← Chapters

မဟာကျင်းနိုင်ငံ

Vol. 123 Ch. 1834

မဟာကျင်းနိုင်ငံ

Vol. 123 Ch. 1834

ဆူဇီမိုသည် ခွေးဝါကြီးကိုစီးနင်းပြီး ယွဲ့ဟောက် ၊ ရှန်ဖေးနှင့် ကူဝမ်ကျွင်းတို့နှင့်အတူ နဂါးအသူရာချောက်နက်ဆီသို့ ဦးတည်နေ၏။

လမ်းတစ်လျှောက်မှာ ဆူဇီမိုသည် သွေးသူရိယတောင်ကြား ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းမှ ရရှိလာသည့် အကျိုးအမြတ်များကို အကြမ်းဖျင်းရေတွက်ကြည့်ပြီး တိတ်တဆိတ်ကျေနပ်သဘောကျသွား၏။

အဲ့ဒီမှာ ထိုသိုလှောင်အိတ်များထဲမှာ မဟူရာအဆင့် ဓမ္မရတနာသုံးထောင်ကျော်ပါရှိလေသည်။

သိုလှောင်အိတ်များထဲမှာ အမြုတေစုဖွဲ့ဆေးလုံးများကလည်း တစ်သိန်းနှစ်သောင်းဝန်းကျင်လောက်ရှိနေ၏။

အဆင့်-၇ မဟူရာအင်မော်တယ်သုံးယောက်၏ သိုလှောင်အိတ်များထဲမှာ ဆူဇီမိုသည် အမြုတေစိတ်ဝိညာဥ် ကျောက်တုံး ၁၃ တုံးကိုပင် တွေ့ရှိလိုက်ရလေသည်။

နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ အမြုတေစိတ်ဝိညာဥ် ကျောက်တုံးတစ်တုံးကို အမြုတေစုဖွဲ့ဆေးလုံး တစ်သောင်းနှင့် ဖလှယ်နိုင်ကြောင်း ယွဲ့ဟောက်နှင့် အခြားသူများထံမှ သူကြားသိခဲ့ရလေသည်။

သူသည် ဤတစ်ခေါက်မှာ အကျိုးအမြတ်ကြီးမားစွာရရှိခဲ့၏။

အမြုတေစုဖွဲ့ဆေးလုံးများကို ဖလှယ်ရယူဖို့အတွက် နဂါးအသူရာချောက်နက်မြို့တော်သို့ သွားရောက်ခြင်းမရှိလျှင်ပင် အမြုတေစုဖွဲ့ဆေးလုံး တစ်သိန်းနှစ်သောင်းက ဆူဇီမိုအတွက် အချိန်အတိုင်းအတာတစ်ခုထိ ကျင့်ကြံဖို့လုံလောက်​လေသည်။

တကယ်တော့... ဆူဇီမိုသည် သူ၏ အစီအစဥ်ကို ပြောင်းလဲခြင်းမရှိဘဲ နဂါးအသူရာချောက်နက်မြို့သို့ တစ်ချက်သွားရောက်ကြည့်ဖို့ ရည်ရွယ်ထားဆဲ ဖြစ်၏။

နှမြောစရာကောင်းသည်မှာ ချန်ရွှမ်ယန်က ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းပင်။

ချန်ရွှမ်ယန်၏ သိုလှောင်အိတ်ထဲမှာ ရတနာများနှင့် ကျင့်ကြံရေးအရင်းအမြစ်များက ပို၍ပင်များပြားပေလိမ့်မည်။

ဤတစ်ခေါက် သွေးသူရိယတောင်ကြားကနေ တင်ဆောင်လာသည့် အင်မော်တယ်ဆေးပင်များကလည်း ချန်ရွှမ်ယန်၏ သိုလှောင်အိတ်ထဲမှာဖြစ်လေသည်။ ကံဆိုးစွာနှင့်ပင် ဆူဇီမိုသည် အဲ့ဒါတွေကို မလုယူနိုင်ခဲ့ပေ။ လမ်းတစ်လျှောက်မှာ ဆူဇီမိုသည် ယွဲ့ဟောက်နှင့် အခြားနှစ်ယောက်ထံမှ အထက်ဘုံအကြောင်းနှင့်ပတ်သက်၍ အတော်များများကို သိရှိခဲ့ရ၏။

ယွဲ့ဟောက်ပြောပုံအရ နဂါးအသူရာချောက်နယ်ကြယ်သည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ထဲမှာ ပါဝင်လေသည်။

