← Chapters

ဒီဇိုင်းခိုးယူမှုပြဿနာ

Vol. 70 Ch. 1038

ဒီဇိုင်းခိုးယူမှုပြဿနာ

Vol. 70 Ch. 1038

ဤသည်မှာ အလွန်ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်ကောင်းဖြစ်သည်ကို သံသယရှိစရာ မရှိပေ။

သို့သော်လည်း တစ်ဖက်သား၏ တောင်းဆိုချက်ကိုကြည့်၍ ထိုအမှုကို ပြန်ဖွင့်ရန် ကြိုးစားနေကြောင်း ခန့်မှန်းရန်မှာ ကောင်းထန်း အတွက် မခက်ခဲပေ။

ဤကဲ့သို့ ကိစ္စမျိုးသာ ရှိမလာလျှင် ထိုဖြစ်ရပ်၏ အမှန်တရားသည် အမှောင်ထဲတွင် ထာဝရနစ်မြုပ်နေမည် ဖြစ်ပြီး နေ့အလင်းရောင်ကို ဘယ်သောအခါမှ မြင်ရတော့မည်မဟုတ်ပေ။

ထို့ကြောင့် ကောင်းထန်းက သေချာစဉ်းစားပြီးနောက်တွင် ပထမဦးဆုံး ညွှန်ကြားချက်ကို ပေးခဲ့သည်။

“အင်မော်တယ်ရွေ့လျား ကင်းလှည့်အဖွဲ့က ၁၀ ကီလိုမီတာအကွာကနေ ဆုတ်ခွာပြီး အနီးနားမှာ စောင့်ဆိုင်းနေဖို့ စီစဉ်ပါ”

“အမိန့်အတိုင်းပါ”

ကောင်းထန်းက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

ကင်းလှည့်ရဲအဖွဲ့က နောက်ဆုတ်ခိုင်းရသည့် အကြောင်းအရင်းကို နားမလည်သော်လည်း ကောင်းထန်း၏ အမိန့်ကို နာခံခဲ့ကြသည်။

တကယ်တမ်းတွင် အင်မော်တယ်ရွေ့လျား ကင်းလှည့်အဖွဲ့သည် သတ်ပစ်မည့်အစီအစဉ်ကို စတင်နေကြပြီ ဖြစ်သည်။

၎င်းတို့က ခန်းမအတွင်းရှိ လူသတ်သမားအား ပစ်မှတ်ထားသတ်ဖြတ်ရန်အတွက် ဓားပျံနှင့် အနီအောက်ရောင်ခြည် မှော်ရတနာတစ်ခုကို အသုံးပြုရန် စီစဉ်ထားခဲ့သည်။

ဤနည်းလမ်းဖြင့်ဆိုလျှင် အောင်မြင်မှု ရာခိုင်နှုန်းမှာ ၈၀% အထိ မြင့်မားသည်။

သူတို့၏အမြင်တွင် လူသတ်သမားအား ဖယ်ရှားလိုက်သည်နှင့် ကိစ္စအားလုံး အဆင်ပြေသွားလိမ့်မည် ဖြစ်၏၊။

သို့သော် ကောင်းထန်း၏ ရည်ရွယ်ချက်မှာ ရာဇဝတ်ကောင်ကို ဖမ်းရန်သက်သက် မဟုတ်ကြောင်း ထင်ရှားနေသည်။

ထို့ပြင် အဝေးကနေ ဓားပျံကိုအသုံးပြု၍ ရာဇဝတ်ကောင်အားဖယ်ရှားရန် အစီအစဉ်၏ အောင်မြင်မှုနှုန်းသည် ရာနှုန်းပြည့်မဟုတ်ပေ။

အကယ်၍ မအောင်မြင်ခဲ့လျှင် ရာဇဝတ်ကောင်ကို နှိုးဆော်လိုက်သလို ဖြစ်သွားမည်ဖြစ်၍ ခန်းမအတွင်းရှိ ကျောင်းသားအားလုံး ဒုက္ခများကုန်ကျမည် ဖြစ်သည်။

ထို့ပြင် အရေးကြီးဆုံးအချက်မှာ ရာဇဝတ်ကောင် အသုံးပြုသည့် သတ်ဖြတ်ခြင်းနည်းလမ်း ဖြစ်သည်။

