ပုံမှန်မဟုတ်သော နယ်ပယ်အဆင့် ဖွံဖြိုးမှု
Vol. 70 Ch. 1042
ခေတ်မီကျင့်ကြံခြင်း လူ့အဖွဲ့အစည်းသည် နာကျည်းဖွယ်အတွေ့အကြုံများ သက်သက်ဖြင့် မလုံလောက်ပေ။
ကျင့်ကြံသူအများအပြားသည် အခွင့်အလမ်း အမျိုးမျိုးကိုလိုက်၍ ၎င်းတို့၏နယ်ပယ်ကို အချိန်တိုအတွင်းတိုးတက်အောင် ဆောင်ရွက်ခဲ့ကြသည်။
ဤကဲ့သို့ တိုးတက်မှုမျိုးသည် ဆန်းကြယ်သည်ဟု မယူဆနိုင်ပေ။
အကြောင်းအရင်းမှာ တိုးတက်မှုသည် အဆင့်ငယ်များသာဖြစ်သောကြောင့်ပင်။
ကျင့်ကြံခြင်း စွယ်စုံကျမ်းတွင် အချိန်တိုအတွင်း ဤကဲ့သို့အဆင့်ငယ် တစ်ဆင့် တိုးတက်မှုအတွက် အထူး အသုံးအနှုန်းတစ်ခုရှိသည်။
ယင်းမှာ အဆင့်အနည်းငယ်တက်ခြင်း ဖြစ်၏။
သို့သော် ဖေဖေကျန့်၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်က သိသိသာသာပင် အဆင့်ကြီး တစ်ဆင့် တိုးတက်နေခဲ့သည်။
ဤကဲ့သို့ အဆင့်ကြီး တစ်ဆင့် ခုန်ပေါက်တိုးတက်သွားခြင်းသည် တရားမဝင်ဆေးဝါး သို့မဟုတ် တားမြစ်မှော်နည်းလမ်းများနှင့် မလွဲမရှောင်သာ ဆက်စပ်နေလောက်သည်။
“ဒါက ပုံမှန်မဟုတ်တဲ့ တိုးတက်မှုမျိုးပဲ.. ဘယ်လိုလူက ဒီလောက် မြန်မြန်တိုးတက်အောင် လုပ်နိုင်မှာလဲ.. ဒါက ဝတ္ထုလည်း မဟုတ်ဘူးလေ”
ကောင်းထျန်းက အစီအရင်ခံစာကို စိုက်ကြည့်ပြီးနောက် စိတ်ထဲတွင် အဖြစ်အပျက်များကို သုံးသပ်နေမိသည်။
ကျန့်ကျင်းရွှယ်၏ဖခင်က ဓားစာခံတစ်ဦးကိုမှ မထိခိုက်စေခဲ့ပေ။
သို့သော်လည်း ကျောင်းသားများကို အကျဉ်းချထားခြင်းသည်ပင် ရာဇဝတ်မှုမြောက်နေပြီ ဖြစ်သည်။
အချို့သော ရာဇဝတ်ကောင်များသည် ဓားစာခံ၏ လည်ပင်းကို ဓားဖြင့်ထိုးမည်ဟု ခြိမ်းခြောက်လေ့ ရှိသော်လည်း အမှန်တကယ်တွင် လုံးဝမလုပ်ဝံ့ကြပေ။
အကြောင်းအရင်းမှာ သတ်ဖြတ်ခြင်းသည် ပြင်းထန်သောရာဇဝတ်မှုဖြစ်ပြီး ရာဇဝတ်ကောင်များသည် ထိုပြစ်ဒဏ်ကို မခံယူဝံ့ကြသောကြောင့် ဖြစ်၏။
ထို့ကြောင့် ၎င်းတို့ကို အတင်းအကျပ် မလုပ်သရွေ့ ရာဇဝတ်ကောင်များသည် များသောအားဖြင့် ဓားစာခံကိုအန္တရာယ်ပြုလေ့မရှိပေ။
ဤကဲ့သို့သော အခြေအနေများတွင် ရဲများသည် ဓားစာခံကိုကာကွယ်ရန်အတွက် ရာဇဝတ်ကောင်၏ တောင်းဆိုချက်များကို လိုက်လျောညီထွေဖြစ်အောင် တတ်နိုင်သမျှ လုပ်ဆောင်ပေးပြီး အန္တရာယ်ရှိသည့် အခြေအနေကို ထိန်းချုပ်နိုင်ရန်ကြိုးစားလေ့ရှိသည်။