အစိမ်းရောင်တိမ်စိုင်တိုင်းပြည်သည် မဟာကျင်းနိုင်ငံ၏ တရားစီရင်မှုအောက်မှာရှိသော တိုင်းပြည်တစ်ခုဖြစ်၏။

အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ တရားစီရင်အုပ်ချုပ်မှုအတွင်း နဂါးအသူရာချောက်နက်မြို့တော်ကဲ့သို့ မြို့တော်ပေါင်းတစ်ရာကျော်ရှိလေသည်။

နဂါးအသူရာချောက်နက်မြို့တစ်မြို့တည်းက နဂါးအသူရာချောက်နက်ကြယ်တစ်ခုလုံးကို အုပ်စိုးလေသည်။

ထိုကဲ့သို့သော မြို့တော်ပေါင်းတစ်ရာကျော်ဖြင့် အုပ်ချုပ်ထားသည့် နယ်မြေဒေသက ဘယ်လောက်တောင်ကျယ်ပြောသလဲ စဥ်းစားကြည့်နိုင်၏။

သို့သော်လည်း ထိုမြို့တစ်ရာကျော်ကျော်သည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်တစ်ခုနှင့်သာ ညီမျှလေသည်။

အစိမ်းရောင်တိမ်စိုင်တိုင်းပြည်တစ်ခုတည်းက ထျန်ဟွမ်ကုန်းမြေတိုက်ထက် အဆများစွာပိုမိုကြီးမား၏။ မဟာကျင်းနိုင်ငံ တစ်ခုလုံး၏ ကျယ်ပြန့်မှုအတိုင်းအတာကို စဥ်းစားကြည့်ဖို့ပင် ခက်ခဲလေသည်။

မဟာကျင်းနိုင်ငံသည် ကြယ်တာရာ​ကောင်းကင်ထက်ရှိ ဧရာမအရိပ်၏ အထက် ဝေးကွာလွန်းသောနေရာမှာ ရှိလေသည်။

ယွဲ့ဟောက်ပြောပုံအရ ထိုအရိပ်သည် အဆုံးမဲ့ကုန်းမြေတိုက်ကြီးတစ်ခုဖြစ်၏။ နဂါးအသူရာချေက်နက်ကြယ်ပေါ်ကနေ သူတို့တွေ့မြင်နိုင်သည့်အရာက ရေခဲတောင်၏ ထိပ်ဖျားမျှသာ ရှိလေသည်။

မဟာကျင်းနိုင်ငံက ထိုကုန်းမြေတိုက်ပေါ်မှာ ရှိလေသည်။

ကူဝမ်ကျွင်းက ပြောလိုက်၏။

“အခြေခံအားဖြင့်ဆိုရင် နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာရှိတဲ့ ကျင့်ကြံသူတွေအကုန်လုံးက ဒီနေရာကနေထွက်ခွာပြီး အဲ့ဒီကုန်းမြေကို ခြေချချင်ကြတာ”

“အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ရဲ့ အခြားမြို့တွေမှာ ကောင်းကင်နဲ့မြေကြီး အမြုတေချီက ဒီနေရာမှာထက် အများကြီးပိုကြွယ်ဝပြီး သူတို့ရဲ့ကျင့်ကြံမှုအမြန်နှုန်းကလည်း အများကြီးပိုမြန်ဆန်တယ်လို့ ကျွန်မကြားဖူးတယ်”

ဆူဇီမိုက မေးလိုက်၏။

“နဂါးအသူရာချောက်ကြယ်ပေါ်ကနေ ထွက်ခွာဖို့အတွက် လိုအပ်တဲ့အခြေအနေတွေက ဘာတွေလဲ”

နဂါးအသူရာချောက်နက်ကြယ်သည် မဟာကျင်းနိုင်ငံနှင့် အလွန်ဝေးကွာလေသည်။

ကောင်းကင်ဘုံအင်မော်တယ် ပညာရှင်များသာ အာကာသဟင်းလင်းပြင်ကို ဖြတ်ကျော်နိုင်ပေလိမ့်မည်။ သို့သော်လည်း နဂါးအသူရာချောက်နက်မြို့မှာ ကျင့်ကြံသူများကို ကြယ်တာရာကောင်းကင်၏ အစွန်းတစ်ဘက် ကုန်းမြေတိုက်သို့ ပို့ဆောင်ပေးနိုင်သည့် တည်နေရာရွှေ့ပြောင်းဝင်္ကပါတစ်ခုရှိသည်ဟု ရှချင်းယင်က သူ့ကို တစ်ခါပြောခဲ့ဖူးလေသည်။

