← Chapters

မဟာဆိုးယုတ်တာအို ၃ မျိုး

Vol. 122 Ch. 1816

မဟာဆိုးယုတ်တာအို ၃ မျိုး

Vol. 122 Ch. 1816

သူ့ရှေ့မှလူသည် အဆင့်-၄ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်သော်လည်း သူသည် တစ်လောကလုံးကို မထီမဲ့မြင်ပြုနိုင်သည့်အလား ရပ်တန့်၍မရသော အော်ရာတစ်ခုကို ထုတ်ဖော်နေ၏။

အရိပ်နှင့် အခြားသုံးယောက်က တုန်လှုပ်သွားကြလေသည်။

အောက်ဘုံလောကမှာ သူတို့သည် နေရာတစ်ခုကို အုပ်စိုးသော အကောင်ကြီးကြီးပုဂ္ဂိုလ်များဖြစ်ခဲ့ကြလေသည်။ သို့သော်လည်း အထက်ဘုံသို့ တက်လှမ်းပြီး နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် သူတို့၏ အရှိန်အဝါများက ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့လေပြီ။

အထက်ဘုံလောကမှာ ဝေးကွာလွန်းသော ဤနဂါးအသူရာချောက်နက်ကြယ်မှာပင်လျှင် သူတို့က ဘာကောင်မှမဟုတ်သည်ကို သူတို့ကိုယ်သူတို့သိရှိထားလေသည်။ သို့သော်လည်း သူတို့ရှေ့မှ လူက တစ်မူထူးခြားလေသည်။

ဤလူသည် ပြိုင်ဘက်ကင်းထက်ရှမှုတစ်ခုကို ထုတ်ဖော်ပေးနေ၏။

“ငါက... အထီးကျန်သိုင်းသခင်ပဲ... ငါက အရာရာတိုင်းကို ဖိနှိမ်မယ်”

ထိုစကားတွင်... အရာရာတိုင်းဆိုသည်မှာ သူတို့ကိုသာ ရည်ညွှန်းခြင်းမဟုတ်ဘဲ နဂါးအသူရာချောက်နက်ကြယ်မှ ပညာရှင်များနှင့် အထက်ဘုံလောက၏ ပညာရှင်များစွာကိုပင်လျှင် ရည်ညွှန်းပြောဆိုနေခြင်းဖြစ်ပုံရ၏။

ဤကဲ့သို့သော စကားကို ရဲဝံ့စွာပြောဆိုနိုင်သည့် မည်သူမဆို တဇွတ်ထိုးတစောက်ကန်းတစ်ယောက် သို့မဟုတ် တကယ်ကို ရက်စက်ကြမ်းတမ်းသော လူတစ်ယောက်ဖြစ်ရပေမည်။

အနည်းဆုံးတော့ သူတို့သည် သူ့ကိုယှဥ်ဖို့ မတတ်နိုင်ပေ။

ဆူဇီမိုက အဆင့်-၅ မဟူရာအင်မော်တယ်သုံးယောက်ကို အလွယ်တကူသတ်ဖြတ်လိုက်စဥ်မှာပင် အရိပ်ကဆုတ်ခွာဖို့ စဥ်းစားနေခဲ့ပြီဖြစ်၏။

“မရတော့ဘူး... သခင်လေးကိုယ်တိုင်ရောက်လာမှပဲ ငါတို့က သူ့ကိုသတ်ဖြတ်နိုင်လိမ့်မယ်”

ထိုအတွေးက အရိပ်၏ စိတ်ထဲသို့ ဖျတ်ခနဲဝင်ရောက်လာပြီး သူက ကျန်ရှိနေသော အဆင့်-၅ မဟူရာအင်မော်တယ်သုံးယောက်ကို အမိန့်ပေးလိုက်လေသည်။

“သူ့ကိုတားကြ”

ထိုသို့ပြောပြီးနောက် အရိပ်က တိုက်ပွဲနယ်မြေကနေ ထွက်ပြေးချင်လေသည်။

သို့သော်လည်း သူလှည့်ထွက်လိုက်သည့်ခဏမှာပင် သူ၏ မြင်ကွင်းက ဝေဝါးသွားပြီး တစ်စုံတစ်ယောက်က သူ့ရှေ့မှာပေါ်ထွက်လာ၏။

ထိုလူက အစိမ်းရောင်ဝတ်ဆုံကို ဝတ်ဆင်ထားပြီး ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်ရှိကာ သူ့ကိုပြုံးပြနေ၏။

“ဟာ...”