“အဆင့်ကြီးတစ်ဆင့် ကျော်တက်တာက ဘာပြဿနာရှိလို့လဲ”
ငွေရောင်လေးက အံ့ဩတကြီး မေးလိုက်သည်။
အခြေအနေကို သူအမှန်တကယ် နားမလည်ခဲ့ပေ။
အဆုံးသတ်တွင် သူသည် ဆရာလေးလင်း၏ ကောင်းကင်ဘုံကိုပင် အံတုနိုင်သော အဆင့်တက်နှုန်း အကြောင်းကို သိရှိထားခဲ့သည်။
အစပိုင်းတွင်မူ ဝမ်လင်း၏ နယ်ပယ်အဆင့်သည် တစ်နှစ်လျှင် အဆင့်ကြီးတစ်ဆင့်နှုန်းဖြင့် တိုးတက်လာသည်။
ယခုအခါတွင်မူ နယ်ပယ်အဆင့် တိုးတက်မှုကြား ကာလသည် တဖြည်းဖြည်း တိုတောင်းလာပြီး အဆင့်သည်လည်း မြန်မြန်ဆန်ဆန် တက်လာခဲ့သည်။
ဤအခြေအနေကြောင့် သူ၏ ဆရာလေးလင်းသည် ခွန်အားကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် အတွက် နည်းလမ်းရှာဖွေနေကြောင်း ငွေရောင်လေး သိထားခဲ့သည်။
ဟုတ်ပါသည်၊ ဝမ်လင်းနှင့် ဖေဖေကျန့်တို့သည် အခြေအနေချင်း အနည်းငယ်ကွာခြား၏။
ဝမ်လင်း၏ နယ်ပယ်အဆင့်တိုးတက်မှုနှုန်းသည် သဘာဝအတိုင်းသာ ဖြစ်၏။
ကောင်းထျန်းကမူ ဖေဖေကျန့်သည် တားမြစ်ထားသော မှော်နည်းလမ်း သို့မဟုတ် တရားမဝင်ဆေးဝါးများကို အသုံးပြုထားနိုင်ကြောင်း ယုံကြည်နေခဲ့သည်။
“ပြဿနာပဲ”
ကောင်းထျန်းက အစီအရင်ခံစာကို စိုက်ကြည့်ရင်း အေးစက်စက် ချွေးများထွက်လာခဲ့သည်။
“ဒီတိုင်းဆိုရင် အထူးစည်းမျဉ်းအရ ဖေဖေကျန့်ကို သတ်ပစ်ဖို့က အခွင့်အလမ်း အရမ်းများတယ်”
“ဒီလိုမျိုး နယ်ပယ်အဆင့် ခုန်ပေါက်တိုးတက်တာက ဥပဒေနဲ့မညီလို့လား”
ထွင်ထျန်းဟာက မေးခွန်းထုတ်လိုက်သည်။
“ကျန့်ထျန်းချမ်းရဲ့ အခြေအနေအရ တရားမဝင်နည်းလမ်းကိုအသုံးပြုထားဖို့က ဖြစ်နိုင်ချေ ၉၅% ရှိတယ်.. ဒါ့အပြင် သူက တက္ကသိုလ်ကျောင်းသားတွေကို ဓားစာခံလုပ်ပြီး အန္တရာယ်ရှိတဲ့ လှုပ်ရှားမှုတွေလည်း လုပ်နေတဲ့အတွက် ဥပဒေအရ သူ့ကို အခင်းနေရာမှာတင် သတ်ပစ်လို့ရနေတယ်”
ကောင်းထျန်း၏ အမူအရာက လေးနက်လာခဲ့သည်။
သူက ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့ကို ဥပဒေအကြောင်းရှင်းပြနေခဲ့သည်။
တားမြစ်ဆေးဝါးသည် ကျင့်ကြံသူတစ်ဦး၏ စိတ်ကို မူမမှန်ဖြစ်စေနိုင်သောကြောင့် ဥပဒေနှင့်ပင် တားမြစ်ထားရခြင်းဖြစ်သည်။
ထို့အပြင် အန္တရာယ်အလွန်များသည့် တားမြစ်ထားသော မှော်နည်းလမ်းများကို ကျင့်ကြံခဲ့လျှင်လည်း အပြစ်ပေးခံရမည်မှာ သေချာသည်။
