အခန်း (၄၉)
Vol. 4 Ch. 49
"ဟားဟား... ညီအစ်ကိုတို့. မင်းတို့ သေချာ ကြားလိုက်ရလား.. ဒီကောင်လေးက ငါ့ရှေ့မှာ လူသတ်မယ်တဲ့"
ရွယ်ရှောက်က ကမ္ဘာပေါ်တွင် အရယ်ရဆုံးဟာသကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်ရာ သူ၏ နောက်လိုက်များကလည်း လိုက်လံ ရယ်မောလိုက်သည်။
"ငါအထင် ဒီကောင်လေးက အတော်တုံးအမဲ့ပုံပဲ"
"ဒီလို နို့နံ့တောင်မစင်သေးတဲ့ ကောင်လေးကို တစ်ချက်ထိုးရုံနဲ့တင် ငါရှင်းပစ်နိုင်တယ်"
"ဘယ်သူက သူ့ကို ခေါင်းဆောင်ရှေ့မှာ ဒီလိုစကားပြောဖို့ သတ္တိတွေ ပေးလိုက်တာလဲ မသိဘူး"
"..........."
ရွှယ်ရှောက်၏ နောက်လိုက်များက ကျန်းချန်ကို အထင်သေးစွာဖြင့် လှောင်ပြောင်လိုက်ကြသည်။
"ဒီကောင်လေးကို ရှင်းပစ်ဖို့ ခေါင်းဆောင်ကိုယ်တိုင် မလိုပါဘူး.. သူ့ကို ရှင်းပစ်ဖို့ ကျနော့်ကို ခွင့်ပြုပေးပါ"
ထိုအချိန်တွင် သွေးမိစ္ဆာ၏ နောက်လိုက်များထဲမှ သက်လတ်ပိုင်း အရွယ် လူတစ်ယောက်သည် သွေးမိစ္ဆာကို တောင်းဆိုလိုက်သည်။
ရွယ်ရှောက်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ.. အင်အားသိပ်မသုံးနဲ့.. သူ့အသက်ကိုတော့ ချန်ထားပေးလိုက်ပါ"
မည်သို့ပင်ဖြစ်စေ ဤကောင်လေးသည် ကျန်းဝူရ၏ သားဖြစ်သည်။
ကျန်းဝူရက ကျန်းမိသားစုတွင် ရှိမနေသော်လည်း ပြန်ရောက်လာနိုင်ချေကို ဖယ်ထား၍မရပေ။
သူက ကျန်းမိသားစု၏ ဆေးဥယျာဉ်ကို လုယူခဲ့သည့် ကိစ္စသည် ကျန်းဝူရကို အများဆုံး ဒေါသထွက်စေရုံသာ ဖြစ်၏။
သို့သော် ကျန်းဝူရ၏ သားအရင်းကို သတ်မိလျှင်မူ ကျန်းဝူရသည် သူ့ကို ရေကုန်ရေခန်း လိုက်လံ လက်စားချေမည်မှာ သေချာသလောက်ပင်။
"ခေါင်းဆောင် စိတ်မပူပါနဲ့.. သူ့ကို အများဆုံး ဒုက္ခိတဖြစ်ရုံလောက်ပဲ လုပ်မှာပါ"
သက်လတ်ပိုင်းအရွယ် လူက ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်ကို မောက်မာစွာ ကြည့်လိုက်သည်။
"ကောင်လေး.. ငါ့ကိုပြောပါ...မင်း ဘယ်လို ပုံစံမျိုးနဲ့ သေချင်လဲ"
"မင်းပဲ သွားသေလိုက်တော့"
အေးစက်စက် ကြုံးဝါးသံနှင့်အတူ ကျန်းချန်၏ ပုံရိပ်သည် အလင်းသဖွယ် ပြောင်းလဲသွားပြီး ထိုလူရဲ့ ဘေးတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
ငွေရောင် တောက်ပနေတဲ့ သူ၏ လက်သီးချက်က သက်လတ်ပိုင်းအရွယ် လူကို တုံ့ပြန်ဖို့ပင် အခွင့်အရေး မပေးဘဲ ရင်ဘတ်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ကျန်းချန်၏ လက်သီးချက်သည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း လက်သီးတွင် ပါဝင်သည့် ခွန်အားသည် အလွန် ကြောက်မက်ဖွယ်ကောင်း၏။
သက်လတ်ပိုင်းအရွယ် လူသည် ကျန်းချန်၏ ထိုးကြိတ်မှုကြောင့် ခန္ဓာကိုယ် ပြင်းထန်စွာ ထိခိုက်သွားပြီး ပါးစပ်ထဲမှ သွေးများပင် အန်ထုတ်လိုက်ရသည်။
