို့ရှိရာကို အဆက်မပြတ်ပြေးထွက်လာခဲ့သည်။ ၎င်းမှာ မျှားပေါင်းထောင်ချီ၏ကျဆင်းမှုကဲ့သို့ အရမ်းကိုကြောက်လန့်ဖွယ်ကောင်းပါသည်။

ရေခဲလှံတံများကို အဆုံးအစမဲ့သော ထက်မြမှုအရှိန်အဝါများက ဖုံးကာထားခဲ့ကာ ၎င်းတို့သည် ကောင်းကင်ကိုတောင်ကြောက်မက်ဖွယ်စွမ်းအားဖြင့် ထိုးခွင်းခဲ့သည်။ လေဟာပြင်သည် ရေခဲလှံရှည်များ၏ သွားလာမှုကြောင့် အက်ကွဲကြောင်းများအဆက်မပြတ်ထွက်ပေါ်လျက်ရှိသည်။

ဝမ်ဖုန်း၏မျက်ဝန်းများမှာ တည်ကြည်လေးနက်သွားခဲ့သည်။ သူဟာ ကိုယ်တွင်းရှိစွမ်းအင်များကို ပေါက်ကွဲထုတ်ဖော်ခဲ့သည်။ သူသည်လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ အစွမ်းထက်သောစွမ်းအားတစ်ရပ်သည် သူ့ထံမှ ထွက်ပေါ်လာခဲ့ကာသူတို့သုံးယောက်ကို ဧရာမဒိုင်းကာကြီးအဖြစ်ကာကွယ်ပေးခဲ့သည်။!

"ဘမ်း..ဘမ်း"!!

ရွှမ်းယွမ်၏ထိတ်လန့်နေသောအကြည့်များအောက်တွင် ရေခဲလှံများသည် ဝမ်ဖုန်းဖော်ထုတ်လိုက်သော ဒိုင်းကာကြီးပေါ်သို့ အဆက်မပြတ်ကျဆင်းလာခဲ့ကာ ကျယ်လောင်သောမြည်ဟီးသံကြီးများကို ဖြစ်ပေါ်စေခဲ့သည်။

အဆိုပါလှံတံများသည် အင်မတန်ထက်မြ၍အစွမ်းထက်သော်လည်း ဝမ်ဖုန်း၏ဒိုင်းကာကိုတော့ ဖောက်ထွင်းနိုင်ခြင်းမရှိခဲ့ပါ။ ဒါကိုမြင်တော့ ဝမ်ဖုန်းကလည်းတုံ့ဆိုင်းနေခြင်းမရှိဘဲ လှေကားပေါ်သို့ဆက်လက် တက်လှမ်းလာခဲ့သည်။

မရေမတွက်နိုင်သော လှေကားထစ်များကို ဖြတ်ကျော်ပြီးနောက် ဝမ်ဖုန်းတို့သည် လမ်းကလေး၏အဆုံးသတ်တွင်ကြီးမားသောတံခါးပေါက်ကြီးတစ်ခုကို တွေ့မြင်ခဲ့ရသည်။ ဤမြင်ကွင်းကြောင့်သူတို့အားလုံးသည် စိတ်သက်သာရာရစွာ သက်ပြင်းချခဲ့ကြသည်။

ဝမ်ဖုန်းသည် ရွှမ်းယွမ်နှင့် ကွေ့ဝူတို့ကို ဦးဆောင်ကာ ကောင်းကင်လှေခါးထစ်၏အဆုံးသတ်တွင်ရှိသော တံခါးပေါက်အတွင်းသို့တုံ့ဆိုင်းခြင်းမရှိ ဝင်ရောက်ခဲ့သည်။!