ယွဲ့ဟောက်က ဖြေပေးလိုက်၏။

“နဂါးအသူရာချောက်နက်ကြယ်ကနေ ထွက်ခွာဖို့အတွက် နည်းလမ်းနှစ်ခုရှိတယ်... ပထမတစ်ခုက အဆင့်-၉ မဟူရာအမြုတေနယ်ပယ်ထိရောက်အောင် ကျင့်ကြံဖို့ပဲ”

“ခင်ဗျားက အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်လာမယ်ဆိုရင်... နဂါးအသူရာချောက်နက်မြို့တော်က မြို့တော်အရှင်ရဲ့ စံအိမ်ကို သွားရောက်နိုင်တယ်... အဲ့ဒီအချိန်ကျရင် တစ်ယောက်ယောက်က ခင်ဗျားကို မဟာကျင်းနိုင်ငံဆီ ပို့ဆောင်ပေးလိမ့်မယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ကြည့်ရသည်မှာ အဆင့်-၉ မဟူရာအင်မော်တယ်များသည် နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ အသန်မာဆုံးပညာရှင်များ ဖြစ်နေလေပြီ။

နဂါးအသူရာချောက်နက်မြို့တော်၏ မြို့တော်အရှင်ပင်လျှင် အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်သည်ဟု ယွဲ့ဟောက်က ပြောခဲ့လေသည်။

သို့သော်လည်း တစ်စုံတစ်ယောက်အနေဖြင့် နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်လာအောင် ကျင့်ကြံဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။

ဤနေရာမှာရှိသော ကောင်းကင်နှင့်မြေကြီး အမြုတေချီနှင့် ကျင့်ကြံရေးအရင်းအမြစ်များက ရှားပါးလွန်းသောကြောင့်ဖြစ်၏။

ယွဲ့ဟောက်က ဆက်ပြောလိုက်၏။

“ဒုတိယနည်းလမ်းကတော့ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတစ်ရာကို သုံးစွဲဖို့ပဲ”

အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတစ်ရာ...။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

အမြုတေစုဖွဲ့ဆေးလုံး တစ်သောင်းသည် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးကိုသာ လဲလှယ်ရယူနိုင်မည်ဖြစ်၏။

အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတစ်ရာသည် အမြုတေစုဖွဲ့ဆေးလုံး တစ်သန်းနှင့် ညီမျှလေသည်။

သို့သော်လည်း သာမန်ကျင့်ကြံသူများက ဤမျှအထိများပြားသည့် အမြုတေစုဖွဲ့ဆေးလုံးတစ်သန်းကို ဘယ်လိုလုပ်ပိုင်ဆိုင်နိုင်ပါ့မလဲ။

ပို၍အရေးကြီးသည်မှာ အမြုတေစုဖွဲ့ဆေးလုံးများသည် မဟူရာအင်မော်တယ်များအတွက် မရှိမဖြစ်လိုအပ်သော ကျင့်ကြံရေးအရင်းအမြစ်ဖြစ်လေသည်။

ကျင့်ကြံသူများက သူတို့၏ ကျင့်ကြံမှုနယ်ပယ်ကို တတ်နိုင်သမျှမြန်မြန်မြှင့်တင်ချင်သည်ဆိုလျှင် သူတို့သည် အမြုတေစုဖွဲ့ဆေးလုံးများကို စားသုံးရပေလိမ့်မည်။ ထိုသို့ဖြင့် သူတို့အတွက် အမြုတေစုဖွဲ့ဆေးလုံးတစ်သန်းကို စုဆောင်းဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။

သွေးသူရိယတောင်ကြားမှ စစ်သည်တော်ငါးထောင်နီးပါးကို ချေမှုန်းဖျက်ဆီးခဲ့ပြီးတာတောင် ဆူဇီမိုသည် အမြုတေစုဖွဲ့ဆေးလုံး တစ်သိန်းနှစ်သောင်းကိုသာ ရရှိခဲ့၏။ အဲ့ဒါက အမြုတေစိတ်ဝိညာဥ်ကျောက်တုံး ၁၂တုံးနှင့်သာ ညီမျှလေသည်။

သူရရှိထားသော အမြုတေစိတ်ဝိညာဥ် ကျောက်တုံး ၁၃ တုံးအပါအဝင် သူက စုစုပေါင်း ၂၅ တုံးကိုသာ ပိုင်ဆိုင်နိုင်မည်ဖြစ်၏။

