← Chapters

အခန်း (၅၃)

Vol. 4 Ch. 53

အခန်း (၅၃)

Vol. 4 Ch. 53

စန်းရှန်မြို့ လင်းမိသားစုအိမ်တော် ဧည့်ခန်းမ။

လင်းမိသားစု၏ ခေါင်းဆောင် လင်းထျန်းရှုံးနှင့် လီမိသားစု၏ ခေါင်းဆောင် လီကန်း တို့သည် လေးနက်သောအမူအရာဖြင့် မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြသည်။

"ညီနောင် လီကန်း.. အခု ကျန်းမိသားစုရဲ့ ခွန်အားက တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီဆိုတော့ သိပ်မကြာခင်အချိန်အတွင်း စန်းရှန်မြို့ကို လွှမ်းမိုးသွားမှာ ငါစိုးရိမ်မိတယ်.. ငါတို့တွေ ဒီအတိုင်း လက်ပိုက်ကြည့်နေလို့ မဖြစ်တော့ဘူး"

လင်းထျန်းရှုံးက ခန်းမထဲမှ တိတ်ဆိတ်မှုကို အရင်ဆုံး ချိုးဖျက်လိုက်သည်။

လီကန်းက ခဏမျှ ငြိမ်သက်သွားပြီးမှ မေးခွန်းထုတ်လိုက်၏။

"ညီနောင်လင်းမှာ ဘယ်လို အစီအစဉ်ရှိလဲ"

"ကျန်းချန်ကို ရှင်းပစ်ရမယ်"

ထိုစကားကိုပြောရင်း လင်းထျန်းရှုံး၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။

"ဒီကောင်လေးက အတော်လေး အရည်အချင်းရှိပုံပဲ.. သူရှိနေသရွေ့ ဒီစန်းရှန်မြို့မှာ လင်းမိသားစု နဲ့ လီမိသားစုက နေရာရတော့မှာ မဟုတ်ဘူး"

"ကျန်းချန်က ကျန်းချန်ဟဲကို တစ်ကွက်ထဲနဲ့ အနိုင်ယူနိုင်တဲ့အပြင် သွေးမိစ္ဆာ​ဂိုဏ်းကိုပါ တစ်ယောက်တည်း နှိမ်နင်းနိုင်တယ်ဆိုတော့ သူ့ခွန်အားက ကျန်းဝူရထက် အားမနည်းဘူးလို့ ငါထင်တယ်"

လီကန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"သူ့ကို ရှင်းပစ်ဖို့က လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးပေါ.. ဒါပေမဲ့.သူ့မှာ ချီကာကွယ်ရေး အဆင့်၉ ခွန်အားရှိခဲ့ရင်တောင် မင်းနဲ့ငါနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် သူ့ကို ရှင်းပစ်ဖို့ အခွင့်အရေး မရှိဘူးလို့ မဆိုနိုင်ဘူး"

"ကျန်းချန်က ရုတ်တရက် ဒီလောက်အထိ တိုးတက်လာနိုင်တယ်ဆိုတော့ သူ့မှာ အံ့သြစရာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေမှာ သေချာတယ်.. ညီနောင် လီကန်း စိတ်မဝင်စားဘူးလား"

ထိုစကားကိကြားလျှင် လီကန်းသည် စိတ်လှုပ်ရှားသွားသည်။

သူက ကျန်းချန်၏ အချက်အလက်များကို အသေးစိတ် ကောင်းစွာ သိသည်။

ဤကောင်လေးက စန်းရှန်မြို့တွင် နှစ်ပေါင်းများစွာ အသုံးမကျသည့် လူတစ်ယောက် ဖြစ်ခဲ့ပြီး ခွန်အားကလည်း ခန္ဓာကိုယ်ပြုပြင်ခြင်း အဆင့်၂မှသာ အမြဲတစေ ရှိခဲ့သည်။

သို့သော် ထိုကဲ့သို့ အားနည်းပြီး အသုံးမကျသောလူသည် ဤမျှလောက် တိုတောင်းသည့် အချိန်အတွင်း စန်းရှန်မြို့တွင် အသန်မာဆုံး သူတစ်ယောက် ဖြစ်လာခဲ့၏။

သူ့ကို သတ်လိုက်လျှင်ပင် ကျန်းချန်တွင် လျှို့ဝှက်ချက်မရှိဟု ယုံမည် မဟုတ်ပေ။

ကျန်းချန်ကို အမှန်တကယ် ရှင်းပစ်နိုင်လျှင် ကျန်းချန်၏ ခွန်အားကို အလျင်အမြန် တိုးတက်စေနိုင်သည့် လျှို့ဝှက်ချက်အား ကိုယ်ပိုင်အဖြစ် သိမ်းယူနိုင်မည် ဖြစ်သည်။

ထိုလျှို့ဝှက်ချက်ရလျှင် သူ၏ အကန့်အသတ်ကို ချိုးဖျက်ပြီး မူလဘူတနယ်ပယ်အဆင့်မှာပင် ပြိုင်ဘက်ကင်း အင်အားကြီးသူတစ်ယောက် ဖြစ်လာနိုင်ပေသည်။

