← Chapters

အခန်း (၆၅)

Vol. 5 Ch. 65

အခန်း (၆၅)

Vol. 5 Ch. 65

အနက်ရောင်ဝတ် အဘိုးအိုက ထီမထင်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး လုရှောင်ဘေးကနေ ဖြည်းဖြည်းချင်း ရှေ့ထွက်လာခဲ့၏။

ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းတွင် သူ၏ အရှိန်အဝါသည် ပိုမို အားကောင်းလာသည်။

တခဏလေး အတွင်းမှာပင် ချီကာကွယ်ရေး အဆင့်၏ အားကောင်းသော အရှိန်အဝါသည် အနက်ရောင်ဝတ် အဘိုးအိုထံမှ ထွက်ပေါ်လာခဲ့သည်။

"ကောင်လေး.. ဒီလို ငယ်ရွယ်တဲ့အရွယ်မှာ ဒီလောက်အဆင့်အထိ လေ့ကျင့်နိုင်တယ်ဆိုတော့ မင်းက ကိုယ်ခံပညာမှာ ပါရမီရှင်တစ်ယောက် ဖြစ်နိုင်တယ်"

အနက်ရောင်ဝတ် အဘိုးအိုက ကျန်းချန်ကို မထီမဲ့မြင်ကြည့်လိုက်ပြီး အထက်စီးလေသံဖြင့် ပြောလိုက်သည်။

"မင်းက ကျားနက်စွန့်စားရေး အဖွဲ့ကို အညံ့ခံဖို့ ဆန္ဒရှိရင် ငါက မင်းအသက်ကို ချမ်းသာပေးဖို့အတွက် သခင်လေးကို တောင်းဆိုပေးမယ်"

"မင်းက ချီကာကွယ်ရေး အဆင့်၈က ကျင့်ကြံသူ တစ်ယောက်ပဲ.. ငါ့ရှေ့မှာ ဘာအခွင့်အရေး ရှိနိုင်မှာလဲ.. မသေချင်ရင် ချက်ချင်း ထွက်သွားစမ်း"

ထိုစကားကိုကြားလျှင် ကျန်းချန်သည် အနက်ရောင်ဝတ် အဘိုးအိုကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

ကျန်းချန်"ချီကာကွယ်ရေး အဆင့်၈လား.. မနေ့ကပဲ နှစ်ယောက်တောင် ငါသတ်ခဲ့ပြီးပြီ"

"ချီကာကွယ်ရေး အဆင့်၈က ကျင့်ကြံသူတွေကိုတောင် သတ်ပစ်နိုင်တယ်လား"

"ဒီကောင်က တကယ်ပဲ ချီကာကွယ်ရေးအဆင့်က ကျင့်ကြံသူတွေကို သတ်ချင်တိုင်း သတ်လို့ရနေတာလား"

"ကောင်လေးက မာန်တက်နေတဲ့ပုံပဲ.. ကောင်းပြီလေ ဒီနေ့ မင်းငါ့ကို ဘယ်လိုသတ်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"

အနက်ရောင်ဝတ် အဘိုးအိုက အားပါးတရ ရယ်မောလိုက်ပြီး သူ့တစ်ကိုယ်လုံးရှိ စွမ်းအားကို အမြင့်ဆုံးအဆင့်ထိ ချက်ချင်း မြှင့်တင်လိုက်သည်။

ထို့နောက်တွင် သူသည် ခြေဖဝါးကို မြေပြင်ပေါ်သို့ ဆောင့်နင်းလိုက်သည်။

"ဝုန်း"

မာကျောသော ကျောက်ပြား ကြမ်းပြင်သည် ချက်ချင်းပင် ကွဲအက်သွားသည်။

ထူထပ်သော အက်ကြောင်းများသည် ပင့်ကူမျှင်ကဲ့သို့ ပတ်ပတ်လည်အနှံ့ ပျံ့နှံ့သွား၏။

ထိုခဏတွင် အနက်ရောင်ဝတ် အဘိုးအိုသည် ချက်ချင်းဆိုသလို အနက်ရောင်အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားပြီး နေရာမှာပင် ချက်ချင်း ပျောက်ကွယ်သွားသည်။

နောက်ထပ် တစ်ခဏတွင် အနက်ရောင်ဝတ် အဘိုးအို၏ ခန္ဓာကိုယ်သည် တည်နေရာ ရွှေ့ပြောင်းသွားသကဲ့သို့ ကျန်းချန်၏ နောက်တွင် ပေါ်လာ၏။

ထို့နောက်တွင် အနက်​ရောင်ဝတ် အဘိုးအိုသည် ကျန်းချန်၏ ကျောပြင်ကို အင်အားအပြည့်ပါသော လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

"ဒါက ချီကာကွယ်ရေးအဆင့် ကျင့်ကြံသူရဲ့ ခွန်အားလား.. တကယ်ကို မြန်ဆန်လိုက်တာ"

ဤမြင်ကွင်းကို မြင်လျှင် ယဲ့ချင်းရွှမ်းနှင့် အခြားသူများအားလုံးသည် နှလုံးခုန်နှုန်းပင် မြန်ဆန်လာကြပြီး ကျန်းချန်အတွက် စိတ်ပူကာ ချွေးစေးများပင် ထွက်လာသည်။

