← Chapters

အတင်းအကျပ်သိမ်းပိုက်ခြင်း

Vol. 122 Ch. 1819

အတင်းအကျပ်သိမ်းပိုက်ခြင်း

Vol. 122 Ch. 1819

ဆူဇီမိုသည် ငဝါကြီးကို စီးနင်းပြီး တောအုပ်ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာ၏။

​ရှေးကျသောသစ်ပင်များက စိမ်းစို၍ ကောင်းကင်တစ်ခွင်အုပ်မိုးထားသောကြောင့် တောအုပ်ထဲသို့ ကျဆင်းနေသော နေရောင်ခြည်မှာ မရှိသလောက်နီးပါးဖြစ်ပြီး အဲ့ဒါက မှောင်မည်း၍ တိတ်ဆိတ်နေ၏။

မြေပြင်က သစ်ကိုင်းခြောက်များ သစ်ရွက်များဖြင့် ပြည့်နှက်နေလေသည်။ သူတို့၏ ခြေသံက တိတ်ဆိတ်ငြိမ်သက်သော ဤပတ်ဝန်းကျင်မှာ ချိုးချိုးချွတ်ချွတ်ဖြင့် သိသာထင်ရှားနေ၏။

ငဝါကြီး၏ ခြေလှမ်းများက နှေးကွေးသွားလေသည်။

ဘာ့ကြောင့်ရယ်မသိ အလွန်တရာတင်းကျပ်သော ထူးဆန်းသည့်အော်ရာတစ်ခုက ဤတောအုပ်ထဲမှာရှိနေ၏။

သွမ့်ထျန်လန်သည် ဖြူဖပ်ဖြူရော်အမူအရာနှင့်အတူ ငဝါကြီး၏ နောက်ကနေ လိုက်ပါ၏။

သူက အကြောအခြင်တောင့်တင်းစွာဖြင့် ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီး သူ၏ နဖူးပေါ်မှာ ချွေးများက စိုလာခဲ့၏။

တောအုပ်က အလွန်တရာတိတ်ဆိတ်ငြိမ်သက်ပြီး အဲ့ဒီမှာ မည်သည့်သက်ရှိ သို့မဟုတ် မည်သည့် ကြမ်းကြုတ်တောကောင်မှ မရှိပေ။

သို့သော်လည်း ငဝါကြီးနှင့် သွမ့်ထျန်လန်သည် မအီမသာခံစားနေရပြီး သူတို့၏ ခံစားချက်များက ပို၍အားကောင်းလာလေသည်။

ဂျွတ်...

ရုတ်တရက် သွမ့်ထျန်လန်၏ ခြေဖဝါးအောက်မှ ကြွပ်ဆတ်ဆတ်အသံတစ်သံထွက်ပေါ်လာပြီး ထိုအသံက တောအုပ်ထဲမှာ အလွန်တရာစူးရှနေ၏။

သွမ့်ထျန်လန်က အေးခဲရပ်တန့်သွားပြီး အလိုလိုငုံ့ကြည့်လိုက်၏။

သူသည် ကျိုးနေသော အရိုးဖြူတစ်ချောင်းပေါ်ကို တက်နင်းထားလေသည်။

အရိုးဖြူသည် နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် အလွန်တရာကြွပ်ဆတ်နေပုံရပြီး ခြေတစ်ချက်တင်နင်းရုံဖြင့် နှစ်ပိုင်းကျိုးသွားလေသည်။

စောစောက အရိုးဖြူကို သစ်ရွက်များစွာက ဖုံးအုပ်နေခဲ့လေသည်။ သွမ့်ထျန်လန်သည် သူ၏ ဘေးပတ်လည်ကို အာရုံစိုက်ကြည့်နေပြီး သူ့ခြေထောက်အောက်တွင်ရှိသည့်အရာကို သတိမထားမိခဲ့ပေ။

“ဘာမှမဖြစ်ဘူး... ဘာမှမဖြစ်ဘူး”

