ဖျက်စီးခြင်း
Vol. 51 Ch. 718
"ဘုန်း!"
အလင်းတန်းနှစ်ခုသည် တစ်ခုနှင့်တစ်ခုပွတ်တိုက်မိခဲ့ကာ ကျယ်လောင်သော မြည်ဟီးသံကို ထွက်ပေါ်စေခဲ့သည်။ စွမ်းအားကြီးသောဖိအားသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်လျက် အရာရာတိုင်းကိုဖျက်ဆီးခဲ့သည်။ သစ်ပင်များဟာ ပေါက်ကွဲထွက်သွားပြီး ကောင်းကင်ပေါ်၌လည်း ဖှုန်မှုန့်လုံးကြီးများတည်ရှိနေခဲ့သည်။ အလွှာတစ်ခုလုံးကလည်း တိုက်ရိုက်ကို အက်ကွဲသွားခဲ့သည်။
ဝမ်ဖုန်း၏အလင်တန်းသည် မကောင်းဆိုးဝါးလူငယ်လေး၏ အလင်းတန်းကို တိုက်ရိုက်ဖျက်စီးခဲ့သည်။ တန်ပြန်အားကြောင့် မကောင်းဆိုးဝါးလူငယ်လေးသည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ခဲ့ရသည်။ ဤမြင်ကွင်းကြောင့် မူလကပြုံးယောင်သန်းနေသော မကောင်းဆိုးဝါးလူငယ်၏ မျက်နှာသည် ရုတ်တရက် တည်တံ့သွားခဲ့ကာ ကြောက်လန့်နေသော အမူအရာတစ်ခု အစားထိုးဝင်ရောက်လာခဲ့သည်။
"အရမ်းသန်မာတယ်!"
မကောင်းဆိုးဝါးလူငယ်၏ မျက်ဝန်းများသည် ရုတ်တရက်တောက်ပသွားခဲ့ကာ တီးတိုးရေရွတ်ပြောဆိုလိုက်သည်။ သူက ရန်သူကိုအလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟုထင်ခဲ့သော်လည်း သူ၏ရန်သူမှာ ဤမျှလောက်အထိ အစွမ်းထက်နေလိမ့်မည်ဟုတော့ ထင်မထားခဲ့ပါ။
"ဘုန်း!"
မကောင်းဆိုးဝါးလူငယ်သည် အနိုင်မယူနိုင်ဘူးဆိုတာကို မယုံကြည်နိုင်သေးဘဲ သူ့နောက်ဘက်ရှိ မကောင်းဆိုးဝါးစစ်တပ်များကို လှုပ်ရှားရန်အချက်ပြခဲ့သည်။ ဤတကြိမ်တွင် သူဟာ တစ်ယောက်တည်းတိုက်ခိုက်ခြင်း မဟုတ်ဘဲ မကောင်းဆိုးဝါးများအားလုံး အတူတကွပူးပေါင်း၍ တိုက်ခိုက်ခြင်းဖြစ်သည်။ အစွမ်းထက်သောဖိအားသည် ကောင်းကင်ကိုခါရမ်းစေခဲ့သည်။
အစွမ်းထက်သော တိုက်ကွက်တသီတတန်းကြီးသည် သတ်ဖြတ်လိုသောစိတ်ဆန္ဒတို့ဖြင့် မကောင်းဆိုးဝါးများ၏လက်အတွင်းမှ ပျံသန်းထွက်ပေါ်လာခဲ့သည်။ ၎င်းတိုက်ကွက်များသည် ဝမ်ဖုန်းတို့အုပ်စုထံ ရုတ်တရက်ကျဆင်းသွားခဲ့သည်။ ထိတ်လန့်စရာကောင်းသော တိုက်ခိုက်မှုများသည် ပြင်းထန်လွန်းလှကာ မိုးများရွာသွန်းသကဲ့သို့ စီးပြိုလာခဲ့ခြင်းဖြစ်တာကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေပြင်သည် ဖျက်ဆီးခံရလုမတက်ဖြစ်နေခဲ့သည်။
မကောင်းဆိုးဝါးလူငယ်၏ မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခုရှိနေခဲ့ကာ သူ၏စွမ်းအင်များကလည်း ခန္ဓာကိုယ်တစ်လျှောက်စဉ်ဆက်မပြတ် စီးဆင်းလျက်ရှိသည်။ သူ၏လက်ဖဝါးသည် ဓားတစ်ချောင်းအဖြစ်ပြောင်းလဲသွားခဲ့ကာ ရုတ်တရက်ဖြတ်ပိုင်းချခဲ့သည်။ မိုးကောင်းကင်ထိတိုင် ပြန့်လွင့်တက်နေသော အလင်းတန်းကြီးတစ်တန်းသည် ဓားလှိုင်းတလိုင်းကဲ့သို့ ပျံ့လွင့်သွားခဲ့သည်။ ၎င်းဓားစွမ်းအင်အလင်းတန်းနှင့်အတူ မကောင်းဆိုးဝါးမျိုးနွယ်စုကြီး တစ်ခုလုံးသည် ဝမ်ဖုန်းတို့ထံ အရူးအမူးပြေးလွှားလာခဲ့ကြသည်။
မြင်ကွင်းမှာ စစ်သူကြီးတစ်ယောက်က တပ်သားများကိုဦးဆောင်၍ ရန်သူကိုချေမှုန်းတော့မည်ကဲ့သို့ ဖြစ်နေခဲ့သည်။
"လှည့်ကွက်ကလေးတွေ!"