ဝမ်ဖုန်းတို့သည် မြေပြင်ပေါ်သို့ပြန်လည်သက်ဆင်းလာသည့် ခံစားချက်ကိုခံစားခဲ့ရသည်။ သူတို့မျက်ဝန်းများကိုပြန်လည် ဖွင့်လှစ်လိုက်သည့်အခါ သူတို့ဟာအသက်ဓာတ်များ ပေါကြွယ်ဝနေသော တောအုပ်ကြီးတစ်အုပ်ကို မြင်တွေ့ခဲ့ရသည်။

"သွေးမျှော်စင်ရဲ့ဒုတိယအလွှာကကြိုဆိုလိုက်ပါတယ်။"

ဤအချိန်တွင် အိုမင်းရင့်ရော်နေသောအသံကြီးသည် အရပ်လေးမျက်နှာမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းအသံ၏ လာရာဒေသကို ရှာဖွေရန်မဖြစ်နိုင်ခဲ့ပါ။

ဝမ်ဖုန်းတို့သည် အသံကိုလျစ်လျူရှုထားခဲ့ပြီး ပတ်ဝန်းကျင်ရှိတောအုပ်ကြီးကို စူးစမ်းကြည့်ရှုလိုက်သည်။ သူတို့ဟာ ကိုယ်တွင်းရှိစွမ်းအင်များကို နိုးဆွလျက်သတိကြီးကြီးထားနေခဲ့ကြသည်။ ဝမ်ဖုန်းဟာ ဒုတိယအလွှာသို့ အခက်အခဲမရှိတက်လှမ်းလာနိုင်ခဲ့သော်လည်း အဆင့် (၉)ဆင့် ပါဝင်သော သွေးမျှော်စင်ကိုအထင်သေးရဲခြင်းမရှိပါ။

ဤသည်မှာ အင်မော်တယ်ဧကရာဇ်အထွတ်အထိပ်အဆင့်ရှိသော စွမ်းအားရှင်တစ်ယောက်ဖန်တီးခဲ့သည့် ရတနာဖြစ်သည်။ ဤမျှော်စင်၏အတွင်းပိုင်းတွင် လဲလျောင်းနေသည့် အန္တရာယ်များသည် ဝမ်ဖုန်းတို့တွေးထင်ထားသည် ထက်ကျော်လွန်နိုင်သည်။

"ဘုန်း!"

အရှေ့ဘက်မှာ ပေါက်ကွဲသံများထွက်ပေါ်လာခဲ့တာကြောင့် ဝမ်ဖုန်းတို့သည် ရုတ်တရက်လှမ်း၍ ကြည့်ရှုမိလိုက်ကြသည်။ အဝေးတစ်နေရာရှိ တောအုပ်ကြီးထဲတွင် အနက်ရောင်အစက်အပြောက်ကဲ့သို့ အရိပ်တွေအုပ်စုလိုက်ထွက်ပေါ်လာတာကိုတွေ့မြင်ခဲ့ရသည်။ ၎င်းတို့မှာ မကောင်းဆိုးဝါးအုပ်စုကြီးဖြစ်ပါသည်။

ဦးဆောင်လာသူမှာ လူငယ်တစ်ယောက်ဖြစ်ပြီး တိုက်ပွဲဝင် အနီရောင်ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားခဲ့ကာထူးဆန်းသော မျက်နှာပုံသဏ္ဍာန်ရှိသည်။ သူသည် ရာကျော်သော မကောင်းဆိုးဝါးများကို ဦးဆောင်လျက်ဝမ်ဖုန်းတို့ အရှေ့ဘက်ကိုရောက်ရှိလာခဲ့သည်။ ဝမ်ဖုန်းတို့က မကောင်းဆိုးဝါးများကို တွေ့မြင်လိုက်ရသည့်အခိုက်၌ မကောင်းဆိုးဝါးများကလည်း ဝမ်ဖုန်းတို့၏တည်ရှိမှုကို သတိပြုမိခဲ့ကြသည်။

"ဝုန်း!"