သွမ့်ထျန်လန်က သူ့ကိုယ်သူ ဣန္ဒြေဆယ်ပြီး ကြိုးစား၍ပြုံးလိုက်၏။ သူက တတွတ်တွတ်ရေရွတ်ပြီး ရှေ့သို့ဆက်လျှောက်လိုက်လေသည်။ သို့သော်လည်း သူက နောက်ထပ်ခြေနှစ်လှမ်းလှမ်းပြီးနောက် သူ၏ ခြေဖဝါးအောက်မှာ အရိုးကျိုးသံက နောက်တစ်ဖန်ထွက်ပေါ်လာ၏။

သူသည် နောက်ထပ်အရိုးဖြူတစ်ချောင်းပေါ်ကို တက်နင်းမိသွားခြင်းဖြစ်လေသည်။

သွမ့်ထျန်လန်၏ အမူအရာက ပြောင်းလဲသွားလေသည်။

“ဆရာ.. ခဏလောက်စောင့်ပေးပါဦး”

သွမ့်ထျန်လန်က ခပ်တိုးတိုးပြောပြီး ဘေးပတ်လည်ကို ကြည့်ရှုလိုက်၏။ သူက လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်ပြီး သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းကာ မြေပြင်ပေါ်ရှိ ကျဆင်းနေသော သစ်ရွက်များကို ဖယ်ရှားလိုက်လေသည်။

သွမ့်ထျန်လန်နှင့် ငဝါကြီးသည် လွင့်မျောသွားသော သစ်ရွက်များကိုကြည့်ပြီး သူတို့၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွား၏။

တောအုပ်ထဲရှိမြေပြင်က အဆုံးမဲ့သော အရိုးဖြူများဖြင့် ပြည့်နှက်နေလေသည်။

“အိုး...”

သွမ့်ထျန်လန်က ပင့်သက်ကိုရှိုက်လိုက်၏။

ဤမျှများပြားသည့်သက်ရှိများ သေဆုံးခဲ့ရအောင် အဲ့ဒါက ဘယ်လောက်တောင်အန္တရာယ်များတဲ့ နေရာတစ်ခုပါလိမ့်။

“ဆ..ဆရာဆူ... ပြန်ဆုတ်ကြရအောင်”

သွမ့်ထျန်လန်၏ အသံက အနည်းငယ်တုန်ယင်နေ၏။

သူ့စကားမဆုံးသေးခင်မှာပင် ငဝါကြီးက အကြောက်တရားကိုဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ ဆူဇီမိုအမိန့်မပေးဘဲနှင့် သူက စတင်၍ နောက်သို့ဆုတ်ခွာလာခဲ့ပြီဖြစ်၏။

သို့သော်လည်း ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူတို့၏ ထွက်လမ်းက လုံးဝပိတ်ဆို့သွားပြီကို နားလည်သိရှိလိုက်ရ၏။

သူတို့သည် အသက်ဝင်လာသည့်အလား အစက မလှုပ်မယှက်ငြိမ်သက်နေခဲ့သော သစ်ကိုင်းများက ယှက်ဖြာသွားပြီး တုတ်ခိုင်သော စိတ်ဝိညာဥ်မြွေများကဲ့သို့ သူတို့၏ ထွက်လမ်းကို ပိတ်ဆို့လိုက်လေသည်။

ရုတ်တရက် ရှေဟောင်းသစ်ပင်များထံကနေ သွေးရနံ့တစ်ခုက ဖြာထွက်လာ၏။

ရှေးဟောင်းသစ်ပင်များ၏ မျက်နှာပြင်ပေါ်မှာ သွေးကြောများနှင့်ဆင်တူသော အရေးအ​ကြောင်းများက ပေါ်ထွက်လာပြီး အထဲမှာလတ်ဆတ်သောသွေးများက စီးဆင်းနေလေသည်။

“သွားပါပြီ... ငါတော့ ဒီနေရာမှာသေရတော့မယ်”

သွမ့်ထျန်လန်က ထိတ်လန့်တကြားဖြစ်နေပြီး စိတ်ပျက်အားငယ်သွားလေသည်။

ဤတောအုပ်ထဲရှိရှေးဟောင်းသစ်ပင်များက သက်ရှိများကို ဝါးမျိုခြင်းဖြင့် ကြီးထွားခဲ့ခြင်းဖြစ်၏။

