← Chapters

လီကျန့်ထန်၏ စီးပွားရေး

Vol. 70 Ch. 1045

လီကျန့်ထန်၏ စီးပွားရေး

Vol. 70 Ch. 1045

ချန်းချောင် ပြောသည့်အတိုင်းပင် အမှတ် ၆၀ အထက်တန်းကျောင်းနှင့် အမှတ် ၅၉ အထက်တန်းကျောင်းကြားရှိ ဝိညာဉ်ဓားဖလှယ်မှု တွေ့ဆုံပွဲ အပြီးတွင် ကျန့်ထန်ဟုခေါ်သော ကြောင်နက်သည် ထိုဒေသကို အုပ်စိုးသော ကြောင်ဖြစ်လာခဲ့ပြီး သူ၏လွတ်လပ်သောတပ်ရင်းသည်လည်း တစ်ဒါဇင်ခန့်အထိ တိုးတက်လာခဲ့သည်။

သူ့လက်အောက်တွင် တပ်ရင်းတပ်ဖွဲ့ ဤမျှများပြားစွာ ရှိလာလိမ့်မည်ဟု ကျန့်ထန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

သူ့လက်အောက်ရှိ ကြောင်အရေအတွက် တိုးလာသည်နှင့်အမျှ သူ၏ ပိုးမွှားဖမ်းဆီးသော လုပ်ငန်းသည်လည်း သဘာဝအတိုင်းပင် လျင်မြန်စွာ တိုးတက်ခဲ့သည်။

ကျန့်ထန်၏ ပိုးမွှားဖမ်းဆီးရေးအဖွဲ့သည် ယခုအခါတွင် အလွန်အင်အားကြီးမားသော အဖွဲ့တစ်ဖွဲ့ ဖြစ်နေပြီဖြစ်၏။

အနည်းဆုံးတော့ စုန့်ဟိုင်မြို့တွင် ကျန့်ထန် ဦးဆောင်သည့် ကြောင်တပ်ရင်းနှင့် ယှဉ်ပြိုင်နိုင်သော လူသားကုမ္ပဏီ မရှိတော့ပေ။

အကြောင်းအရင်းမှာ ကြောင်များသည် ၎င်းတို့၏ ပင်ကိုစွမ်းရည်ဖြင့် ပိုးမွှားလေးများကို လျင်မြန်စွာ ဖမ်းဆီးနိုင်ကြသောကြောင့်ပင်။

ကျန့်ထန်၏ ပိုးမွှားဖမ်းဆီးရေးအဖွဲ့သည် ယခုခါတွင် နိုင်ငံရပ်ခြားသို့ပင် တိုးချဲ့လာပြီဖြစ်ပြီး ကျန့်ထန်သည်လည်း သူ့ကိုယ်သူ အင်္ဂလိပ်အမည်ကိုပင် ပေးထားခဲ့သည်။

ထိုအမည်မှာ လီကျန့်ထန် ဖြစ်သည်။

သူက နိုင်ငံရပ်ခြားတွင် လုပ်ငန်းများ တိုးချဲ့ရန်အတွက် လုပ်ငန်း ပါတနာများကို ရှာဖွေခဲ့၏။

ထို့အပြင် နိုင်ငံတကာမှ ရရှိသော အကျိုးအမြတ်များအားလုံးကိုလည်း ပြည်တွင်းရှိ မူလတန်းကျောင်းများတွင် ကျောင်းများ ဆောက်လုပ်ရန် အတွက် လှူဒါန်းခဲ့သည်။

ယခုခေတ်တွေ လေလွင့်ခွေးကြောင်များပင် တန်းတူအခွင့်အရေး၏ အရေးကြီးပုံကို သိကြသည်။

ဆိုရလျှင် သက်ရှိသတ္တဝါများသည် အချင်းချင်း အပြန်အလှန် လေးစားမှု ရှိသင့်သည် မဟုတ်ပါလော။

ဤခေတ်တွင် ကိုယ့်သိက္ခာ ကိုယ်မထောက်ဘဲ လူသားများ၏ ဖိနပ်များကို နမ်းရှုံ့ခြင်းသည် ခွေးလေခွေးလွင့် တစ်ကောင်၏ မျက်လုံးထဲမှာပင် အရှက်ကွဲစရာ ဖြစ်သည်။

