← Chapters

ပြတ်ထွက်သွားသော လက်

Vol. 122 Ch. 1830

ပြတ်ထွက်သွားသော လက်

Vol. 122 Ch. 1830

ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ပြီး ကောင်းကင်နှင့်မြေကြီး အမြုတေချီကို စုပ်ယူပြီးနောက် မီးပဒေသာမျက်လုံးက ပို၍ပင် ကြောက်စရာကောင်းလာခဲ့၏။

အလင်းတန်းတစ်ခုက အဆင့်ခြောက် မဟူရာအင်မော်တယ်၏ နှာရောင်ကို ထိုးဖောက်သွားလေသည်။

ကျန်ရှိနေသော အဆင့်ခြောက် မဟူရာအင်မော်တယ်အချို့သည် စိန်ခေါ်မှုကို ဆက်လက်၍ လက်ခံရဲခြင်း မရှိတော့ဘဲ တိုက်ပွဲနယ်မြေကနေ ရုန်းထွက်ပြေးလိုက်ကြလေသည်။

တစ်ခဏချင်းမှာပင် ချန်ရွှမ်ယန်နှင့် ဆူဇီမိုကြား နေရာလွတ်က တားဆီးမည့်သူ မည်သူမှ မရှိတော့ဘဲ ဗလာကျင်းသွားလေသည်။

သူတို့၏ အကြည့်များက တိုက်ရိုက်တွေ့ဆုံသွား၏။

ချန်ရွှမ်ယန်၏ မျက်လုံးများက နက်ရှိုင်းသော အမုန်းတရားနှင့် သတ်ဖြတ်လိုစိတ်နှင့် ပြည့်လျှမ်းနေပြီး ဆူဇီမိုကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

“ဆူဇီမို.. မင်းကတော့ သွားပြီ”

“မင်းက နတ်ဆိုးဝံပုလွေတပ်ဖွဲ့နဲ့ သွေးသူရိယတောင်ကြားကို ဆန့်ကျင်ခဲ့တယ်… မင်းက ငါ့ရဲ့ အစီအစဉ်တွေကိုလည်း ဆက်တိုက်ဖျက်ဆီးခဲ့တယ်.. နဂါးအသူရာချောက်နက်ကြယ်မှာ မင်းအတွက် နေစရာ နေရာမရှိတော့ဘူး”

“ဟဟား”

ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာ ခါပြီး အထင်အမြင်သေးသော အမူအရာဖြင့် ရယ်မောလိုက်၏။

“ပြီးခဲ့တဲ့ ဆယ်နှစ်လုံးလုံး မင်း ငါ့ကို ဘာများလုပ်နိုင်ခဲ့လို့လဲ”

ချန်ရွှမ်ယန်၏ အမူအရာက ပျက်ယွင်းသွားပြီး မုန်းတီးစွာ ပြောလိုက်၏။

“အဲဒါကို ငါသိခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက မင်းကို ငါကိုယ်တိုင် သတ်ခဲ့မှာ”

“မင်းပါးစပ်ကို ပိတ်ထားလိုက်တော့”

ဆူဇီမိုက လေထဲကနေ ချန်ရွှမ်ယန်ထံသို့ အလျင်အမြန် ချဉ်းကပ်လာပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“ငါ မင်းကို အဲဒီအခွင့်အရေး ဒီနေ့ ပေးလိုက်မယ်”

သွေးသူရိယတောင်ကြား၏ အခြားသော ကျင့်ကြံသူများသည် မဟာဓားပညာရပ်နှစ်ခုနှင့် ရင်ဆိုင်ရချိန်မှာ သူတို့ကိုယ်သူတို့သာ အနိုင်နိုင်ကာကွယ်နေရ၏။

အဆင့်ခြောက် မဟူရာအင်မော်တယ်အချို့ကလည်း ဆူဇီမို၏ နည်းလမ်းများမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး ဘေးလွတ်ရာသို့ ထွက်ပြေးကုန်ကြပြီဖြစ်၏။ သူ့ကို မည်သူကမှ မတားဆီးရဲတော့ပေ။

တစ်ခဏချင်းမှာပင်.. ဆူဇီမိုသည် ချန်ရွှမ်ယန် ရှေ့သို့ ရောက်ရှိလာ၏။

“သတ်”