အရိပ်၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး သူက ခေါင်နပန်းကြီးသွားလေသည်။

“အဲ့ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

အရိပ်က လှည့်မထွက်ခင် ဤလူ့ကို အခြားသော မဟူရာအင်မော်တယ် သုံးယောက်က တားဆီးနေသည်ကို သူက ရှင်းလင်းစွာတွေ့မြင်ခဲ့ရ၏။ ထိုသူက တစ်ခဏချင်းမှာပင် သူ့ရှေ့သို့ မည်သို့မည်ပုံရောက်ရှိလာသလဲ သူ မသိပေ။

အဲ့ဒါက တည်နေရာရွှေ့ပြောင်းခြင်းလား...။

အရိပ်၏ မျက်လုံးထဲသို့ တုန်လှုပ်မှု ၊ ကြောက်ရွံ့မှုနှင့် တွေဝေရှုပ်ထွေးမှုတို့က တဖျတ်ဖျတ်ဝင်ရောက်လာ၏။

နောက်ခဏ၌ သူ၏ မြင်ကွင်းက မှောင်မည်းသွားပြီး သူ၏ စိတ်ထဲမှာ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရကာ သူ၏ အသိစိတ်ကို ဆုံးရှုံးလိုက်ရလေသည်။

ကျန်ရှိနေသော အဆင့်-၅ မဟူရာအင်မော်တယ်သုံးယောက်ကလည်း တုန်လှုပ်သွားကြ၏။

သူတို့က သူတို့တတ်နိုင်သမျှ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများကို ထုတ်ဖော်ခဲ့ကြလေသည်။ သို့သော်လည်း သူတို့၏ ဓမ္မရတနာများ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များက လွဲချော်သွား၏။ ဆူဇီမိုက နေရာကနေ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်လေသည်။

သူတို့တုံ့ပြန်နိုင်သည့်အချိန်မှာ ဆူဇီမိုက လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် အရိပ်ကို သတ်ဖြတ်ခဲ့လေပြီ။

အစစ်အမှန်နဂါး လျှပ်စီးကိုးချက်...။

ဆူဇီမိုသည် အဲ့ဒါကို တစ်ကြိမ်သာ ထုတ်ဖော်နိုင်သော်လည်း ၎င်းသည် တိုက်ပွဲထဲမှာ အလွန်တရာကြောက်စရာကောင်းသော သက်ရောက်မှုတစ်ခုကို ထုတ်ဖော်ပြသခဲ့ပြီးလေပြီ။

ဆူဇီမိုက တည်ငြိမ်သောအကြည့်ဖြင့် ကျန်ရှိနေသော လူသုံးယောက်ကိုလှည့်ကြည့်ပြီး ပြုံးပြလိုက်၏။

သူတို့သုံးယောက်၏ မျက်လုံးများထဲမှာ နုနယ်သည်ဟုထင်ရသော ဤစာပေသမားက နတ်ဆိုးတစ်ကောင်ဖြစ်လာခဲ့လေပြီ။

“ပြေးကြ...”

သူတို့သုံးယောက်က ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာပြီး တုံ့ဆိုင်းခြင်းမရှိ လှည့်ထွက်ပြေးလိုက်ကြ၏။

ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဥ်ကိုလှည့်ပတ်ပြီး တစ်ချိန်တည်းမှာပင် သာမန်နတ်ဘုရားစွမ်းအားနှစ်ခုကို ထုတ်လွှတ်လိုက်၏။

ပုံမှန်အခြေအနေမှာဆိုလျှင် ကျင့်ကြံသူတစ်ယောက်သည် တစ်ချိန်တည်းမှာ နတ်ဘုရားစွမ်းအားတစ်ခုကိုသာလျှင် ထုတ်ဖော်နိုင်လေသည်။

သို့သော်လည်း ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်သည် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်နှင့် ပေါင်းစည်းထားပြီး နတ်ဘုရားစွမ်းအားနှစ်ခုကို တစ်ချိန်တည်းမှာ ထုတ်ဖော်နိုင်လေသည်။

“ငရဲတာအို”

“ဆာလောင်တစ္ဆေတာအို”

ဆိုးယုတ်မိစ္ဆာနတ်ဘုရားစွမ်းအားနှစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး အဆင့်-၅ မဟူရာအင်မော်တယ်နှစ်ယောက်၏ ဦးခေါင်းထက်သို့ ဆင်းသက်လာခဲ့၏။

