← Chapters

ငွေဘီလူး

Vol. 122 Ch. 1820

ငွေဘီလူး

Vol. 122 Ch. 1820

သူတို့သုံးယောက်သည် လူသူကင်းမဲ့ကုန်းမြေများ၏ အနက်ပိုင်းထဲသို့ ဆက်လက်ဝင်ရောက်လာ၏။

လူသူကင်းမဲ့ကုန်းမြေများသည် အမျိုးမျိုးသော သက်ရှိများနှင့် မျိုးနွယ်စုများ စုဝေးရာနေရာတစ်ခု ဖြစ်လေသည်။ အမျိုးမျိုးသော ကြမ်းကြုတ်တောကောင်များအပြင် အဲဒီမှာ ထူးဆန်း၍ စွမ်းအားကြီးမားသော မျိုးနွယ်အချို့လည်း ရှိလေသည်။

ဤနေရာသည် တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်နေကြသော သက်ရှိအမျိုးမျိုးနှင့်အတူ အလွန်တရာ ပရမ်းပတာနိုင်နေ၏။ ဤနေရာသို့ ခြေချလိုသော လူသားကျင့်ကြံသူများက မရှိသလောက်နီးပါးပင်။

ယခုအချိန်မှာတော့ ဆူဇီမို၊ သွမ့်ထျန်လျန်နှင့် ငဝါကြီးတို့ အစုအဖွဲ့သည် ထူးခြားပေါ်လွင်နေပြီး ဤနေရာသို့ သူတို့ ရောက်ရှိလာသောအခါ သက်ရှိများစွာ၏ စိတ်အာရုံကို ဆွဲဆောင်မိသွားလေသည်။

သို့သော်လည်း ဆူဇီမိုသည် တောအုပ်ကို စုပ်ယူသန့်စင်ခဲ့စဉ်က အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး သက်ရှိများစွာက အဲဒါကို တွေ့မြင်ခဲ့ရ၏။

ကျင့်ကြံမှုနှင့် တိုက်ခိုက်ရည်ခွန်အား နိမ့်ကျသော သက်ရှိများသည် ရှေ့သို့ တက်လှမ်းရဲခြင်းနှင့် သူတို့ကို မဆင်မခြင် ရန်စရဲခြင်း မရှိပေ။ သူတို့က ခပ်လှမ်းလှမ်းကနေသာ လိုက်ပါလာကြ၏။

ဆူဇီမိုက ရှေ့သို့ ဆက်သွားလေလေ… သူ တွေ့ကြုံရသော ကြမ်းကြုတ်တောကောင်များ၏ ခွန်အားကလည်း တိုးလာလေလေ ဖြစ်၏။

လမ်းတစ်လျှောက်မှာ ကြမ်းကြုတ်တောကောင်များက သူတို့၏ အနီးအနားဝန်းကျင်မှာ စုဝေးလာကြပြီဖြစ်၏။ သူတို့က အရေအတွက်ရာချီရှိပြီး ပို၍ စုဝေးလာကာ ဆူဇီမိုနှင့် အခြားသူများကို ဝိုင်းပတ်ထားလေသည်။

သွမ့်ထျန်လျန်နှင့် ငဝါကြီးသည် ဆူဇီမို၏ နည်းလမ်းများကို အရင်က မြင်တွေ့ခဲ့ဖူးလေသည်။ သို့သော်လည်း ဤကဲ့သို့သော မြင်ကွင်းနှင့် တွေ့ကြုံရသောအခါ သူတို့က အကြောအခြင်များ တောင့်တင်း၍ တုန်ယင်လာကြ၏။

သူတို့ရှေ့မှ ကြမ်းကြုတ်တောကောင်များနှင့် သက်ရှိများသည် စောစောက တောအုပ်နှင့် မတူပေ။