“ငါတို့ရဲ့ လူသားကမ္ဘာမှာ စိတ်မနှံ့သူတစ်ယောက်က ဥပဒေကိုချိုးဖောက်ရင်တောင်မှ တာဝန်ယူမှု တာဝန်ခံမှု ရှိရတယ်.. ဥပဒေအရ စိတ်မနှံ့တဲ့သူရဲ့ မိသားစုဝင်တွေတောင်မှ အပြစ်ကင်းလွတ်ခွင့် မရှိဘူး.. ဘာကြောင့်လဲဆိုတော့ ကောင်းကောင်း မကြီးကြပ်နိုင်တာကလည်း အပြစ်တစ်ခု ဖြစ်နေလို့ပဲ”
ကောင်းထျန်းက လက်ရှိအခြေအနေကို ဥပမာနှင့်တကွ ရှင်းပြလိုက်သည်။
တရားမဝင်ဆေးဝါးကို သုံးစွဲခြင်း သို့မဟုတ် တားမြစ်နည်းစနစ်ကို ကျင့်ကြံထားသော ကျင့်ကြံသူတစ်ယောက်သည် တည်ငြိမ်သော စိတ်အခြေအနေကို ထိန်းသိမ်းထားနိုင်ရန် အာမခံချက်မရှိပေ။
ထို့ကြောင့် အပေါ်ယံအမြင်အားဖြင့် ဓားစာခံများ၏ အခြေအနေမှာ စိုးရိမ်စရာ ဖြစ်နေသည်။
ကောင်းထျန်း ယခုအချိန်တွင် အစိုးရိမ်ဆုံးအရာမှာ အထက်က ဖေဖေကျန့်ကို တိုက်ရိုက်သတ်ဖြတ်ရန် စေခိုင်းမည်ကိုဖြစ်သည်။
ထိုအတိုင်းသာ ဖြစ်ပွားခဲ့လျှင် အခြေအနေက လုံးဝရှုပ်ထွေးသွားမည်မှာ သေချာသည်။
လွန်ခဲ့သည့်သုံးနှစ်မှ အမှု၏ အမှန်တရားသည်လည်း နောက်ထပ်တစ်ကြိမ် ဆုံးဆုံးမြုပ်သွားလိမ့်မည် ဖြစ်သည်။
ကောင်းထျန်းက ဓားစာခံများ ဒဏ်ရာရသည်ကို မဖြစ်စေချင်သော်လည်း ဖေဖေကျန့်က အမှန်တရား ထုတ်ဖော်နေစဉ် တားဆီးခံရတာမျိုးလည်း မမြင်ချင်ခဲ့ပေ။
အခြားတစ်ဖက်တွင်လည်း ကျင့်ကြံခြင်းရဲဗျူရို ရုံးချုပ်တွင် အကြီးအကဲကျိုးသည် လက်ဝါးဖြင့် စားပွဲကို ရိုက်ချလိုက်သည်။
“ငါ့ကိုပြောစမ်း.. လက်ရှိအခြေအနေက ဘယ်လိုလဲ.. အင်မော်တယ် ရွေ့လျားကင်းလှည့်အဖွဲ့က ဘာလို့ခုထိ မလှုပ်ရှားသေးတာလဲ.. သူတို့တွေ ဘာလုပ်နေကြတာလဲ.. ခန်းမထဲမှာလူသတ်သမားက ဓားစာခံတွေကို ဖမ်းထားတယ်.. သူ့ရဲ့ကျင့်ကြံခြင်းနယ်ပယ်အဆင့် တိုးတက်နှုန်းကလည်း ပုံမှန်မဟုတ်ဘူး.. ဒါက တစ်ခုခုမှားနေတယ်ဆိုတာ သေချာနေတယ်.. ဒီလိုတားမြစ်ဆေးဝါးတွေ တားမြစ်နည်းစနစ်တွေ သုံးထားတဲ့ လူက အချိန်မရွေး စိတ်မတည်မငြိမ် ဖြစ်သွားနိုင်တယ်.. အကယ်၍ သူက ဓားစာခံတွေကို သတ်ဖြတ်လိုက်ရင် ဒီတာဝန်တွေကို ဘယ်သူ ခေါင်းခံနိုင်မှာလဲ”
ထိုအချိန်တွင် သူ့နံဘေးရှိ လက်ထောက်က အကြီးအကဲကျိုးကို ပြောလိုက်သည်။