ဝမ်ဖုန်းက မျက်ဝန်းကိုမှေးစင်းလျက် အေးစက်စွာနှာမှုတ်ပြောဆိုခဲ့သည်။ သူဟာ ခြေထောက်ကိုဆောင့်ကန်လိုက်သည်အခါ မြေပြင်သည် တစ်သိမ့်သိမ့် ပေါက်ကွဲထွက်သွားခဲ့သည်။ ကျောက်စိုင်င်ကျောက်တုံးများကလည်း လွင့်စဉ်ထွက်သွားခဲ့သည်။ ဝမ်ဖုန်းသည် သူ၏လက်နှစ်ချောင်းကို ဓားပုံသဏ္ဌာန်ကဲ့သို့စုစည်းလိုက်သည်။ ပြင်းထန်သော ဓားအလင်းတန်းသည် ဝန်းကျင်တခွင်ကို ရုတ်တရက်ခါးရမ်းစေခဲ့သည်။
ဝမ်ဖုန်းက လက်ချောင်းများကို ရွေ့လျားလိုက်သည့်အခါ အလွန်အမင်းတောက်ပသော ဓားအလင်းတန်းသည် ဝမ်ဖုန်း၏လက်ချောင်းများထိပ်မှ ထွက်ပေါ်လာပြီးလျှင် သက်တန့်တစ်စင်းကဲ့သို့ ပြေးလွှားထွက်သွားခဲ့သည်။ ဓား၏အစွန်းသည် လေဟာပြင်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲခဲ့သည်။
အဆိုပါ ဓားအရိပ်၏အောက်တွင် ကမ္ဘာလောကကြီးတစ်ခုလုံး မှောင်ရိပ်သန်းသွားခဲ့ရသည်။ ဓားအလင်းတန်းကသာ အမှောင်ထုအတွင်း တစ်လက်လက်တောက်ပလျက် ရှိချေသည်။ အဆုံးစမဲ့သော ဓားအရှိန်အဝါများသည် ကမ္ဘာလောကကို အပိုင်းပိုင်းဖြတ်တော့မည်အလား ထင်မှတ်ရ၏။
"ဘုန်း!"
ဓားအလင်းတန်းသည် သက်ဆင်းလာသော တိုက်ခိုက်မှုကြီးများနှင့် ထိတွေ့မိသွားခဲ့ကာ ကြီးစွာသောစွမ်းအင်တို့ကို ပေါက်ကွဲသွားစေခဲ့သည်။ ပတ်ပတ်လည် မိုင်တစ်သောင်းဝန်းကျင်သည် အရာအားလုံးဖျက်ဆီးခံခဲ့ရသည်။ သစ်ပင်များဟာ တစ်ခုပြီးတစ်ခု အမြှစ်မှလန်ထွက်သွားခဲ့သည်။ ကျောက်စိုင်ကျောက်တုံးများကလည်း အပိုင်းပိုင်းအစစ ပြတ်တောက်သွားခဲ့၏။
မကောင်းဆိုးဝါးစစ်တပ်၏ တိုက်ခိုက်မှုများသည် ဓားအလင်းတန်းနှင့် ထိတွေ့ခဲ့ရသည်အခါ စက္ကူစတစ်ရွက်လိုမျိုး ပျက်စီးသွားခဲ့သည်။ မကောင်းဆိုးဝါးလူငယ်လေး၏ တိုက်ခိုက်မှုတစ်ခုတည်းကသာ ခပ်ကြာကြာတည်မြဲနေနိုင်ခဲ့သည်။ သို့ပေသော်ငြားလည်း တောက်ပသောဓားအလင်းတန်း၏ အောက်တွင် မကောင်းဆိုးဝါးလူငယ်၏ တိုက်ကွက်ကလည်း တဖြည်းဖြည်းချင်း မိန်ဖျော့ပျောက်ကွယ်သွားခဲ့၏။
"ဟစ်!"