ချန်ရွှမ်ယန်က အသက်တစ်ချက်ရှိုက်ပြီး သူ၏ လျှာကို ညင်သာစွာ ကိုက်ကာ သူ့လက်ထဲရှိ လှံပေါ်သို့ အမြုတေသွေးစီးကြောင်းတစ်ခုကို ထွေးထုတ်လိုက်၏။

အဲဒီနောက် ချန်ရွှမ်ယန်သည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး သူ၏ သွေးချီကို တလိပ်လိပ်တက်လာစေ၏။ သူက သူ့လက်ထဲရှိ လှံကို​ သူ၏ ဘေးပတ်လည်တွင် အရူးအမူး လှည့်ပတ်ကာ သွေးနီရောင် နေတစ်စင်းကို ဖြစ်ပေါ်လာစေ၏။

အဲဒါသည် တိုက်ခိုက်မှုနှင့် ခုခံမှု နှစ်မျိုးစလုံး အသုံးချနိုင်သော သွေးသူရိယတောင်ကြား၏ လျှို့ဝှက်အတတ်ဖြစ်ကာ နဂါးအသူရာချောက်နက်ကြယ်မှာ အလွန်တရာ ကျော်ကြားလေသည်။

စောစောက တိုက်ပွဲမှာ အနက်ရောင်ဝတ်လူငယ်၏ ဓားသည် ချန်ရွှမ်ယန်၏ ဤလျှို့ဝှက်အတတ်ကြောင့်ပင် လွင့်စင်ထွက်သွားခဲ့ခြင်း ဖြစ်၏။

“ပျက်စမ်း”

ဆူဇီမိုက အကြောက်အလန့်ကင်းမဲ့ပြီး သူ၏ သွေးချီကို လှည့်ပတ်လိုက်၏။ သူ၏ သွေးချီကနေ ဆူနာမီအသံတစ်သံ ထွက်ပေါ်လာပြီး သူက သွေးနီရောင် နေ၏ အလယ်ကို ပစ်ထိုးလိုက်လေသည်။

ဘုန်း..

ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားစေသည့် ကျယ်လောင်သော မြည်သံတစ်သံက ထွက်ပေါ်လာ၏။

သူတို့နှစ်ယောက်ကြားမှာ မြင်နိုင်သော တုန်ခါလှိုင်းများက ပစ်လွင့်ထွက်ပေါ်လာပြီး ရေလှိုင်းတစ်ခုကဲ့သို့ အဘက်ဘက်သို့ ဖြန့်ကြက်သွား၏။

သွေးသူရိယတောင်ကြားမှ ကျင့်ကြံသူများစွာသည် အငိုက်မိသွားပြီး ထိုတုန်ခါလှိုင်းဖြင့် ရိုက်ခတ်မိကာ လွင့်စင်ထွက်ကုန်လေသည်။

ဆူဇီမို၏ အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေသည့် ဆံပင်တိုတို ဗလတောင့်တောင့်လူ၊ အနက်ရောင်ဝတ်လူငယ်နှင့် အခြားသူများက သူတို့ထံသို့ ရိုက်ခတ်လာသော ဖုန်လုံးများကို လျစ်လျူရှုကာ သူတို့၏ မျက်လုံးများကို မှေးကျဉ်း၍ ကြည့်ရှုနေကြ၏။

ချန်ရွှမ်ယန်က သူ၏ မြင်းပေါ်မှာ ရှိနေလေသည်။ သူ့လက်ထဲရှိ လှံက ဆက်လက်၍ မလည်ပတ်နိုင်တော့ဘဲ သူ၏ မျက်လုံးများက နီရဲလာ၏။

ဆူဇီမိုကတော့ သူသည် လေထဲမှာ မတ်တတ်ရပ်ပြီး လုံးဝ ယိမ်းယိုင်ခြင်း မရှိဘဲ ချန်ရွှမ်ယန်၏ လှံအလယ်ကို လက်သီးဖြင့် ပစ်ထိုးလိုက်လေသည်။

သူတို့နှစ်ယောက်၏ လှုပ်ရှားမှုများက ရပ်တန့်သွားသည်ဟု ထင်ရ၏။

နောက်ခဏ၌ ချန်ရွှမ်ယန် စီးထားသော မြင်းသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ၎င်း၏ နှာခေါင်းပေါက်များကနေ သွေးများက စီးကျလာ၏။