“ဒေါသမထွက်ပါနဲ့ အကြီးအကဲကျိုး.. ခုဆိုရင် ဒီကိစ္စက အွန်လိုင်းမှာ တော်တော်ခေတ်စားနေပြီ.. လူထုတစ်ရပ်လုံးကလည်း လွန်ခဲ့တဲ့သုံးနှစ်က ကိစ္စအပေါ်မှာ အာရုံစိုက်နေကြတယ်.. ကျန့်ထျန်းချမ်းက ဓားစာခံတွေကို မထိခိုက်စေဘဲနဲ့ ကျွန်တော်တို့ အရေးယူလိုက်မယ်ဆိုရင် လူထုရဲ့ဒေါသကို ဆွသလို ဖြစ်သွားနိုင်တယ်”
“တောင်းပန်ပါတယ်.. ငါခဏတာ စိတ်မထိန်းနိုင် ဖြစ်သွားခဲ့တယ်.. ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး အထက်က ငါ့ကို ဖိအားပေးနေပြီ.. အမြန်ဆုံးဖြေရှင်းမှ ဖြစ်မယ်”
အကြီးအကဲကျိုးက အသက်ကို ခပ်ပြင်းပြင်းရှူကာ ပြောလိုက်သည်။
“ဒီကိစ္စကို တာဝန်ယူထားတဲ့သူက ဘယ်သူလဲ”
“မကြာသေးမီက ရာထူးတိုးခံခဲ့ရတဲ့ အရာရှိ ကောင်းထျန်းပါ.. အကြီးအကဲကျိုး ကိုယ်တိုင် သူ့ကို လက်မှတ်ထိုးပေးခဲ့တာလေ”
“သူလား.. ငါသူ့ကိုသိတယ်”
အကြီးအကဲကျိုးက ခေါင်းညိမ့်လိုက်သည်။
“ရဲဘော်ကောင်းက အလုပ်လုပ်ရာမှာ စေ့စပ်တယ်.. အခင်းနေရာမှာ သူတာဝန်ယူနေတယ်ဆိုရင် ငါနည်းနည်းစိတ်ချလို့ရတယ်”
“အကြီးအကဲကျိုး စိတ်မပူပါနဲ့.. ဘာပြဿနာမှ မဖြစ်လောက်ပါဘူး.. ဘာလို့လဲဆိုတော့ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက အဖွဲ့ခေါင်းဆောင် ငွေရောင်လေးလည်း အခင်းဖြစ်ပွားရာနေရာမှာ ရှိနေပါတယ်.. အဖွဲ့ခေါင်းဆောင် ငွေရောင်လေးက အဆင့်မြင့်ကျင့်ကြံသူ တစ်ယောက်ပဲ.. သူ့အကူအညီနဲ့ ဆိုရင် ဘာပြဿနာမှဖြစ်မလာဘူး ဆိုတာကို အာမခံ နှစ်ထပ်ပေးလို့ရပါတယ်”
“မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးလည်း အခင်းဖြစ်ပွားရာမှာ ရှိနေတာလား.. အဲဒါဆိုရင် ငါစိတ်ချသွားပြီ”
အကြီးအကဲကျိုးက ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။
ထို့နောက်တွင် သူ့ရှေ့ရှိ လက်ဘက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံ မော့သောက်လိုက်သည်။
“ဒါ့အပြင် အကြီးအကဲကျိုး.. ဒါရိုက်တာကျိုးလည်း လာနေပြီဆိုတဲ့ သတင်းကို ကျွန်တော်ရထားတယ်”
“ဖူး…”
အကြီးအကဲကျိုးကျွီက လက်ထောက်၏ မျက်နှာကို လက်ဘက်ရည်များဖြင့် အန်ထုတ်မိလိုက်သည်။
“သူက ဘယ်လိုလုပ်ရောက်လာတာလဲ”
“ဒါရိုက်တာကျိုးရီက တက္ကသိုလ်နားမှာ ရှိနေတယ်လို့ ကြားတယ်.. ဒါ့အပြင် ဒါရိုက်တာကျိုးရီက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင်လည်းဖြစ်တယ်.. သူရှိနေတယ်ဆိုရင် အာမခံက သုံးဆဖြစ်သွားပြီ”
အကြီးအကဲကျိုး “..........”