အဲဒီမှာ သွမ့်ထျန်လျန်နှင့် ငဝါကြီးတို့ပင် အရင်က မတွေ့မြင်ဖူးသော ကြမ်းကြုတ်တောကောင်များစွာ ရှိလာခဲ့၏။

ရှေ့တည့်တည့် ကောင်းကင်ထက်မှာ ဧရာမ ငှက်တစ်ကောင်က ပျံသန်းနေ၏။ ၎င်းက နီရဲနေပြီး မီးတောက်များဖြင့် လောင်ကျွမ်းနေလေသည်။ ၎င်းမှာ ဦးခေါင်းကိုးလုံး ပါရှိပြီး ချစ်ချစ်တောက် အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

သူတို့သည် ပေပေါင်းထောင်ချီ ကွာဝေးသော်လည်း သွမ့်ထျန်လျန်နှင့် ငဝါကြီးသည် သူတို့ထံသို့ ရိုက်ခတ်လာသည့် အပူလှိုင်းများကို ခံစားမိနိုင်ဆဲဖြစ်၏။

ခေါင်းကိုးလုံးမြွေက ဆူဇီမိုနှင့် အခြားနှစ်ယောက်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။ တကယ်ဆို ၎င်း၏ ခန္ဓာကိုယ်ကနေ အလွန်တရာ ကြောက်စရာကောင်းသော ပုံစံဖြင့် ချော်ရည်များကပင် စီးကျနေ၏။

တစ်ဖက်မှာတော့.. အရပ်အမောင်း မြင့်မားသော ကြမ်းကြုတ်တောကောင်တစ်ကောင်သည် သားရဲတောကောင်များကြားမှာ ဝင့်ကြွားစွာဖြင့် မတ်တတ်ရပ်နေ၏။ ဤကြမ်းကြုတ်တောကောင်သည် မြင်းတစ်ကောင်၏ ခန္ဓာကိုယ်နှင့် လူတစ်ယောက်၏ မျက်နှာပါရှိပြီး ဒဏ္ဍာရီလာ မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင် ယင်ကျောက် ဖြစ်ပုံရလေသည်။

သူတို့သုံးယောက်၏ နောက်ဘက်ကနေ စူးရှသော တဝီဝီအော်မြည်သံက ထွက်ပေါ်လာ၏။

သွမ့်ထျန်လျန်က နောက်သို့ လှည့်ကြည့်လိုက်ပြီး ရင်ထိတ်သွားလေသည်။

သူတို့သုံးယောက်၏ နောက်ဘက် မလှမ်းမကမ်းတွင် သူ၏ ခန္ဓာကိုယ်ထက် အဆများစွာ ပိုမိုကြီးမားသော ဧရာမ ပျားတစ်ကောင် ရှိနေ၏။ ၎င်း၏ တောင်ပံများကို လေထဲမှာ အလျင်အမြန် ခတ်နေပြီး တဝီဝီ အသံကို ထွက်ပေါ်စေလေသည်။

ဧရာမ ပျား၏ အမြီးကနေ အဆိပ်ဆူးတစ်ချောင်းက ပြူထွက်နေ၏။ ၎င်းသည် ကြောက်စရာကောင်းသော စိမ့်ဖန့်ဖန့်အရောင်ဖြင့် တောက်ပနေသည့် လှံရှည်တစ်လက်ကဲ့သို့ဖြစ်ပြီး ညှီစို့စို့ အနံ့တစ်ခုကိုလည်း ထုတ်ပေးနေ၏။ အဲဒါက အဆိပ်များဖြင့် ပြည့်လျှမ်းနေသည်မှာ သိသာလေသည်။

ထိုကြမ်းကြုတ်တောကောင် သုံးကောင်စလုံးသည် အဆင့်ငါး မဟူရာအမြုတေနယ်ပယ်မှာ ရှိနေလေသည်။

သူတို့နှင့် မတိမ်းမယိမ်းဖြစ်သော ကြမ်းကြုတ်တောကောင်များကလည်း ဘေးနားဝန်းကျင်မှာ ဆက်လက်စုဝေးလာနေ၏။

