← Chapters

ဗိုလ်လုပွဲ

Vol. 123 Ch. 1842

ဗိုလ်လုပွဲ

Vol. 123 Ch. 1842

အင်ကြင်းသစ်ရွက်ကို ရောင်းချပြီးသွားခဲ့ပြီဖြစ်ပြီး ညစျေးလေလံပွဲက ပြီးဆုံးသွားခဲ့လေပြီ။

အဲ့ဒီနောက် ကျင့်ကြံသူများ တိုက်ခိုက်ရန်အတွက် ကျင်းပပေးရမယ့်အချိန်သို့ ရောက်ရှိလာလေပြီ။

နန်းတော်၏ အပေါ်ဘက်ရှိ ထိုင်ခုံများပေါ်မှာ ခေါင်းဆောင်တပ်မှူးယန်ဖေးက ရုတ်တရက်ပြောလိုက်၏။

“ညီကိုလျှို... စောစောက မင်းပြောတဲ့ အလောင်းအစားက ဘယ်လိုပုံစံလဲ ရှင်းပြပါဦး”

“ညီကိုယန်... မင်း စိတ်ဝင်စားနေပြီမလား”

ခေါင်းဆောင်တပ်မှူးလျှိုက ရယ်မောလိုက်၏။

“တင်းယွီက အဲ့ဒီလူကိုသတ်ဖြတ်နိုင်မယ်ဆိုတာကတော့ ဘာမှသံသယရှိစရာမလိုဘူး... သူက ဘယ်နှစ်ချီခံမလဲဆိုတာပဲ လောင်းရမှာ”

ခေါင်းဆောင်တပ်မှူးလျှို၏ စိတ်ထဲမှာ တင်းယွီ၏ အစွမ်းအစအရ သူသည် အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်ကိုသတ်ဖြတ်ဖို့အတွက် အလွန်တရာလွယ်ကူပေလိမ့်မည်။

ဆယ်ချီက လုံလောက်လေသည်။

သို့သော်လည်း သတိထားသည့်အနေဖြင့် သူက ခဏမျှစဥ်းစားပြီးနောက် ပြောလိုက်လေသည်။

“တင်းယွီက အဲ့ဒီလူကို အချီနှစ်ဆယ်အတွင်း သတ်နိုင်လိမ့်မယ်လို့ ငါလောင်းတယ်”

ယန်ဖေးက ပြုံးလိုက်၏။

“ကောင်းပြီလေ... ဒီလိုဆိုမှတော့ ငါက အဲ့ဒီလူက အချီငါးဆယ်ထိ တောင့်ခံနိုင်မယ်လို့ လောင်းတယ်”

“ဟားဟားဟားဟား...”

ထိုစကားကို ကြားသောအခါ ခေါင်းဆောင်တပ်မှုလျှိုက ဟားတိုက်ရယ်မောလိုက်လေသည်။

“ညီကိုယန်... ဒီတစ်ခေါက် မင်းက သေချာပေါက် ရှုံးမှာပဲ... မင်းရဲ့ သက်တံဓားပညာရပ်ကို ငါကဖတ်ခွင့်ရဖို့ ကံပါလာပြီနဲ့တူတယ်”

ယန်ဖေး၏ အမူအရာက တည်ငြိမ်နေ၏။

“ငါရှုံးမယ်ဆိုရင် အဲ့ဒီဓားပညာရပ်ကို လက်နှစ်ဖက်နဲ့ကိုယ်တိုင်ထုတ်ပေးမယ်.... မင်းရှုံးမယ်ဆိုရင်ရော”

“မင်းက ငါ့ရဲ့ လောင်ကျွမ်းပင်လယ်ကောင်းကင်ပုံဖော်နည်းစနစ်ကို အသည်းအသန်လိုချင်နေတာမလား... ငါရှုံးမယ်ဆိုရင် ငါက အဲ့ဒီကျင့်ကြံရေးနည်းစနစ်ကို မင်းကိုငှားပေးမယ်”

ခေါင်းဆောင်တပ်မှူးလျှိုက ယုံကြည်မှုရှိစွာဖြင့် လက်ကိုဝေ့ယမ်းပြလိုက်၏။

“ကောင်းပြီလေ”