ဆူဇီမိုက ပြောလိုက်၏။

“ဒုတိယနည်းလမ်းက ပထမနည်းလမ်းနဲ့ သိပ်တော့မကွာပါဘူး... သာမန်ကျင့်ကြံသူတွေက အဲ့ဒါကိုရရှိဖို့ တော်တော်ခက်ခဲမှာပဲ”

“ဟုတ်တာပေါ့... တာအိုရောင်းရင်းရယ်”

ယွဲ့ဟောက်က ခါးသက်စွာ ပြုံးလိုက်လေသည်။

“သွေးသူရိယတောင်ကြားလို အဖွဲ့အစည်းကြီးတစ်ခုတောင်မှ အမြုတေစိတ်ဝိညာဥ်ကျောက်တုံး တစ်ရာကိုရရှိဖို့အတွက် နှစ်ပေါင်းအတော်ကြာစုဆောင်းရလိမ့်မယ်”

“ကျုပ်တို့လို သာမန်ကျင့်ကြံသူတွေကတော့ အဲ့ဒါအတွက် မျှော်လင့်ချက်မရှိဘူး”

လဝက်လောက် နေ့နေ့ညည ခရီးဆက်ပြီးနောက် သူတို့သည် နောက်ဆုံးမှာ နဂါးအသူရာချောက်နက်မြို့တော်သို့ ရောက်ရှိလာကြ၏။

မြို့တော်ကိုအဝေးကနေကြည့်လျှင် ၎င်းသည် တုန်လှုပ်စရာကောင်းသောပုံစံဖြင့် မတ်တတ်ရပ်နေသော ဧရာမရှေးဟောင်းတောကောင်တစ်ကောင်နှင့် တူလေသည်။

သိပ်မကြာခင် ဆူဇီမိုနှင့် အခြားသူများက ရောက်ရှိလာခဲ့၏။

ရှေးဟောင်းမြို့တော်၏ မြို့ရိုးများသည် ပေတစ်ရာခန့်မြင့်မားပြီး သူတို့ကိုရှေးကျသော ဧရာမအစိမ်းရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားလေသည်။

ရှန်ဖေးက ပြောလိုက်၏။

“နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ ပေကိုးဆယ်အမြင့်ဆိုတာ... လေထဲကိုပျံတက်နိုင်တဲ့ မဟူရာအမြုတေနယ်ပယ်ရဲ့ စွမ်းရည်အကန့်အသတ်ပဲ... အဲ့ဒါကြောင့် နဂါးအသူရာချောက်နက်မြို့တော်ရဲ့ မြိုးရိုးတွေကို ပေတစ်ရာထိပဲ မြင့်အောင်လုပ်ထားတာ”

အထက်ဘုံမှာ လေဟာနယ်ကတည်ငြိမ်ပြီး မြေပြင်ကမာကြောရုံသာမက ဤနေရာမှာရှိသော မြေဆွဲအားကလည်း အလွန်တရာသန်မာအားကောင်းလေသည်။

မဟူရာအင်မော်တယ်များက လေထဲသို့ ပျံတက်နိုင်သော်လည်း သူတို့သည် သိပ်ပြီးမြင့်မြင့်မပျံနိုင်ကြပေ။ ဒါ့အပြင် ထိုသို့ပြုလုပ်ဖို့အတွက် သူတို့သုံးစွဲရသော အမြုတေချီကလည်း အလွန်တရာများပြားလေသည်။

အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ပင်လျှင် အမြင့်ပေကိုးဆယ်ထိသာ ပျံတက်နိုင်မည်ဖြစ်၏။

ထိုသို့ဖြင့် နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ ​ကျင့်ကြံသူများသည် ကြမ်းကြုတ်တောကောင်တစ်ကောင်၏ ပါးစပ်ပေါက်နှင့်ဆင်တူသော ဧရာမမြို့ဂိတ်တံခါးကို ဖြတ်ကျော်ပြီးမှသာ မြို့ထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်၏။

မြို့ဂိတ်တံခါး၏ တစ်ဖက်တစ်ချက်စီမှာ သူတို့၏ ခါးများပေါ်တွင် ဆေဘာများကို ချိတ်ဆွဲထားသည့် မြို့စောင့်တပ်သားဆယ်ယောက်ကျော်က မတ်တတ်ရပ်နေကြ၏။ သူတို့အားလုံးသည် အေးစက်စက်အမူအရာများရှိပြီး မြို့ထဲသို့ဝင်ရောက်လာသည့်လူတိုင်းကို တားဆီးကာ မေးမြန်းနေကြ၏။

