← Chapters

ဟိုလူ ဘယ်ရောက်သွားတာလဲ

Vol. 122 Ch. 1826

ဟိုလူ ဘယ်ရောက်သွားတာလဲ

Vol. 122 Ch. 1826

အနက်ရောင်ဝတ်လူငယ်သည် သူ၏ နောက်ကျောမှ ဓားကို ဆွဲထုတ်ပြီး ရှေ့တွင် ရှိသော ချန်ရွှမ်ယန်ထံသို့ ပြေးဝင်ကာ အေးစက်စွာ ပြောလိုက်လေသည်။

“ချန်ရွှမ်ယန်.. သေပေတော့”

ဇီး..

ဓားသံက အေးစက်နေသော ဓားအလင်းများနှင့်အတူ တွဲဖက်ကာ ထွက်ပေါ်လာလေသည်။

အနက်ရောင်ဝတ်လူငယ်သည် ဓားကွက်တစ်ခုကို ဆင့်ခေါ်ပြီး အခြားလက်တစ်ဖက်ထဲမှာ ရှိသော သူ၏ ဓားနှင့်အတူ ရှေ့သို့ ပစ်ထိုးလိုက်လေသည်။ ချက်ချင်းပင် ဓားအလင်းများစွာက မရေမတွက်နိုင်သော အရိပ်များနှင့်အတူ ပစ်လွင့်ထွက်ပေါ်လာ၏။

ထိုဓားနည်းစနစ်က အလွန်တရာ ထူးခြားပြီး ဓားအလင်းတစ်ခုချင်းစီက ထက်ရှသော အနားစောင်းတစ်ခုကို ဖြာထုတ်ပေးနေ၏။

“ဟမ်း”

ချန်ရွှမ်ယန်က လှောင်ပြောင်သရော်လိုသော အမူအရာဖြင့် ရယ်မောလိုက်၏။

“အရိပ်မဲ့ဓားက မင်းရဲ့လက်ထဲမှာ တကယ့်ကို အားနည်းသွားတာပဲ.. ဒီနေ့ မင်းရဲ့ တမလွန်ခရီးကို ငါပို့ပေးမယ်”

သူက သူ၏ သွေးချီကို လှည့်ပတ်ပြီး သူ့လက်ထဲရှိ လှံကို ဝှေ့ယမ်းလိုက်လေသည်။ ကောင်းကင်နှင့်မြေကြီး အမြုတေချီများက ၎င်း၏ ပတ်လည်မှာ ရစ်ဝဲလာခဲ့၏။

အသက်ရှိသည့်အလား.. လှံသည် စိတ်ဝိညာဉ်မြွေတစ်ကောင်ကဲ့သို့ အနက်ရောင်ဝတ်လူငယ်ထံသို့ ပစ်ဝင်လာခဲ့၏။

ဓားနှင့် လှံက ထိတွေ့ရိုက်ခတ်သွားလေသည်။

ချွမ်.. ချွမ်…

သတ္တုချင်း ထိခတ်သံက ထွက်ပေါ်လာပြီး မီးပွားများက စင်ထွက်လာခဲ့၏။

ဓားချီနှင့် လှံရိပ်များက အဘက်ဘက်ကနေ လေထုကို ဆုတ်ဖြဲနေ၏။ သူတို့နှစ်ယောက် တိုက်ခိုက်ဖလှယ်သည့် ခဏမှာပင် သူတို့က မည်သည့် ငဲ့ကွက်ထိန်ချန်မှုမှ မရှိဘဲ အပြင်းထန်ဆုံး တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြ၏။

အခြားတစ်ဖက်တွင်..