သူတို့ထဲမှတစ်ယောက်၏ ဘေးပတ်လည်ရှိမြင်ကွင်းက ရုတ်ချည်းပြောင်းလဲသွားပြီး မြောက်မြားလှစွာသော တစ္ဆေသရဲများက ပေါ်ထွက်လာ၏။ သူတို့က မကောင်းဆိုးဝါးဆန်ပြီး သွေးချီဖြင့် ပြည့်နှက်နေ၏။ အဲ့ဒါက အဆုံးမဲ့အမှောင်ထုတစ်ခုဖြစ်လေသည်။

ငရဲတာအိုသည် ဆိုးယုတ်တာအိုသုံးမျိုးအကြားမှာ ကြမ်ကြုတ်ခက်ထန်မှုအရှိဆုံး နတ်ဘုရားစွမ်းအားဖြစ်လေသည်။

ထိုထဲမှာကျဆင်းသွားသည်နှင့် သူတို့သည် အဆုံးမဲ့အသူရာချောက်နက်ထဲသို့ ကျဆင်းသွားသည့်အလားဖြစ်ပြီး ရုန်းထွက်နိုင်တော့မည် မဟုတ်ပေ။ သူတို့သည် မရေမတွက်နိုင်သော ဆိုးယုတ်တစ္ဆေများ၏ ခြောက်လှန့်ခြင်းကိုခံရပြီး သူတို့၏ အသက်ဓာတ်အားက ဝါးမျိုခြင်းကိုခံရပေလိမ့်မည်။

အဆင့်-၅ မဟူရာအင်မော်တယ်သည် ငရဲတာအိုနှင့် ဆန့်ကျင်တိုက်ခိုက်လိုပြီး သာမန်နတ်ဘုရားစွမ်းအားတစ်ခုကို အလောတကြီးထုတ်ဖော်လိုက်၏။

သို့သော်လည်း သိပ်မကြာခင် သူ၏ သာမန်နတ်ဘုရားစွမ်းအားက ငရဲတာအို၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။

“အား... အား... အား...”

ထိုသူက နေရာမှာပင် မတ်တတ်ရပ်ပြီး ရူးသွပ်သွားသည့်အလား ဆိုးဆိုးဝါးဝါး အော်ဟစ်နေ၏။ သိပ်မကြာခင် သူက များစွာသော ဆိုးယုတ်တစ္ဆေများကြားမှာ နစ်မြုပ်သွား​လေသည်။

တစ်ချိန်တည်းမှာပင် ဆာလောင်တစ္ဆေတာအိုက အခြားသော အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်အပေါ် ဆင်းသက်သွားလေသည်။

ဆာလောင်တ​စ္ဆေများစွာက အဆင့်-၅ မဟူရာအင်မော်တယ်၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာပြီး သူတို့၏ နီရဲရှည်လျားသော မသတီစရာလျှာများနှင့် သွေးသံရဲရဲမျက်လုံးများနှင့်အတူ ရှေ့သို့ခုန်ဝင်လာကြ၏။

ဘန်း... ဘန်း... ဘန်း...

ထိုလူက အဆက်မပြတ်တိုက်ခိုက်လိုက်လေသည်။ သူသည် ဆာလောင်တစ္ဆေများစွာကို ဖိနှိမ်ဖို့အတွက် ဓမ္မရတနာများကို သုံးပြီး အင်မော်တယ်ပညာရပ်များနှင့် နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်လေသည်။ သို့သော်လည်း ဆာလောင်တစ္ဆေများက အတောမသတ်နိုင်ဖြစ်ပြီး အဆက်မပြတ်ပေါ်ထွက်လာနေ၏။ သူတို့က ရူးသွပ်နေသူများကဲ့သို့ ရှေ့သို့ခုန်ဝင်လာပြီး သူ၏ အသားကို အားရပါးရ ဝါးမျိုကိုက်ခဲနေ၏။

တာအိုခြောက်မျိုးထဲမှာ ဆိုးယုတ်တာအိုသုံးမျိုးသည် သာမန်နတ်ဘုရားစွမ်းအားများဖြစ်သော်လည်း သူတို့သည် ဆိုးသွမ်းသောသူများကို အပြစ်ပေးရာမှာ ထိရောက်မှုရှိပြီး အလွန်တရာရုတ်ရင်းကြမ်းတမ်းလေသည်။