ယန်ဖေး၏ မျက်လုံးက ဝင်းလက်သွား၏။

သူသည် လောင်ကျွမ်းပင်လယ်ကောင်းကင်ပုံဖော်နည်းစနစ်ကို ကျင့်ကြံနိုင်မည်ဆိုပါက သူ၏ ကျင့်ကြံမှုသည် တိုးတက်လာဖို့ ဖြစ်နိုင်ခြေများပြီး သူက အဆင့်-၉ မဟူရာအမြုတေနယ်ပယ်သို့ တက်လှမ်းနိုင်ဖို့ အခွင့်အရေးတစ်ခုကိုပင် ရရှိနိုင်ကောင်းလေသည်။

ခေါင်းဆောင်တပ်မှူးလျှိုက မတ်တတ်ထရပ်ပြီး ကြေညာလိုက်လေသည်။

“ကဲ... ဘာမှစောင့်နေစရာမလိုတော့ဘူး.... နိမ့်ကျသက်ရှိတွေအတွက် တိုက်ပွဲကို စီစဥ်ပေးလိုက်တော့... ပထမဆုံး ပြိုင်ပွဲက တင်းယွီနဲ့ ဟိုလူပဲ”

နဂါးအသူရာချောက်နက်မြို့တော်မှာ ခေါင်းဆောင်တပ်မှူးလျှို၏ အဆင့်အတန်းအရ သူသည် ပြိုင်ပွဲ၏ အချိန်ဇယားကို စိတ်ရှိသလိုပြောင်းလဲနိုင်လေသည်။

တင်းယွီကလည်း စိတ်အားထက်သန်နေ၏။

ခေါင်းဆောင်တပ်မှူးလျှိုက တင်းယွီကို တည်တံ့သောအမူအရာဖြင့်ကြည့်လိုက်၏။

“တင်းယွီ... ငါက လူတစ်ယောက်နဲ့ အလောင်းအစားလုပ်ထားတယ်... ငါမင်းကို အချီနှစ်ဆယ်ထိပဲ ပေးနိုင်မယ်... မင်းငါ့ကို စိတ်မပျက်စေနဲ့”

“မပူပါနဲ့... ခေါင်းဆောင်တပ်မှူးလျှို... သုံးချီဆိုရင်တောင် လုံလောက်နေပါပြီ”

တင်းယွီ၏ စိတ်ဝိညာဥ်က မြင့်မားနေပြီး ယုံကြည်မှုရှိစွာဖြင့် သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

ခေါင်းဆောင်တပ်မှူးလျှိုက စိုးရိမ်နေသေးပြီး သတိထပ်ပေးလိုက်၏။

“မင်းရဲ့ပြိုင်ဘက်ကို အထင်မသေးလိုက်နဲ့”

“ခင်ဗျားရဲ့ သင်ကြားမှုကို ကျုပ်လိုက်နာပါ့မယ် ခေါင်းဆောင်တပ်မှူးလျှို”

တင်းယွီက နှိမ့်ချသော အမူအရာဖြင့် အလောတကြီးဦးညွှတ်လိုက်၏။

တစ်ဘက်မှာတော့ ဆူဇီမိုသည် လူအုပ်ကြီးထဲမှာ တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး မျက်မှောင်ကြုတ်ကာ အပေါ်မှာရှိသော ထိုင်ခုံတစ်ခုကို လှည့်ကြည့်လိုက်၏။

လေးထောင့်ဆန်ဆန်မျက်နှာနှင့် ကျင့်ကြံသူတစ်ယောက်က သူ့ကိုပြုံးစစဖြင့် ကြည့်နေ၏။

အဲ့ဒါက ယန်ဖေးဟု အမည်ရသော ခေါင်းဆောင်တပ်မှူးဖြစ်လေသည်။

နန်းတော်က လူပေါင်းများစွာဖြင့် စည်ကားသိုက်မြိုက်နေ၏။

အပြင်လူများက ယန်ဖေးနှင့် ခေါင်းဆောင်တပ်မှူးလျှိုအကြား အလောင်းအစားကို ကြားရနိုင်မည် မဟုတ်သော်လည်း ဆူဇီမိုက အဲ့ဒါကို ရှင်းလင်းစွာကြားခဲ့ရ၏။

ယန်ဖေးသည် တစ်စုံတစ်ရာကို သိရှိထားပုံရပြီး အဲ့ဒါကြောင့်ပင် သူက ခေါင်းဆောင်တပ်မှူးလျှိုနှင့် အလောင်းအစားပြုလုပ်ရဲခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

မိုးကြိုးတုန်ခါလှိုင်းခန်းမမှ အပြာရောင်ဝတ်အမျိုးသမီးက သူမ၏ ခေါင်းကိုခါပြီး ဆူဇီမိုကို ကြည့်လိုက်၏။

“ရှင် ဒီတိုက်ပွဲကို တကယ်ပဲ လက်မခံခဲ့သင့်ဘူး”