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူက သွေးသူရိယတောင်ကြားမှ မီးခိုးရောင် အဖိုးအိုနှင့် တိုက်ခိုက်ဖလှယ်နေ၏။

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူသည် ခန္ဓာမီးဆေးခြင်းမှာ အထူးပြုပြီး ကောင်းကင်ကိုပင် ထိုးခွဲနိုင်မည့် ဧရာမ ပုဆိန်တစ်လက်ကို ကိုင်ဆွဲထား၏။ သူပြုလုပ်လိုက်သော လှုပ်ရှားမှုတစ်ခုချင်းစီက အားပါပြင်းထန်ပြီး ကြမ်းကြုတ်ခက်ထန်လေသည်။

မီးခိုးရောင် အဘိုးအိုက ထိုကဲ့သို့သော ပညာရှင်တစ်ဦး မဟုတ်သော်လည်း သူပြုလုပ်လိုက်သော လှုပ်ရှားမှုတစ်ခုချင်းစီက အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။

မီးခိုးရောင်ဝတ် အဖိုးအိုက ဆံပင်တိုတို၊ ဗလတောင့်တောင့်လူကို လက်ဗလာဖြင့် တိုက်ခိုက်နေပြီး လုံးဝ နောက်ဆုတ်ခြင်း မရှိပေ။

သူ၏ လက်ဖဝါးက ဆံပင်တိုတို၊ ဗလတောင့်တောင့်လူ၏ ဧရာမ ပုဆိန်နှင့် ထိတွေ့ရိုက်ခတ်တိုင်း ချွင်ခနဲ မြည်သံက ထွက်ပေါ်လာတတ်၏။

အာရုံစိုက်၍ ကြည့်မည်ဆိုလျှင် မီးခိုးရောင်ဝတ် အဖိုးအိုက ဖျက်ဆီး၍ မရနိုင်သော ငွေရောင်လက်အိတ်တစ်စုံကို ဝတ်ဆင်ထားသည်ကို တွေ့မြင်ရပေလိမ့်မည်။ ဆံပင်တိုတို၊ ဗလတောင့်တောင့်လူ၏ ဧရာမ ပုဆိန်က အဲဒါကို ကိုင်လှုပ်နိုင်ခြင်း မရှိပေ။

“သားပေါက်လေး.. မင်းက အဆင့် ၇ မဟူရာအမြုတေနယ်ပယ်ကို ရောက်လာတာ ဘယ်လောက်ကြာသေးလို့လဲ”

မီးခိုးရောင်ဝတ် အဖိုးအိုက ဝင့်ကြွားစွာဖြင့် လှောင်ရယ်လိုက်၏။

“ငါက အဲဒီအဆင့်ကို ရောက်နေတာ နှစ်ပေါင်းသောင်းချီကြာသွားပြီ.. မင်းက ကလေးကလား နည်းလမ်းတချို့နဲ့များ သွေးသူရိယတောင်ကြားကို ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ”

“ခွေးအိုကြီး.. ခင်ဗျားက အိုနေပြီ.. ခင်ဗျားရဲ့ သွေးချီကလည်း အားနည်းနေပြီ”

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူက လုံးဝ သက်ရောက်ခံရခြင်း မရှိပေ။ ထိုအခါ သူ၏ အော်ရာက သိပ်သည်းအားကောင်းလာပြီး အော်ပြောလိုက်လေသည်။

“ကျုပ်က အရွယ်ကောင်းမှာပဲ ရှိသေးတယ်.. ကျုပ်ရဲ့ သွေးချီကလည်း သန်မာတယ်.. ကျုပ်နဲ့ တိုက်ခိုက်ရင် ခင်ဗျားက ခြေကုန်လက်ပန်းကျပြီး သေသွားလိမ့်မယ်”

“ငါတို့ပါ ပါမယ်ဆိုရင်ရော ဘယ်လိုလဲ”

