← Chapters

အခန်း (၅၁)

Vol. 4 Ch. 51

အခန်း (၅၁)

Vol. 4 Ch. 51

ရွှယ်ရှောက်က စိတ်ရင်းမှန်ဖြင့် အညံ့ခံလာသဖြင့် ကျန်းချန်သည် ချက်ချင်း မသတ်ပစ်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ သွေးမိစ္ဆာသည် ချီကာကွယ်ရေး အဆင့် ၈ ခွန်အားရှိသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

အကယ်၍ ထိုကဲ့သို့ အားကောင်းသည့် လူတစ်ယောက်က ကျန်းမိသားစုကို စောင့်ရှောက်ပေးမည်ဆိုလျှင် စန်းရှန်မြို့မှာရှိသည့် ကျန်းမိသားစု၏ အနေအထားသည် တောင်တန်းကဲ့သို့ ခိုင်မာသွားပေလိမ့်မည်။

"သွေးမိစ္ဆာဂိုဏ်းကို ဖျက်သိမ်းပြီး မင်းတို့ သွေးမိစ္ဆာ​ဂိုဏ်းကလုယက်ထားတဲ့ ပစ္စည်းအားလုံးကို ယူလာခဲ့ပါ.. ငါ စန်းရှန်မြို့မှာ မင်းကိုစောင့်နေမယ်"

ကျန်းချန်က လျှို့ဝှက်နည်းစနစ်ထဲက အတိုင်း သွေးမိစ္ဆာကိုထိန်းချုပ်ပြီးနောက်တွင် တိုက်ရိုက် အမိန့်ပေးကာ လှည့်ထွက်သွားခဲ့သည်။

စန်းရှန်မြို့၏ ဂိတ်တံခါးဝသို့ ပြန်ရောက်သောအခါ ကျန်းချန်သည် ကျန်းခိုင်က ကျန်းမိသားစုမှ တပည့် အများအပြားကို မြို့တံခါးအပြင်ဘက်တွင် စုရုံးနေသည်အား တွေ့လိုက်ရသည်။

ပတ်ဝန်းကျင်တွင် ကျန်းခိုင်ကို ကြည့်ရှုနေသည့် ပရိသတ် အများအပြား ရှိပြီး အချင်းချင်း တီးတိုး ပြောဆိုနေကြ၏။

"ဒါက ဘယ်လို အခြေအနေလဲ.. ဘာလို့ ကျန်းမိသားစုက ရုတ်တရက်ကြီး လူအများအပြားကို ဒီမှာ စုဝေးနေရတာလဲ"

"မင်းမသိဘူးလား.. သွေးမိစ္ဆာဂိုဏ်းက ရွှယ်စန်းတောင်မှာ ရှိတဲ့ ကျန်းမိသားစုရဲ့ ဆေးဥယျာဉ်ကို အတင်းအဓမ္မ သိမ်းပိုက်သွားပြီလေ"

"လခွမ်း.. ဒါဆို ကျန်းမိသားစုက သွေးမိစ္ဆာ​ဂိုဏ်းနဲ့ တိုက်ပွဲဝင်ဖို့ စီစဉ်နေတာပေါ့"

"ဦးလေးခိုင်.. ဘာတွေလုပ်နေတာလဲ"

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်က ကျန်းခိုင်ဆီသို့ လျှောက်လာကာ မနေနိုင်တော့ဘဲ မေးလိုက်သည်။

"သခင်လေးကျန်း ပြန်လာပြီလား"

ရုတ်တရက် ပေါ်လာသည့် ကျန်းချန်ကို ကြည့်ပြီး ကျန်းခိုင် အံ့သြသွားသည်။

"သခင်လေးကျန်း တစ်ယောက်တည်း ရွှယ်စန်းတောင်ကို သွားတာ အင်အားနည်းနေမှာကို ငါစိုးရိမ်မိတယ်.. ဒါကြောင့် ကျန်းမိသားစုရဲ့ တပည့်တချို့ကို ခေါ်ပြီး သခင်လေးကို စစ်ကူပေးဖို့ ပြင်ဆင်နေတာပါ"

ကျန်းခိုင်က ကျန်းချန်ကို ရှင်းပြလိုက်၏။

ကျန်းချန်က သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

"အဲဒီလောက် အပင်ပန်းခံစရာ မလိုတော့ဘူး.. ဆေးဥယျာဉ်ကိုပြန်သိမ်းဖို့ လူတစ်ယောက် လွှတ်လိုက်ရုံနဲ့ ရပါတယ်"

"..........."