မြို့စောင့်တပ်သားများက မတူညီသော ကျင့်ကြံမှုအဆင့်များရှိပြီး သူတို့ထဲမှ အများစုက အဆင့်-၆နှင့် အဆင့်-၇တို့ ဖြစ်ကြ၏။

ယွဲ့ဟောက်က ပြောလိုက်၏။

“လူတိုင်းက မြို့ထဲကို မဝင်ရောက်ခင် အမြုတေစုဖွဲ့ဆေးလုံး တစ်ထောင်ကို ပေးချေရတယ်... မြို့စောင့်တပ်သားတွေက ကျုပ်တို့ကို တံဆိပ်ပြားတစ်ခုစီ ပြန်ပေးလိမ့်မယ်”

“အဲ့ဒီတံဆိပ်ပြားနဲ့ဆို... ခင်ဗျားက နဂါးအသူရာချောက်နက်မြို့တော်မှာ တစ်ရက်နေနိုင်တယ်”

“တစ်ရက်ကြာပြီးရင်... အဲ့ဒီတံဆိပ်ပြားက ပျက်ပြယ်သွားလိမ့်မယ်... ခင်ဗျားက နဂါးအသူရာချောက်နက်မြို့တော်မှာ ဆက်ပြီးနေချင်တယ်ဆိုရင် အမြုတေစုဖွဲ့ဆေးလုံးတစ်ထောင်ကို ဆက်ပြီးပေးချေရမယ်... မဟုတ်ရင်တော့... ခင်ဗျားက မြို့စောင့်တပ်သတွေရဲ့ ကန်ထုတ်တာကို ခံရလိမ့်မယ်”

“ဘု​ရားရေ... နဂါးအသူရာချောက်နက်မြို့တော်မှာ တစ်ရက်နေဖို့အတွက် အမြုတေစုဖွဲ့ဆေးလုံး တစ်ထောင်ကို ပေးချေရတာလား”

သွမ့်ထျန်လန်က တီးတိုးရေရွတ်လိုက်၏

“အဲ့ဒါက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ”

လူတိုင်းသည် ခပ်ဝေးဝေးမှာ ရပ်နေကြပြီး ယခုအချိန်ထိ မြို့ဂိတ်တံခါးဆီသို့ မရောက်ရှိကြသေးပေ။

သို့သော်လည်း သွမ့်ထျန်လန်၏ စကားကို မြို့စောင့်တပ်သားတစ်ယောက်က ကြားသွားလေသည်။

မြို့စောင့်တပ်သားက အေးစက်နေသောအမူအရာဖြင့် လှမ်းကြည့်လိုက်၏။

သွမ့်ထျန်လန်က တုန်လှုပ်သွားပြီး ဇက်ကိုပုလိုက်လေသည်။

ဆူဇီမိုက လေတစ်ချက်ကို ရှုသွင်းပြီး ပြောလိုက်၏။

“မြို့ဂိတ်တံခါးဆီကို သွားကြရအောင်”

“ကောင်းပြီလေ”

ယွဲ့ဟောက်နှင့် အခြားသူများက သဘောတူလိုက်ကြ၏။

ဆူဇီမိုက ပြောလိုက်လေသည်။

“ခင်ဗျားတို့တွေက ဒီတစ်ခေါက် ကျုပ်နဲ့အဖော်လိုက်လာတာဆိုတော့... မြို့ဝင်ကြေးကို ကျုပ်ပဲပေးလိုက်မယ်”

ဆူဇီမိုသည် ဤတစ်ခေါက် သွေးသူရိယတောင်ကြားစစ်တပ်ကို ဖျက်ဆီးခြင်းဖြင့် အတော်များများရရှိထား၏။ သူသည် ယွဲ့ဟောက်နှင့် အခြားနှစ်ယောက်ထံမှ အသုံးဝင်သော သတင်းအချက်အလက်အတော်များများကိုလည်း ရရှိထားခဲ့ပြီး သူ့အနေဖြင့် မြို့ဝင်ကြေးကို ပေးချေသင့်လေသည်။

“ဒါက...”

ယွဲ့ဟောက်နှင့် အခြားနှစ်ယောက်က တုံ့ဆိုင်း၍ ငြင်းဆန်ဖို့ ဟန်ပြင်လိုက်ကြ၏။

သို့သော်လည်း ဆူဇီမိုက သူ၏ သိုလှောင်အိတ်ထဲကနေ အမြုတေစုဖွဲ့ဆေးလုံးတချို့ကို ထုတ်ယူကာ မြို့စောင့်တပ်သားများကို ကမ်းပေးလိုက်ပြီဖြစ်လေသည်။

All Chapters