ထိုစဉ်မှာပင် သွေးသူရိယတောင်ကြား တပ်ဖွဲ့၏ နောက်ဘက်မှ ပုံရိပ်နှစ်ခုက ရုတ်တရက် ပေါ်ထွက်လာ၏။ သူတို့၏ အော်ရာများက ကြောက်စရာကောင်းပြီး သူတို့က မီးခိုးရောင်ဝတ် အဖိုးအိုနှင့် သိပ်ပြီး မကွာခြားပေ။ သူတို့က အဆင့် ၇ မဟူရာအင်မော်တယ်နှစ်ယောက် ဖြစ်လေသည်။

“သတ်”

ဘယ်ဘက်မှာ ရှိသော အဆင့် ၇ မဟူရာအင်မော်တယ်က စဉ်းလဲသော မျက်လုံးများနှင့် ပိန်ပိန်ပါးပါး အမျိုးသားတစ်ယောက် ဖြစ်လေသည်။

သူ၏ လက်နှစ်ဖက်ထဲမှာ ဓားမြှောင်နှစ်လက်ကို ကိုင်ဆွဲပြီး ထူးဆန်းသော ပုံစံဖြင့် လျှောက်လှမ်းကာ တစ်ခဏချင်းမှာပင် ဆံပင်တိုတို၊ ဗလတောင့်တောင့်လူ၏ ဘေးသို့ ရောက်ရှိလာ၏။

ညာဘက်တွင် ရှိသော တစ်ယောက်က မျက်နှာချေများကို ထူထဲစွာ လိမ်းခြယ်ထားသည့် အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ သူမက အလွန်တရာ ကလက်တက်တက်နိုင်ပြီး သူမ၏ လက်ချောင်းများကြားမှာ နွားမွေးတစ်မှင်လောက် ပါးလွှာသော ငွေအပ်ကလေးများကို ညှပ်ထားလေသည်။ အဝေးကနေ မတ်တတ်ရပ်ရင်း သူမက ဆံပင်တိုတို၊ ဗလတောင့်တောင့်လူကို ပြုံးပြနေ၏။

ဆူဇီမိုနှင့် အခြားသူများသည် တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အဝေးမှာ ရှိနေလျှင်တောင် သူတို့သည် ထိုအမျိုးသမီးထံမှ လာသော စူးစူးရှရှ အနံ့တစ်ခုကို ရရှိနေ၏။

“အခြေအနေမကောင်းတော့ဘူး”

အနီရောင်ဝတ် အမျိုးသမီး၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

“အဲဒါက အရိပ်မဲ့ လုပ်ကြံသူနဲ့ နတ်မိမယ် သစ်ခွပန်းပဲ.. ငါတို့က သူတို့ ထောင်ချောက်ထဲကို ဝင်သွားပြီ.. သွေးသူရိယတောင်ကြားက ကြိုတင်ပြင်ဆင်လာတာပဲ”

ထိုသို့ သူမ ပြောလိုက်သည့် ခဏမှာပင် တိုက်ပွဲမြေပြင်မှာ တုန်လှုပ်စရာကောင်းသော အပြောင်းအလဲတစ်ရပ်က ပေါ်ထွက်လာ၏။

အရိပ်မဲ့ လုပ်ကြံသူသည် သူ၏ ဓားမြှောင်နှစ်လက်နှင့်အတူ ဆံပင်တိုတို၊ ဗလတောင့်တောင့်လူ၏ ဘေးသို့ ရောက်ရှိလာပြီး ရုတ်တရက် တိုက်ခိုက်လိုက်၏။ သူ၏ ဓားမြှောင်များက မုန်တိုင်းတစ်ခုကဲ့သို့ ထိုသူ၏ ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်နေလေသည်။

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူက မီးခိုးရောင်ဝတ် အဖိုးအိုနှင့် အကြိတ်အနယ် တိုက်ခိုက်နေရ​ပြီး သူ၏ စိတ်အာရုံကို လုံးဝ ခွဲဝေမပေးနိုင်ပေ။ သူ့မှာ ရွေးချယ်စရာ မရှိတော့ဘဲ နောက်သို့ ခုန်ဆုတ်လိုက်ရ၏။

ဖောက်…

ထိုသို့ဆိုလျှင်တောင် သူ၏ လက်မောင်းပေါ်မှာ ကြီးမားသည့် ဒဏ်ရာတစ်ခု ပေါ်ထွက်လာပြီး သွေးများက စီးကျလာ၏။

ဘန်း..

