← Chapters

အခန်း (၆၁)

Vol. 5 Ch. 61

အခန်း (၆၁)

Vol. 5 Ch. 61

"ချီးပဲကွာ.. ဒီပါ့ကွ ရွေ့လျားခြင်း အစီအရင်စာလိပ်ကို ရဖို့ ငါ့အများကြီး ကြိုးစားခဲ့ရတာ.. ဒီလိုမျိုး အလဟသ အသုံးပြုခဲ့ရတယ်"

ကုန်းယွမ်က ပါ့ကွရွေ့လျားခြင်း အစီအရင်ကို အသုံးပြုလိုက်ပြီးနောက် အရှေ့မြောက်ဘက် တစ်ကီလိုမီတာ အကွာတွင် ပြန်ပေါ်လာခဲ့သည်။

ချီကာကွယ်ရေး အဆင့်မှ အမှိုက်သရိုက် တစ်ကောင်ကြောင့် ဤမျှ ရှက်ရွံ့ဖွယ်ကောင်းသော အဖြစ်နှင့် ကြုံတွေခဲ့ရသည်ကို တွေးမိသောအခါ ကုန်းယွမ် စိတ်ပျက်သွားခဲ့သည်။

"တကယ်ကို ပေါ့ဆမိသွားတာပဲ.. ဒီကောင်လေးက အစီအရင်တွေရဲ့ အားနည်းချက်တွေကို တစ်ချက်တည်းနဲ့ သိမြင်နေမယ်လို့ မထင်ထားမိဘူး...သူ့မှာ အစီအရင်ကို ချိုးဖျက်ရာမှာ အသုံးပြုနိုင်တဲ့ ရတနာတစ်ခုခု ရှိနေနိုင်တယ်"

"ငါ လူတချို့ကို စုဆောင်းပြီး စန်းရှန်မြို့ကို ပြန်သွားမယ်.. ပြီးရင် အဲဒီကောင်လေး လက်ထဲက ရတနာကို ငါ အပိုင်သိမ်းရမယ်"

ကုန်းယွမ်၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။

သူက ခြေလှမ်းကျယ်ကြီးများဖြင့် ထွက်ခွာရန် ပြင်ဆင်လိုက်၏။

သို့သော် သူ ခြေလှမ်း အနည်းငယ်သာ လှမ်းရသေးချိန်တွင် အနက်ရောင် အရိပ်တစ်ခုသည် သူ့မျက်စိရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။

ကုန်းယွမ်သည် အကြောင်းပြချက်မဲ့စွာဖြင့် တစ်ကိုယ်လုံး အေးစိမ့်သွားခဲ့သည်။

သူ မတုံ့ပြန်နိုင်ခင်မှာ တစ္ဆေကဲ့သို့ မြန်ဆန်သော လက်သည် သူ့လည်ချောင်းကို ဆုပ်ကိုင်ထားပြီးပြီ ဖြစ်၏။

တစ်ချိန်တည်းမှာပင် အလွန် ရင်းနှီးသော အေးစက်စက် အသံသည် သူ့နားထဲသို့ ချက်ချင်း ဝင်ရောက်လာခဲ့သည်။

"စန်းရှန်မြို့ကို လာမယ်ဟုတ်လား.. ဟက်.. မင်းမှာ အဲဒီအခွင့်အရေး ရှိဦးမယ်လို့ ထင်နေတာလား"

ကျန်းချန်၏ အေးစက်သော အသံက ကုန်းယွမ်၏ တစ်ကိုယ်လုံးကို ချက်ချင်း တောင့်တင်းသွားစေခဲ့သည်။

သူက ကျန်းချန်ကို ကြည့်ကာ တစ္ဆေသရဲကို မြင်လိုက်ရသလို ဖြစ်သွားခဲ့သည်။

ထို့နောက်တွင် ကုန်းယွမ်သည် ပါ့ကွရွေ့လျားခြင်း အစီအရင်ကို ထပ်မံ အသုံးပြုကာ ကီလိုမီတာ အကွာအဝေး တစ်ခုအထိ ချက်ချင်း ရွေ့လျားလိုက်သည်။

သို့တိုင် ဤကောင်လေးသည် သူ့ကို လိုက်မီနေဆဲပင်။

"ဒါကဘယ်လိုမိစ္ဆာမျိုးလဲဟ"

ကုန်းယွမ်သည် အဆုံးသတ်တွင် ထိတ်လန့်လာခဲ့၏။

သူက ကျန်းချန်ကို ကြောက်လန့်တကြား အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ကောင်လေး.. မင်း...မင်းငါ့ကို သတ်လို့မရဘူး.. ငါက ကုန်းမိသားစုကပဲ.. ငါ့ကိုသတ်ရင် ကုန်းမိသားစုက မင်းကို ဘယ်တော့မှ အလွှတ်ပေးမှာ မဟုတ်ဘူး"

"မင်းက ကုန်းမိသားစုက ဖြစ်တော့ရော ဘာဂရုစိုက်ရမလဲ.. ငါ့ကို စော်ကားရဲရင် မင်းက ကောင်းကင်ဧကရာဇ် ဖြစ်နေပါစေ.. ငါ မင်းကို သတ်ပစ်မှာပဲ"