ဘုန်းခနဲ မြည်သံနှင့်အတူ ၎င်းက မြေပြင်ပေါ်သို့ ပစ်လဲကျသွားလေသည်။

ဆူဇီမို၏ လက်သီးချက်ကနေ ထုတ်ဖော်လိုက်သော စွမ်းအားက အရမ်းကို ကြမ်းကြုတ်ခက်ထန်လွန်း၏။

မြင်းက ချပ်ဝတ်တန်ဆာများကို ဆင်မြန်းထားသော်လည်း ၎င်း၏ ကိုယ်တွင်းအင်္ဂါများက ဆူဇီမို၏ ထိုးချက်ဖြင့် ကြေမွသွားခဲ့ပြီဖြစ်ပြီး အသက်မရှင်နိုင်တော့ပေ။

ဖွီး…

အဲဒီနောက် ချန်ရွှမ်ယန်က ပါးစပ်အပြည့် သွေးတစ်လုတ်ကို ထွေးထုတ်ပြီး သူ၏ မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်သွား၏။

ချန်ရွှမ်ယန်သည် သူ၏ လှံကိုလည်း ဆက်လက်၍ ဆုပ်ကိုင်မထားနိုင်တော့ဘဲ သူ၏ လက်ထဲကနေ လွတ်ထွက်ကာ သူ၏ ရင်ဘတ်ကို ပစ်ရိုက်သွားလေသည်။

ခွမ်း..

သူ့ရင်ဘတ်ရှေ့မှာ နှလုံးကာကြေးမုံသည် လှံရိုက်ချက်ဖြင့် ကြေမွသွား၏။

ချန်ရွှမ်ယန်က ဆတ်ခနဲ တုန်ယင်သွားလေသည်။

သူသည် ရတနာချပ်ဝတ်တစ်စုံကို ဝတ်ဆင်ထားပြီး စွမ်းအားအများစုကို ပိတ်ဆို့တားဆီးလိုက်နိုင်လျှင်တောင် သူ၏ ကိုယ်တွင်းအင်္ဂါများက ပြင်းထန်စွာ လှုပ်ခါသွားခဲ့၏။

သူ၏ လှံက သူ၏ နှလုံးကာကြေးမုံကို ခြေမွှပြီးနောက် ပြန်ကန်ထွက်ကာ မြေပြင်ပေါ်သို့ ပစ်ကျသွားလေသည်။

ဆံပင်တိုတို ဗလတောင့်တောင့်လူ၏ အကြည့်က လှံပေါ်သို့ အလိုလိုကျရောက်သွားပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်စွာ ပင့်သက်ကို ရှိုက်လိုက်ရ၏။

အဲဒါက ဘယ်လိုလုပ် လှံတစ်ချောင်း ဟုတ်ပါတော့မလဲ။

လှံ၏ အလယ်က နက်ရှိုင်းစွာ ချိုင့်ဝင်သွားပြီဖြစ်၏။

သူ သိရသလောက်ဆို ချန်ရွှမ်ယန်၏ ဓမ္မရတနာသည် သာလွန်မဟူရာအဆင့် လက်နက်တစ်ခု ဖြစ်လေသည်။

သာလွန်မဟူရာအဆင့် ဓမ္မရတနာတစ်ခုသည် အစိမ်းရောင်ဝတ် ကျင့်ကြံသူထံမှ ထိုးချက်တစ်ချက်ဖြင့် ကွေးညွှတ်သွားပြီး ဤမျှအတိုင်းအတာအထိ တွန့်လိမ်သွားခဲ့လေသည်။

အဲဒါက ပျက်စီးသွားသလောက်နီးပါးပင်။

အစိမ်းရောင်ဝတ် ကျင့်ကြံသူက မဟူရာအဆင့် ဓမ္မရတနာတစ်ခုကို ကိုင်ဆောင်ထားမည်ဆိုလျှင်တောင် ထိုတိုက်ခိုက်မှုကနေ ထွက်ပေါ်လာသည့် စွမ်းအားက ဤမျှအထိ ကြောက်စရာကောင်းလိမ့်မည် မဟုတ်ပေ။

