← Chapters

အခန်း (၅၇)

Vol. 4 Ch. 57

အခန်း (၅၇)

Vol. 4 Ch. 57

"ဟားဟား.. ကျန်းချန်.. မင်းလို အစီအရင်ပညာရပ်ကို နားမလည်တဲ့လူက ဆရာကုန်းရဲ့ အစီအရင်မှာ ချို့ယွင်းချက်တွေ အပြည့်ရှိတယ်လို့ ပြောရဲတယ်လား"

လင်းထျန်းရှုံးက ရုတ်တရက် မထီမဲ့မြင် ရယ်မောလိုက်၏။

ကျန်းချန်က ချက်ချင်းပင် တုံ့ပြန် ပြောဆိုလိုက်သည်။

"အစီအရင်ပညာရပ်ကို ငါသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ.. အဲဒါက အရေးမကြီးဘူး.. အနည်းဆုံးတော့ ငါ့ရှေ့က နည်းလမ်းသုံးသွယ်ပေါင်းစပ် အစီအရင်က ငါကို အခက်တွေ့အောင်လုပ်နိုင်မှာ မဟုတ်ဘူး"

"ကောင်လေး...မင်းမှာ ဗဟုသုတေလေးတော့ နည်းနည်းပါးပါး ရှိသားပဲ.. နည်းလမ်းသုံးသွယ် ပေါင်းစပ် အစီအရင်ကို ကြားဖူးမယ်လို့ ငါ တကယ် မထင်ထားမိဘူး"

ကျန်းချန်က အစီအရင်နာမည်ကို အတိအကျ ပြောလိုက်သောကြောင့် ဆရာကုန်းက တအံတသြ ကြည့်ကာ ပြောလိုက်သည်။

"ဆိုစမ်းပါဦး ငါ့ရဲ့အစီအရင်နဲ့ ပတ်သက်ပြီး မင်း ဘယ်လောက်ထိ နားလည်ထားလဲ"

ကျန်းချန်က မထီမဲ့မြင် ပြုံးကာ ပြန်ဖြေလိုက်၏။

"မင်းက နည်းလမ်းသုံးသွယ်ပေါင်းစပ် အစီအရင်ကို အစအနလောက်ပဲ တတ်မြောက်ထားတယ်.. ဒါကြောင့် အစီအရင်က ချို့ယွင်းချက် အပြည့် ဖြစ်နေတာပဲ.. ငါ့အမြင်တော့ မင်းက အသုံးမကျတဲ့ အစီအရင်သခင်ပဲ "

နို့နံ့တောင်မစင်သေးသည့် ကောင်လေးက သူ့ကို အသုံးမကျသည့် အစီအရင်သခင်ဟု ပြောရဲပါသလော။

ဆရာကုန်းက ကျန်းချန်၏ စကားကြောင့် ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။

"ကောင်လေး.. ငါ့ရှေ့မှာ သိတတ်ချင်ယောင် ဆောင်မနေနဲ့.. မင်းမှာ အမှန်တကယ် အစွမ်းအစရှိရင် ငါ့အစီအရင်ရဲ့ အားနည်းချက်တွေကို ထောက်ပြပေးပါ"

ဆရာကုန်းက ကျန်းချန်ကို လှောင်ပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။

"မင်းမှာ တစ်နာရီလောက်ပဲ ကျန်တော့တယ်လို့ ငါထင်တယ်.. တစ်နာရီအတွင်း အစီအရင်ကို မချိုးဖျက်နိုင်ရင် ဘယ်တော့မှ အခွင့်အရေးရတော့မှာ မဟုတ်ဘူး"

သူကဲ့သို့ တတိယအဆင့် အစီအရင်သခင်က သူ့ရှေ့မှ ကောင်လေးကို အစီအရင်ပညာရပ်တွင် ရှုံးနိမ့်လိမ့်မည်ဟု သူမယုံကြည်ပေ။

"မင်းရဲ့ နည်းလမ်းသုံးသွယ်ပေါင်းစပ် အစီအရင်ကို ချိုးဖျက်ဖို့ ဘာလို့ တစ်နာရီတောင် ကြာရမှာလဲ"

ကျန်းချန်က ခပ်ထေ့ထေ့ ပြုံးကာ ပြောလိုက်သည်။

"မင်းရဲ့ အစီအရင်လောက်က ငါ့ရဲ့ လက်ချောင်းလေးနဲ့တင် ချိုးဖျက်ပစ်လို့ရတယ်"

"ကောင်းပြီလေ.. မင်းငါ့ရဲ့အစီအရင်ကို ဘယ်လို ချိုးဖျက်နိုင်မလဲဆိုတာ ငါကြည့်ရသေးတာပေါ့"

ဆရာကုန်းက လှောင်ရယ်၍ ပြောလိုက်သည်။

"ချင်းရွှယ်.. အနောက်မြောက်အရပ်ကို သုံးလှမ်း လှမ်းပြီး အပေါ်ဘက်ကို ဓားနဲ့ ထိုးလိုက်"

ကျန်းချန်က ဆရာကုန်းကို လျစ်လျူရှုကာ မုန့်ချင်းရွှယ်ကို အမိန့်ပေးလိုက်သည်။

မုန်ချင်းရွှယ်က အလျင်အမြန်ပင် အနောက်မြောက်ကို သုံးလှမ်းသွားပြီး ဓားကို အပေါ်သို့ ထိုးလိုက်၏။

"အရှေ့တောင်အရပ်ကို ခုနစ်လှမ်း လှမ်းပြီး ကန့်လန့်ဖြတ်ခုတ်လိုက်"

".............."