ဦးဆောင်လာသော မကောင်းဆိုးဝါးလူငယ်လေးသည် လှောင်ပြုံးပြုံးခဲ့သည်။ သူ၏အရှိန်နှုန်းက ရုတ်တရက် မြန်ဆန်လာခဲ့ကာ သူဟာဝမ်ဖုန်းတို့၏ ရှေ့ဘက်၌ ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။ သူသည် ဝမ်ဖုန်းတို့ရှိရာဘက်သို့ လက်ညိုးတစ်ချောင်းညွှန်ပြလိုက်သည့်အခါ၌ အလင်းတန်းတစ်တန်းသည် လေဟာပြင်ကို ခွင်း၍ထွက်ပေါ်လာခဲ့သည်။ လေဟာပြင်တစ်ခုလုံးသည် ၎င်းအလင်းတန်းကြောင့် ဆုတ်ဖြဲခံရကာ အဆုံးအစမဲ့ အက်ကွဲကြောင်းကြီးထွက်ပေါ်လာခဲ့သည်။

မကောင်းဆိုးဝါးလူငယ်လေး၏ ကျင့်ကြံမှုမှာ ကြယ်စင်ဧကရာဇ်ဖြစ်၍ အရမ်းကိုအစွမ်းထက်ပါသည်။ သူထုတ်လွှတ်လိုက်သောအလင်းတန်းကတင် အင်မတန်ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ကိန်းဝပ်နေခဲ့သည်။ လျှပ်စီးကြောင်းများကလည်း အလင်းတန်းပတ်လည်၌ ကွပ်မြူးနေခဲ့သည်မှာ တကယ့်ကိုရင်သပ်ရှုမောဖွယ်ကောင်းလှသည်။

ဝမ်ဖုန်း၏မျက်ဝန်းများမှာ အနည်းငယ် မှေးကျဉ်းသွားခဲ့သည်။ ဤမကောင်းဆိုးဝါးမျိုးနွယ်စုသည် ဒုတိယအလွှာသို့ တက်လှမ်းလာသည့် ပါရမီရှင်များကို စမ်းသပ်ရန်ထားရှိခြင်းဖြစ်ပေလိမ့်မည်။ ဒုတိယအလွှာမှာတောင် ဤမျှလောက် ကြောက်စရာကောင်းသောခွန်အားကိုတွေ့မြင်ရလိမ့်ဟု ဝမ်ဖုန်းထင်မထားခဲ့ပါ။ ဒီလိုဆိုရင် တတိယအလွှာနဲ့ စတုတ္ထအလွှာမှာ ဘယ်လိုမကောင်းဆိုးဝါးတွေရှိနေမှာလဲ။ အမြင့်ဆုံးနဝမအလွှာ ဆိုရင်ရော....

ဤအချိန်တွင် ဝမ်ဖုန်း၏နှလုံးသားကတောင် ထုံကျင်ကိုက်ခဲလာလေသည်။ သူဟာရှေ့မှောက်တွင်ရှိနေသော မကောင်းဆိုးဝါးလူငယ်လေးကို အလေးဂရုပြုခြင်းမရှိသော်လည်း ရှေ့ဆက်ရင်ဆိုင်ရမည့်အကြပ်အတည်းများကို တွေးမိသည့်အခိုက်မှာတော့ အနည်းငယ်စိတ်ပျက်သွားခဲ့ရသည်။

"ဘုန်း!"

တစ်ခဏကြာတွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းဟာတုံ့ဆိုင်းနေခြင်းမရှိခဲ့ပါ။ ဝမ်ဖုန်း၏ လက်ချောင်းထိပ်မှလည်းး ပင်လယ်ပြင်ကဲ့သို့ကျယ်ပြောသောစွမ်းအားများသည် စုရုံးသွားခဲ့ကာအလင်းတန်းလေးတစ်ခုအဖြစ် ပြောင်းလဲသွားလျက် မကောင်းဆိုးဝါးလူငယ်လေးထံ ပြေးဝင်သွားခဲ့၏။

All Chapters