မီးခိုးရောင်ဝတ် အဘိုးအိုက အခွင့်အလမ်းကို ချိန်ဆပြီး ရှေ့သို့ ပစ်ထိုးလိုက်၏။

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူသည် နာကျင်မှုကို တောင့်ခံပြီး မီးခိုးရောင်ဝတ် အဖိုးအိုနှင့် နောက်တစ်ဖန် တိုက်ခိုက်လိုက်ရ၏။

တစ်ချိန်တည်းမှာပင် ဆံပင်တိုတို၊ ဗလတောင့်တောင့်လူက ရင်တထိတ်ထိတ် ဖြစ်သွားလေသည်။ ကပ်ဘေးတစ်ခုက နောက်ခဏ၌ သူ့ထံသို့ ဆင်းသက်လာတော့မည့်အလားပင်။

သူက အဲဒါကို မတုံ့ပြန်နိုင်ခင်မှာပင် ငွေရောင် သစ်ခွပန်းတစ်ပွင့်က စူးရှသော အနံ့တစ်ခုနှင့်အတူ သူ့ရှေ့မှာ လွင့်မျောလာ၏။

“အား..”

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူက ထိတ်လန့်သွားပြီး နောက်သို့ အလောတကြီး ခုန်ဆုတ်လိုက်၏။

အဲဒါကို နတ်မိမယ် သစ်ခွက ပြုလုပ်လိုက်ခြင်း ဖြစ်၏။

ထိုသစ်ခွပန်းကို နတ်မိမယ် သစ်ခွသည် ငွေအပ်များကို သုံး၍ စုဖွဲ့ထားခြင်းဖြစ်၏။ ၎င်းမှာ အဆိပ်ဓာတ်ပါဝင်ပြီး အဲဒါကို ထုတ်ဖော်လိုက်သည်နှင့် သေစေနိုင်စွမ်းအား အလွန်တရာ မြင့်မားလေသည်။

“ဟင်းဟင်းဟင်းး..”

နတ်မိမယ် သစ်ခွပန်းက ခပ်လှမ်းလှမ်းကနေ မတ်တတ်ရပ်​​ပြီး ရယ်မောနေ၏။

“မောင်လေး ယွဲ့ဟောက်.. စောစောက ငါက သနားညှာတာမှု ပြခဲ့တယ်နော်.. ငါသာ နင့်ကို တကယ်တမ်း သတ်ချင်တယ်ဆိုရင် နင် အခုလောက်ဆို လူသေတစ်ယောက် ဖြစ်နေပြီ”

“သစ်ခွပန်း..”

မီးခိုးရောင်ဝတ် အဖိုးအိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

“နင်လိုချင်တဲ့ ဘယ်ယောက်ျားကိုမဆို ရနိုင်တာပဲ.. အခုချိန်မှာ ဒီကောင်လေးကို မြန်မြန်ဝိုင်းပြီး သတ်ပေး”

“အာ..”

နတ်မိမယ် သစ်ခွက ညင်သာစွာ သက်ပြင်းချလိုက်၏။

“ငါတကယ်ပဲ စိတ်မကောင်းဖြစ်မိတယ် မောင်လေး ယွဲ့ဟောက်ရေ.. ငါ နင့်ကို အခွင့်အရေးတစ်ခု ပေးမယ်.. နင်သာ အသာတကြည် နာခံမယ်ဆိုရင် ငါ နင့်အသက်ကို ချမ်းသာပေးမယ် ဘယ်လိုလဲ”

“စုန်းအိုမကြီး.. ခင်ဗျား ကျုပ်ကို ဘယ်လိုတောင် မြှူဆွယ်ရဲတာလဲ”