ကြမ်းကြုတ်တောကောင် အများစုသည် ကျင့်ကြံမှုအဆင့် မြင့်မားခြင်း မရှိဘဲ သူတို့ထဲမှ များစွာက မဟူရာသားရဲ အဆင့်တစ်မှ အဆင့်လေးအထိ ဖြစ်လေသည်။

သို့သော်လည်း ထိုကြမ်းကြုတ်တောကောင်များက ရှေ့သို့ ပြုံဝင်လာမည်ဆိုလျှင် အဆင့်ငါး သို့မဟုတ် အဆင့်ခြောက် မဟူရာအမြုတေနယ်ပယ်မှာ ရှိသော သူများပင်လျှင် သူတို့ကို ခုခံနိုင်ချင်မှ ခုခံနိုင်ပေလိမ့်မည်။

သူတို့သုံးယောက်က ချက်ချင်းပင် အပိုင်းပိုင်း အတစ်တစ် ဆုတ်ဖြဲခံရနိုင်၏။

ဆူဇီမိုက ဘေးပတ်လည်သို့ ကြည့်လိုက်လေသည်။

သူတို့က ဤနေရာ၏ အနက်ပိုင်းထဲသို့ ဆက်သွားမည်ဆိုလျှင် သူတို့ ကြုံတွေ့ရမည့် သက်ရှိများက ပို၍ပင် သန်မာလာနိုင်၏။ ဒါ့အပြင် သူတို့သည် လူသားအဖွဲ့အစည်းကြီးများကနေ အလွန်ဝေးကွာလာခဲ့ပြီဖြစ်ပြီး မည်သူကမှ သူတို့ကို ရှာဖွေတွေ့ရှိတော့မည် မဟုတ်ပေ။

“ဂီး..”

ရှေ့မှာ ရှိသော ခေါင်းကိုးလုံး ငှက်က ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ပြီး သူ၏ ခေါင်းကိုးလုံးက တစ်ချိန်တည်းမှာ သံရှည်ဆွဲ အော်ဟစ်လိုက်လေသည်။ အဲဒါက အလွန်တရာ နားကြားပြင်းကတ်စရာကောင်းပြီး သတ္တုများ၊ ကျောက်များကို ထိုးဖောက်သွားနိုင်လေသည်။

ဘေးပတ်ဝန်းကျင်ရှိ ကြမ်းကြုတ်တောကောင်များကလည်း ကြောက်စရာကောင်းသော အမူအရာများနှင့်အတူ တစ်ကောင်ပြီးတစ်ကောင် ဟိန်းဟောက်လိုက်ကြ၏။ သူတို့သည် နောက်ခဏ၌ ရှေ့သို့ ပြေးဝင်လာတော့မည့်အတိုင်းပင်။

သွမ့်ထျန်လျန်၏ မျက်နှာက ဖြူဖျော့သွားပြီး သူ၏ သိုလှောင်အိတ်ထဲကနေ အနက်ရောင် သံလုံးတစ်လုံးကို ထုတ်ယူကာ သူက ငိုချတော့မည့်ဆဲဆဲပင်။

ငဝါကြီးကလည်း ကြောက်လန့်နေပြီး သူ၏ ခြေထောက်များက ပျော့ခွေကာ မြေပြင်ပေါ်သို့ လဲကျတော့မည့်မတတ်ပင်။

ထိုစဉ်မှာပင် ဆူဇီမိုက ဖြည်းဖြည်းချင်း ထရပ်​ပြီး လေထဲသို့ ပျံတက်ကာ ချောက်ချားစရာကောင်းသော အော်ရာတစ်ခုကို ထုတ်ဖော်ပေးလိုက်၏။