လောကသုံးထောင်မှာ သတ္တဝါပေါင်းစုံရှိကြလေသည်။

ဤတောအုပ်သည် ဤနေရာမှာရပ်တည်ပြီး ဤအတောအတွင်း မရေမတွက်နိုင်သော သက်ရှိများကို ဝါးမျိုခဲ့လေသည်။

ဤနေရာသို့ ဝင်ရောက်လာသော မည်သည့်ကြမ်းကြုတ်တောကောင်မဆို လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

အစကနေ ယခုအချိန်ထိ ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။

သူ၏ အာရုံခံသတိစိတ်က အလွန်တရာသန်မာအားကောင်းလေသည်။

တောအုပ်ထဲသို့မဝင်ရောက်ခင်မှာပင် သူသည် ဤနေရာတွင် တစ်စုံတစ်ရာထူးဆန်းနေသည်ကို ခံစားမိခဲ့ပြီးပြီဖြစ်၏။

သူ့ရှေ့မှမြင်ကွင်းသည် သူမျှော်လင့်ထားသည့် အတိုင်းအတာအတွင်းမှာ ရှိနေလေသည်။

ကျောက်စိမ်းရောင်သစ်ကိုင်းများက ဆူဇီမို ၊ သွမ့်ထျန်လန်နှင့် ငဝါကြီးတို့ထံ ရစ်ပတ်ကျဆင်းလာချိန်မှာ ဆူဇီမိုက ရုတ်တရက် အော်ပြောလိုက်လေသည်။

“အပင်မျိုးနွယ်အတွက် ကျင့်ကြံရတယ်ဆိုတာ လွယ်တာမဟုတ်ဘူး”

ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါက မင်းရဲ့ကျင့်ကြံမှုကို မဖျက်ဆီးချင်ဘူး... ငါ့ကိုလည်း အခက်တွေ့အောင် လာမလုပ်နဲ့”

သစ်ကိုင်းများစွာက ခဏမျှရပ်တန့်သွားလေသည်။

အဲ့ဒီနောက် ရှေးဟောင်းသစ်ပင်များထံမှ လှောင်ပြောင်သရော်လိုက်သော စိတ်ခံစားချက်တစ်ခုက ထွက်ပေါ်လာ၏။

ငဝါကြီးနှင့် သွမ့်ထျန်လန်သည်ပင် အဲ့ဒါကို အာရုံခံမိသွားလေသည်။

နောက်ခဏ၌ ပို၍များပြားသော သစ်ကိုင်းများက လေထုကိုဖြတ်ကျော်ပြီး ကျောက်စိမ်းရောင်မြွေများကဲ့သို့ ဆူဇီမိုထံသို့ ရစ်ပတ်ကျဆင်းလာ၏။

“အဲ့လိုဆိုမှတော့လည်း.... မင်းငါ့ကို အပြစ်မတင်နဲ့တော့”

ဆူဇီမိုသည် ငဝါကြီး၏ ကိုယ်ပေါ်ကနေ ခုန်ဆင်းလိုက်ပြီး မြေပြင်ကို ဆောင့်နင်းလိုက်၏။ သူ၏ သွေးချီကိုလှည့်ပတ်ရင်း သူက နေရာကနေ ပျောက်ကွယ်သွားသည့်အလားပင်။

သူ၏ နေရာမှာ ကျောက်စိမ်းရောင်ကြာပင်တစ်ပင်က ကောင်းကင်ထက်သို့ ပျံတက်လာ၏။ ၎င်းက တဖျတ်ဖျတ်တလက်လက် ပုံစံဖြင့် ကောင်းကင်တစ်ခွင်လင်းထိန်စေမည့် အရောင်အဝါတစ်ခုကို ထုတ်ဖော်လိုက်၏။

ချက်ချင်းပင် သစ်ကိုင်းများသည် တစ်စုံတစ်ရာကို နားလည်သိရှိသွားသည့်အလား ရပ်တန့်သွားကြလေသည်။ သူတို့သည် သိပ်သည်းပြင်းထန်သော အကြောက်တရားတစ်ခုကို ထုတ်ဖော်ပြီး အလိုလိုကျုံ့ဝင်သွားကြ၏။

ရှေးဟောင်းသစ်ပင်များသည် ကြောက်ရွံ့မှုဖြင့်တုန်ယင်နေသည့်အလား ယိမ်းထိုးနေလေသည်။

“စုပ်ယူစမ်း”