ရာဇဝတ်ကောင်သည် ယခင်က ဖန်သားပြင်က တဆင့် သတ်ဖြတ်ခဲ့သူ ဖြစ်၏။

ထိုကဲ့သို့ ထူးခြားသောနည်းစနစ်ဖြင့် သတ်ဖြတ်ခြင်းကပင် ရာဇဝတ်ကောင်သည် ကျင့်ကြံခြင်းနယ်ပယ်အဆင့် မြင့်မားသူတစ်ယောက် ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။

ထို့ကြောင့် သူ့အနေဖြင့် ပိုမိုသတိထားရမည် ဖြစ်သည်။

တစ်ဖက်လူက သူ့ကို လှည့်ဖြားသည်ဟု ခံစားမိသွားလျှင် စိတ်ကူးပင်မယဉ်နိုင်သည်အထိ အန္တရာယ်ရှိလာနိုင်ပေသည်။

ကောင်းထန်းက ရောက်ရှိလာသည်နှင့် ကျောင်းအုပ်ကျိုးကို သူနှင့်အတူ ရဲစခန်းကနေ ယူလာခဲ့သည့် သိုလှောင်အိတ်ကို ကမ်းပေးလိုက်သည်။

ထို သိုလှောင်အိတ်ထဲတွင် ငွေသားယွမ်သုံးသန်း ပါဝင်၏။

ရာဇဝတ်ကောင်၏ တောင်းဆိုချက်ကို လက်ခံရရှိပြီးနောက်တွင် ကောင်းထန်းသည် အနီးနားရှိ ဘဏ်တစ်ခုအား ပူးပေါင်းဆောင်ရွက်ရန် အမိန့်ပေးခဲ့ပြီး ယွမ်သုံးသန်းကို ရယူခဲ့သည်။

ဤသည်က ငွေညှစ်သည့် အလေ့အထ တစ်ခုထက် မပိုသောကြောင့် ဘဏ်အနေဖြင့် ယွမ်သုံးသန်းကို ဆုံးရှုံးနိုင်ခြေ အလွန်နည်းပါးသည်ဟု ကောင်းထန်း ခန့်မှန်းခဲ့သည်။

ဟုတ်ပါသည်၊ အဆုံးသတ်တွင် သူတို့က ငွေကို ဆုံးရှုံးခဲ့လျှင်ပင် အာမခံကုမ္ပဏီသည် ဘဏ်ကို လျော်ကြေးပေးလိမ့်မည် ဖြစ်သည်။

ရဲများ တားဆီးထားသည့်ကြိုးကို ဖြတ်ကျော်ပြီးနောက်တွင် ကောင်းထန်းသည် ငွေရောင်လေးနှင့်အတူ သူယခင်က မြင်ဖူးခဲ့သည့် အမွေးစိမ်း ခွေးတစ်ကောင်လည်း ဤနေရာတွင်ရှိနေသည်ကို သတိပြုမိကာ အံ့ဩသွားခဲ့သည်။

“မင်းတို့နှစ်ယောက်က ဒီကိုဘယ်လိုလုပ် ရောက်နေတာလဲ”

ကောင်းထန်း၏စကားကြောင့် အခင်းဖြစ်ပွားရာရှိ ရဲများနှင့် ဆရာများသည် ကူကယ်ရာမဲ့ ဖြစ်နေသည်။

ကောင်းထန်း၏ညွှန်ကြားချက်ကြောင့် ၎င်းတို့သည် အခင်းဖြစ်ပွားရာနေရာတွင် ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ ဆုတ်ခွာကြရန် အမိန့်ပေးပြီးသား ဖြစ်သည်။

သို့သော်လည်း ငွေရောင်လေးက မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးမှ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်၍ ၎င်းတို့က ဆုတ်ခွာရန် တောင်းဆိုရဲခြင်း မရှိခဲ့ပေ။

“ငါတို့နှစ်ယောက်က ဒီနားကဖြတ်သွားရင်း ရောက်လာတာပါ”

ငွေရောင်လေးက ကောင်းထန်းကို ပြောလိုက်သည်။

ထို့နောက်တွင် သူက လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။

“မင်းဘာမှစိတ်မပူနဲ့.. ထွင်ထျန်းဟာနဲ့ ငါက ငါတို့ရဲ့ အော်ရာကို ဖုံးကွယ်ထားတယ်.. တစ်ဖက်က လုံးဝသိမှာမဟုတ်ဘူး”

ကောင်းထန်း “..........”