သိပ်မကြာခင် အဆင့်-၅ မဟူရာအင်မော်တယ်နှစ်ယောက်က ဆိုးယုတ်တာအိုနှစ်မျိုးကြားမှာ သေဆုံးသွားလေသည်။

ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

သူ၏ လက်ရှိကျင့်ကြံမှုက အဆင့်-၄ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်လေသည်။

သူ၏ အမြုတေစိတ်ဝိညာဥ်က အဆင့်-၆ မဟူရာအင်မော်တယ်တစ်ယောက်၏ အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူ၏ သာမန်နတ်ဘုရားစွမ်းအားများ၏ စွမ်းအားသည် အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်၏ ခံနိုင်ရည်ထက် မကျော်လွန်သင့်ပေ။

သူသည် ဤသာမန်နတ်ဘုရားစွမ်းအားနှစ်ခုကို ထုတ်ဖော်လိုက်သည့်အကြောင်းရင်းမှာ သူက ထိုသူများကို ချက်ချင်းမသတ်ဖြတ်လိုသေးဘဲ ချုပ်နှောင်ထားချင်သောကြောင့်ဖြစ်၏။

ယခု... ထိုသာမန်နတ်ဘုရားစွမ်းအားသည် ဆူဇီမိုတွေးထင်ထားသည်ထက် များစွာပိုမိုသန်မာနေပြီး အဆင့်-၅ မဟူရာအင်မော်တယ်နှစ်ယောက်ကို ချက်ချင်းပင်သေဆုံးသွားစေ၏။

“အဲ့ဒါက ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကြောင့် ဖြစ်မယ်”

ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ချက်က ဖျတ်ခနဲဝင်ရောက်လာပြီး သူက အကြောင်းရင်းကို အလျင်အမြန် သိရှိသွား၏။

ဤဗုဒ္ဓဝါဒကျင့်ကြံရေးနည်းစနစ်ကို ကျင့်ကြံပြီးနောက် သူ၏ နတ်ဘုရားစွမ်းအားများ၏ စွမ်းပကားကလည်း တိုးလာခဲ့ပုံရလေသည်။

ဒါ့အပြင် အဲ့ဒါက မပြီးပြည့်စုံသော အပိုဒ်တစ်ပိုဒ်သာ ဖြစ်လေသည်။

ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်က ဆူဇီမိုတွေးထင်ထားသည်ထက် များစွာပိုမိုသန်မာနေနိုင်၏။

ဆူဇီမိုသည် သူ၏ အတွေးများကို ရုပ်သိမ်းပြီး အဲ့ဒါကိုထပ်မံ၍ မစဥ်းစားတော့ပေ။

အဲ့ဒီမှာ ထွက်ပြေးလွတ်မြောက်သွားသော အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ရှိလေသည်။

သူက ထိုသူကို သွေးသူရိယတောင်ကြားသို့ ပြန်သွားခွင့် မပေးနိုင်ပေ။

ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို နောက်တစ်ဖန်လှည့်ပတ်ပြီး နောက်ထပ် နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

သူ၏ နောက်ဘက်မှာ ဧရာမတောင်ပံတစ်စုံက တဖြည်းဖြည်းပေါ်ထွက်လာ၏။ သူတို့က မည်သည့်အားနည်းချက်မှမရှိဘဲ တဖျတ်ဖျတ်တလက်လက် ရွှေရောင်အလင်းဖြင့်တောက်ပနေ၏။

အဲ့ဒါသည် ဧရာမရွှေငှက်၏ နတ်ဘုရားစွမ်းအား အဆုံးစွန်အလျင်အဟုန်ဖြစ်လေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံခြင်းဖြင့် ဤနတ်ဘုရားစွမ်းအားကို ရရှိထားခဲ့ပြီး အဲ့ဒါက ပင်ကိုနတ်ဘုရားစွမ်းအားတစ်ခုဖြစ်လေသည်။

ဆူဇီမိုသည် ယခုအချိန်တွင် မဟူရာအမြုတေအဆင့်မှာသာရှိနေလျှင်တောင် သူသည် သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားကို စိတ်ရှိသလို ထုတ်ဖော်နိုင်လေသည်။

ရွှစ်....

