အခန်း (၄၈)
Vol. 4 Ch. 48
"ဒီဆေးဥယျာဉ်က အစကတည်းက ငါတို့ ကျန်းမိသားစုရဲ့ နေရာပဲ.. ငါ ဘာလို့ မလာရဲရမှာလဲ"
ကျန်းချန်က နှာခေါင်းရှုံ့လိုက်ပြီး စိတ်မရှည်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်းတို့နဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေဖို့ ငါ့မှာ အချိန်မရှိဘူး.. မင်းတို့ ခေါင်းဆောင် သွေးမိစ္ဆာကို ငါ့ဆီ လာတွေ့ခိုင်းလိုက်"
"ကောင်လေး.. မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ.. ငါတို့ရဲ့ ခေါင်းဆောင်ကို မင်းတွေ့ချင်တိုင်း တွေ့လို့ရမယ် ထင်နေလား"
"ငါဒေါသမထွက်ခင် ဒီကနေ ထွက်သွားစမ်း.. မဟုတ်ရင် ဒီရွှယ်စန်းတောင်က မင်းရဲ့ သင်္ချိုင်း ဖြစ်သွားလိမ့်မယ်"
အစောင့်က ကျန်းချန်ကို မထီမဲ့မြင် ကြည့်လိုက်သည်။
သူ့၏ အမူအရာက အတော်လေး မောက်မာနေ၏။
"သွေးမိစ္ဆာဂိုဏ်းက ဂိုဏ်းသားလေး တစ်ယောက်ကများ ငါ့ရှေ့မှာ မောက်မာရဲတယ်.. အသက်မရှင်ချင်တော့ဘူး ထင်ရဲ့"
ကျန်းချန်က အေးစက်စွာ ကြည့်ပြီး သူ၏ လက်ဝါးကို လှုပ်ရှားလိုက်ပြီး မြေပြင်ပေါ်မှ သစ်ရွက်တစ်ရွက်ကို ချီစွမ်းအား အသုံးပြုကာ လက်ထဲသို့ တိုက်ရိုက် ဆွဲယူလိုက်သည်။
ထို့နောက် သူက လက်ချောင်းများကို အသုံးပြု၍ သစ်ရွက်ကို ပစ်လွှတ်လိုက်ရာ သစ်ရွက်သည် ဓားပျံတစ်စင်း ကဲ့သို့ အစောင့်၏ လည်ပင်းကို ချက်ချင်း ဖြတ်ချသွားခဲ့သည်။
လည်ပင်းမှ သွေးများ ပန်းထွက်လာပြီးနောက်တွင် အစောင့်၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ဘုတ်ခနဲ တိုက်ရိုက် လဲကျသွားခဲ့၏။
"မင်း မင်း"
ဤမြင်ကွင်းက ကျန်ရှိသည့် သွေးမိစ္ဆာ ဂိုဏ်းဝင်ကို ချက်ချင်း ထိတ်လန့်သွားစေပြီး ကြက်သီးတဖြန်းဖြန်း ထစေခဲ့သည်။
ကျန်းချန်က သူ့ကို စူးစူးရဲရဲ ကြည့်လိုက်၏။
"မင်း မသေချင်ရင် သွေးမိစ္ဆာကို ငါ့ဆီ လာတွေ့ဖို့ သတင်းပို့လိုက်"
သွေးမိစ္ဆာဂိုဏ်းသားက အသက်ချမ်းသာရာ ရသွားသဖြင့် ချက်ချင်းပင် ဆေးဥယျာဉ်ထဲကို တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။
ငါးမိနစ်ခန့်အကြာတွင် မျက်နှာ၌ အမာရွတ်တစ်ခု ပါရှိသည့် လူတစ်ယောက်သည် လူတစ်စုကို ဦးဆောင်ကာ ဆေးဥယျာဉ်ထဲကနေ ထွက်လာခဲ့သည်။
"ငါ့ သွေးမိစ္ဆာဂိုဏ်းနယ်မြေမှာ ဘယ်သူ ရမ်းကားနေတာလဲ"