တကယ်တမ်းတွင် ငွေရောင်လေးသည် လူသတ်သမား တောင်းဆိုသည့်အရာနှင့် ပတ်သတ်၍ အထူးစိုးရိမ်ခြင်း မရှိပေ။

လူသတ်သမားက ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို ဆုတ်ခွာပေးရန် တောင်းဆိုခဲ့သည်။

သို့သော်လည်း ငွေရောင်လေးမှာ သူတော်စင်သားရဲ ဖြစ်ပြီး ထွင်ထျန်းဟာသည် သူတော်စင်သားရဲတစ်ပိုင်း ဖြစ်၏။

ထို့အပြင် နောက်ဆုတ်ရမည့်သူများမှာ လူသားများသာ ဖြစ်၍ သူတော်စင်သားရဲများ ဖြစ်သည့် သူတို့နှင့် မည်သို့ သက်ဆိုင်ပါအံ့နည်း။

ကျောင်းအုပ်ကြီး ကျိုးသုန်ယဲ့က ကောင်းထန်း ရောက်ရှိလာသောအချိန်တွင် အနည်းငယ် စိတ်အေးသွားခဲ့သည်။

သို့သော်လည်း လက်ရှိအခြေအနေမှာ အလွန်တင်းမာနေဆဲဖြစ်၏။

“ပြိုင်ပွဲဗီဒီယိုကို နာရီဝက်အတွင်း ပေးပို့နိုင်လား ကျောင်းအုပ်ကြီး”

ကောင်းထန်းက မေးလိုက်သည်။

“ပေးပို့နိုင်မယ်လို့ ထင်တယ်”

“ကျောင်းအုပ်ကြီးကျိုး.. ငါအဖြေကို အတိအကျလိုချင်တယ်”

“ပေးပို့နိုင်ပါတယ်”

ကျောင်းအုပ်ကြီး ကျိုးသုန်ယဲ့က ထိုသို့ပြော၍ ကောင်းထန်းသည် ခန်းမဘက်သို့ လှည့်ကြည့်လိုက်သည်။

“ဆရာ.. ကျောင်းအုပ်ကြီးကျိုးသုန်ယဲ့ ပြောတာကို ကြားတယ်မဟုတ်လား”

“ဒါကြောင့် ဘာအတွက်နဲ့ ဒီလိုလုပ်ရလဲဆိုတာကို ငါတို့နဲ့ဆွေးနွေးလို့ရပါတယ်”

အချိန်အတော်ကြာသည်အထိ ခန်းမထဲမှ တုံ့ပြန်မှုမရှိခဲ့ပေ။

သို့သော် နောက်ထပ် အခိုက်အတန့်တွင် ခန်းမအပြင်ဘက်ရှိ LCD ဖန်သားပြင်ပေါ်တွင် ရုပ်ပုံတစ်ပုံ ပေါ်လာခဲ့သည်။

ထိုပုံမှာ မှော်ရတနာ ဆေးမီးဖိုတစ်ခု၏ ဒီဇိုင်းကို ရေးဆွဲထားခြင်း ဖြစ်၏။

ဆေးမီးဖိုတစ်ခုလုံးသည် စိမ်းပြာရောင်ဖြစ်ပြီး အပြင်ပိုင်းကို ကျောက်စိမ်းနှင့် ငွေရောင်ပုလဲများဖြင့် ဖုံးအုပ်ထားသည်။

ယင်းဆေးမီးဖိုကို သန့်စင်သည့် လုပ်ငန်းစဉ်အတွင်း မီးဖိုအတွင်းရှိ ဖိအားကို အကောင်းဆုံး လျှော့ချပေးနိုင်သည့် မမြင်နိုင်သော လေဝင်ပေါက် ၁၂၈ခု ပါရှိသည့် ခရုပတ်ခြေထောက်များ ပေါ်တွင် အထိုင်ချထားသည်။

ထို့အပြင် ဆေးမီးဖို၏အောက်ခြေတွင်လည်း ပတ်ဝန်းကျင်နှင့်သဟဇာတ ဖြစ်သော သဘောတရားကို ထင်ဟပ်စေသည့် လေဝင်ပေါက် တစ်ခုကို တပ်ဆင်ထား၏။

ဤသည်မှာ လွန်ခဲ့သောသုံးနှစ်ခန့်က မှော်ရတနာဒီဇိုင်းပြိုင်ပွဲတွင် ပထမရရှိခဲ့သော လက်ရာ ဖြစ်သည်။