ဆံပင်တိုတို၊ ဗလတောင့်တောင့်လူက အကြောက်အလန့်ကင်းမဲ့စွာ ရယ်မောလိုက်၏။

ချက်ချင်းပင် နတ်မိမယ် သစ်ခွ၏ အမူအရာက ညိုမည်းသွားပြီး အလွန်တရာ ပျက်ယွင်းသွားလေသည်။

“ကောင်လေး.. ငါ နင့်ကို မျက်နှာသာပေးခဲ့ပြီးပြီ.. ဒါပေမဲ့ နင်က အဲဒါကို မလိုချင်ဘူးဆိုမှတော့ ဒီနေ့ နင်ဘယ်ကို ထွက်ပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့”

ရုတ်တရက် သူမ၏ လေသံက ပြောင်းလဲသွားပြီး မကောင်းဆိုးဝါးဆန်လာခဲ့၏။

တစ်ချိန်တည်းမှာပင်..

အနက်ရောင်ဝတ်လူငယ်သည် ဆံပင်တိုတို၊ ဗလတောင့်တောင့်လူ အန္တရာယ်ရှိလာသည်ကို တွေ့မြင်သောအခါ သူက စိတ်အာရုံ အနည်းငယ် ပျက်ယွင်းသွားပြီး ချန်ရွှမ်ယန်၏ လှံက သူ့ကို ထိုးစိုက်လုမတတ် ဖြစ်သွားလေသည်။

“သွေးသူရိယ ဂမ္ဘီရလှံ”

ချန်ရွှမ်ယန်က အခွင့်အလမ်းကို ချိန်ဆပြီး အနက်ရောင်ဝတ်လူငယ်၏ ဟာကွက်ကို ရှာဖွေကာ ရုတ်တရက် တိုက်ခိုက်လိုက်၏။ သူက သူ၏ လှံကို လက်နှစ်ဖက်ဖြင့် အလျင်အမြန် လှည့်ပတ်ပြီး လေထဲမှာ စက်ဝန်းများကို ရေးဆွဲလိုက်လေသည်။ အဲဒါက သွေးနီရောင် နေတစ်စင်းအဖြစ် ခပ်ရေးရေး အသွင်ပြောင်းလဲသွား၏။

ချွမ်း..

အနက်ရောင်ဝတ်လူငယ်၏ ဓားက သွေးနီရောင် နေနှင့် ထိခတ်သောအခါ သူက အလွန်တရာ စီးပိုးခြယ်လှယ်နိုင်သော စွမ်းအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး သူ၏ ဓားက လွင့်စင်ထွက်သွား၏။

တစ်ခဏချင်းမှာပင် အနက်ရောင်ဝတ်လူငယ်ကလည်း အန္တရာယ်ရှိလာခဲ့၏။

“သတ်”

ထိုစဉ်မှာပင် တစ်နေရာကနေ သံမဏိမြင်းခွာသံများ ထွက်ပေါ်လာပြီး ဖုန်များက တထောင်းထောင်းထလာ၏။ ကြီးမားသော စစ်တပ်တစ်တပ်သည် မြင်းများကို စီးနင်းပြီး ကြမ်းကြုတ်ခက်ထန်သော အော်ရာများနှင့်အတူ ဒုန်းစိုင်းလာနေကြ၏။

သူတို့ လွှင့်ထူထားသော သွေးသူရိယတောင်ကြား အလံက အလွန်တရာ ထင်ရှားပေါ်လွင်နေ၏။

အဲဒါက ကျင့်ကြံသူ အယောက်လေးသောင်းဖြစ်လေသည်။

ဤတစ်ခေါက်မှာ သွေးသူရိယတောင်ကြားသည် စစ်သည်တစ်ထောင်ကို စေလွှတ်ခဲ့ခြင်း မဟုတ်ဘဲ ငါးထောင်အပြည့် ဖြစ်လေသည်။