“အဲ့ဒီပြိုင်ပွဲကွင်းထဲမှာ တစ်ဘက်လူမသေမခြင်း တိုက်ပွဲက အဆုံးမသတ်ဘူးဆိုတာ ရှင်သိလား”

“အဲ့ဒါဘာသဘောလဲ”

ယွဲ့ဟောက်က မျက်မှောင်ကြုတ်ပြီး မေးလိုက်လေသည်။

ရှုဝမ်က ရှင်းပြလိုက်လေသည်။

“ပြိုင်ပွဲကွင်းထဲမှာ အစီအရင်ဝင်္ကပါတစ်ခုရှိတယ်... နှစ်ဘက်စလုံးက ပြိုင်ပွဲကွင်းထဲကို ဝင်ရောက်သွားတာနဲ့ ဝင်္ကပါကအသက်ဝင်လာပြီး လှောင်ချိုင့်တစ်ခုနဲ့ဆင်တူတဲ့ အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေလိမ့်မယ်”

“ပြိုင်ပွဲကွင်းထဲမှာ တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်တဲ့အချိန်မှပဲ ဝင်္ကပါအကာအရံအလွှာက ပျက်ပြယ်သွားလိမ့်မယ်”

“အို..”

ဆူဇီမိုက ဂရုမစိုက်သည့်အလား တည်ငြိမ်သောအမူအရာဖြင့် အသံတစ်ချက်သာပြုလိုက်၏။

အပြာရောင်ဝတ်အမျိုးသမီးက သူမ၏ မျက်လုံးထဲရှိ သနားဂရုဏာသက်မှုနှင့်အတူ ဆူဇီမိုကို ကြည့်လိုက်၏။

“ရှင့်အခြေအနေကို ရှင်အခုထိ နားမလည်သေးဘူးလား... အဲ့ဒီအချိန်ကျရင် ရှင်က ရှုံးနိမ့်ကြောင်းဝန်ခံချင်တယ်ဆိုရင်တောင် မရတော့ဘူး... ရှင့်အတွက် ပြေးစရာနေရာလည်း မရှိဘူး”

ဆူဇီမိုက သူမကို လျစ်လျုရှုလိုက်လေသည်။

သို့သော်လည်း သူ၏ ဘေးမှာရှိသောသွမ့်ထျန်လန်က သွားဖြီး၍ သက်ပြင်းချကာ သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“အာ... အဲ့ဒါတော့ ဆိုးပြီ... တစ်ယောက်ယောက်ကတော့ သေရတော့မှာပဲ”

အပြာရောင်ဝတ်အမျိုးသမီး၏ မျက်လုံးထဲမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားသည့်အကြည့်တစ်ခုက ဖျတ်ခနဲပေါ်ထွက်လာ၏။

အစက နဂါးအသူရာချောက်မြို့ထဲမှာ သူမသည် ဆူဇီမို၏ သတ္တိနှင့် စိတ်နေစရိုက်ကို ချီးကျူးခဲ့လေသည်။

ကြည့်ရသည်မှာ ဤလူ၏ သတ္တိနှင့် စိတ်နေစရိုက်သည် သူက တုံ့ပြန်မှုနောက်ကျပြီး ဉာဏ်မကောင်းသောကြောင့်သာ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

သူ့ဘေးမှာ ရှိသော အဆင့်-၃ မဟူရာအင်မော်တယ် ဖက်တီးကပင်လျှင် အန္တရာယ်ကို အာရုံခံမိသွားပြီဖြစ်သော်လည်း ဤလူက နားလည်သဘောပေါက်ခြင်း မရှိသေးပေ။

သွမ့်ထျန်လန်ပြောသည့် တစ်ယောက်ယောက်ကတော့ သေရတော့မည်ဆိုတာ ဆူဇီမိုကို ရည်ညွှန်းပြောဆိုနေခြင်း မဟုတ်ကြောင်း အပြာရောင်ဝတ်အမျိုးသမီးက မသိရှိပေ။

ရုတ်တရက်ဆိုသလို...