ထိုအော်ရာက ယခင် ဖန်တီးခြင်း ကြာပဒုမ္မာနှင့် လုံးဝ ကွဲပြားခြားနားလေသည်။

ပေါက်ကွဲရူးသွပ်ခြင်း၊ ကြမ်းကြုတ်ခက်ထန်ခြင်း၊ ချစ်ချစ်တောက် ပူလောင်ခြင်းနှင့် မြင့်မြတ်ထည်ဝါခြင်း…။

ထိုအော်ရာ ထွက်ပေါ်လာပြီးနောက် ဘေးပတ်ဝန်းကျင်ရှိ သားရဲများ၏ အမူအရာက ငေးငိုင်ပျောက်ဆုံးသွားလေသည်။

ခေါင်းကိုးလုံးငှက်၊ ယင်ကျောက်နှင့် ဧရာမ ပျားတို့ကလည်း ကြောင်တိကြောင်တောင် ဖြစ်နေကြ၏။

ရုတ်တရက်ဆိုသလို…

ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်လေသည်။

“ဂါး…. “

လောကကို လှုပ်ခါပြီး သားရဲတောကောင်များ အားလုံးကို တုန်လှုပ်သွားစေသည့် ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခွင် ပျံ့နှံ့သွားလေသည်။ ထိုအသံက နဂါးဟိန်းဟောက်သံနှင့် ဖီးနစ်အော်သံကို ပေါင်းစပ်ထားပုံရပြီး တားဆီး၍ မရနိုင်သော အန္တိမ စိတ်ဆန္ဒတစ်ခု ပါဝင်နေ၏။

ထိုဟိန်းဟောက်သံနှင့် ရင်ဆိုင်ရချိန်မှာ အားနည်းသော မျိုးဆက်သွေးနှင့် နိမ့်ကျသော ကျင့်ကြံမှုအဆင့်ရှိသည့် သားရဲတောကောင်အချို့သည် ဖိအားဒဏ်ကို ခံနိုင်ရည်မရှိတော့ဘဲ မြေပြင်ပေါ်မှာ ဒူးထောက်ကျသွား၏။

အဲဒါသည် တဗူးနဂါးဖီးနစ်၏ ဟိန်းဟောက်သံဖြစ်၏။

နဂါးဖီးနစ်တစ်ကောင်ကို မပြောနှင့်.. နတ်နဂါးတစ်ကောင် ဆင်းသက်ရောက်ရှိလာလျှင်ပင် ဤနေရာမှာ ရှိသော သားရဲတောကောင်များကို ခြိမ်းခြောက်နိုင်ဖို့ လုံလောက်လေသည်။

ခေါင်းကိုးလုံးငှက်၊ ယင်ကျောက်နှင့် ဧရာမ ပျားတို့သည် အဆင့်ငါး မဟူရာအမြုတေနယ်ပယ်မှာ ရှိကြပြီး သူတို့၏ ဣန္ဒြေကို ထိန်းထားနိုင်ဆဲဖြစ်သော်လည်း ဆူဇီမို ဖြာထုတ်ပေးလိုက်သည့် အော်ရာက ထိုကြမ်းကြုတ်တောကောင်တို့အပေါ် ပြင်းထန်သော ဖိအားတစ်ခု သက်ရောက်လာစေ၏။

အဲဒါက မျိုးဆက်သွေး ဖိနှိမ်ခြင်း ဖြစ်လေသည်။

ကြက်ဖတစ်ကောင်က ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ.. ဖီးနစ်တစ်ကောင်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ကြောင်တစ်ကောင်က ဘယ်လိုပင် ခက်ထန်သည်ဖြစ်စေ… ကြမ်းကြုတ်ကျားတစ်ကောင်ကို တွေ့မြင်ရချိန်မှာ အကြောက်တရားကို ထိန်းနိုင်လိမ့်မည် မဟုတ်ချေ။