“မစ္စတာလီကျန့်ထန်.. မင်းတို့အဖွဲ့ကို ငါတကယ် လေးစားမိပါတယ်”

အမှတ် ၅၉ အထက်တန်းကျောင်း၏ အပြင်ဘက်ရှိ သစ်ခေါင်းပေါက်ထဲတွင် လီကျန့်ထန်သည် အမွှေးဖြူဆွတ်နေသော ကြောင်ဖြူတစ်ကောင် နှင့် နိုင်ငံရပ်ခြားစီးပွားရေးကိစ္စတစ်ခုကို ဆွေးနွေးနေသည်။

ထိုကြောင်ဖြူက မီရှို့ဇာတိဖွားဖြစ်ပြီး အမွှေးတွန့်လိမ်နေသည့် စိတ်ဝိညာဉ် ကြောင်တစ်ကောင်လည်း ဖြစ်သည်။

သူက မွေးရာပါ အားကောင်းသော ဝိညာဉ်ရေးအသိဉာဏ်နှင့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။

သို့သော် ၎င်းတို့က ဆွဲဆောင်မှုရှိပြီး အလွန်လှပသောကြောင့် ကျင့်ကြံသူ အတော်များများသည် ၎င်းတို့ကို ရန်ဖြစ်ခွင့် မပေးဘဲ အိမ်မှာထားကာ အလှမွေးရသည်ကို နှစ်သက်ခဲ့ကြသည်။

ထို့ကြောင့် မီရှို့ရှိ အမွှေးတွန့်လိမ် စိတ်ဝိညာဉ်ကြောင်များသည် တောတွင်း၌ ရှင်သန်နိုင်စွမ်းများ တဖြည်းဖြည်းဆုံးရှုံးသွားခဲ့သည်။

ဆိုရလျှင် အိမ်မွေးကြောင်များသည် ကြွက်များနှင့် ပိုးဟပ်များကိုပင် ထိတ်လန့်နေခဲ့ကြသည်။

ထိုစီးပွားရေးအခွင့်အလမ်းကို အကွက်မြင်၍ လီကျန့်ထန်သည် နိုင်ငံရပ်ခြားတွင် သူ၏စီးပွားရေးကို ချဲ့ထွင်ခဲ့ခြင်းဖြစ်သည်။

လီကျန့်ထန်၏ ရှေ့ရှိ အမွှေးတွန့်လိမ် စိတ်ဝိညာဉ်ကြောင်မလေးသည် လီကျန့်ထန်နှင့် ထိုကိစ္စကို ဆွေးနွေးရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သူမက မီရှို့နိုင်ငံမှ ကြောင်အားလုံး၏ ကိုယ်စားလှယ်ဟု ယူဆနိုင်သည့် မယ်ရီ ဖြစ်၏။

မယ်ရီ၏ ပိုင်ရှင်သည် သူမကို အလွန်ချစ်မြတ်နိုးပြီး အင်မော်တယ်လှေတစ်စင်းလုံးကိုပင် ငှားရမ်းကာ မယ်ရီအား စေလွှတ်ခဲ့သည်။

ယခုအခါတွင် ကြောင်မလေးမယ်ရီနှင့် လုပ်ငန်းသဘောတူညီချက်ကို ရရှိထားပြီဖြစ်သော်လည်း လီကျန့်ထန်က စိတ်မသက်မသာ ဖြစ်နေသည်။

ဤသည်မှာ အကျိုးတူ လုပ်ငန်းတစ်ခု ဖြစ်၏။

လီကျန့်ထန်နှင့် မယ်ရီတို့၏ သဘောတူညီချက်အရ အင်းဆက်ပိုးမွှားများနှင့် ကြွက်ပြဿနာများကို ဖယ်ရှားရန်အတွက် ကျန့်ထန်၏ ကြောင်အများအပြားသည် မယ်ရီနှင့်အတူ လိုက်ပါသွားရမည် ဖြစ်သည်။