ဆံပင်တိုတို ဗလတောင့်တောင့်လူသည် ထိုနေရာမှာ သူရောက်ရှိနေသည်ဟု သူ့ဘာသာသူ တွေးကြည့်လိုက်၏။ သူ၏ ခွန်အားအပြည့်အဝနှင့် တိုက်ခိုက်မည်ဆိုလျှင်တောင် သူက ထိုထိုးချက်ကို ခံနိုင်ရည်ရှိချင်မှ ရှိပေလိမ့်မည်။

ချန်ရွှမ်ယန်သည် သွေးများကို ထွေးထုတ်ပြီး သေဆုံးသွားသော သူ၏ မြင်းပေါ်ကနေ ခုန်ဆင်းကာ နောက်သို့ ဆုတ်လိုက်၏။

ဆူဇီမို၏ အမူအရာက မှင်သေသေဖြင့် ရှိနေပြီး အရိပ်တစ်ခုပမာ လိုက်ပါလာခဲ့လေသည်။

တစ်ချိန်တည်းမှာပင် ချန်ရွှမ်ယန်သည် သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး အဆောင်တစ်ခုကို ရုတ်တရက် ဆွဲထုတ်ကာ တုံ့ဆိုင်းခြင်းမရှိ ၎င်းကို ချိုးခြေလိုက်လေသည်။

အဆောင်က ကြေမွသွားသည့် ခဏမှာပင် ထူးဆန်းသော စွမ်းအားတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး သူ၏ ဘေးပတ်လည်ရှိ လေဟာနယ်က ပြိုကျကာ ဘယ်ဆီဘယ်ဝယ် မသိရသော နေရာတစ်ခုကို ဦးတည်နေသည့် နက်မှောင်နေသော ဥမင်လိုဏ်ဂူတစ်ခု ပေါ်ထွက်လာ၏။

“တည်နေရာရွှေ့ပြောင်းအဆောင်လား”

ဆူဇီမိုက သူ၏ မျက်လုံးကို မှေးကျဉ်းလိုက်၏။

အထက်ဘုံမှာ လေဟာနယ်က အလွန်တရာ တည်ငြိမ်ပြီး ကောင်းကင်အင်မော်တယ် ပညာရှင်တစ်ယောက်၏ စွမ်းအားပင်လျှင် လေဟာနယ်ကို မကြေမွစေနိုင်ပေ။

သူတို့အနေဖြင့် လေဟာနယ်ကို ဆုတ်ဖြဲပြီး တည်နေရာခုန်ကူးဖို့က ပို၍ပင် မဖြစ်နိုင်ပေ။

အောက်ဘုံမှာ ရှိသော တည်နေရာရွှေ့ပြောင်းအဆောင်များက အထက်ဘုံမှာ သုံးစား၍ ရလိမ့်မည် မဟုတ်ပေ။

အဲဒါကို ဆုတ်ဖြဲလိုက်မည်ဆိုလျှင်တောင် ၎င်းက လေဟာနယ်ထဲမှာ မည်သည့် ဝဲဂယက်ကိုမှ ပေါ်ထွက်လာစေမည် မဟုတ်ပေ။

ချန်ရွှမ်ယန်၏ လက်ထဲရှိ တည်နေရာရွှေ့ပြောင်းအဆောင်က အထက်ဘုံမှာပင် အာကာသ ဥမင်တစ်ခုကို ဖန်တီးလိုက်နိုင်သည့် အချက်သည် ၎င်းက ဘယ်လောက်တောင် တန်ဖိုးကြီးမားသလဲ သိသာလေသည်။

“ဆူဇီမို.. မင်း ဘယ်နေရာကိုပဲ ပုန်းပုန်း.. မင်းက နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ ရှိနေသေရွေ့ သွေးသူရိယတောင်ကြားက ဒီနေ့ သွေးကြွေးအတွက် သေချာပေါက် လက်စားပြန်ချေမယ်.. နောက်ပြီး အ..”