ထိုသည်ကို တွေ့မြင်သောအခါ ဆံပင်တိုတို၊ ဗလတောင့်တောင့်လူ ဘက်ခြမ်းရှိ ကျင့်ကြံသူ ရာချီက ထိတ်ထိတ်ပျာပျာ အမူအရာများ ဖြစ်လာပြီး သူတို့၏ မျက်လုံးထဲသို့ နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုက ဝင်ရောက်လာကြ၏။

“သွားပါပြီ”

ဤတစ်ခေါက် သူတို့အားလုံးက ချေမှုန်းဖျက်ဆီးခံရတော့မည်ကို အနီရောင်ဝတ် အမျိုးသမီးက ကောင်းကောင်းသိလိုက်ပြီဖြစ်၏။

“သခင်မ.. ကျုပ်တို့ ဆက်ပြီးတော့ မတားနိုင်တော့ဘူး.. မြန်မြန်ထွက်သွားတော့”

ထိုစဉ်မှာပင် ဒဏ်ရာအပြင်းအထန် ရရှိထားသော ကျင့်ကြံသူတစ်ယောက်က ဒယီးဒယိုင်ဖြင့် လျှောက်လှမ်းလာပြီး သူ၏ နောက်ဆုံးလက်ကျန် ခွန်အားဖြင့် အနီရောင်ဝတ် အမျိုးသမီးကို ကြည့်ကာ ပြောလိုက်လေသည်။

အနီရောင်ဝတ် အမျိုးသမီး၏ မျက်နှာက ဖြူဖျော့သွား၏။ သူမ၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် အရောင်လဲ့လာသော်လည်း သူမ၏ အကြည့်က အလျင်အမြန်ပင် ပြတ်သားလာပြီး အံကို ကြိတ်လိုက်လေသည်။

“ငါ့ရဲ့ အစ်ကိုကြီးနဲ့ အစ်ကိုလတ်က အန္တရာယ်ရှိနေတယ်.. ငါတစ်ယောက်တည်းတော့ ထွက်မပြေးနိုင်ဘူး… ငါ သူတို့ကို ကယ်ရမယ်”

အနီရောင်ဝတ် အမျိုးသမီးက ရှေ့သို့ တက်လှမ်းတော့မည့်ဆဲဆဲမှာပင် သူမက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ဆူဇီမိုနှင့် သွမ့်ထျန်လျန်ဘက်သို့ အလောတကြီး လှည့်ကြည့်လိုက်၏။

“မြန်မြန်ထွက်ပြေးကြတော့… ဝေးဝေးပြေးနိုင်လေ ကောင်းလေပဲ”

ထိုသို့ပြောပြီးနောက် သူမက မှင်တက်သွား၏။

သူမ နောက်ဘက်တွင် ရှိနေခဲ့သော အစိမ်းရင့်ရောင် ကျင့်ကြံသူက ပျောက်ကွယ်သွားခဲ့လေပြီ။

သို့သော်လည်း သူမသည် အဲဒါကို တစ်ချိန်လုံး သတိမထားမိခဲ့ပေ။

“ဟိုလူ ဘယ်ရောက်သွားတာလဲ”

အနီရောင်ဝတ် အမျိုးသမီးက အလိုလိုမေးလိုက်၏။

သွမ့်ထျန်လျန်က သူ၏ မျက်လုံးကို ပုတ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားရာဘက်သို့ လက်ညိုးထိုးပြလိုက်၏။

“အဲဒီဘက်ကို ထင်တယ်”

အနီရောင်ဝတ် အမျိုးသမီးက တိုက်ပွဲဖြစ်ပွားရာဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်လေသည်။

အဲဒီနောက် သူမ ဘဝတစ်လျှောက် မမေ့ပျောက်နိုင်မည့် မြင်ကွင်းတစ်ခုကို သူမက တွေ့မြင်လိုက်ရ၏။

All Chapters