ဆူဇီမိုက သူ၏ သွေးချီကို လှည့်ပတ်လိုက်၏။ သူ၏ ခြေဖဝါးအောက်ကနေ မရေမတွက်နိုင်သော သစ်မြစ်များက မြေကြီးထဲသို့ တိုးဝင်သွားပြီး တောအုပ်ထဲရှိ ​ရှေးဟောင်းသစ်ပင်များကို ရစ်ပတ်ကာ သူတို့၏ အသက်ဓာတ်အမြူတေကို အရူးအမူးစုပ်ယူနေလေသည်။

ဖန်တီးခြင်းကြာပဒုမ္မာသည် လောကမှာ တစ်ခုတည်းသာရှိပြီး အပင်မျိုးနွယ်၏ နတ်ဘုရားဖြစ်လေသည်။

ထျန်ဟွမ်ကုန်း​မြေတိုက်မှာတုန်းက သွေးနွယ်ပင်မျိုးနွယ်၏ ပညာရှင်များသည် ဆူဇီမို၏ မျိုးဆက်သွေးကို စုပ်ယူဝါးမျိုချင်ခဲ့သော်လည်း သူတို့သာလျှင် ပြန်လည်ဝါးမျိုခံခဲ့ရ၏။

ဤရှေးဟောင်းသစ်ပင်များက သွေးနွယ်ပင်မျိုးနွယ်ထက်ပင် များစွာနိမ့်ကျနေသေး၏။

အဲ့ဒါသည် အမြုတေချီစုပ်ယူခြင်းဖြစ်လေသည်။

အပင်မျိုးနွယ်များက တစ်ချိန်တည်းမှာ ကြီးထွားလာမည်ဆိုလျှင် စွမ်းအားကြီးမားသော အပင်များက အခြားသောအပင်များ၏ အမြုတေကို စုပ်ယူပေလိမ့်မည်။

ဥပမာအားဖြင့် စိတ်ဝိညာဥ်စိုက်ခင်းများထဲမှာ စိတ်ဝိညာဥ်လယ်သမားများသည် မကြာခဏ ပေါင်းသင်ပေးရသည်မှာ ပေါင်းပင်များသည် အမြုတေအားဖြည့်မြက်နှင့် မိုးနှင်းပန်းတို့၏ အမြုတေချီကို စုပ်ယူပြီး အင်မော်တယ်ဆေးပင်နှစ်မျိုးအပေါ် သက်ရောက်မှုရှိလာမည်ကို သူတို့က စိုးရိမ်သောကြောင့်ဖြစ်၏။

သို့သော် ယခု အဆင့်-၉ ဖန်တီးခြင်းကြာပဒုမ္မာသည် ဘေးပတ်ဝန်းကျင်ရှိ အပင်များ၏ အမြုတေကို အရူးအမူးစုပ်ယူနေ၏။ ရှေးဟောင်းသစ်ပင်များက အဲ့ဒါကို လုံးဝမခုခံနိုင်ပေ။

ငဝါကြီးနှင့် သွမ့်ထျန်လန်၏ ရှေ့တွင် သူတို့ရှိရာသို့ ဆန့်တန်းလာသည့် ပြွတ်သိပ်နေသောသစ်ကိုင်းများက အရင်စ၍ ညှိုးခြောက်ကာ ကျဆင်းသွားလေသည်။

အဲ့ဒီနောက် ဘေးပတ်ဝန်းကျင်ရှိ ငွားငွားစွင့်စွင့်မြင့်မားသော သစ်ကိုင်းများက တစ်စတစ်စ အဝါရောင်သန်းလာပြီး သူတို့၏ အသက်ဓာတ်အားကလည်း အလျင်အမြန်လျော့ကျလာ၏။

အစကတော့ တောအုပ်သည် ကြောက်စရာကောင်းသော အစိမ်းရောင် သမုဒ္ဒရာတစ်စင်းကဲ့သို့ ဖြစ်၏။

သို့သော်လည်း သိပ်မကြာခင် ကြောက်စရာကောင်းသော အစိမ်းရောင်သမုဒ္ဒရာသည် စတင်၍ အဝါရောင်သို့ ​ပေါင်းလဲလာပြီး နောက်ဆုံးမှာတော့ အဲ့ဒါက တောအုပ်တစ်ခုလုံးသို့ ဖြန့်ကြက်သွားလေသည်။