ကျနချန်က မုန့်ချင်းရွှယ်ကို အစီအရင်၏ အားနည်းချက်များကို တိုက်ခိုက်ရန် တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။

မကြာခင်မှာပင် မုန့်ချင်းရွှယ်သည် ကျန်းချန်ရဲ့ အမိန့်အတိုင်း လိုက်နာပြီး ဓားချက် သုံးချက်ကို ထုတ်ဖော်ပြီးသွားခဲ့၏။

သူမက တတိယမြောက် အကြိမ်မြောက် ဓားချက် ထုတ်ပြီးသည့်နောက်တွင် သူတို့ကို ဝန်းရံထားတဲ့ နည်းလမ်းသုံးသွယ်ပေါင်းစပ် အစီအရင်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

ပေါက်ကွဲသံတစ်သံက ချက်ချင်းပင် ထွက်ပေါ်လာ၏။

နည်းလမ်းသုံးသွယ်ပေါင်းစပ် အစီအရင်က ရုတ်တရက် ပျက်စီးသွားပြီး အဆုံးသတ်တွင် လေထဲ၌ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

"ဒင်.. သင်က တတိယအဆင့် အစီအရင်ဖြစ်တဲ့ နည်းလမ်းသုံးသွယ် ပေါင်းစပ်အစီအရင်ကို ဖြိုခွင်းပြီး အတွေ့အကြုံရမှတ် ၃၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က ပထမအဆင့် အစီအရင်သခင် အဖြစ် အောင်မြင်စွာ ရောက်ရှိသွားပါပြီ"

"ဒင်.. သင်က ဒုတိယအဆင့် အစီအရင်သခင် အဖြစ် အောင်မြင်စွာ ရောက်ရှိသွားပါပြီ"

"ဒင်.. သင်က တတိယအဆင့် အစီအရင်သခင် အဖြစ် အောင်မြင်စွာ ရောက်ရှိသွားပါပြီ"

ကျန်းချန်က အတိုင်းမသိ ပျော်ရွှင်သွားခဲ့သည်။

သူက တတိယအဆင့် အစီအရင်ကို ချိုးဖျက်လိုက်သည်နှင့် တတိယအဆင့် အစီအရင်သခင် ဖြစ်လာခဲ့သည် မဟုတ်ပါလား။

"မဟုတ်ဘူး.. ဒါ... ဒါ မဖြစ်နိုင်ဘူး"

ဆရာကုန်းက ကျန်းချန်ကို ထိတ်လန့်သော အမူအရာဖြင့် ကြည့်လိုက်ပြီး ပါးစပ်ကလည်း တတွတ်တွတ် ရေရွတ်နေခဲ့၏။

သူ စေ့စပ်သေချာစွာ ဖန်တီးထားသည့် အစီအရင်က မျက်စိတစ်မှိတ်အတွင်း ချိုးဖျက်ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ့လို ဂုဏ်သိက္ခာကြီးမားသည့် တတိယအဆင့် အစီအရင်သခင် တစ်ယောက် ဖန်တီးထားသည့် အစီအရင်သည် ကျန်းချန်ရှေ့တွင် အတော်လေး အားနည်းသွားခဲ့သည်။

သူ့ရှေ့မှ ကောင်လေးက အစီအရင်ပညာရပ်တွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်ကို ရောက်ရှိနေပါသလော။

"ဒါ ဘယ်လို.. ဘယ်လို ဖြစ်နိုင်မှာလဲ"

ထိုအချိန်တွင် လင်းထျန်းရှုံးနှင့် လီကန်းတို့၏ မျက်နှာများသည် တစ်ခဏအတွင်း ဖြူဖျော့သွားခဲ့သည်။

အစီအရင်ကို လွယ်လွယ်ကူကူ ချိုးဖျက်ပြီးနောက်တွင် ကျန်းချန်၏ အကြည့်စူးစူးသည် လင်းထျန်းရှုံနှင့် လီကန်ဆီသို့ ဦးတည်သွားပြီး အေးစက်သော အသံသည် တိတ်ဆိတ်နေသည့် တောထဲတွင် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့၏။

"လင်းထျန်းရှုံး.. လီကန်း.. ငါ မင်းတို့နဲ့ တိုက်ဖို့ စိတ်မပါပေမဲ့ မင်းတို့က ငါ့ဆီကို ကိုယ်တိုင် လာလိမ့်မယ်လို့ တကယ် မထင်ထားဘူး"

"မင်းတို့ ဒီလောက်ထိ သေချင်နေမှတော့ ငါ ကိုယ်တိုင် လိုက်ပို့ပေးမယ်"

အခန်း(၅၇) ပြီး၏

All Chapters