← Chapters

အခန်း (၄၆)

Vol. 4 Ch. 46

အခန်း (၄၆)

Vol. 4 Ch. 46

ကျန်းချန်၏ လက်ဝါးက အတော်လေး ပြင်းထန်သည်။

ကျန်းချမ်ဟဲက ပြင်းထန်စွာ ဒဏ်ရာရထား၍ တုံ့ပြန်ရန် အလျှင်မမီသောကြောင့် ကျန်းချန်က နောက်တစ်ကြိမ် ထပ်ပြီး ပျံသန်းစေခဲ့သည်။

"ဘန်း"

လက်ဝါးရိုက်ချက်က ကျန်းချမ်ဟဲကို ပေအနည်းငယ်အထိ လွင့်စင်သွားစေခဲ့၏။

ကျန်းချန်က ရုန်းကန်ပြီး ထဖို့ ကြိုးစားနေသည့် ကျန်းချမ်ဟဲကို အေးစက်စက် စူးစိုက်ကြည့်နေခဲ့သည်။

ယင်းနောက် သူ့က အလင်းစီးကြောင်း သဖွယ် ကျန်းချမ်ဟဲ ရှေ့သို့ ရောက်လာပြီး ကျန်းချမ်ဟဲ၏ ရင်ဘတ်ကို တိုက်ရိုက် နင်းချလိုက်၏။

"ဖူးး"

ကျန်းချမ်ဟဲက ရုတ်တရက် ပါးစပ်ထဲကနေ သွေးများကို ဆက်တိုက် အန်ထုတ်လိုက်ရသည်။

"ခွေးအိုကြီး.. ငါက ကျန်းမိသားစုရဲ့ ခေါင်းဆောင်လုပ်မယ်.. မင်း လက်ခံလား လက်မခံဘူးလား"

ကျန်းချန်က ခြေထောက်တစ်ဖက်ဖြင့် ကျန်းချမ်ဟဲကို နင်းထားပြီး မထီမဲ့မြင် ကြည့်လိုက်သည်။

သူ၏ အေးစက်စက် အသံက ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။

"ငါ.. ငါ လက်ခံပါတယ်"

သူ့ရှေ့မှ သားသတ်သမား တစ်ယောက်လို ဖြစ်နေသည့် ကျန်းချန်ကို ကြည့်ပြီး ကျန်းချမ်ဟဲသည် အဆုံးသတ်တွင် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

ကျန်းချန်၏ ခွန်အားက ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်ကို ရောက်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားပေ။

သူ၏ ချီကာကွယ်ရေး အဆင့်၇မှ ခွန်အားသည်ပင် ကျန်းချန်ရှေ့၌ ခုခံနိုင်စွမ်း မရှိခဲ့ချေ။

သူ့လို ကျန်းမိသားစု၏ အကြီးအကဲသည် ကျန်းချန်၏ ခွေးတစ်ကောင်လို ရိုက်နှက်ခြင်းအား ခံလိုက်ရသည်။

ထိုခဏတွင် ရင်ပြင်တစ်ခုလုံး သုဿာန်တစပြင်ကဲ့သို့ လုံးဝတိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းက စင်မြင့်ပေါ်မှ ကျန်းချန်ကို မှင်တက်စွာ ကြည့်နေမိကြ၏။

စန်းရှန်မြို့မှ နာမည်ကျော် အမှိုက်ကောင်သည် ရုတ်တရက် သန်မာလာခဲ့ပြီး ကျန်းမိသားစု၏ အကြီးအကဲကို အမှောက်သိပ်နိုင်သည့် အင်အားကြီးသူ တစ်ယောက် ဖြစ်လာခဲ့သည်။

ကျန်းချမ်ဟဲ ဆိုသည်မှာ ကျန်းမိသားစုရဲ့ အကြီးအကဲ၊ ချီကာကွယ်ရေး အဆင့်၇မှ ကျင့်ကြံသူ ဖြစ်သည်။

ဤကဲ့သို့ ခွန်အားမျိုးသည် စန်းရှန်မြို့တွင် ထိပ်တန်းအဆင့်၌ ရှိနေခဲ့ပြီ ဖြစ်၏။

"ကျန်းမိသားစုရဲ့ သခင်လေးက စန်းရှန်မြို့က ထိပ်တန်း ကျင့်ကြံသူတွေနဲ့ ယှဥ်နိုင်တဲ့ ခွန်အားကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ထားတာလဲ"

"ဒါ.. ဒါက လုံးဝကို မယုံနိုင်စရာပဲ"

"သခင်လေးကျန်း.. သူ... သူ ဘယ်အချိန်က ဒီလောက်ထိ အင်အားကြီးလာတာလဲ"