ထိုလက်ရာ၏ ညာဘက်အောက်ထောင့်တွင် ဒီဇိုင်နာရာဗန်ဟူသော အမည်ရှိနေသည်။

တကယ်တမ်းတွင် ရာဗန်သည် လူတစ်ဦး၏အမည် မဟုတ်ဘဲ နာမည်ကြီး စတူဒီယိုတစ်ခု၏ အမည်ဖြစ်သည်။

ရာဗန်စတူဒီယို၏ တည်ထောင်သူမှာ ကျန့်ကျင်းရွှယ်နှင့် တစ်နှစ်တည်း ဖြစ်သည့် မှော်ရတနာတည်ဆောက်ပြုပြင်ခြင်းတက္ကသိုလ်မှ ဘွဲ့ရဖြစ်သော ဖူဖူရှန့်မှလွဲ၍ အခြားသူမဟုတ်ပေ။

ထိုအစိမ်းရောင် ခရုပတ်မီးဖို၏ ညာဘက်အောက်ထောင့်ရှိလက်မှတ်သည် ပြိုင်ပွဲကို အနိုင်ရရှိခဲ့သည့် ကျောင်းသားဖူဖူရှန့်၏ စတူဒီယိုကို ပရိုမိုးရှင်းဆင်းသော နည်းလမ်း ဖြစ်သည်။

“ဖူဖူရှန့်လား”

“ဖူဖူရှန့်က ဘယ်သူလဲ”

ငွေရောင်‌လေးက မေးလိုက်သည်။

“ရာဗန်စတူဒီယို တည်ထောင်သူပဲ.. ဒီစတူဒီယိုက မှော်ရတနာနယ်ပယ်မှာဆိုရင် နာမည်ကြီးဒီဇိုင်းစတူဒီယို တစ်ခုပဲ.. တည်ထောင်သူ ကျောင်းသားဖူဖူရှန့်က ကျောင်းသား ကျန့်ကျင်းရွှယ်နဲ့ တစ်နှစ်တည်းပဲ.. နှစ်ယောက်လုံးက ထူးချွန်တဲ့ အရည်အချင်းတွေ ရှိကြတယ်”

ကောင်းထန်းက ရှင်းပြလိုက်သည်။

“ဒါဆို ကျောင်းသားကျန့်ကျင်းရွှယ် ဆီက ဒီဇိုင်းခိုးယူတဲ့သူက ဖူဖူရှန့် ဖြစ်နိုင်တာပေါ့”

“အမှန်ပဲ”

ကောင်းထန်းက ခေါင်းညိမ့်လိုက်သည်။

“အဲဒီတုန်းက ချန်နယ်တွေက တဆင့် ပြည်သူတွေကို သံသယဖြစ်အောင် ပထမဆုံး ထုတ်ဖော်ခဲ့တဲ့သူက ကျောင်းသားဖူဖူရှန့်ပဲ.. သူကြောင့်ပဲ မီဒီယာတွေ အားလုံးက ဒီဇိုင်းခိုးယူတဲ့သူကို ဆန့်ကျင်တဲ့စစ်ပွဲမှာ ပါဝင်ခဲ့ကြပြီး ဒီလိုအဖြစ်ဆိုးကို ဖြစ်ပေါ်စေခဲ့တယ်”

ကောင်းထန်း၏ စကားကြောင့် အနီးနားရှိ ကျောင်းအုပ်ကြီးကျိုးက မျက်နှာပျက်နေခဲ့သည်။

ကျောင်းအုပ်ကြီးကျိုး “ခေါင်းဆောင်ကောင်း.. ပြီးခဲ့တဲ့ကိစ္စတွေကို ပြောမနေဘဲ ငါ့တပည့်တွေကို ကယ်တင်ဖို့ နည်းလမ်းစဉ်းစားပေးပါဦး.. အဲဒီအချိန်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက ပြေလည်အောင် ဖြေရှင်းထားပြီးသားပါ.. ကျန့်ကျင်းရွှယ်ဒီဇိုင်းခိုးယူခဲ့တယ် ဆိုတာကို ထွက်ဆိုချက်တွေနဲ့ သက်သေ အထောက်အထား အခိုင်အလုံရှိတဲ့ အတွက် စီရင်ချက်တောင်ချထားပြီးပြီလေ.. ဒီကိစ္စကို ပြန်လည်ဖော်ထုတ်နေတာက ကျောင်းသားကျန်းရဲ့ မိသားစုကို စိတ်ဒဏ်ရာအသစ် ပေးနေသလိုပဲ.. ဒီလိုလုပ်နေမယ်ဆိုရင် ကျောင်းသားကျန့်ရဲ့ ဝိညာဉ်ကလည်း ငြိမ်းချမ်းစွာ အနားယူနိုင်မှာ မဟုတ်ဘူး”