ရွှေရောင်အလင်းတစ်ချက် ဖျတ်ခနဲလက်သွားပြီး သူ၏ ပုံရိပ်က ပျောက်ကွယ်သွား၏။

အစကတော့ အဆင့်-၅ မဟူရာအင်မော်တယ်သည် သူ့ကိုယ်သူ ထွက်ပြေးလွတ်မြောက်လာပြီဟု တွေးထင်ထားလေသည်။ မထင်မှတ်ထားစွာပင် သူက ဝေးဝေးထွက်မပြေးနိုင်ခင် အလွန်တရာကြောက်စရာကောင်းသော သတ္တဝါတစ်ကောင်၏ ပစ်မှတ်ထားခြင်းခံနေရသည့်အလား သူက ခေါင်းနားပန်းကြီးလာခဲ့၏။

သူက အလိုလိုနောက်သို့ လှည့်ကြည့်လိုက်လေသည်။

ထိုအကြည့်တစ်ချက်က သူ့ကို လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေပြီး သူ၏ ခြေထောက်များက ခွေယိုင်ကာ ဟပ်ထိုးလဲကျလုမတတ်ဖြစ်သွားရလေသည်။

မသိလိုက်မသိဘာသာနှင့်ပင် ​ဆူဇီမိုက သူ့နောက်ဘက်သို့ ရောက်ရှိလာခဲ့ပြီး ဘယ်လောက်မှ မကွာဝေးတော့ပေ။

“ငါ့မှာ လောလောဆယ် အစီးအနင်းတောကောင်မရှိတာနဲ့ အတော်ပဲ”

သူ၏ အမြုတေစိတ်ဝိညာဥ်ကိုလှည့်ပတ်ရင်း ဆူဇီမိုက သူ၏ လက်ညိုးကိုဆန့်ထုတ်ကာ အဆင့်-၅ မဟူရာအင်မော်တယ်ကို ညင်သာစွာ တောက်လိုက်လေသည်။

သူက နောက်ထပ်သာမန်နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်ခြင်းဖြစ်၏။

“တောကောင်တာအို”

နတ်ဘုရားစွမ်းအားတစ်ခုက ထိုလူ့အပေါ်သို့ ဆင်းသက်သွား၏။

အဆင့်-၅ မဟူရာအင်မော်တယ်၏ ပုံရိပ်က မြင်နိုင်သောနှုန်းထားဖြင့် ပြောင်းလဲသွားလေသည်။ တစ်ခဏချင်းမှာပင် သူက သူ၏ လူသားသွင်ပြင်ကို ဆုံးရှုံးသွားရပြီး မြင့်မား၍ စွမ်းပကားကြီးမားပုံရသော ခွေးဝါကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။ အစကတော့ ဆူဇီမိုသည် သူ့ကိုမြင်းတစ်ကောင်အဖြစ် ပြောင်းလဲချင်ခဲ့လေသည်။ မထင်မှတ်ထားစွာပင် ထိုအချိန်မှာ သူ၏ မျက်ဝန်းထောင့်ကနေ ရိပ်ခနဲဖြတ်ပြေးသွားသော ခွေးဝါတစ်ကောင်ကို တွေ့မြင်လိုက်ရ၏။

သူ၏ စိတ်အာရုံ ပျက်ယွင်းသွားသည့်ခဏမှာပင် နတ်ဘုရားစွမ်းအားက အဲ့ဒါကို အတည်ပြုပြီးခဲ့လေပြီ။

“ခွေးဆိုတော့လည်းခွေးပေါ့... အဓိက ပြေးနိုင်ဖို့ပဲ”

ဆူဇီမိုက ခွေးဝါကြီးပေါ်သို့ခုန်တက်ပြီး သူ၏ ခေါင်းကို ပုတ်လိုက်လေသည်။

“နှင်းလေတောင်ကြောရိုးကို သွားကြမယ်”

အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်သည် ဤကဲ့သို့ အရှက်ခွဲခံရမှုကို သည်းခံနိုင်လိမ့်မည် မဟုတ်ပေ ။ ချက်ချင်းပင် သူ၏ သွေးများက ဆူပွက်လာပြီး ကျိန်ဆဲလိုက်လေသည်။

“ဝုတ်... ဝုတ်.. ဝုတ်ဝုတ်...”

သို့သော်လည်း မည်သည့်စကားသံမှ ထွက်မလာဘဲ ခွေးဟောင်သံသာလျှင် ထွက်လာခဲ့လေသည်။

All Chapters