"ဒီလို အမြန်နှုန်း.. ဒီလို တိုက်ခိုက်မှု.. ဒါ လူသားတွေ ခံနိုင်ရည်ရှိတဲ့ စွမ်းရည်မျိုးမှ ဟုတ်ရဲ့လား"

"ဟားဟား.. နို့နံ့တောင် မစင်သေးတဲ့ ကောင်လေးကများ ငါ့ရှေ့မှာ မာနထောင်ရဲတယ်လို့ကွာ"

"ကောင်လေး.. မင်း နောက်ဘဝမှာ ပြန်ဝင်စားရင် အမြင်စူးရှအောင် လေ့ကျင့်ထားလိုက်"

အနက်ရောင်ဝတ် အဘိုးအိုက ခနဲ့လိုက်ပြီး ကျန်းချန်၏ နောက်ကျောကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ထိုအချိန်တွင် သူ၏ အိုမင်းသော မျက်နှာထက်၌ ကြောက်မက်ဖွယ် အသွင်အပြင်တစ်ခု ထင်ဟပ်လာ၏။

သူ၏ လှောင်ပြောင် ရယ်မောသံကလည်း လေထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့သည်။

သူက ချီကာကွယ်ရေး အဆင့်၈ ခွန်အားဖြင့် နက်နဲမှု အခြေခံအဆင့် ခြေလှမ်း ဖြစ်သည့် အရိပ်ခြေလှမ်းကို အသုံးပြုခဲ့သည်။

သူ၏ ဤမထင်မှတ်သော တိုက်ခိုက်မှုသည် ချီကာကွယ်ရေး အဆင့်၉ရှိ အချို့သော ကျင့်ကြံသူများကိုပင် ဒဏ်ရာပြင်းထန်စွာ ရရှိအောင် စွမ်းဆောင်နိုင်၏။

သို့ဖြစ်ရာ သူ့ရှေ့မှ ကောင်စုတ်လေးသည် ဤကဲ့သို့သော တိုက်ခိုက်မှုကို မည်ကဲ့သို့ ခံနိုင်ရည်ရှိပါအံ့နည်း။

အနက်ရောင်ဝတ် အဘိုးအို၏ ထက်မြက်သော လက်ဝါးရိုက်ချက်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချန်၏ ကျောပြင်ပေါ်သို့ ကျရောက်သွားသည်။

သို့သော် မျှော်လင့်ထားသည့်အတိုင်း ထိခိုက်သောအသံကို အနက်ရောင်ဝတ် အဘိုးအိုက မကြားရခဲ့ပေ။

သူ၏ လက်ဝါးရိုက်ချက်က ကျန်းချန်၏ ခန္ဓာကိုယ်ကို ထိမိချိန်တွင် ကျန်းချန်၏ ပုံရိပ်သည် ချက်ချင်းဆိုသလို တွန့်လိမ်ကာ ပျောက်ကွယ်သွားခဲ့၏။

"အာ... ဒါက နောက်ထပ် ရုပ်သွင်တစ်ခုများ ဖြစ်နေတာလား"

အနက်ရောင်ဝတ် အဘိုးအိုက အံ့အားသင့်သွားသည်။

သူက ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်ပြီး ကျန်းချန်၏ ပုံရိပ်ကို တွေ့လိုက်ရသည်။

သူ့နောက်တွင် ဘယ်အချိန်ကတည်းက ပေါ်လာမှန်း သူ မသိလိုက်ပေ။

"မင်း.. မင်းရဲ့ အမြန်နှုန်းက ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ"

အနက်ရောင်ဝတ် အဘိုးအိုက ရုတ်တရက် တအံတသြ အော်ဟစ်၍ မေးလိုက်သည်။

"ချီကာကွယ်ရေး အဆင့်၈က ကျင့်ကြံသူ တစ်ယောက်ကများ ငါ့ရှေ့မှာ နက်နဲမှု အခြေခံအဆင့် နည်းစနစ်နဲ့ ဟန်ရေးလာပြနေတယ်"

"အဲဒီလိုဆိုမှတော့ တကယ့် အမြန်နှုန်းက ဘယ်လိုလဲဆိုတာ မင်းကို ငါပြပေးရတော့မှာပေါ့"

ကျန်းချန်က ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။

တခဏအတွင်း သူ့ထံမှ ချီကာကွယ်ရေး အဆင့်၉ အရှိန်အဝါက ချက်ချင်းပင် ပေါ်ထွက်လာခဲ့၏။

သူ၏ မျက်လုံးများတွင်လည်း တုန်လှုပ်စရာကောင်းသည့် အလင်းတန်းများ ထင်ဟပ်လာခဲ့သည်။

ဤအချိန်တွင် ကျန်းချန်၏ အသွင်အပြင်သည် မြင့်မြတ်သည့် ဧကရာဇ်တစ်ပါးက အောက်ကမ္ဘာကို ငုံ့ကြည့်နေသကဲ့သို့ပင် ခမ်းနားဆန်းကြယ်နေ၏။

ခဏအကြာတွင် သူ၏ ပုံရိပ်သည် ရွှေရောင်အလင်းတန်းအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ထက်သို့ မြင့်တက်သွားခဲ့သည်။

"နက်နဲမှု အလယ်အလတ်အဆင့် နည်းစနစ်၊ ကောင်းကင်ခြေလှမ်း နည်းစနစ်"

အခန်း(၆၅) ပြီး၏

All Chapters