“ဒီက ကျောင်းအုပ်ကြီးကျိုးသုန်ယဲ့ ပြောတာတွေက အမှန်ပဲလား”

ကောင်းထန်းက ခန်းမအတွင်းသို့ အော်ဟစ်၍ မေးခွန်းထုတ်လိုက်သည်။

ထိုခဏတွင် ကျောင်းအုပ်ကြီးကျိုး၏ မျက်နှာသည် မည်းမှောင်သွားခဲ့်၏။

ကောင်းထန်းက ခန်းမအတွင်းရှိလူကို အော်ဟစ်၍ ပြောလိုက်သည်။

“မစ္စတာကျန်း မင်းရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာငါနားလည်တယ်.. ဒါပေမဲ့ ကိစ္စက ဖြစ်ပြီးသွားခဲ့​ပြီ.. မင်းနောက်ထပ်အမှားတွေ ထပ်မကျူးလွန်ဖို့ ငါမျှော်လင့်ပါတယ်.. ဒီနှစ်တွေ တစ်လျှောက်လုံးမှာ မင်းက စုံစမ်းစစ်ဆေးမှုတွေ အများကြီးလုပ်ခဲ့တာ ငါနားလည်တယ်.. မင်းစုံစမ်းထားတဲ့ သံသယတွေ အားလုံးကို ထုတ်ပြောဖို့ ဒီအခွင့်အရေးကို အသုံးချလိုက်ပါ.. ဒီမှာရှိတဲ့ လူတွေအားလုံးက မင်းရဲ့သက်သေတွေ ဖြစ်လာလိမ့်မယ်”

ကောင်းထန်းက ထိုသို့ ပြောလိုက်သောအခါတွင် ခန်းမအတွင်းရှိလူသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။

“မစ္စတာကျန်း ဟုတ်လား”

ကောင်းထန်း၏ စကားကြောင့် ကျန်းသုန်ယဲ့၏ မျက်နှာက နီရဲသွားခဲ့သည်။

ခန်းမအတွင်းရှိလူက ကျန့်ကျင်းရွှယ်၏အဖေ ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“ခေါင်းဆောင်ကောင်းက အရည်အချင်းရှိတဲ့သူ တစ်ယောက်ပဲ.. ငါဘယ်သူလဲ ဆိုတာကို ချက်ချင်း ခန့်မှန်းနိုင်ခဲ့တယ်”

ခန်းမအတွင်းရှိလူက သက်ပြင်းချ၍ ပြောလိုက်သည်။

“အထဲကလူ ဘယ်သူလဲဆိုတာ မင်းဘယ်လိုလုပ်သိတာလဲ”

ငွေရောင်လေးက အသံခပ်တိုးတိုးဖြင့် ကောင်းထန်းကို မေးလိုက်သည်။

“ငါက ရမ်းသမ်းဖြီးလိုက်တာပါ.. သူ ဝန်ခံလာလိမ့်မယ်လို့ မထင်ခဲ့ဘူး”

ကောင်းထန်းက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။

ငွေရောင်လေး “..........”

ကျန့်ကျင်းရွှယ်၏ဖခင် ကျန့်ထျန်းချမ်းသည် ဤဓားစာခံအခြေအနေအပြင် ကွင်းဆက်လူသတ်မှု၏ နောက်ကွယ်တွင် ရှိနေခဲ့သည်။

ထိုအချိန်က တင်ပြခဲ့သည့် ခိုင်မာသော အချက်အလက်များနှင့်ပတ်သတ်၍ သူ့တွင် မည်သို့သော အထောက်အထားများ ရှိနေပါသနည်း။

ဆရာအတော်များများက စိတ်ထဲတွင် သံသယများ ရှိလာခဲ့ကြသည်။

မိနစ်အနည်းငယ်အကြာတွင် ကျန့်ထျန်းချမ်းက ပြောလိုက်သည်။

“ငါအခုလူတစ်ယောက်ကို မေးခွန်းမေးချင်ပါတယ်”

ဟု ပြောလိုက်သည်။

“ဘယ်သူ့ကို မေးချင်လို့လဲ”

ကောင်းထန်းက ပြန်လည် မေးခွန်းထုတ်လိုက်သည်။

“ကျောင်းသူ လင်းရှစ်ယောင် ဒီမှာရှိတယ်မဟုတ်လား.. ငါ့ရဲ့ပထမဆုံးမေးခွန်းအတွက် သူမကို မေးခွင့်ပြုပါ”

အပိုင်း(၁၀၃၈) ပြီး၏

All Chapters