"ကောင်းပြီလေ.. ညီနောင်လင်းက စွန့်စားရဲမှတော့ ငါလည်း အဖော်အဖြစ် လိုက်ခဲ့ပါ့မယ်"

လီကန်းရဲ့ မျက်လုံးများက လင်းလက်သွားပြီး လင်းထျန်းရှုံးကို ကြည့်လိုက်သည်။

"ဘယ်အချိန်မှာ လုပ်ငန်းစကြမလဲ"

"လက်ရှိ ကျန်းမိသားစုမှာ ကျန်းချန်အပြင် လင်ယွင်ကျောင်းတော်ရဲ့ လင်ယွင်စာရင်းမှာပါတဲ့ ပါရမီရှင် မုန်ချင်းရွှယ်နဲ့ ချီကာကွယ်ရေး အဆင့်၈က သွေးမိစ္ဆာလည်း ရှိနေတယ်"

"ဒီလူသုံးယောက် အတူရှိနေသ၍ မင်းနဲ့ငါ နှစ်ယောက် ပူးပေါင်းရင်တောင် သူတို့ကို ရင်ဆိုင်ဖို့ ခက်ခဲနေမှာပဲ"

လင်းထျန်းရှုံး၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။

ထို့နောက်တွင် သူ၏ အေးစက်စက် အသံသည် ဧည့်ခန်းမထဲတွင် ဖြည်းဖြည်းချင်း ပဲ့တင်ထပ်သွားခဲ့၏။

"ငါမှန်းတာ မမှားရင် ဒီကောင်လေး ကျန်းချန်က တစ်ချိန်လုံး ကျန်းအိမ်မှာ နေမှာ မဟုတ်ဘူး.. သူ ကျန်းအိမ်က ထွက်သွားတဲ့နေ့ကို ငါတို့တွေ လှုပ်ရှားကြတာပေါ့"

-----------------

လင်းနှင့်လီ မိသားစုက ကျန်းချန်ကို ကိုင်တွယ်ရန် လျှို့ဝှက်အစီအစဉ် ဆွဲနေချိန်တွင် ကျန်းချန်သည် အခန်းထဲတွင် ထိုင်နေပြီး မီးလျှံပုံစံ သင်္ကေတအချို့ ပါရှိတဲ့ တစ်ပေခန့်ရှည်သော ဘဲဥပုံသဏ္ဍာန် အရာဝတ္ထုကို ကြည့်နေခဲ့သည်။

ဤအရာကို ကျန်းချန်က သွေးမိစ္ဆာ ပေးအပ်ခဲ့သည့် သိုလှောင် လက်စွပ်ထဲတွင် ရှာတွေ့ခဲ့ခြင်း ဖြစ်၏။

သူက အခုလေးတင် ထိုဘဲဥပုံသဏ္ဍာန် ဥကြီးကို ထုတ်ယူလိုက်ခြင်း ဆိုလည်းမမှားပေ။

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲတွင် ရင်းနှီးသော သတိပေးသံ နှစ်သံ ထွက်ပေါ်လာခဲ့၏။

"ဒင်.. ပျက်စီးနေတဲ့ မီးလျှံသားရဲ သားပေါက်ဥကို တွေ့ရှိခဲ့ပြီး အဆတစ်ရာ နားလည်မှုကို စတင်လိုက်ပါပြီ"

"ဒင်.. သင်က မီးလျှံသားရဲ သားပေါက်ဥ ပြုပြင်တဲ့နည်းလမ်းကို နားလည်သွားပါပြီ"

ကျန်းချန် ချက်ချင်းပင် အံ့အားသင့်သွားခဲ့၏။

"ဒါ.. ဒါက ရှေးခေတ် သားရဲရဲ့ သားပေါက်ဥ မဟုတ်လား"

ထိုအချိန်တွင် နံဘေးမှာရှိသည့် မုန်ချင်းရွှယ်က တအံတသြ ရေရွတ်လိုက်သည်။

ကျန်းချန်က ခေါင်းညိတ်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ဟုတ်တယ်.. ဒါက မီးလျှံသားရဲရဲ့ သားပေါက်ဥပဲ"

"မီးလျှံသားရဲလား"

အမြဲလိုလို ဥပေက္ခာပြု၍ နေတတ်သည့် မုန်ချင်းရွှယ်ပင် စကားမပြောနိုင်လောက်အောင် မှင်တက်သွားခဲ့သည်။

မီးလျှံသားရဲသည် ဒဏ္ဍာရီလာ နတ်သားရဲ၏ သွေးပါဝင်တဲ့ ရှေးခေတ် သားရဲ အမျိုးအစား ဖြစ်သည်။

အရွယ်ရောက်ပြီးသည့် မီးလျှံသားရဲတစ်ကောင်သည် ဆဌမအဆင့်သားရဲ အဖြစ်ကို ရောက်ရှိနိုင်၏။

ယင်းမှာ နတ်ပင်လယ်အဆင့်မှ ကျင့်ကြံသူနှင့် နှိုင်းယှဉ်နိုင်တဲ့ တည်ရှိမှုတစ်ခု ဖြစ်သည်။

အခန်း(၅၃) ပြီး၏

All Chapters