ကျန်းခိုင်က ကျန်းချန်၏ စကားကိုကြားလျှင် နောက်ထပ် တစ်ကြိမ်ထပ်ပြီး အံ့အားသင့်သွားခဲ့၏။

"သခင်လေးကျန်း.. ဘာကို ဆိုလိုချင်တာလဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"သွေးမိစ္ဆာဂိုဏ်းကို ကျနော် ရှင်းလင်းလိုက်ပြီ.. စိတ်မပူနဲ့တော့ ဦးလေးခိုင်.. ဆေးဥယျာဉ်ကို ပြန်သိမ်းဖို့ အတွက် လူတစ်ယောက်သာ လွှတ်လိုက်ပါ"

"ဘယ်လို"

ကျန်းချန်၏ စကားကြောင့် ကျန်းခိုင် တစ်ယောက်တည်းတင် မဟုတ်ဘဲ စောင့်ကြည့်နေကြသည့် ပရိသတ် အများအပြားကလည်း အံ့အားသင့်သွားကြ၏။

"ဒါ.. ဒါ တကယ်ပဲလား.. ဒီကောင်လေးက သွေးမိစ္ဆာ​ဂိုဏ်းကို တစ်ယောက်တည်းနဲ့ အနိုင်ရသွားတာလား"

သွေးမိစ္ဆာဂိုဏ်း အကြောင်းကို စန်းရှန်မြို့တွင် လူတိုင်းနီးပါး သိကြသည်။

သွေးမိစ္ဆာဂိုဏ်းက အင်အားကြီးမားပြီး အစွမ်းထက် ကျင့်ကြံသူလည်း အများအပြား ရှိသည်။

သွေးမိစ္ဆာဂိုဏ်း၏ ခေါင်းဆောင်သည် သာမန် ချီကာကွယ်ရေး အဆင့် ၈ ထက်ပင် ပို၍ အားကောင်း၏။

သွေးမိစ္ဆာက စန်းရှန်မြို့တွင် တစ်ချိန်က အင်အားအကြီးဆုံးဖြစ်သည့် ကျန်းဝူရ ပြီးလျှင် ဒုတိယ အင်အားအကြီးဆုံး ဆိုလည်းမမှားပေ။

ကျန်းချန်က အမှိုက်ကောင်ကနေ စန်းရှန်မြို့၏ ပါရမီရှင် လင်းယွီထက် ပိုပြီး ပါရမီရှိသူ အဖြစ် ပြောင်းလဲလာသော်လည်း သွေးမိစ္ဆာကို ရှင်းလင်းနိုင်လောက်သည်အထိ နတ်ဆိုးဆန်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

ထိုအချိန်တွင် ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

လူတစ်စုက မြင်းများကို စီးကာ စန်းရှန်မြို့သို့ ဦးတည်၍ လာခဲ့ကြခြင်း ဖြစ်၏။

"ကြည့်စမ်း.. ဒါသွေးမိစ္ဆာဂိုဏ်းက မဟုတ်လား.. သူတို့က ဘာလို့ ရုတ်တရက်ကြီး မြို့ကို လာရတာလဲ"

"လခွမ်း.. သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင်.. သွေးမိစ္ဆာဂိုဏ်းခေါင်းဆောင် ကိုယ်တိုင် လာတာဟ"

"ကျန်းချန်က သွေးမိစ္ဆာဂိုဏ်းရဲ့ ဒေါသကို သွားဆွမိလို့ သွေးမိစ္ဆာက သူ့လူတွေကိုခေါ်ပြီး ကျန်းမိသားစုကို ချေမှုန်းဖို့လာတာဖြစ်ရမယ်

"ကျန်းမိသားစုရဲ့ တပည့်တွေ.. တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားကြ"

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းခိုင်က သူ့နောက်ရှိ ကျန်းမိသားစုမှ တပည့်များကို အလျင်အမြန် အော်ပြောလိုက်သည်။

သူ၏ အမူအရာက တိုက်ပွဲဝင်ရန်အသင့် ဖြစ်နေခဲ့သည်။

"ဦးလေးခိုင် အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့.. သူတို့က ပြဿနာရှာဖို့လာတာ မဟုတ်ပါဘူး"

ကျန်းချန်က မနေနိုင်တော့ဘဲ ရယ်မောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းခိုင်သည် ခဏမျှ မှင်တက်သွားခဲ့သည်။

ကျန်းချန်၏ စကားအဓိပ္ပါယ်ကို သူ ကောင်းစွာ နားမလည်ခင် သွေးမိစ္ဆာသည် မြို့ ဂိတ်တံခါးဆီသို့ ရောက်လာခဲ့၏။

သူက မြင်းပေါ်ကနေ ဆင်းလိုက်ပြီး လူအများ၏ မှင်တက်နေသော အကြည့်အောက်မှာပင် ကျန်းချန်ကို ဒူးထောက်လိုက်သည်။

"သွေးမိစ္ဆာက သခင်ကျန်းကို ဂါရဝပြုပါတယ်"

အခန်း(၅၁) ပြီး၏

All Chapters