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ သူသည် သူ့ကိုတစ်စုံတစ်ယောက်က ထောက်လှမ်းနေသည့်အလား သန်မာသော ရန်လိုစိတ်နှင့် သတ်ဖြတ်လိုစိတ်တစ်ခုကို သူက ခံစားလိုက်ရ၏။

သူသည် ဖြည်းဖြည်းချင်းလှည့်ပြီး လူအုပ်ကြီးထဲရှိ တစ်နေရာသို့ ကြည့်လိုက်၏။

ကျင့်ကြံသူများစွာက သူ့ကိုလက်ညိုးထိုး၍ ဆွေးနွေးပြောဆိုနေကြ၏။

ဆူဇီမို၏ အကြည့်က ကျင့်ကြံသူများကို ဖြတ်ကျော်ပြီး ပိန်ပိန်ပါးပါး အဖိုးအိုတစ်ယောက်ပေါ်သို့ ဆင်းသက်သွားလေသည်။

ပိန်ပိန်ပါးပါး အဖိုးအိုသည် အနည်းငယ်ပိုမိုမြင့်မားသော သူ၏ ကျင့်ကြံမှုအဆင့်ကလွဲလျှင် ဘေးပတ်လည်ရှိ လူများနှင့် ဘာမှမကွာခြားသည့်ပုံပင်။ သူက အဆင့်-၇ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်၏။

ဆူဇီမိုက သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။

တစ်ချိန်တည်းမှာပင် ပိန်ပိန်ပါးပါး အဖိုးအိုသည် သူ့ဘာသာသူတွေးနေသည့်အလား သူ၏ မျက်လုံးထဲမှာ အေးစက်စက်အလင်းတစ်ချက် ဖျတ်ခနဲလက်သွား၏။

“ဒီကောင်​လေးက အာရုံခံစိတ် တော်တော်ထက်ရှတာပဲ”

ပိန်းပိန်ပါးပါးအဖိုးအိုသည် သွေးသူရိယတောင်ကြားကနေ အသည်းအသန် ပြေးလာခဲ့သော ကာကွယ်သူရွှယ်ဖြစ်လေသည်။

ထိုအခိုက်အတန့်မှာ နန်းတော်ထဲရှိ ကျင့်ကြံသူအများစုက ဆူဇီမိုနှင့် တင်းယွီအပေါ် အာရုံစိုက်ထားကြ၏။

သို့သော်လည်း ဤမျှများပြားသော အကြည့်များစွာအောက်မှာ ဆူဇီမိုသည် တစ်စုံတစ်ရာထူးခြားနေသည်ကို အာရုံခံမိခဲ့ပြီး သူ့ထံမှ သတ်ဖြတ်လိုစိတ်ကိုပင် ဖမ်းမိနိုင်ခဲ့လေသည်။

အဲ့ဒါကတော့ အနည်းငယ် ကြောက်စရာကောင်းလာခဲ့လေပြီ။

“နှစ်ယောက်စလုံးပဲ... ပြိုင်ပွဲကွင်းထဲကို ကျေးဇူးပြုပြီး ဝင်လာခဲ့ကြပါရှင့်”

ဇာပုဝါခြုံထားသောအမျိုးသမီးက တင်းယွီနှင့် ဆူဇီမိုကိုကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

တင်းယွီက စိတ်မရှည်နိုင်ဖြစ်နေခဲ့သည်မှာ ကြာခဲ့လေပြီ။ သူကတစ်ချက်ခုန်ပြီး နန်းတော်၏ အလယ်ရှိ စင်မြင့်ထက်သို့ ရောက်ရှိလာကာ ဆူဇီမိုကို လှောင်ပြောင်ရန်စလိုသောအမူအရာဖြင့် ငုံ့ကြည့်လိုက်၏။

“တာအိုရောင်းရင်းဆူ... သတိထားနော်”

ရှူဝမ်က တီးတိုးကပ်ပြောလိုက်၏။

ဆူဇီမိုက မသိမသာခေါင်းညိတ်ပြပြီး လူအုပ်ကြီးထဲကနေ လျှောက်လှမ်းထွက်လာခဲ့၏။ ဖျတ်ခနဲဆို သူက ပေါ့ပါးဖျတ်လတ်သော လှုပ်ရှားမှုနည်းစနစ်တစ်ခုနှင့်အတူ စင်မြင့်ထက်သို့ ဆင်းသက်လိုက်လေသည်။

ပြိုင်ပွဲကွင်းထဲသို့ ဆူဇီမိုဝင်ရောက်လာသည့်ခဏမှာပင် ဝင်္ကပါအင်းကွက်များက ကျောက်သားစင်မြင့်ထက်မှာ တစ်ခုပြီးတစ်ခု လင်းလက်လာပြီး အကာအရံအလွှာတစ်ခုအဖြစ် စုဖွဲ့သွားလေသည်။

တစ်ခဏချင်းမှာပင် ပြိုင်ပွဲကွင်းတစ်ခုလုံးက မထိုးဖောက်နိုင်သော လှောင်ချိုင့်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