ညှိုးခြောက်လာသော အဝါရောင်သမုဒ္ဒရာထဲမှာ အလယ်တွင်ရှိသော နေရာတစ်ခုကသာ ပြိုးပြိုးပြက်ပြက်အရောင်အဝါတစ်ခုဖြင့်တောက်ပနေ၏။

အဲ့ဒါက ဝင်းလက်တောက်ပနေသော ဖန်တီးခြင်းကြာပဒုမ္မာဖြစ်လေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများနှင့် မတူဘဲ သွမ့်ထျန်လန်နှင့် ငဝါကြီးသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ ဒဏ္ဍာရီကို မကြားဖူးပေ။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူတို့ရှေ့ရှိ အစိမ်းရောင်ကြာပင်က ကောင်းကင်ဘုံကိုဖီဆန်နိုင်သည့် တည်ရှိမှုတစ်ခုဖြစ်ကြောင်း သူတို့က သေချာပေါက်နားလည်သိရှိသွားကြ၏။

နာရီအနည်းငယ်အတွင်းမှာ တောအုပ်ကလုံးဝကို ညှိုးခြောက်သွားစေလေသည်။

ဆူဇီမိုသည် သူတို့၏ အမြုတေချီကို စုပ်ယူလိုက်ပြီးနောက် ရှေးဟောင်းသစ်ပင်များအားလုံးက သေဆုံးသွားလေသည်။

ဆူဇီမို၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာပြီး သက်ပြင်းရှည်တစ်ချက်ကို ချလိုက်၏။

တောအုပ်ထဲရှိ အမြုတေချီကို စုပ်ယူသန့်စင်ပြီးနောက် သူ၏ ကျင့်ကြံမှုကလည်း သိသိသာသာတိုးလာခဲ့လေသည်။

ဖန်တီးခြင်းကြာပဒုမ္မာက အလွန်တရာစီးပိုးခြယ််လှယ်မှုရှိလေသည်။

သူကအဲ့ဒါကို မထိန်းချုပ်ဘဲ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ဘေးပတ်ဝန်းကျင်ရှိ အပင်များ၏ အမြုတေချီကို ဆက်လက်စုပ်ယူခွင့်ပြုလိုက်မည်ဆိုလျှင် နဂါးအသူရာချောက်နက်ကြယ်တစ်ခုလုံးရှိ အပင်များအားလုံးက သူ၏ ဝါးမျိုခြင်းကို ခံရနိုင်လေသည်။

တကယ်တော့... ဆူဇီမိုသည် ဤကဲ့သို့ ရုတ်ရုတ်သဲသဲ အခြေအနေတစ်ရပ်ကို ပြုလုပ်ရဲခြင်း မရှိပေ။

သွမ့်ထျန်လန်က ကြက်သေသေနေခဲ့သည်မှာ ကြာခဲ့လေပြီ။

ငဝါကြီးကလည်း ဘေးမှာမတ်တတ်ရပ်ပြီး ကြောက်ရွံ့မှုဖြင့် တုန်ယင်နေ၏။

အစက သူသည် ထွက်ပြေးဖို့ အခွင့်အလမ်းတစ်ရပ်ကို စောင့်ဆိုင်းနေခဲ့ဆဲ ဖြစ်၏။

သို့သော်ယခု... သူသည် ထိုအတွေးကို လုံးဝစွန့်လွှတ်လိုက်လေပြီ။

သူ့ရှေ့ရှိ ကြော့ရှင်းချောမောသောစာပေသမားက ပကတိမိစ္ဆာတစ်ကောင်ဖြစ်ပြီး သူ့ကိုအတွေးတစ်ချက်နှင့်ပင် စုပ်ယူသန့်စင်နိုင်လောက်လေသည်။ ထိုအခါ သူ၏ ရလဒ်သည် ဤနေရာမှာ ညှိုးခြောက်သွားသော သစ်ပင်များနှင့် သိပ်ကွာလိမ့်မည် မဟုတ်ပေ။

All Chapters