အဲဒါက မျိုးဆက်သွေးဆိုင်ရာ ဖိနှိမ်ခြင်းတစ်ရပ် ဖြစ်၏။

ဆူဇီမိုမှာ နဂါးဖီးနစ် မျိုးဆက်သွေး မရှိသော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်သည် နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်နှင့် ပေါင်းစည်းထားပြီး ၎င်း၏ စိတ်ဆန္ဒကို ထုတ်ဖော်နိုင်လေသည်။

ထိုစိတ်ဆန္ဒသည် သားရဲအများစုကို တုန်လှုပ်သွားစေဖို့ လုံလောက်လေသည်။

“ဘေးဖယ်ကြစမ်း”

ခေါင်းကိုးလုံးငှက်နှင့် အခြားသော တောကောင်များက တွေဝေတုံ့ဆိုင်း၍ သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြစဉ် အဝေးက​နေ ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာ၏။ သတ္တဝါတစ်ကောင်က ခြေလှမ်းကြဲကြီးများဖြင့် လျှောက်လှမ်းလာပြီး လူသားဘာသာစကားဖြင့် ပြောဆိုလိုက်လေသည်။

ဘုန်း.. ဘုန်း.. ဘုန်း..

မြေပြင်က တသိမ့်သိမ့် လှုပ်ခါသွား၏။

အဝေးတစ်နေရာကနေ မနှိုင်းယှဉ်သာအောင် မြင့်မား​သော ဘီလူးတစ်ကောင်က အပြေးအလွှား လာနေ၏။ ၎င်းမှာ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ မပါရှိပေ။

သံမဏိကို အရည်ဖျော်၍ ထိုဘီလူးကို ပုံသွင်းထားသည့်အလား ၎င်းက ငွေရောင် တလက်လက်ဖြင့် တောက်ပနေ၏။ ၎င်းက သတ္တုရောင်တစ်ခုဖြင့် ပြည့်လျှမ်းနေပြီး မည်သည့်လက်နက်ကိုမှ မမှုသည့်ပုံပင်။

“အဲဒါက ဘီလူးမျိုးနွယ်ပဲ”

သွမ့်ထျန်လျန်က တုန်လှုပ်သွားပြီး အလောတကြီး ပြောလိုက်၏။

“ကျုပ်နေခဲ့တဲ့ အောက်ဘုံမှာဆို ဘီလူးမျိုးနွယ်က သမိုင်းတစ်လျှောက် စိုးမိုးခြယ်လှယ်ခဲ့တဲ့ အသန်မာဆုံး မျိုးနွယ်ပဲ.. ဘီလူးမျိုးနွယ်က အရမ်းကို သန်မာပြီးတော့ အနီးကပ်တိုက်ခိုက်ရည်မှာ နဂါးမျိုးနွယ်နဲ့တောင် တိုက်ခိုက်နိုင်တယ်”

“သူ့ရဲ့ ငွေရောင် ခန္ဓာကိုယ်အရဆို.. အဲဒါက ဘီလူးမျိုးနွယ်ရဲ့ အမြင့်မြတ်ဆုံး မျိုးဆက်သွေးကို ပိုင်ဆိုင်ထားတဲ့ ငွေဘီလူးတစ်ကောင် ဖြစ်မယ်”

သွမ့်ထျန်လျန်၏ စိတ်ဝိညာဉ်အသိစိတ်က ငွေဘီလူးပေါ်ကို ဖြတ်သန်းသွားပြီး သူ၏ အမူအရာက ပို၍ပင် ပျက်ယွင်းသွားလေသည်။

အဆင့်ခြောက် မဟူရာအမြုတေနယ်ပယ်…

ငွေဘီလူးသည် အစကတည်းက အခြားသော သက်ရှိအမျိုးမျိုးထက် သာလွန်လေသည်။ ယခု သူတို့ရှေ့မှ ငွေဘီလူးသည် အဆင့်ခြောက် မဟူရာအမြုတေနယ်ပယ်မှာ ရှိနေ၏။