ဆိုရလျှင် လီကျန့်ထန်၏လက်အောက်ရှိ ကြောင်များသည် အချိန်အတိုင်းအတာ တစ်ခုအထိ မယ်ရီထံတွင် အလုပ်လုပ်ရမည် ဖြစ်သည်။

ခွဲခွာခြင်းများသည် အမြဲလိုလိုပင် ဝမ်းနည်းစရာ ဖြစ်၏။

လီကျန့်ထန်ကို စိတ်မသက်မသာ ဖြစ်စေသည့် နောက်တစ်ချက်မှာ ဖေဖေကျန့်နှင့် ဓားစာခံအခြေအနေနှင့် ဆက်စပ်ကာ တီဗွီတွင် တိုက်ရိုက် ထုတ်လွှင့်နေသည့် သတင်းသည် လွန်ခဲ့သည့်သုံးနှစ်က မှော်ရတနာဒီဇိုင်းခိုးယူမှု ကိစ္စနှင့် ဆက်စပ်နေခြင်းကြောင့်ပင်။

“ဘော့စ်.. သဘောတူညီချက်က ပြေလည်သွားပြီပဲ.. ပျော်ပျော်ရွှင်ရွှင်နေသင့်တယ်”

ဘုန်းကြီးက နှစ်သိမ့် စကားဆိုလိုက်သည်။

သူတို့က သူတို့၏သူဌေး ဘာအတွက် စိတ်မသက်မသာဖြစ်နေလဲ မသိခဲ့ကြပေ။

သို့ရာတွင် တီဗွီမှ သတင်းကိုမြင်ပြီးကတည်းက သူဌေးစိတ်မသက်မသာ ဖြစ်နေမှန်း သူတို့သတိထားမိခဲ့သည်။

လီကျန့်ထျန်က စကားတစ်ခွန်းမှ မပြောခဲ့ပေ။

သူက မယ်ရီကို ယဉ်ကျေးစွာ အမြှီးလှုပ်ပြလိုက်ပြီး အပြင်သို့ထွက်ကာ သစ်ကိုင်းတစ်ခုပေါ်သို့တက်၍ တစ်ဖက်သို့ ကြည့်နေခဲ့သည်။

ထိုခဏတွင် နေမင်းကြီး၏ သစ်ပင်ကိုဖြတ်၍ ကျဆင်းလာသောအလင်းရောင်သည် လီကျန့်ထန်၏ ခန္ဓာကိုယ်ပေါ်ရှိ အကွက်များပေါ်တွင် ပန်းပွင့်စကက်ကို ဖြန့်ထားသကဲ့သို့ ထွန်းလင်း တောက်ပနေသည်။

“ပန်းတွေက တဖြည်းဖြည်း စက္ခုကို စွဲလမ်းစေတယ်”

ဤမြင်ကွင်းကိုမြင်လျှင် ဘုန်းကြီးက ကဗျာမရွတ်ဘဲ မနေနိုင်တော့ပေ။

ခဏအကြာတွင် သူက သတိဝင်လာပြီး သူတို့၏ဖောက်သည်ဖြစ်သည့် မယ်ရီကို လှည့်ကြည့်ကာ တောင်းပန်လိုက်သည်။

“မစ္စမယ်ရီ.. တောင်းပန်ပါတယ်.. ကျွန်တော်တို့အဖွဲ့က တစ်ခါတစ်ရံ ဒီလိုပဲ ရုတ်တရက် စိတ်ဓာတ်ကျတတ်တယ်”

“အို.. အဆင်ပြေပါတယ်.. သစ်ကိုင်းပေါ်မှာ ရပ်နေတဲ့ လီကျန့်ထန်ရဲ့ ပုံရိပ်က အရမ်းကို ဆွဲဆောင်မှုရှိတာပဲ”

ခေါင်းပေါ်တွင် အမွှေးများတွန့်လိမ်နေသည့် မစ္စမယ်ရီ၏ မျက်နှာပေါ်တွင် စွဲမက်ဖွယ်အပြုံးတစ်ခု ရှိနေခဲ့သည်။