ဤလှောင်ချိုင့်ထဲမှာ လူနှစ်ယောက်ထဲရှိ တစ်ယောက်ကသာလျှင် အသက်ရှင်လျက် ကျန်ရစ်နိုင်မည်ဖြစ်၏။

“တင်းယွီက ဒီတစ်ခေါက် ပွပေါက်တိုးတာပဲ”

“အမှန်ပဲ... အဲ့ဒီလူရဲ့ခေါင်းကတင် အမြုတေစုဖွဲ့ဆေးလုံး တစ်သိန်းထိုက်တန်တယ်... သူ့ရဲ့သိုလှောင်အိတ်ထဲမှာဆို အမြုတေစုဖွဲ့ဆေးလုံး သုံးသန်းထိုက်တန်တဲ့ စိတ်ဝိညာဥ်ရတနာအပိုင်းအစတစ်ခုလည်းရှိသေးတယ်”

“အဲ့ဒီလူသေတာနဲ့ အကုန်လုံးကို တင်းယွီက ပိုင်တော့မှာပဲ”

အောက်ဘက်ရှိကျင့်ကြံသူများက သူတို့အချင်းချင်းကြားမှာ ဆွေးနွေးပြောဆိုလိုက်ကြ၏။

ထိုအသံများကို ကြားသောအခါ တင်းယွီက ပို၍ပင် ရွှင်မြူးအားရလာ၏။

သူက ဆူဇီမိုကို ကြမ်းကြုတ်ခက်ထန်သောအကြည့်ဖြင့်စိုက်ကြည့်ပြီး ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်၏။

“ကောင်လေး... ဒီနေ့ ငါ့ရဲ့အစွမ်းအစက ဘာလဲဆိုတာ မင်းကိုပြပေးမယ်”

“မဟူရာယင်နည်းစနစ်”

တင်းယွီ၏ မျက်လုံးက ထူးဆန်းသောအလင်းဖြင့် တောက်ပသွား၏။ သူက လက််နှစ်ဖက်ကိုဝေ့ယမ်းပြီး လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲထုတ်ဖော်ကာ မဟူရာယင်တောင်၏ ထိပ်တန်းအင်မော််တယ်ပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်၏။

အဆင့်-၅ မဟူရာအင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်မှာတောင် သူကလုံးဝထိန်ချန်ထားခြင်း မရှိပေ။

သူသည် ဆူဇီမိုကို တတ်နိုင်သမျှ မြန်မြန်သတ်ဖြတ်ချင်လေသည်။

ဘုန်း...

ရုတ်တရက်ဆိုသလို...

ဆူဇီမိုက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး သူ၏ ခြေဖဝါးက မြေပြင်ပေါ်သို့ ဆင်းသက်သွား၏။

ဧရာမစင်မြင့်တစ်ခုလုံးက တုန်ခါသွားပြီး ဖုန်များက တထောင်းထောင်းထလာခဲ့၏။

ဝှစ်...

အစိမ်းရောင်အရိပ်တစ်ခုက အလွန်တရာမြန်ဆန်သောအရှိန်အဟုန်ဖြင့် တင်းယွီထံသို့ လျင်မြန်စွာချဥ်းကပ်လာ၏။ ထိုပုံရိပ်က လေထုကိုဆုတ်ဖြဲပြီး စူးရှသော ထူးဆန်းသည့် အသံတစ်ခုကိုပင် ထွက်ပေါ်လာစေ၏။

အစိမ်းရောင်အရိပ်က ချက်ချင်းပင်ရောက်ရှိလာခဲ့၏။

တင်းယွီ၏ သူငယ်အိမ်နှစ်ဖက်က ပြင်းထန်စွာ တင်းကျပ်သွားလေသည်။

လူအုပ်ကြီးထဲမှ အံအားတသင့် ရေရွတ်သံများလည်းထွက်ပေါ်လာ၏။

“ဟမ်...”

ခေါင်းဆောင်တပ်မှူးလျှို၏ အမူအရာက ပြောင်းလဲသွားပြီး တုန်လှုပ်စွာဖြင့် မတ်တတ်ထရပ်လိုက်၏။

ယန်ဖေး၏ မျက်လုံးကလည်း ဝင်းလက်သွားလေသည်။

အဲ့ဒါက အရမ်းကို မြန်ဆန်လွန်း၏။

ထိုစွမ်းအား၏ ရုန်းကန်ပေါက်ကွဲအားက လူတိုင်းမျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့လေပြီ။

All Chapters