ကျန်းခိုင်၏ မျက်လုံးများက ပြူးကျယ်သွား၏။

သူက စင်မြင့်ပေါ်မှ ကျန်းချန်ကို ကြောင်ငေး၍ ကြည့်နေခဲ့သည်။

သူ၏ အမူအရာက အံ့သြတုန်လှုပ်နေပုံရ၏။

စန်းရှန်မြို့ကို မပြန်ခင်တွင် ကျန်းချန်သည် ကျန်းချမ်ဟဲကို နှိမ်နင်းရန် အခြေခံအားဖြင့် မဖြစ်နိုင်ဟု သူအမြဲ ခံစားခဲ့ရသည်။

သို့သော် မည်သူ သိနိုင်မည်နည်း။

ကျန်းချန်သည် မဖြစ်နိုင်သည်ကို ဖြစ်အောင် ရုတ်တရက် လုပ်ပြလိုက်သည်။

သူက ခန္ဓာကိုယ်ကို ပြုပြင်ခြင်းအဆင့်၂ အမှိုက်ကောင်ကနေ ကျန်းချမ်ဟဲကို အနိုင်ယူနိုင်တဲ့ အင်အားကြီးသူ တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ထို့အပြင် ကျန်းချမ်ဟဲကို အလွယ်တကူ အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

ဤပါရမီ နှင့် ခွန်အားရှိသောသူကို မည်သူက အမှိုက်ကောက်ဟု ပြောနိုင်တော့မည်နည်း။

စင်မြင့်ပေါ်ရှိ ကျန်းချန်၏ နောက်တွင် ရပ်နေသည့် မုန့်ချင်းရွယ်၏ လှပသော မျက်လုံးတွေထဲတွင်လည်း အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

သူမက ကျန်းချန်၏ ကိုယ်ပိုင်ခွန်အားကို ဤမျှလောက် အင်အားကြီးနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဤကောင်က သူမကို ပထမဆုံးအကြိမ် တွေ့တွေ့ချင်းမှာပင် သူမကို ထိုက်ယင် အထူးခန္ဓာကိုယ် ပိုင်ရှင် ဖြစ်ကြောင်း မြင်နိုင်ခဲ့သည်။

အဂ္ဂိရတ်လမ်းစဥ်တွင်လည်း သူ၏ ပါရမီက သြချရလောက်အောင် ကောင်း၍ ဆဌမအဆင့် အဂ္ဂိရတ်သခင် ယန်ချင်းရွှယ်ကိုပင် သဘောကျသွားစေခဲ့၏။

ထို့အပြင် ကိုယ်ခံပညာ ပါရမီတွင်လည်း သူမထက် မနိမ့်ကျပေ။

"ကျန်းချန်.. ကျန်းချန်.. နင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်ထိ ရှိနေတာလဲ"

ကျန်းချန် ပြန်လာခြင်းကြောင့် ကျန်းချမ်ဟဲ၏ ကျန်းမိသားစုခေါင်းဆောင်ရာထူးကို သိမ်းပိုက်ရန် အစီအစဉ်သည် အဆုံးသတ်တွင် လုံးဝ ကျရှုံးသွားခဲ့သည်။

ကျန်းမိသားစုအတွင်းမှ သူ၏ အင်အားသည်လည်း တစ်ခဏအတွင်း ပြိုလဲသွားခဲ့၏။

ကျန်းချန်ရဲ့ စီစဉ်မှုအရ ကျန်းခိုင်သည် ကျန်းမိသားစု၏ အကြီးအကဲအဖြစ် ရာထူးတိုးမြှင့်ခံရပြီး ကျန်းမိသားစုတွင် အရေးပါသူတစ်ယောက် ဖြစ်လာသည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ နာမည်သည် စန်းရှန်တစ်မြို့လုံးကို လှုပ်ခတ်သွားစေခဲ့သည်။

စန်းရှန်မြို့တွင် တစ်ချိန်က နာမည်ကြီးခဲ့သည့် ကျန်းမိသားစု အမှိုက်ကောင်သည် ကောင်းကင်ကို ဆန့်ကျင်နိုင်သော ပါရမီဖြင့် စန်းရှန်မြို့၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်သည့် အင်အားကြီးသူ တစ်ယောက် ဖြစ်လာသည်ကို လူတိုင်းနီးပါး သိထားကြ၏။

သူ၏ အဆင့်အတန်းသည် စန်းရှန်မြို့၏ မျိုးဆက်သစ်များထဲတွင် ပထမဖြစ်သည့် ပါရမီရှင် လင်းယွီကိုပင် ကျော်လွန်သွားခဲ့သည်။

သူဟာ စန်းရှန်မြို့၏ မျိုးဆက်သစ်များထဲတွင် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

အခန်း(၄၆) ပြီး၏

All Chapters