[လခွမ်း.. သုံးထပ်ကွမ်းအာမခံတောင်ဟ]
“အကြီးအကဲကို ကြည့်ရတာ တစ်ခုခုဖြစ်နေတဲ့ပုံပဲ.. ဒါရိုက်တာကျိုးရီနဲ့ ပြဿနာရှိလို့လား”
ထိုစကားကိုပြောပြီးနောက် လက်ထောက်က သူစကားမှားသွားပြီ ဖြစ်ကြောင်းသိလိုက်၍ ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သည်။
အကြီးအကဲကျိုးက လက်ထောက်ကို တစ်ချက်ကြည့်လိုက်သည်။
“မင်းကိုငါမေးမယ်.. လွန်ခဲ့တဲ့ လအနည်းငယ်က မိစ္ဆာအင်ပါယာကွာဖီကို ဖမ်းတာ ဘယ်သူလဲ”
“ဒါရိုက်တာကျိုးပါ”
“အဲဒီနောက်မှာ အင်မော်တယ်စံအိမ်ကို ဖြိုခွဲတာကရော ဘယ်သူ့လက်ချက်လဲ”
“ဒါရိုက်တာကျိုးပါပဲ”
“မိစ္ဆာဓားနတ်ဘုရားကိုရော ဘယ်သူဖမ်းခဲ့တာလဲ”
“ဒါရိုက်တာကျိုးပဲလေ”
“အားကျန်း.. ငါဒီရာထူးမှာ နှစ်ပေါင်းများစွာ သောင်တင်နေခဲ့တယ်.. နောက်ထပ် ကိစ္စကြီးကြီးမားမား တစ်ခုကိုသာ ဆောင်ရွက်နိုင်ရင် ရာထူးတိုးခံရနိုင်တယ်.. ဒီကျိုးရီက ရဲတပ်ဖွဲ့က မဟုတ်ပေမဲ့လည်း တစ်ချိန်လုံးလိုလို ငါ့ရဲ့အလုပ်တွေကို လုယူနေတယ်.. ဒီတိုင်းသာဆိုရင် ငါက ဘယ်လိုလုပ်ပြီး ရာထူးတက်တော့မှာလဲ”
အကြီးအကဲကျိုးကျွီက စိတ်ခံစားမှုအပြည့်ဖြင့် ပြောလိုက်သည်။
သူက ကျိုးရီအပေါ်တွင် တနုံ့နုံ့ မကျေမချမ်း ဖြစ်နေပုံရသည်။
“ဒါဆို အကြီးအကဲကျိုးက ဘယ်လိုလုပ်ချင်လဲ”
“အင်မော်တယ်ရွေ့လျား ကင်းလှည့်တပ်ဖွဲ့ကို အကြောင်းကြားပြီး သူတို့ထဲက ဆယ်ပုံတစ်ပုံကို ကျိုးရီကို စောင့်ကြည့်ခိုင်းထား.. သူရောက်လာတာနဲ့ သူ့ကို တတ်နိုင်သမျှ အခင်းနေရာကနေ ပထုတ်ကြ”
“ကောင်းပါပြီ အကြီးအကဲကျိုး”
အပိုင်း(၁၀၄၂) ပြီး၏