သူမက အဘယ်ကြောင့် လီကျန့်ထန်တို့ အဖွဲ့နှင့် ဤမျှကြီးကျယ်သည့်လုပ်ငန်းကို လုပ်ချင်ရသနည်း။

အကြောင်းအရင်းမှာ သူမက လီကျန့်ထန်ကို သဘောကျသောကြောင့် ဖြစ်သည်။

သူမ၏အမြင်တွင် လီကျန့်ထန်သည် တည်ကြည်သောကြောင်တစ်ကောင် ဖြစ်သည်။

ဆိုရလျှင် လီကျန့်ထန်သည် သူမကို တွေ့ပြီးနောက်မှာပင် ဖွံကြောင်သော အမူအရာများကို မတွေ့ခဲ့ရပေ။

“ဒီတစ်သက်မှာ လီကျန့်ထန်နဲ့ ကလေးယူနိုင်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ”

“မယ်ရီ.. မယ်ရီ.. မယ်ရီ..”

ဘုန်းကြီးက ခပ်တိုးတိုး ခေါ်လိုက်သည်။

သို့သော် မယ်ရီက ဘော့စ်ကို စွဲလမ်းသော အကြည့်ဖြင့် ကြည့်နေသေးသည်ကို မြင်လျှင် ဘုန်းကြီးက ခေါင်းခါလိုက်သည်။

ထိုအပြုအမူမှာ မယ်ရီကို စိတ်ပျက်သောကြောင့် မဟုတ်ပေ။

လီကျန့်ထန်၏ ပုံမှန်မဟုတ်သော အခြေအနေကို စိုးရိမ်သောကြောင့် ဖြစ်၏။

နှစ်ပေါင်းများစွာ လူယုံအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်တွင် ဘုန်းကြီးသည် ဘော့စ်၏မျက်လုံးကို တစ်ချက်ကြည့်ရုံဖြင့် ဒေါသထွက်နေခြင်း ဟုတ်မဟုတ်ကို အတတ်ပြောနိုင်သည်။

အတိုချုံးပြောရလျှင် သူ၏သူဌေးသည် ယနေ့တွင် အနည်းငယ် ထူးဆန်းနေခဲ့သည်။

ဤသည်က မှော်ရတနာတည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်နှင့် ပတ်သတ်နေသလော။

ဘုန်းကြီးက စဉ်းစားခန်း ဝင်နေခဲ့သည်။

လွန်ခဲ့သောသုံးနှစ်က လွတ်လပ်သောတပ်ရင်းသည် အလွန်သေးငယ်သေး၍ အခြေခံအားဖြင့် မှော်ရတနာတည်ဆောက်ပြုပြင်ခြင်း တက္ကသိုလ်နှင့် စီးပွားရေးအရ ဆက်ဆံခြင်းမျိုး မရှိခဲ့ပေ။

သို့သော် သူတို့သည် အဆိုပါ လူသတ်မှုများ ဖြစ်ပွားခဲ့သည့် နတ်အပန်းဖြေတိုက်ခန်းတွင် မစ်ရှင်တစ်ခုကို ဆောင်ရွက်ခဲ့ကြရသည်။

ထိုအချိန်က သူတို့၏ခေါင်းဆောင်ဖြစ်သည့် လီကျန့်ထန်၏ လက်အောက်တွင် သူတို့သည် နတ်အပန်းဖြေတိုက်ခန်း၌ ကြောက်စရာအကောင်းဆုံး ပိုးဟပ်ဂိုဏ်းခေါင်းဆောင်၏ အခြေစိုက်စခန်းအား ဖျက်ဆီးခဲ့သည်ကို ဘုန်းကြီးက ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။

စုန့်ဟိုင်မြို့ တစ်မြို့လုံးရှိ ပိုးဟပ်ဘုရင်ဝမ်ချမ်း..