အမာရွတ်လူကြီး၏ ဒေါသတကြီး ကြုံးဝါးသံက ကျန်းချန်၏ နားထဲတွင် ထွက်ပေါ်လာသည်။
ကျန်းချန်က လူစုကို ဦးဆောင်လာတဲ့ အမာရွတ်လူကြီးကို ကြည့်ကာ မေးလိုက်၏။
"မင်းက သွေးမိစ္ဆာဂိုဏ်းရဲ့ ခေါင်းဆောင် သွေးမိစ္ဆာလား"
ကျန်းချန်က အေးစက်စွာ မေးလိုက်သည်။
"ဟုတ်တယ်.. သွေးမိစ္ဆာဆိုတာ ငါပဲ"
ရွှယ်ရှောက်က ကြမ်းတမ်းသော အကြည့်ဖြင့် ကျန်းချန်ကို ကြည့်လိုက်ပြီး မေးခွန်းပြန်ထုတ်လိုက်သည်။
"ကောင်လေး.. မင်းကရော ဘယ်သူလဲ"
"ငါ ဘယ်သူလဲဆိုတာ မင်း သိစရာ မလိုပါဘူး"
ကျန်းချန်က အေးစက်စွာ ပြောလိုက်သည်။
"မင်း သိဖို့ လိုတာက ဒီဆေးဥယျာဉ်က မင်းတို့ သွေးမိစ္ဆာဂိုဏ်းနဲ့ မသက်ဆိုင်ဘူးဆိုတာပဲ"
"ကောင်လေး.. မင်းလို နို့နံ့တောင် မစင်သေးတဲ့ ကောင်လေးတစ်ယောက်ကို ဒီကို စေလွှတ်လိုက်တယ် ဆိုတော့ မင်းတို့ မိသားစုမှာ ဘယ်သူမှ မရှိတော့ဘူးလား"
"မင်းလို နို့နံ့တောင် မစင်သေးတဲ့ ကောင်လေးက ငါ့ရှေ့မှာ ဒီလိုပြောဖို့ ဘာအရည်အချင်းရှိလို့လဲ"
"မင်းမပြောနဲ့.. ကျန်းချမ်ဟဲ ကိုယ်တိုင် လာရင်တောင် ဆေးဥယျာဉ်ကို ပြန်ပေးဖို့ ငါမလိုလားဘူး"
ရွှယ်ရှောက်က ကျန်းချန်၏ စကားကို ကြားလျှင် ရယ်မောလိုက်သည်။
စန်းရှန်မြို့က ကျန်းမိသားစုတွင် သူ့ကို ကြောက်လန့်စေသူမှာ ကျန်းဝူရ တစ်ယောက်သာ ရှိ၏။
ယခုကျန်းဝူရ မရှိတော့ပေ။
သူ၏ မျက်လုံးထဲတွင် ကျန်းမိသားစုသည် လက်ရှိတွင် သူကြိုက်သလို ချေမွပစ်နိုင်သည့် နူးညံ့သော သစ်သီးတစ်လုံးသာ ဖြစ်သည်။
"သွေးမိစ္ဆာ.. မင်းကိုယ်မင်း အရမ်း အထင်ကြီးနေတဲ့ပုံပဲ"
"အရင်တုန်းက မင်းကို ငါ့အဖေ ဖိနှိပ်ခဲ့တယ်...အခု ငါကလည်း မင်းကို ဖိနှိပ်နိုင်ပါသေးတယ်...မင်းက ငါ့ရဲ့ ကျန်းမိသားစုကို လာထိရဲတယ် ဆိုမှတော့ မင်းမှာ အရည်အချင်း ဘယ်လောက်ရှိလဲဆိုတာ ကြည့်ရသေးတာပေါ့"
ကျန်းချန်က ရွှယ်ရှောက်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ထို့နောက် သူ၏ ခံစားချက် ကင်းမဲ့သောအသံသည် တစ်ခဏအတွင်း လေထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
"မင်းကို ငါးမိနစ်အချိန်ပေးမယ်.. မင်းလူတွေကိုခေါ်ပြီး ဒီနေရာကနေ ချက်ချင်း ထွက်သွားလိုက်.. ငါ့ကို လူသတ်ဖို့ ဖိအားမပေးနဲ့"
အခန်း(၄၈) ပြီး၏