တည်နေရာရွှေ့ပြောင်းအဆောင်က ကြေမွသွားသည့် ခဏမှာပင် ချန်ရွှမ်ယန်၏ ပုံရိပ်က နက်မှောင်နေသော အာကာသ ဥမင်ထဲသို့ ဝင်ရောက်လုနီးပါး ဖြစ်သွားခဲ့လေပြီ။

သူ၏ အသံက အဆုံးမဲ့ အမုန်းတရားနှင့်အတူ အာကာသ ဥမင်ထဲကနေ ထွက်ပေါ်လာခြင်းဖြစ်၏။

သို့သော်လည်း ဆူဇီမို၏ တုံ့ပြန်မှုက ပို၍ပင် မြန်ဆန်လေသည်။

ချန်ရွှမ်ယန်က သူ၏ အ​ဆောင်ကို ချိုးချေလိုက်သည့် ခဏမှာပင် သူက ထိုသူကို တိုက်ခိုက်၍ ဖမ်းဆွဲလိုက်၏။

ဆူဇီမို၏ လက်ဖဝါးက နက်မှောင်နေသော အာကာသ ဥမင်ထဲသို့ ဝင်ရောက်သွားပြီး အသားစိုင်တစ်ခုကို ဖမ်းဆုပ်မိသွားသည်ဟု ထင်ရ၏။

ဆူဇီမိုသည် သူ၏ လက်ချောင်းများဆီသို့ ခွန်အားကို ပို့လွှတ်လိုက်သောအခါ ဓားမြှောင်များကဲ့သို့ ထက်ရှသော လက်သည်းချွန်များက ထွက်ပေါ်လာ၏။ ထိုလက်သည်းများက သူဖမ်းဆုပ်ထားသော အသားကို ထိုးဖောက်သွားပြီး နောက်သို့ ဆောင့်ဆွဲလိုက်လေသည်။

“အား..”

ချန်ရွှမ်ယန်က စကားဆုံးအောင် မပြောရသေးခင်မှာပင် သူ့ထံမှ စူးစူးဝါးဝါး အော်သံတစ်သံက ထွက်ပေါ်လာ၏။

ဆူဇီမိုက သူ၏ လက်ကို ပြန်ဆွဲယူလိုက်လေသည်။

သူ၏ လက်ဖဝါးထဲမှာ အခြားသော လက်တစ်ဖက် ပါလာခဲ့၏။

ထိုလက်၏ ပြတ်ထွက်ထားသော နေရာမှာ အသားနှင့် အရိုးတို့က လတ်ဆတ်သော သွေးများဖြင့် လုံးထွေးနေလေသည်။ အဲဒါက တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်၏။

အနက်ရောင်ဝတ်လူငယ်သည် ရင်တစ်ချက်ထိတ်သွား၏။

အဲဒါက ချန်ရွှမ်ယန်၏ လက်ဖြစ်လေသည်။

ဒါ့အပြင်.. အဲဒါကို သူ့ရှေ့ရှိ အစိမ်းရောင်ဝတ် ကျင့်ကြံသူက အတင်းအကျပ် ဆုတ်ဖြဲပစ်လိုက်ခြင်း ဖြစ်လေသည်။

ချန်ရွှမ်ယန်သည် အသက်ရှင်နိုင်ခဲ့သော်လည်း သူ၏ လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရ၏။ အဲဒါက သူ့အတွက် ပြန်လည်ကုသ၍ မရမည့် ထိခိုက်ဒဏ်ရာတစ်ခုဖြစ်လေသည်။

အထက်ဘုံမှာ လူတစ်ယောက်သည် ကမ္ဘာမြေအမြုတေနယ်ပယ်အထိ ကျင့်ကြံပြီးမှသာ ပြတ်တောက်သွားသော လက်တစ်ဖက်ကို ပြန်ပေါက်စေနိုင်မည် ဖြစ်၏။

သို့သော်လည်း နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ မဟူရာအမြုတေနယ်ပယ်၏ အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးအထိ ရောက်အောင် ကျင့်ကြံဖို့ကပင် မဖြစ်နိုင်သလောက်နီးပါး ဖြစ်၏။

ထိုအဆင့်ထိ ရောက်ဖို့အတွက် များပြားလှစွာသော အရင်းအမြစ်များနှင့် အလွန်ရှည်ကြာသော အချိန်ကာလတစ်ခုကို လိုအပ်လေသည်။

မဟာဓားပြလေးဖွဲ့မှ ခေါင်းဆောင်များအပါအဝင် နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ အဖွဲ့အစည်းကြီးများတွင် အမြင့်ဆုံး အဆင့်ရှစ် မဟူရာအင်မော်တယ်အထိသာ ရှိကြလေသည်။

အဆင့်ကိုး မဟူရာအင်မော်တယ်များကို နဂါးအသူရာချောက်နက်မြို့တော်အတွင်းသာ တွေ့နိုင်ပေလိမ့်မည်။

All Chapters