ဘုန်းကြီးက ပိုးဟပ်ဘုရင်ကို ဖမ်းမိပြီးနောက် အကြိမ်အနည်းငယ် တက်နင်းခဲ့သော်လည်း ပိုးဟပ်ဘုရင်က ဒဏ်ရာမရခဲ့ပေ။

၎င်းက ဒဏ်ရာမရရုံသာမက ကောင်းလိုက်တာဟုပင် ထပ်ကာတလဲလဲ အော်ဟစ်နေခဲ့သည်။

ယခုအခါတွင် ပိုးဟပ်ဂိုဏ်းခေါင်းဆောင် ဝမ်ချမ်းသည် ခိုင်ခံ့သော ရွှေငါးကန်ထဲတွင် ချုပ်နှောင်ခံထားရပြီး လုံးဝ မလွတ်မြောက်နိုင်တော့ပေ။

ပိုးဟပ်ဘုရင်ဝမ်ချမ်းကို အဘယ်ကြောင့် ရွှေငါးကန်ထဲတွင် ထည့်ထားရပါသနည်း။

အကြောင်းပြချက်မှာ အလွန်ရိုးရှင်း၏။

ဝမ်ချမ်းသည် ပိုးဟပ်ဘုရင် ဖြစ်သောကြောင့် အရွယ်ရောက်ပြီးသူ၏ လက်ဝါးနှစ်ဖက်စာခန့် အရွယ်အစားကြီးမားသည်။

၎င်းက ပျံသန်းနိုင်စွမ်းရှိပြီး နောက်ကျောရှိ သံမဏိအတောင်ပံများကို ဖွင့်ထုတ်လိုက်လျှင် အရာဝတ္ထုများကို အလွန်အမင်း ဖျက်ဆီးနိုင်စွမ်းလည်း ရှိ၏။

ပိုးဟပ်ဝမ်ချမ်းက အဘယ်ကြောင့် အလွန် အစွမ်းထက်နေရပါသနည်း။

အကြောင်းပြချက်မှာ အလွန်ရိုးရှင်းသည်။

၎င်းက သန့်စင်သောသွေး ရှိသည့် တောင်ပိုင်း ပိုးဟပ်တစ်ကောင် ဖြစ်နေသောကြောင့်ပင်။

ထို့အပြင် ပိုးဟပ်ဘုရင်ဖြစ်သည့် ဝမ်ချမ်းသည် အလွန်ပြင်းထန်သော မျိုးပွားနိုင်စွမ်းလည်းရှိပြီး တစ်ကြိမ်တစ်ခါမွေးလျှင် ထောင်ပေါင်းများစွာသော ပိုးဟပ်များကို မွေးထုတ်နိုင်သည်။

ထို့အပြင် သူမွေးထုတ်လိုက်သော ပိုးဟပ်များသည် တစ်လှည့်စီ မျိုးပွားနိုင်စွမ်းလည်း ရှိနေပါသေးသည်။

၎င်းတို့ကို အချိန်မီ မထိန်းချုပ်နိုင်လျှင် ၎င်းတို့၏ ဦးရေသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကွင်းဆက်တစ်ခု ဖြစ်သည်အထိ တိုးချဲ့နိုင်တော့မည် ဖြစ်သည်။

သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ပိုးဟပ်ဘုရင်ဝမ်ချမ်းကို လီကျန့်ထန်၏ လွတ်လပ်သောတပ်ရင်းက ဖမ်းမိခဲ့သည်။

စုန့်ဟိုင်မြို့ရှိ အကြီးဆုံးပိုးဟပ်ဂိုဏ်းကို ရှင်းလင်းသုတ်သင်ပြီးနောက်တွင် အိမ်တိုင်းရှိ ပိုးဟပ်များသည် အချိန်အတိုင်းအတာ တစ်ခုအထိ ငြိမ်သက်သွားကြသည်။

ထိုခဏတွင် ဘုန်းကြီးသည် အလွန်ရင်းနှီးသော အော်ရာကို ရရှိ၍ ရုတ်တရက် ခေါင်းမော့လိုက်သည်။

အင်မော်တယ်ကြောင်..

ဟုတ်ပါသည်၊ ဤသည်မှာ အင်မော်တယ်ကြောင်၏ အော်ရာပင်ဖြစ်သည်။

အပိုင်း(၁၀၄၅) ပြီး၏

All Chapters