သူ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ကြိုးပြတ်သွားတဲ့ စွန်တစ်ကောင်နှယ် လွင့်စင်သွားခဲ့၏။
ထိုလူက သေသလား၊ ရှင်သလား မသိရပေ။
"ဘာလဲဟ"
ကျန်းချန်က သက်လတ်ပိုင်းအရွယ် လူကို တစ်ချက်ထိုးရုံဖြင့် ရှင်းထုတ်လိုက်သည်ကို ကြည့်ပြီး သွေးမိစ္ဆာဂိုဏ်းဝင်များသည် တုန်လှုပ်သွားကြသည်။
ရွှယ်ရှောက် ကိုယ်တိုင်လည်း သူ၏ နှလုံးသားထဲကနေ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့၏။
ဤသက်လတ်ပိုင်းအရွယ် လူသည် သူတို့ သွေးမိစ္ဆာဂိုဏ်း၏ ချီကာကွယ်ရေးအဆင့် ကျင့်ကြံသူ အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။
ယခုတော့ တစ်ဖက်မှကောင်လေးသည် တစ်ကွက်ထဲဖြင့် အမှောက်သိလိုက်၏။
"အသက် ၁၅၊၁၆ နှစ်ပဲ ရှိသေးတဲ့ ကောင်လေးက ဒီလောက် အင်အားကြီးမားတဲ့ ခွန်အားကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နိုင်တာလဲ"
"ကောင်လေး.. မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အထိ အစွမ်းထက်မယ်လို့ မထင်ထားမိဘူး.. ငါမင်းကို လျှော့တွက်မိခဲ့တာပဲ"
ရွှယ်ရှောက်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
သူက ကျန်းချန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။
ကျန်းချန်က အရာအားလုံးကို ဥပေက္ခာပြုထားခဲ့သည်။
"ငါးမိနစ် ပြည့်သွားပြီ"
"ကောင်လေး.. ငါ့ရှေ့မှာ ရမ်းကားဖို့ မကြိုးစားနဲ့.. မင်းမှာ ချီကာကွယ်ရေး အဆင့်က ခွန်အားရှိတယ် ဆိုတာနဲ့ပဲ မင်းကို ကြောက်နေမယ်လို့ မထင်နဲ့"
ရွှယ်ရှောက်က လှောင်ရယ်လိုက်သည်။
"မင်း ငါ့ရှေ့မှာ ငါ့ငယ်သားတွေကို ဘယ်လို သတ်နိုင်မလဲဆိုတာ ငါ သိချင်တယ်"
"သွေးမိစ္ဆာ.. မင်းကို အခွင့်အရေးပေးခဲ့တယ်.. ဒါပေမယ့် မင်းက တန်ဖိုးမထားခဲ့ဘူး"
"ဒီလိုဆိုမှတော့ ဒီနေ့ကစပြီး စန်းရှန်မြို့မှာ သွေးမိစ္ဆာဂိုဏ်း ရှိတော့မှာ မဟုတ်ဘူး"
ကျန်းချန်က စကားဆုံးသည်နှင့် အလင်းစီးကြောင်း အဖြစ် ပြောင်းလဲကာ နေရာမှာပင် ပျောက်ကွယ်သွားခဲ့၏။
ထိုမြင်ကွင်းကြောင့် ရွှယ်ရှောက်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည။
သူ မတုံ့ပြန်နိုင်ခင်မှာပင် သူ့နောက်တွင် ကြောက်မက်ဖွယ် အော်ဟစ်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
ရွှယ်ရှောက်က ရုတ်တရက် ခေါင်းလှည့်၍ ကြည့်လိုက်ရာ သူ၏ လက်အောက်ငယ်သား တစ်ယောက်က မြေပြင်ပေါ်သို့ လဲကျသွားသည်ကို တွေ့လိုက်ရသည်။
"ခွေးမသား.. ငါ မင်းကို သတ်မယ်"
သွေးမိစ္ဆာ၏ အော်ဟစ်သံက ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
သူက ရူးသွပ်နေသည့် ခြင်္သေ့တစ်ကောင်နှယ် ကျန်းချန်ဆီကို ဦးတည် ပြေးသွားခဲ့သည်။
အခန်း(၄၉) ပြီး၏