ဤမြင်ကွင်းကြောင့် မကောင်းဆိုးဝါးလူငယ်လေးသည် အံ့အားတသင့်ဖြစ်သွားခဲ့သည်။ သူ၏မျက်ဝန်းများမှာ ပြူးကျယ်လျက်ရှိချေသည်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?"
မကောင်းဆိုးဝါးလူငယ်က ရေရွတ်ပြောဆိုခဲ့သည်။ သူ၏လေသံတွင် မယုံကြည်နိုင်မှုတို့ကိန်းဝပ်နေခဲ့သည်။
သူဟာ နက္ခတ်ဧကရာဇ်အဆင့်တွင်ရှိနေသော စွမ်းအားရှင်တစ်ယောက် ဖြစ်သည့်အပြင် သူ့နောက်ကိုလိုက်ပါလာသော မကောင်းဆိုးဝါးများကလည်း သာမန်မဟုတ်ကြပါ။ မကောင်းဆိုးဝါးများအနက် အားအနည်းဆုံးကောင်များကတောင် ကောင်းကင်ဘုံဧကရာဇ်အဆင့်၌ရှိကြသည်။ သို့သော်လည်း ဝမ်ဖုန်းနှင့်ရင်ဆိုင်ရသည့်အခါ သူတို့ဟာ ခုခံချေပရန် အချိန်တောင်မရဘဲ အလွယ်တကူချေမှုန်းခံခဲ့ရသည်။ သူတို့၏တိုက်ကွက်များကလည်း ဝမ်ဖုန်းခန္ဓာကိုယ် အနီးတစ်ဝိုက်သို့တောင် မရောက်နိုင်ခဲ့ပါ။
သာမန်ပါရမီရှင်တစ်ယောက်သာ ဤနေရာတွင်ရှိနေပါက ပြန်လမ်းမရှိဘဲ ချက်ချင်းကိုသေဆုံးသွားမှာဖြစ်သည်။ ထူးမြတ်သောပါရမီရှင်များ အင်အားစုပေါင်း၍မဟုတ်လျှင် မကောင်းဆိုးဝါးလူငယ်နှင့် သူ၏စစ်တပ်ကို တိုက်ခိုက်နိုင်မှာမဟုတ်ပါ။ သို့သော်လည်း ဤမျှကြီးမားသော မကောင်းဆိုးဝါးတပ်ကြီးသည် ဝမ်ဖုန်း၏ရှေ့တွင်တော့ ကူကယ်ရာမဲ့နေခဲ့ရသည်။
ဝမ်ဖုန်း၏ ကိုယ်ပိုင်ကျင့်ကြံမှုသည် ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အထွတ်အထိပ်၌ရှိပြီး သူ၏ တိုက်ပွဲဝင်စွမ်းအားသည် အစစ်အမှန်ဧကရာဇ်များနှင့်တောငိ ရင်ဆိုင်နိုင်သည်။ ဤကဲ့သို့ ခွန်အားဖြင့်ဆိုပါက သာမန်တိုက်ကွက်တစ်ခုကတောင် မကောင်းဆိုးဝါးလူငယ်မျှော်မှန်းထားသည်ထက် များစွာအားပြင်း၏။
"သေစမ်း!"
ဝမ်ဖုန်းသည် မကောင်းဆိုးဝါးလူငယ်၏ ထိတ်လန့်မှုများကို လစ်လျူရှုထားခဲ့သည်။ သူ၏မျက်ဝန်းများအတွင်း၌ အေးစက်သောအလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့ကာ တိုးငြင်းစွာရေရွတ်ခဲ့သည်။ သူဟာ လက်ချောင်းထိပ်များဖြင့် ဓားသဏ္ဌာန်ပြောင်းလဲ၍ နောက်ထပ်ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ခဲ့ပြန်သည်။ ဗိုလ်ကျခြယ်လှယ်နိုင်သော ဓားဆန္ဒသည် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ၎င်းသည် မကောင်းဆိုးဝါးလူငယ်နှင့် အဖွဲ့ထံ မြန်ဆန်သောအရှိန်ဖြင့် ပြေးထွက်သွားခဲ့သည်။
"သောက်ကျိုးနည်း!
အင်အားစုပေါင်းပြီးခုခံကြ!"
ဤဓားအလင်းတန်း၏ ခြောက်ခြားစရာကောင်းမှုကိုခံစားလိုက်ရသည့်အခါ မကောင်းဆိုးဝါးလူငယ်၏မျက်နှာပေါ်တွင် ရုတ်တရက်ဆိုသလို ထိတ်ထိတ်ပြာပြာဖြစ်သွားခဲ့သည်။ သူကဒေါသတကြီး အော်ဟစ်ပြောဆိုခဲ့သည်။
"ဘုန်း!"