ကျန်းချန်၏ မျက်လုံးတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

နောက်ထပ်တစ်ခဏမှာပင် ကျန်းချန်သည် ကုန်းယွမ်၏ လည်ချောင်းကို တိုက်ရိုက် ဖျစ်ညှစ်လိုက်သည်။

"ဂျွတ်"

ကုန်းယွမ်၏ လည်ပင်းကျိုးသံက ထွက်ပေါ်လာခဲ့၏။

ကျန်းချန်က ချက်ချင်းဆိုသလို သူ့လက်ကို ဖြေလျှော့လိုက်သောအခါ ကုန်းယွမ်၏ အသက်မဲ့သော ခန္ဓာကိုယ်သည် မြေပြင်ထက်သို့ တအိအိ လဲကျသွားခဲ့သည်။

"ကျန်းချန်း.. နင် သူ့ကို တကယ်ကြီး သတ်လိုက်တာလား"

ဤအချိန်တွင် မုန့်ချင်ရွှယ်ကလည်း လိုက်မီလာခဲ့သည်။

သူမက ကုန်းယွမ်၏ အလောင်းကို ကြည့်ရင်း အံ့သြနေခဲ့၏။

"အင်း ငါသတ်လိုက်ပြီ"

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

"ကုန်းမိသားစုက မဟာရှားနိုင်ငံတော်ရဲ့ ပထမနေရာမှာရှိတဲ့ မိသားစုပဲ.. သူတို့က အစီအရင် စွမ်းရည်တွေနဲ့ ကမ္ဘာကြီးကို အံ့အားသင့်စေတဲ့ မိသားစုလည်း ဖြစ်တယ်"

"သူတို့ရဲ့ ဘိုးဘေးက ဆဌမအဆင့် အစီအရင်သခင် တစ်ယောက်ပဲ.. မဟာရှား နိုင်ငံတော်ရဲ့ တော်ဝင်မိသားစုကတောင် သူ့ကို ကြောက်ရွံ့ကြတယ်"

"ကုန်းမိသားစုရဲ့ လူတွေက အရမ်း အမြင်ကျဉ်းကြတယ်.. နင် သတိထားမှဖြစ်မယ်.. နင်က သူတို့လူကို သတ်လိုက်တာ သူတို့သိသွားရင် နင် ဒုက္ခရောက်သွားလိမ့်မယ်"

မုန့်ချင်ရွှယ်က အလွန်တရာ စိုးရိမ်သော အမူအရာဖြင့် ရှင်းပြလိုက်၏။

"မဟာရှား နိုင်ငံတော်ရဲ့ ပထမနေရာမှာရှိတဲ့ မိသားစု ဖြစ်တော့ရော ဘာအရေးလဲ"

"ငါက ကုန်းမိသားစုရဲ့ တတိယအဆင့် အစီအရင်သခင် တစ်ယောက်ကို သတ်လိုက်ရုံပဲလေ"

"ကုန်းမိသားစုရဲ့ ဘိုးဘေးက ငါ့ကို ဒုက္ခပေးရဲရင် သူ့ကိုပါ အအိပ်ပျက် အစားပျက်ဖြစ်အောင် လုပ်ပေးလိုက်မယ်"

ကျန်ချန်က အေးစက်စက် ပြောလိုက်ပြီး မုန့်ချင်းရွှယ်ကို ကြည့်လိုက်သည်။

"ကဲ ငါတို့ မိုးကြိုးတိမ်တောင်တန်းကို ဆက်​သွားကြစို့"

ထိုသို့ ပြောပြီးနောက်တွင် ကျန်းချန်သည် ချာခနဲလှည့်ကာ ထွက်ခွာသွားခဲ့သည်။

တစ်ရက်အကြာတွင် ကျန်းချန်နှင့် မုန့်ချင်ရွှယ်တို့သည် မိုးကြိုးတိမ်တောင်တန်းနှင့် အနီးဆုံးနေရာရှိ လဲ့ရှစ်မြို့သို့ ရောက်ရှိလာခဲ့၏။

လဲ့ရှစ်မြို့၏ တည်နေရာသည် အလွန် ထူးခြားပြီး လင်ယွင်အိမ်တော်နှင့် စန်းလဲ့အိမ်တော်တို့၏ အစပ်နားတွင် တည်ရှိသည်။

ဤအကြောင်းကြောင့် လဲ့ရှစ်မြို့သည် ခမ်းနားထည်ဝါရုံသာမက အလွန်ပင် စည်ကား၏။

၎င်း၏ စည်ကားမှုသည် လင်ယွင်မြို့တော်၏ အဓိကမြို့တော်ဖြစ်သည့် လင်ယွင်မြို့ထက် မလျော့ပေ။

လဲ့ရှစ်မြို့သို့ ဝင်ရောက်ပြီးနောက်တွင် မုန့်ချင်းရွှယ်သည် ကျန်းချန်ကို မြို့၏ အနောက်ဘက်သို့ တိုက်ရိုက် ခေါ်သွားခဲ့သည်။

အခန်း(၆၁) ပြီး၏

All Chapters