သူတို့ကတော့ လုံးဝကို သွားရှာလေပြီ။

ငွေဘီလူးက ရှေ့သို့ ပြေးဝင်လာစဉ် သားရဲများက တစ်ကောင်ပြီးတစ်ကောင် နောက်သို့ ဆုတ်ခွာသွားလေသည်။ ခေါင်းကိုးလုံးငှက်၊ ယင်ကျောက်နှင့် ဧရာမ ပျားတို့ကပါ လမ်းဖယ်ပေးလိုက်ကြ၏။

အချိန်မီ မရှောင်တိမ်းနိုင်သော သားရဲတောကောင်အချို့သည် ငွေဘီလူး၏ နင်းချေခြင်းခံရပြီး မည်သည့် အလောင်းမှ မကျန်ရှိဘဲ သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွား၏။

“ပုရွက်ဆိတ်.. ငါ့ရဲ့ ပိုင်နက်နယ်မြေထဲကို မင်း ဘယ်လိုတောင် ဝင်လာရဲတာလဲ”

ကြမ်းကြုတ်ခက်ထန်သော အမူအရာတစ်ခုနှင့်အတူ ငွေဘီလူးက ဆူဇီမိုကို မာန်မဲပြောဆိုလိုက်၏။

“ငါ မင်းတို့အားလုံးကို ခြေမွှဖျက်ဆီးပစ်မယ်”

“သိပ်သည်းပြင်းထန်တဲ့ ခွန်အားနဲ့ ငွေဘီလူးတဲ့လား”

ဆူဇီမို၏ သွေးချီက တလိပ်လိပ်တက်လာပြီး တောက်လောင်ပြင်းပြသော အကြည့်နှင့်အတူ အကြောက်အလန့်ကင်းမဲ့စွာ အော်ပြောလိုက်၏။

“မင်း ဘယ်လောက်ထိ သန်မာနိုင်မလဲ ကြည့်ရသေးတာပေါ့”

ရွှစ်..

ဖျတ်ခနဲဆို ဆူဇီမိုသည် အဆင့်ခြောက် မဟူရာအမြုတေအဆင့် ငွေဘီလူးနှင့် ရင်ဆိုင်ရချိန်မှာ သူ့ဘက်က အရင်စ၍ လှုပ်ရှားလိုက်ပြီး ရှေ့သို့ ပြေးဝင်သွားလေသည်။

“ဘီလူးမျိုးနွယ်က ကိုးရို့ကားယားနိုင်ပြီး သူတို့ရဲ့ လှုပ်ရှားမှု နည်းစနစ်တွေက ပေါ့ပါးဖျတ်လတ်မှု မရှိဘူး.. သူ့ရဲ့ အနောက်ဘက်ကို ပတ်ဝင်.. ရှေ့ကနေ ထိပ်တိုင်ရင်မဆိုင်နဲ့”

သွမ့်ထျန်လျန်က အလောတကြီး အော်ပြောလိုက်သော်လည်း နောက်ကျသွားခဲ့လေပြီ။ ဆူဇီမိုက တိုက်ခိုက်လိုက်ပြီဖြစ်၏။

“မင်းက သေချင်နေတာပဲ”

ငွေဘီလူးက ဒေါသထွက်သွားပြီး သူ၏ ငွေရောင်လက်ဖဝါးကို ဆန့်ထုတ်ကာ ဆူဇီမိုကို ရက်ရက်စက်စက် ပစ်ရိုက်ချလိုက်၏။

ငဝါကြီးသည် သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားမည့် ဆူဇီမိုကို မြင်ယောင်နေသည့်အလား သူ၏ မျက်နှာက ရှုံ့မဲ့ကာ အံကို ကြိတ်လိုက်လေသည်။

သွမ့်ထျန်လျန်ကလည်း သူ၏ မျက်လုံးကို မှေးကျဉ်းပြီး ဆက်လက်၍ မကြည့်ရဲတော့ပေ။

All Chapters