၎င်းအသံနှင့် အတူပြင်းထန်သောခွန်အားသည် သူ့ထံမှထွက်ပေါ်လာလျက် ဝန်းကျင်ရှိလေထုကို ခါရမ်းစေခဲ့သည်။ သူ၏နောက်ကျောဘက်တွင်ရှိနေသော မကောင်းဆိုးဝါးမျိုးနွယ်များကလည်း တစ်ယောက်ပြီးတယောက် အစွမ်းထက်သောအရှိန်အဝါတို့ကို ပေါက်ကွဲထုတ်ဖော်ခဲ့ကြသည်။ သူတို့ဟာ အားကုန်အင်တိုက်ဖြင့် ဝမ်ဖုန်ထုတ်လွှတ်လိုက်သော ဓားအလင်းတန်းကိုခုခံရန်ကြိုးပမ်းခဲ့ကြသည်။
"ဘုန်း!"
မကောင်းဆိုးဝါးလူငယ်နှင့် စစ်တပ်ကြီး ခုခံမူပြီးစီးသွားသည့်တစ်ခဏမှာပဲ ဝမ်ဖုန်း၏ ဓားအလင်းတန်းကလည်း ချွင်းချက်မရှိ သက်ဆင်းလာခဲ့သည်။ အဆိုပါ ဓားအလင်းတန်းသည် အကာအရံအလွှာတို့ကို စက္ကူစတစ်ရွက်ကဲ့သို့ ဖြတ်ပိုင်းသွားခဲ့သည်။ ဝန်းကျင်၌ တလက်လက်တောက်ပနေသော ဓားအလင်းတန်းတစ်ခုသာ ကြွင်းကျန်ရစ်သည်။
၎င်းဓားအလင်းတန်းသည် ချွင်းချက်မရှိဘဲ မကောင်းဆိုးဝါးလူငယ်နှင့် စစ်တပ်ကြီးတခုလုံး၏ ခန္ဓာကိုယ်များကိုပါပိုင်းဖြတ်သွားခဲ့သည်။ အံ့ဩစရာကောင်းသည်က မကောင်းဆိုးဝါးလူငယ်လေးသည် အနည်းငယ်သောနာကျင်မှုကိုတောင် မခံစားခဲ့ရပါ။
"ဘုန်း!"
နောက်တစ်ခဏမှာပဲ သူ၏ခန္ဓာကိုယ်က ထက်ပိုင်းပြတ်သွားခဲ့ပြီဆိုတာကို မကောင်းဆိုးဝါးလူငယ်လေး နားလည်သွားခဲ့သည်။ ဝမ်ဖုန်းထုတ်လွှတ်ခဲ့သော ဓားစွမ်းအားမှာ အရမ်းကိုကြောက်လန့်ဖို့ကောင်း၍ဖြစ်နိုင်သည်။ သူဟာ ခါးနေရာမှ ထက်ပိုင်းပြတ်သွားခဲ့သော်လည်း ခန္ဓာကိုယ်မှသွေးတစ်စတောင် ထွက်မလာခဲ့ပါ။
မကောင်းဆိုးဝါးလူငယ်၏ မျက်ဝန်းထဲရှိ အလင်းရောင်များသည် မှိန်ဖျော့သွားလျက် သူ့ကိုယ်အတွင်းရှိ အသက်ဓာတ်များကလည်း အပြည့်အဝပျက်သုန်းသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ဟာ ထက်ခြမ်းဖြစ်လျက် မြေပြင်ပေါ်တွင်လဲလျောင်းနေခဲ့သည်။ သူ့နောက်ကျောဘက်ရှိ မကောင်းဆိုးဝါးစစ်တပ်ကြီးတစ်ခုလုံးသည်လည်း ထက်ပိုင်းပြတ်ခဲ့ကြသည်။
ဤမြင်ကွင်းကြောင့် အနောက်ဘက်တွင်ရှိနေသော ကွေ့ဝူနှင့် ရွှမ်းယွမ်တို့သည် တသိမ့်သိမ့်တုန်ယင်သွားခဲ့သည်။
ကြည့်ရတာ ဂိုဏ်းချုပ်ကြီးရဲ့ခွန်အားက သူတို့ထင်ထားတာထက် ပိုပြီးကြောက်စရာကောင်းနေတာပဲ။
မကောင်းဆိုးဝါးလူငယ်နှင့်စစ်တပ်ကြီးကို ဖျက်ဆီးလိုက်ပြီးနောက် ဝမ်ဖုန်းဟာ မြေပြင်ရှိအလောင်းများကို လှည့်၍မကြည့်တော့ပါ။ သူဟာ ဒုတိယအလွှာရှိ အနက်ပိုင်းသို့ဦးတည်သွားခဲ့သည်!